Posts

Showing posts from October, 2022

အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင် ဇာတ်သိမ်းပိုင်း

ပြန်သိမ်းဖို့ အထက်ဆရာတွေတာဝန်ပေးထားတယ် မင်းကိုစောရ နက္ခနဲ့ယှဥ်ပီဆေးပေါက်ပေးခဲ့တဲ့အောက်ဆရာကိုလဲငါသိတယ် ကံကောင်းထမစွာနဲ့ကြောင်မျက်ရှင်ကိုရခဲ့တာလဲငါသိတယ် အခုဒီရွာကိုအညှိုးထားပီခိုးနေတာကိုလဲငါသိတယ် ကျော်ဆံအောင်ဆိုတာမင်နာမည်ပဲမဟုတ်လား မင်းကဒီရွာသား ဒီရွာမှာမင်းသဘောကျတဲ့မိန်းကလေးက လူပုံအလယ်မှာအရှက်ခွဲခဲ့လို့ ဒီရွာကိုဒုက္ခပြန်ပေးနေတာလဲငါသိတယ်" "ဟင်ကျော်ဆံအောင်ဆိုပါလား ဒီကောင်ရွာသူကြီးမွေးစားထားတဲ့ကောင်မဟုတ်လား ဒီကောင်သေပီဆိုပီးတော့မှဘယ်လိုဖြစ်တာလဲ"ကိုလွန်းတစ်ယောက်အံသြသွားတယ်ယ "ငါကိုဖမ်းလေမိရင်တော့ရမယ် မမိရင်တော့မင်းလမ်းမင်းသွား"  "အေးလေ မင်အစွမ်းရှိသေးတယ်ထင်လို့လား ခုန်ကြည့်လိုက်လေ မင်းခုန်လို့ တစ်လှန်တတ်ခဲ့ရင် ငါလွှတ်ပေးမယ်" ဒါနဲ့မျက်နှာအုပ်ထားတဲ့ လူကလက်ခမောင်ခတ်ခါခုန်လိုက်တယ်ဆိုပေမယ့် "ဟင်ဘယ်လိုဖြစ်တာလဲ ငါ့အစွမ်းတွေဘယ်လိုပျောက်သွားတာလဲ"ဒါနဲ့အလောတကြီးပေါင်ကိုလှန်ကြည့်လိုက်တော့ ကြောင်အတတ် ကြောင်အဆင်းရုပ်မှာ ခြေထောပ်တစ်ဖက်စီမရှိတော့တာကိုတွေလိုက်ရတယ်။ "မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးးးး ဒါမျိုးဖျက်ဖို့ကတော်ရုံအစွမ်းနဲ့မရဘူး မင်းကဘယ်သူလဲ မင်ကဘာလို့ဒီ...

အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင် အပိုင်း(၂)

 ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့ သူခိုးကကြောင်တစ်ကောင်လိုခုန်နိုင်တယ် သူခိုးကအစွမ်းရှိတယ်ဆိုပီတော့ တရွာလုံးအုံးအုံးကျွတ်ကျွတ်ဖြစ်ကုန်ကြတယ်။အဲ့နေ့ကစပီးတော့ သူခိုးကကိုလွန်းတို့ရွာကိုညတိုင်ဝင်ခိုးတော်တာပဲ တစ်ရက်ထက်တစ်ရက်လဲပိုဆိုးလာတယ် တခါတလေဖြတ်ခနဲတွေရတယ် တခါတလေကြ သစ်ပင်တစ်ပင်နဲ့တစ်ပင်ခုန်ကျော်ပီပြေးလာတယ် တခါတလေရွာချောင်ထဲကနေဖြတ်ပြေးတယ် ရေထဲဖြတ်ပြေးတာတောင်ရေသံမကြားရပါဘူး။ဘယ်လိုစောင့်ဖမ်းဖမ်းမမိတော့ လူတွေလဲပန်းလာတယ် ရွာထဲအိမ်တချို့လဲသူခိုးရန်ကြောက်လို့ပြောင်းပြေးကြတယ် ပြောင်မပြေးတဲ့အိမ်တွေကလဲ တစ်နေ့မဟုတ်တစ်နေ့ခိုးခံထိတာပဲ စောင့်နေရင်နဲ့တောင်ရအောင်ခိုးတဲ့သူခိုးတော်ရုံသာမန်လူမဟုတ်ဘူးဆိုတာသိပေမယ့် ရွာကိုမပြောင်နိုင်တဲ့သူတွေကတော့ကြိတ်မှိတ်ပီနေကြပါတယ်။သူခိုးကလဲတရွာထဲအညှိုးနဲ့ခိုးနေသလားထင်ရလောက်အောင်ဘေးရွာတွေကိုမခိုးတော့ပဲ တရွာထဲကိုပဲရသမျှခိုးနေပါတော့တယ်။အဲ့လောက်သောင်းကြမ်းနေတဲ့သူခိုးကို အားလုံးလက်လျော့ရမလိုဖြစ်နေတဲ့အချိန်မှာ "ဦးကြီးလွန်း ဗျို့ ဦးကြီးလွန်း"  "ဟေ့ငတွန့် ဘာလဲ မင်းနွားကျောင်းမသွားရဘူးလား"  "သွားတယ် ရွာအပြင်ကကွင်းမှာနွားတွေလွှတ်ကျောင်းရင်း ကွင်းထဲကသစ်ပင်ပေါ်မ...

အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင် အပိုင်း(၁)

အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင် အချိန်ကညနေ နေဝင်ရီတရောနွားရိုင်းသွင်းချိန်ဖြစ်လို့လယ်ထဲကပြန်လာသူတွေ၊ရေခပ်ဆင်းသူတွေနဲ့ နတ်ကျွန်းရွာလေးစည်ကားနေပါတယ်။ရွာမှာနေတဲ့လူတော်တော်များများကတော့ အတော်အသင့်ပြေလည်ကြတယ်လိုဆိုရပါမယ် ဘာကြောင့်လဲဆိုတော့လယ်ယာစိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြတာဖြစ်တဲ့အတွက် ယခုလိုစပါးပေါ်ချိန်ကတော့ လက်ထဲငွေသီးနေသလို ဝတ်ကောင်းစားလှတွေဝတ်စားနဲ့တဲ့အချိန်တစ်ခုလဲဖြစ်ပါတယ်။ညဘက်တွေဆိုရင်တော့ ကာလသားလှည်သူတွေ လရောင်အောက်မှာဆော့ကနေကြတဲ့ကလေးတွေနဲ့ သာယာပြီနေချင်စဖွယ်ရွာတစ်ရွာပါပဲ။ဒီလိုတညမှာ သက်ကြီခေါင်ချချိန်မှာတော့ တရွာလုံးအပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိပ်နေတယ် အဲ့အချိန်အနောက်ဘက်ထနောင်ပင်ပေါ်ကနေ လူရိပ်တစ်ခုဖြတ်ခနဲကုန်ဆင်းလာတယ် ပြီးတော့ရိပ်ခနဲ ရိပ်ခနဲ အမှောင်ထုကိုခိုပီးတော့ ရွာအလယ်မှာရှိတယ်လယ်သူဌေးဦဘလူအိမ်ကို ချင်းကပ်သွားပါတယ်။ဒီလိုနဲ့နောက်တစ်နေ့လင်းကြက်တွန်သံကြားလို့ ဦးဘလူအိပ်ယာကနေလူးလဲထလိုက်တယ် မျက်နှာသစ့်ဖို့ခြင်ဆထာင်ထဲကအထမှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လဲပြိုသွားမတတ်ဖြစ်သွားရတယ် တအိမ်လုံးဖွာလန်ကျဲနေပီးတော့ မနေ့ကစပါးရောင်းရငွေထည့်ထားတဲ့သေတ္တာကပွင့်နေပါပြီ သေတ္တာကငွေတွေလဲမရှိတော...

အောင်မြတ်သာ နဲ့ တိုက်နွားနီ ဒုတိယပိုင်း

ခြံစည်ရိုးနားမူးမူးရူးရူးနဲ့ရောက်သွားရင်တော့ ခြံဝင်ထဲကနေ မျက်လုံးပြူးပီတော့ခါးထောက်ကြည့်နေတဲ့ကျော်မောင်တို့လင်မယားကိုတွေရတတ်ပါတယ်။  တစ်နေ့မှာတော့ ရွာထဲကိုလူစိမ်း၂ယောက်ဝင်လာပါတယ် အသက်၂၅နှစ်ကျော်လူငယ်နှစ်ယောက် တစ်ယောက်ကတော့အရပ်မြင့်မြင့် အသားဖြူးဖြူး နှာတံပေါ်ပေါ် ရှည်ကျနေတဲ့ဆံပင်တွေပိုထုံးထားတော့ နှာထင်နဲ့ဂုတ်သားတွေပေါ်မှာ ဆံပင်ရေးကေးလေးတွေကဖြူနေတဲ့အသဲအရည်ကြောင်ပေါ်နေပါတယ် ကြည်လင်တဲ့မျက်နှာသွင်ပြင် နက်မှောင်တဲ့မျက်ဝန်းတို့ကလူငယ်ရဲ့ဥပဓိရုပ်ကိုပိုပီပေါ်လွင်စေပါတယ်။နောက်တစ်ယောက်ကတော့အသားညိုညို အရပ်မနိမ့် မမြင့် ဆံပင်ကိုဘိုကေညှပ်ထားပီတော့ ပင်နီလွယ်အိပ်တစ်လုံကိုလွယ်ထားပါတယ်။ဦးလေစိန်ကြည့်နေရင်ကနေ အဲ့လူငယ်နှစ်ယောက်က အိမ်ဝိုင်ထဲကိုဝင်လာကြပါတယ်။ဒါနဲ့ဦးလေးစိန်က "ဒီကမိတ်ဆွေတို့ကခရီးသွားတွေလား"  လွယ်အိပ်လွယ်ထားတဲ့လူငယ်က "ဒီရွာကိုပဲလာတာအဘ လမ်းမှာခဏနားနေရင်နဲ့ ဒီရွာမှာသရဲခြောက်တဲ့အိမ်ရှိတယ်လို့ပြောသံကြားလို့ဝင်လာတာပါ ကျန်တော်တို့ကဆေးလှည့်ကုနေတဲ့သူတွေပါ" "အခုလိုကူညီဖို့လာတာကျေးဇူးတင်ပါတယ်လူလေးတို့ရယ် ဒါပေမယ်ပြန်ကြပါတော့ ဒီကိုလာတဲ့ဆရာတိုင်ပြန်ပြေးကြရတယ် အဘကစိတ်ပူလို့ပြောတာနော...

အောင်မြတ်သာ နဲ့ တိုက်နွားနီ ပထမပိုင်း

အောင်မြတ်သာ နဲ့ တိုက်နွားနီ တဒုံးဒုံးဆိုတဲ့အသံနဲ့အတူအိမ်တစ်လုံးသိမ့်ခနဲ့တုန်သွားတာကြောင့် ကျော်မောင်အိပ်ယာကနေဆပ်ခနဲထထိုင်လိုက်ပါတယ်။"ဘယ်အမူးသမားတွေအိမ်ကိုဝင်စောင့်တာလဲမသိဘူး စန်းခင် ထစမ်း နင်ကလဲအိမ်ဒီလောက်လှုပ်သွားတာတောင်မသိဘူးလား ကာလနဂါးသေလို့ဝင်စားသလာပဲ" ကျော်မောင်အိပ်ယာဘေးကဓာတ်မီးကိုယူပီဆင်းလာခဲ့လိုက်ပါတယ် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လဲဘာမှမတွေ့ရဘူး ဒါနဲ့အိမ်တိုင်ကိုဝင်တိုက်ပီမှောက်နေမလာဆိုပီ ပတ်ပတ်လည်လိုက်ကြည့်တော့လဲဘယ်သူမှမရှိပါဘူး။အဲ့အချိန်မှာပဲ နွားခြူသံသဲ့သဲ့ကိုကြားလိုက်ရပါတယ် ခြူသံကတဖြေးဖြေးနီးလာသလိုအမှောင်ထုထဲကနေပြေးဝင်လာတဲ့အရာတစ်ခုကြောင့် "စန်းခင်ပြေးပြေး ပြေးတော့"ကျော်မောင်အော်ချိန်တောင်မရလိုက်ပါဘူး နီးကပ်လာတဲ့အရာတစ်ခုက လင်မယားနှစ်လုံးကိုဝင်တိုက်သွားပါတော့တယ်။နောက်တစ်နေ့မနက်မှာတော့"ကျော်မောင်နဲ့စန်းခင် ဆုံးပီတဲ့ ဗိုက်ကြီးပွင့်ပီတော့အူတွေကလဲ အပြင်ကိုကျနေတာတဲ့" "အေးဟယ် ဘယ်သူတွေကများသတ်သွားတယ်လဲမသိပါဘူး ရန်ညှိးရှိတယ်လို့လဲမကြာဖူးပါဘူးတော်" တရွာလုံးဟိုးလေးတကျော်ကျော်ဖြစ်ပီးတော့ ရွာနီးချုပ်စပ်ကလူတွေတောင်လာကြည့်ကြပါတယ် အဲ့လိုဖြစ်ပီ၃လလော...

တ​ေစ္ဆကလေး အပိုင်း(၆) ဇာတ်သိမ်းပိုင်း

" မပြောတော့ဘူးလို့ စဉ်းစားထားပေမယ့် ၊ ဂျိုးဂျိုးလေးက ရှင့်အပေါ် အတော် သံယောဇဉ်တွယ်တာခဲ့ပုံပဲ ၊ ဂျိုးဂျိုးက ရှင့်ကို သူ မသေခင် ဒီရက်ပိုင်းအတွင်းမှာ တစ်ဖွဖွ မေးတယ်ရှင့် ၊ ဒီကလေးက မှတ်ဉာဏ်လည်း အတော်ကောင်းတယ်၊ ပြီးတော့ ပန်းချီပညာရပ်မှာ ပါရမီ ထူးတဲ့ ကလေးတစ်ယောက်ပဲ ၊ သူ့အဘိုး ပန်းချီဆရာကြီးများ ဝင်စားလေသလား မပြောတတ်ပါဘူးရှင် ၊ ရှင့်ပုံကို သူ အလွတ်ဆွဲထားတာများ တူမှ တူပဲ " ကျွန်တော် ဆရာမလေး၏ စကားများကို နားထောင်နေရင်း မျက်ဝန်းတစ်ဝိုက် စိုစွတ်လာ၏။ အမြင်အာရုံသည် မှုန်ဝါးလာပါ၏။ ရင်ထဲက ဆို့တက်သော ဝမ်းနည်းမှုသည် ကျွန်တော်၏ မျက်လုံးများကို စိုစွတ်မှုန်ဝါးစေခြင်း ဖြစ်လိမ့်မည်။ လူကြမ်း စိတ်ကြမ်း ရန်သူများနှင့် တိုက်ပွဲ အကြိမ်ကြိမ် ဝင်ခဲ့သော စစ်သားဟောင်းကြီးသည် ဤတစ်ကြိမ် အသည်းမမာနိုင်တော့ပါလား ။ ညီမအရင်း သေဆုံးစဉ်ကပင် မျက်ရည် မဝေ့ခဲ့သော ကျွန်တော်သည် ရက်ပိုင်းမျှသာ ခင်မင်ရင်းနှီးခဲ့ရသော ဂျိုးဂျိုးဆိုသော ကောင်ကလေးကြောင့် မျက်ရည်များ ကျလာပါ၏။ ကျွန်တော် အလွန် ဝမ်းနည်းမိလေသည်။ တခဏအကြာ ဂျိုးဂျိုးအား တာဝန်ယူ ကုသပေးခဲ့ရသော နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ မြင့်နိုင် ရောက်လာပြီး ၊ ကျွန်တော့်အား ကြေကွ...

တ​ေစ္ဆကလေး အပိုင်း(၅)

မျက်လုံးအားကောင်းသော ကျွန်တော်သည် ဒန်းစီးနေသော ကလေးမှာ ဂျိုးဂျိုး ဖြစ်ကြောင်း သိလိုက်ပါ၏။ ထို့ကြောင့် ချက်ချင်းပဲ ဆေးရုံထဲမှ အပြင်သို့ ပြေးထွက်ကာ ပန်းခြံလေးဆီသို့ ထွက်လာခဲ့သည်။ ဂျိုးဂျိုး စီးနေသော ဒန်းလေးဆီသို့ မရောက်မီ ပေ ၂၀ကျော် ခန့်အကွာသို့ ကျွန်တော် ရောက်သည့်အခါ ဒန်းပေါ်က ဂျိုးဂျိုးက ကျွန်တော့်ဘက်သို့ လှည့်ကြည့်ကာ ဒန်းကို ရပ်တန့်ပစ်လိုက်သည်။ ဂျိုးဂျိုးသည် ကျွန်တော့်အား မြင်သွားလေပြီ။ အားရဝမ်းသာဖြင့် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ကျွန်တော့်ထံ အပြေးလေး လှမ်းလာသည်။ သူ၏ ပါးစပ်က ကျွန်တော့်အား ဦးလေးကြီးဟု အော်ဟစ်ခေါ်လာသလားမသိ။ တစုံတရာတော့ အော်ဟစ်လာ၏။မသဲကွဲချေ။ နှလုံးရောဂါသည်လေးမို့ သူ မောပန်းနေမည်စိုးသော ကျွန်တော်က ပြေးမလာရန် အော်ဟစ်လိုက်မိသည်။ " ဂျိုး ဂျိုး လူလေး မပြေးနဲ့ " ဆောင်းလယ်ကာလ၏ နှင်းလွှာရုံတစ်ခုသည် ကျွန်တော်နှင့် ဂျိုးဂျိုးတို့ ၂ဦး အကြားသို့ ရုတ်ချည်း ဝင်ရောက်လာသည်။ ထိုနှင်းမြူများကြောင့် ကျွန်တော် ဂျိုးဂျိုးကို မမြင်ရတော့ပေ။ကျွန်တော်သည် နှင်းမြူများကြားသို့ ကမန်းကတန်း တိုးဝင်၍ ဂျိုးဂျိုးအား ရှာဖွေလိုက်သည်။ ဘယ်လိုမှ ယုံနိုင်ဖွယ် မရှိ။ ပန်းခြံထဲတွင် ဂျိုးဂျိုး မရှိတေ...

တ​ေစ္ဆကလေး အပိုင်း(၄)

နာရီကို ကြည့်လိုက်တော့ ည၆နာရီ မိနစ်၂၀ တိတိ ဖြစ်ပါသည်။ဆရာဝန် ဆရာမများ ခိုင်းသည်ကို ကူညီညာ လုပ်ကိုင်ပေးရင်း နာရီဝက် ၄၅မိနစ်ခန့် ထပ်မံကြာမြင့်သွားပြန်သည်။ ...................... ၃။ ဓာတ်လှေကားထဲ ကျွန်တော် ပြန်ရောက်သည့်အခါ ည ၇ နာရီထိုးပြီ ဖြစ်သည်။ ၃ထပ်မှ ဓာတ်လှေကားခေါ်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ ကျွန်တော် ၃ထပ်သို့ တက်သွားလိုက်သည်။ ၃ထပ်သို့ ရောက်သည့်အခါ ဓာတ်လှေကား တံခါး ပွင့်သွားပေမယ့် ဓာတ်လှေကား စီးရန် စောင့်ဆိုင်းနေသူ မရှိ။ ဒါနဲ့ ကျွန်တော် အပြင်ဘက်ကို ခေါင်းထွက်၍ ဘယ်ညာ ကြည့်လိုက်သည်။ ၃ထပ်က စင်္ကြန်လမ်းတစ်လျောက်လုံးတွင် တိတ်ဆိပ်ငြိမ်သက်လျက် ရှိပြီး၊ လူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးသည်မို့ ကျွန်တော်ဟာ မကျေမနပ်ဖြစ်လာပြီး၊ ဓာတ်လှေကား၏ အပြင်ဘက် စင်္ကြန်လမ်းသို့ လူကိုယ်တိုင် ထွက်ကြည့်လိုက်သည်။ လူနာအခန်းများရှိရာဘက် စင်္ကြန်လမ်းသည် ယနေ့ အနည်းငယ် မှောင်နေပါ၏။ စင်္ကြန်လမ်းမီးများ အားလုံး ထွန်းညိမထားချေ။ ဓာတ်လှေကား အပေါက်ဝက မီးလုံးတစ်လုံးသာ လင်းနေ၏။ ထိုအခိုက် ၊ " ဘုတ်....ဘုတ်...ဘုတ် " အသံ၏ အဆုံးတွင် ကျွန်တော့်ထံသို့ ဘောလုံးလေး တစ်လုံးသည် တစ်နေရာမှ ပစ်လိုက်သကဲ...

တ ​ေစ္ဆကလေး အပိုင်း(၃)

ကောင်လေးသည် ဘောလုံးကို အတော်ပင် နှစ်ခြိုက်သည်ကို ကျွန်တော် သတိထားမိသည်။ ကောင်လေး၏ အဓိက ဝါသနာမှာ ဘောလုံးပင် ဖြစ်၏။ ဘောလုံး အကြောင်း ပြောလျင် ကောင်ကလေးသည် သူ၏ ရောဂါကိုပင် မေ့ထားတတ်၏။ အရွယ်ငယ်ငယ်နှင့် သေမင်းနှင့် စစ်ခင်းနေရသော နှလုံးရောဂါသယ် ဂျိုးဂျိုးကို ကျွန်တော် သနားမိ ဂရုဏာသက်မိသည်မှာ အမှန်ပင် ဖြစ်ပါသည်။ထို့ကြောင့်လည်း ဂျိုးဂျိုးကို အလိုက်လိုက် နေမိခြင်းဖြစ်သည်။ ........................... ၃။ တစ်နေ့တွင် ကျွန်တော်၏ ညီမဖြစ်သူ ရုတ်တရက် ဆုံးပါးသွား၍ ဆေးရုံမှ ခွင့်တောင်းခံခဲ့ရသည်။ ညီမဖြစ်သူ၏ နာရေးကိစ္စရပ်များကို ယောက်ဖဖြစ်သူနှင့်အတူ ဝိုင်းဝန်း ကူညီလုပ်ကိုင်ပေးရင်း ဆေးရုံသို့ ရက်သတ္တ တစ်ပတ်မျှ မသွားဖြစ်တော့ပေ။ ဆေးရုံအုပ်ကြီးကလည်း ကျွန်တော်အား နာရေး ရက်လည်ပြီးမှသာ အလုပ်ဆင်းပါဟု ခွင့်ပြုခဲ့သည်။ ယောက်ဖဖြစ်သူက ၅ရက်ဖြင့် ရက်လည်ဆွမ်းကပ်ခဲ့၍ ကျွန်တော်သည် ၇ရက်မြောက်နေ့တွင် ဆေးရုံသို့ ပြန်လည် အလုပ်ဝင်မည့်အကြောင်း သတင်းပို့ခဲ့ပါသည်။ ၇ ရက်မြောက်နေ့ ကျွန်တော် အလုပ်ဝင်သည့်အခါ ၊ ဂျိုးဂျိုးအား သွားရောက် နှုတ်ဆက်ရန် သတိရပါသော်ငြားလည်း ထိုနေ့က ဆေးရုံ၌ အလွန်ပင် အလုပ်များနေသောကြောင့် သွားရောက် နှုတ်ဆက်နိုင်ခြ...

တစ္ဆေကလေး အပိုင်း(၂)

" ဟူး မေ့ပြန်ပြီ ကိုယ့်လူရေ ၊ ငါ့လူနာရဲ့ အိပ်စရေးအဖြေတွေ ကားပေါ်မှာ ကျန်ခဲ့တယ် ။ ကျေးဇူးပြုပြီး သွားယူခဲ့ပေးပါဦး၊ ပြီးရင် လူနာအခန်း ၃၀၃ဆီ လာပို့ပေးပါဦးကွာ၊ ဆရာ အဲ့က စောင့်နေမယ်" ဆရာဝန်ကြီးက ၎င်း၏ အင်္ကျီအိပ်ကပ်ထဲမှ ကားသော့ကို ယူ၍ ကျွန်တော့်အား ပေးသည်။ " ဟုတ်ကဲ့ ဆရာကြီး " ဆရာဝန်ကြီးက ထပ်မံ သတိရဟန်ဖြင့်၊ " အော် နေဦး ကိုယ့်လူ ၊ ကားထဲမှာ ကလေးကစားစရာ ဘောလုံးတစ်လုံးလည်း ဝယ်လာခဲ့သေးတယ် ၊ အဲ့ဒါလေးပါ တစ်ခါတည်း ယူခဲ့ပါဦးကွာ ၊ ငါ့ လူနာကို လက်ဆောင် ပေးချင်လို့ပါ " ကျွန်တော်လည်း ခေါင်းငြိမ့်ပြကာ အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်။ ကျွန်တ်ာသည် ဆရာဝန်ကြီး၏ ကားကို မှတ်မိနေပြီ ဖြစ်ရာ ၊ အထူးအထွေ ရှာစရာမလို။ ကားပါကင်၏ ညာဘက် ထောင့်ဆုံး၌ အစဉ်အမြဲ ရပ်ထားလေ့ရှိသည်မို့ အလွယ်တကူပင် ကားတံခါးကို ဖွင့်၍ အိပ်စရေးအဖြေများထည့်ထားသော စာအိတ်အညိုရောင်ကြီး နှင့် လိုင်းစင်းလေးများပါသော ပလပ်စတစ် ဘောလုံးအား ယူ၍ ၃ထပ်သို့ ပြန်တက်ခဲ့ပါ၏။ ၃ထပ် ရောက်သည့်အခါ အခန်း ၃၀၃ရှိရာသို့ စင်္ကြန်လမ်းအတိုင်း လျှောက်၍ သွားပေး၏။ ကျွန်တော် ရောက်သွားချိန်တွင် ဆရာဝန်ကြီးသည် လူနာ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးနေချိန် ဖြစ်၏။ ...

တစ္ဆေကလေး အပိုင်း(၁)

တစ္ဆေကလေး ၁။ ကျွန်တော်ဟာ အကြပ်စစ်သည်ဘဝဖြင့် ခြေတစ်ဖက်ကို တိုင်းပြည်အတွက် ပေးလှူခဲ့ပြီးနောက်မှာ၊ တပ်ကနေ ပင်စင်ယူထွက်ခဲ့ရ၏။ ကျွန်တော်သည် အသက်အားဖြင့် ၄၀ကျော်သာ ရှိသေး၍ ရှေ့ဆက် ကြုံတွေ့ရမည့် စားဝတ်နေရေးအတွက် ကျွန်တော်နှင့် သင့်တော်မည်ထင်သော အလုပ်ကို ရှာဖွေခဲ့ရသည်။ ကျွန်တော်သည် ခြေတုဖြင့် သွားလာလှုပ်ရှားနေသည်မှာ မှန်သော်လည်း၊ စိတ်ဓာတ် မာကြောခိုင်မာသူ ဖြစ်သည့်အတွက် အားငယ်ခြင်း မဖြစ်မိပေ။ အချိန်အားဖြင့် ၈လခန့်အကြာမှာ၊ တစ်ချိန်က ကျွန်တော်နှင့် ကျောင်းနေဖက်ဖြစ်သူ ကိုတင်ထွန်း၏ အကူအညီဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ အလုပ်တစ်ခု ရခဲ့ပါသည်။ ထိုအလုပ်ကတော့ လေးထပ်ဆေရုံကြီးတစ်ခု၏ ဓာတ်လှေကားမောင်းဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရခြင်းပင် ဖြစ်သည်။ ဓာတ်လှေကါးမောင်း ဝန်ထမ်းအလုပ်သည် အလွန် သက်သာသော အလုပ်ဖြစ်ပါ၏။ ကျွန်တော်သည် နေ့လယ်၁၂နာရီမှ စ၍ အလုပ်ဝင်ရပြီး၊ ည၁၂နာရီအထိသာ တာဝန် ထမ်းဆောင်ရသည်။ ကျွန်တော် အလုပ်မဝင်ခင် နံနက်ခင်းတွင် ဆေးရုံက အခြားသော ဝန်ထမ်းက ဓာတ်လှေကားကို မောင်းပေးသည်။ မနက်ခင်းများတွင် ဓာတ်လှေကားသည် အတက်အဆင်း သိပ်မများချေ။ နေမွန်းတည့်ပြီး ၁၂နာရီ နောက်ပိုင်း၊ အထူးသဖြင့် နေ့၂နာရီနှင့်၅နာရီ အကြားတွင် ကျွန်တ...

အောင်မြတ်သာ နှင့် အောက်လမ်းဆရာဘမှန် ဇာတ်သိမ်းပိုင်း

အဲ့ကြောင်ဒီရွာမှာသူပဲပြုစား သူပဲဆေးကုပေးပီတော့သြဇာကြီးထွာအောင်လုပ်နေတာ သူပညာတွေကိုလဲဒီညအကုန်ထုပ်လိမ့်မယ် သူပညာဘယ်လောက်ရှိလဲဆိုတာဒီညတွေရမှာပေါ့"အောင်မြတ်သာလဲ ဒီဇရပ်ကိုအင်းချထားတဲ့အတွက်ဒီပေါ်ကနေမဆင်ပါနဲ့လိုပြောပီ တရားဆက်ထိုင်နေလိုက်တယ်။ညကတဖြေးဖြေးနက်လာခဲ့တယ် ပိုးကောင်တွေရဲ့အော်သံတွေကလဲတဖြေးဖြေးကျယ်လောင်လာတယ် အောင်မြတ်သာလဲကောင်းကင်ပေါ်မော့ကြည့်ပီတော့အချိန်ကတော့ရောက်လာပီလို့ပြောပီဇရပ်ပေါ်ကနေတစ်လှမ်းချင်ဆင်းသွားတယ်။ဇရပ်ဘေးက စားကျက်မြေပေါ်ရောက်တော့ တမလင်ခွေထိုင်လိုက်ပီး မြေပေါ်မှာအင်းကွပ်တစ်ကွပ်ဆွဲလိုက်တယ် အင်းကွပ်ဆွဲလိုက်တာနဲ့အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကနေအလင်ရောင်တွေဖြာထွက်လာတယ် ပီးမြေပေါ့ဆွဲထားတဲ့အင်းကွပ်ကိုလက်နဲ့ပုတ်ပီ "ဘမှန်ဆိုတဲ့ဆေးဆရာ အောက်လမ်းမှန်ရင်ငါ့ရှေ့ရောက်စေ" လို့သုံးကြိမ်းပြောပီတော့လက်ဝါနဲ့ပုတ်လိုပ်တယ်ဆိုရင်ပဲ  "အခေါင်းပြင်ထားကြနော် ဒီဆရာလေးကချောချောလေး သတ်ရမှာတောင်နှာမျောလိုက်တာ တို့ဆရာကြီးလက်ချက်နဲ့သေရတော့မယ့်သူဆိုတော့လဲ လာကြည့်ဖြစ်အောင်လာကြည့်တာ" စကားသံတွေက သစ်ပင်ပေါ်ကနေထွက်လာတယ်။အဲ့အချိန်ဒေါက်ဒေါက်ဆိုတဲ့တောင်ဝှေးထောက်သံက တဖြေးဖြေးနီးကပ်လာတာကိုကြာလိုက်...

အောင်မြတ်သာ နှင့် အောက်လမ်းဆရာဘမှန် အပိုင်း(၁)

မြန်မာနိုင်ငံအနှံ့အပြားကိုအထက်ဆရာကြီးတွေရဲ့တာဝန်ပေးချက်အရအောင်မြတ်သာနဲ့တပည်သက်ခိုင်တိုရောက်ရှိခဲ့ပါတယ်။တချိုးဒေသတွေမှာအောက်လမ်းအတတ်ပညာကိုအရမ်းကျွမ်းကျင်ကြတယ် သူတိုရဲ့အောက်လမ်းပညာနဲ့သူတပါးကိုရည်ရွယ်ပီမပြုစားတတ်ကြပေမယ့် သူ့တဲ့နဲ့သူတို့မိသားအပေါ်မျက်ရည်ပေါက်ကြီးငယ်ကျစေတဲ့သူတွေကိုတော့ အညှိးနဲ့ပြုစားတတ်ကြပါတယ် အဲ့လိုပြုစားခံရင်အသက်ရှင်ဖို့လမ်းမရှိတော့သလိုတော်ရုံပညာစွမ်းတဲ့ဆရာတွေတောင်မှကုသနိုင်စွမ်းမရှိကြပါဘူး။တချို့အောက်လမ်းဆရာတွေပတော့အခကြေးငွေယူကာတစ်စုံတစ်ယောက်ခိုင်းစေချက်အရလူတစ်ဖက်သားကိုပြုစားတတ်ကြပါတယ် အောက်လမ်းဆရာလို့ပြောလိုက်ရင်လဲလူတော်တော်များများကကြောက်လန့်တတ်ကြတယ် တချို့အောက်လမ်းဆရာတွေကသူကိုယ်တိုင်မပြုစားပဲ လက်အောက်မှာမွေးထားတဲ့စုန်းတွေကိခိုင်စေပီးတော့ပြုစားတတ်ကြတယ်။တညမှာတော့အောင်မြတ်သာက "သက်ခိုင် မနက်ဖြန်ငါတို ထန်းလုံးပင်ရွာကိုသွားရမယ် အဲ့မှာ ဦးဘမှန်ဆိုတဲ့အောက်လမ်းဆရာတစ်ယောက်ရှိတယ် အခုသူကိုဆုံးမပီးတော့သူပညာတွေသိမ်းဖို့တာဝန်ကျလာပီ ဒါကြောင်မနက်စောစောခရီးထွက်မယ်အဆင်သင့်လုပ်ထား"လိုပြောပီးတော့တရားဆက်ထိုင်နေလိုက်တယ်။သက်ခိုင်က"ဆရာထန်းလုံးပင်ရွာမှာဘာဖြစ်လို့လဲ"မေးလိုက်...

ကလေးဝိညာဉ်

ကလေးဝိညာဉ်သွင်းထားတဲ့အရုပ်ကလေးတွေအကြောင်းဖတ်ရတော့ ကိုယ် တက္ကသိုလ်ကျောင်းသူဘဝမှာသိရတဲ့အဖြစ်ကိုသတိရတယ်။ဆွေမျိုး‌လည်းတော်သလို ကာယကံရှင်မိသားစုတွေလည်း ရှိနေသေးတော့ နေရာ အမည် အတိအကျမရေးတော့ပေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ပါ။ "အမေရေ အမေ ဘကြီးကျော်စိန် ဆုံးပြီ" မမိုးရဲ့အပြောမှာ တအိမ်လုံးအံ့အားသင့်နေကြ။ ‌"အေး ဟဲ့ နေမကောင်းဘူးလို့တော့ကြားတာ လေးငါးရက်ရှိပြီ။ " "တံစပ်မြိတ်မှာတင် ဆုံးနေတာတဲ့ အမေရဲ့။ ဦးနှောက်သွေးကြောပြတ်တယ်ပြောကြတာပဲ" လူတ ယောက်ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတယ်ဆိုတဲ့သတင်းက စိတ်မကောင်းဖြစ်ရတာကလွဲပြီး အံ့ဩစရာတခုတော့ ကိုယ့်အတွက်ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် ငါးရက်ထားတော့မြေမချခင်မှာပဲ ဟိုတစ ဒီတစသတင်းစကားတွေက ကိုယ့်ကို စိတ်မဝင်စားပဲ မနေနိုင်အောင်ဖြစ်လာခဲ့တယ်။ "အမေ ဘကြီးက သရဲဂုတ်ချိုးသတ်ခံရတာလို့ရွာထဲမှာပြောနေကြတယ်။ အခုလည်းမြေမချခင် ဆရာရှာနိုင်မှ ကျန်တဲ့မိသားစုလည်း အန္တရာယ်ကင်းမယ်ပြောနေကြတယ်" အမေကမျက်စိမျက်နှာပျက်ပြီး " ပေါက်ကရတွေပြောမနေစမ်းနဲ့မမိုးရယ်။ ငါ ရွာထဲသွားလိုက်ဦးမယ်။" ကလေးဝိညာဉ်အခန်းဆက်(၂) " အမေ ရွာထဲကပြန်လာတာ ဘာထူးလဲ။ သမီးပြောတာဟုတ...

အောင်မြတ်သာ နဲ့ ဖုတ်ဝင်သူ ဇာတ်သိမ်းပိုင်း

ရွာကလူတွေကတော့ဆရာတော်ကိုကျောက်လို့ကျောင်းထဲမဝင်တာလိုထင်နေကြတယ်။ဆရာတော်ကကျောင်းပေါ်ကနေ"ဟဲ့ထွန်းလူ ဒီကဧည့်သည်တွေက မင်ကိုဘာလုပ်လို့တုံး" အဲ့အခါ"ဒီကောင်တွေကျုပ်ကိုနေမရအောင်လုပ်တော့မှာ ဒီကောင်တွေကိုသတ်မယ်အပြင်ထွက်ခဲ့"လိုအော်ဟစိနေပါတယ်။ဆရာတော်က"ဧည်သည်တွေကသူကိုဘာလုပ်မိလို့တုံး" ဆရာက"တကယ်တော့ဒီလူကဦးထွန်လူမဟုတ်ပါဘူးဘုရား သူကိုယ်မှာဝင်ပူနေတဲ့နာနာဘာဝပါဘုရား လွန်ခဲ့တဲ့နှစ်ထဲကဦထွန်လူကတော်ဝက်ပက်လိုဆုံးသွားခဲ့ပါပီ သူအသက်ထွက်ခါနီးမှာနာနာဘာဝတစ်ကောင်က နေရာဝင်ယူလိုက်တာပါဘုရား" "ဒါဆိုဒကာလေးတို့ပြောတာထွန်လူကဖုတ်ဝင်နေတာပေါ့ ဒါဖြစ်နိုင်ပါ့မလား ဖုတ်ဝင်တယ်ဆိုအိမ်ကမိသားစုကိုရှာကျွေးပါ့မလား" "တပည်တော်လဲထူးဆန်းနေပါတယ်ဘုရား အခုဆရားတော်ခွင့်ပြုမယ်ဆိုဒီကျောင်းအဝမှာတပည့်တော်ရှင်းပေးပါမယ့် ခွင်ပြုတော်မူပါဘုရား" "တကယ်ဆိုဆရာတော်ကဘာမှမပြောလိုပါဘူး သူမိသားစုကကောလက်ခံပါ့မလား ဒကာလေးအတွက်အန္တရယ်ရှိနိုင်တယ်" "သူမိသားစုကိုလဲတပည်တော်ယုံအောင်ပြောကြည့်ပါ့မယ် ခွင်ပြုပါဘုရား"။ ဆရာတော်ခွင့်ပြုချက်ရတော့ကျန်တော်တိုကျောင်းအဝကိုဆင်းလာခဲ့တယ် ကျောင်အဝရောက်တေ...

အောင်မြတ်သာ နဲ့ ဖုတ်ဝင်သူ အပိုင်း(၁)

အောင်မြတ်သာ နဲ့ ဖုတ်ဝင်သူ အထက်ဆရာကြီးတွေရဲ့တာဝန်ပေးချက်အရ အောင်မြတ်သာနဲ့တပည့်သက်ခိုင်တိုလဲ မြန်မာနိုင်ငံအနှံကိုရောက်ရှိခဲ့ပါတယ်။လူမျိုးစုံပညာမျိုးစုံကိုမြင်တွေ့ရသလိုစုန်းတိုက် နတ်တိုက်မျိုးစုံကိုလဲကြုံတွေခဲ့ရပါတယ် ရွှေဘိူမြို့ကဘုန်းကြီးကျောင်းတစ်ကျောင်းမှာတည်းတုံကဆိုရင် ကျောင်းအနောက်ဘက်မှာရှိတဲ့ရေကန်ထဲကနေ မိနိးမပျိုးတွေထွက်လာတာကိုလဲမြင်တွေခဲ့ရဖူးပါတယ်။ဆရာတော်ကိုလျောက်ထားတော့ အဲ့ရေကန်မှာအစောင့်အရှောက်တွေရှိတယ်လို့မိန့်တော်မူခဲ့ပါတယ်။ကျန်တော်ပညာကသာမန်လောက်ပဲရှိတဲ့အတွက်အရမ်းအရေးကြီးတဲ့ကိစ္စတွေဆိုရင်ကျန်တော်အစားဆရာကဖြေရှင်ပေးလေ့ရှိပါတယ်နယ်မြို့လေးတစ်မြို့ကိုရောက်တုံကလဲ မီးတွင်းထဲမှာဆုံးတဲ့မိန်းကလေးတစ်ယောက် သူအိမ်ကိုစွဲပီ​ခြောက်လှန့်တာကိုလဲကြုံခဲ့ရဖူးပါတယ်ပညာနုတဲ့ပရောဂဆရာတွေဆိူရင် တံတွေးနဲ့တောင်အတွေးခံရပါတယ် ကြုံခဲ့ရတာတွေကိုပြောနေရင်တော့ကုန်မှာမဟုတ်တော့ပါဘူ။ဒီတစ်ခါကြုံတွေရတာက သာမန်ဖြစ်ရိုးဖြစ်စဥ်လေးတစ်ခုပါပဲ ဒါပေမယ်သူသာမန်ဖုတ်ဝင်တဲ့သူမဟုတ်ပဲထူးဆန်းတာလေးတွေရှိနေလို့ပါ။ဆရာနဲ့ကျန်တော်ခရီးသွားနေရင်း ရွာတစ်ရွာကိုရောက်ရှိခဲ့ပါတယ် ရွာကနေဖြတိမှဟိုဘက်မြိုကိုရောက်မှာမို့ ရွာထဲကနေဖြတ်သွားရင်အိမ်တစ်အိ...

အောင်မြတ်သာ နဲ့ နှလုံးခြွေကဝေ ဇာတ်သိမ်းပိုင်း

"ကဲပွဲကပီသွားပီ ပညာတွေအပ်တော့"လိုပြောတော့ အဖိုးကြီနဲ့အပေါင်းအပါတွေပြေားဖို့အလုပ်မှာ " ကဝေတွေရဲ့အချုပ် အနောက်မယ်တော်လာရောက်ပါ"အဲ့လိုပြောလိုက်ရုံနဲ့ စိန်ပန်းပင်ပေါ်မှာရပ်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ် ုဒါပေမယ်ကျောပေးထားတယ် အနက်ရောင်ဝတ်စုံဝတ်ထားတယ်။သက်ခိုင်က"အနောက်မယ်တော်ရောက်လာတာကိုဝမ်းသာပါတယ် ဒီအပေါင်းအပါတွေကဂတိကိုချိုးဖောက်တယ် သူတိုပညာကိုကျုပ်ဆရာအမိန့်နဲ့ကျုပ်သိမ်းလို့ရတယ် ုဒါပေမယ့် အဆင့်မကျော်ချင်လို့ မယ်တော်ကိုခေါ်လိုက်ရတာပဲ ကဝေးတွေအားလုံရဲ့ပညာကိုသိမ်းပေးပါ"လို့ ပြောတာနဲ့ စောစောကအဖိုးကြီးနဲ့အပေါင်ပါတွေစီကနေ တစ်စုံတစ်ခုကိုယူသလိုမျိုး လက်ဆန့်တန်းလိုက်ရုံနဲ့ အားလုံးပျော့ခွေပီးတော့လဲကျကုန်တယ် ပီတာနဲ့အနောက်မယ်ကဖျက်ခနဲပျောက်သွားတယ်။အဖိုးကြီးနဲ့အပေါင်းအပါတွေလဲလူးလဲထလာပီးတော့ မြေကြီးကိုဖနောက်နဲ့စောင့်ပီပြေးဖို့လုပ်တော့ ဘာမှဖြစ်မလာခဲ့ပါဘူး ဘာလိုလဲဆိုတော့အနောက်မယ်ကပညာသိမ်းလိုက်တာကိုမသိလိုက်ကြဘူးလေ။ နောက်တော့အလာတုံးကလေပေါ်လာတဲ့အဖွဲက အခုတော့အဖိုးအိုးကိုတွဲပီ ဇရပ်ဘေးကဖြေးဖြေးထွက်သွားတာကိုကြည့်ပီသက်ခိုင်တီးတိုးရေရွတ်လိုက်မတယ်"အော်ငရဲရောက်ကျင့်စဥ်ကို တတ်မက်ကြတာကိ...

အောင်မြတ်သာ နဲ့ နှလုံးခြွေကဝေ အပိုင်း(၂)

အားကိုးတဲ့မျက်နှာလေနဲ့ ဘာဆက်ဖြစ်မလဲကြည့်နေရှာတယ် အဲ့အချိန်ကောင်ကင်မှာပြန်လာတဲ့လဒတွေ၆ကောင်တောင် ဇရပ်မလှမ်းမကမ်းမှာရှိတဲ့စိန်ပန်းပင်ပေါ်နားလိုက်တယ် ပီးတော့ခုန်ဆင်းလာပီ အောက်ကိုရောက်တော့ အားလုံးလူတွေဖြစ်ကုန်ပါတယ်။သက်ခိုင်လဲဇရပ်ထဲကနေအခြေအနေကိုကြည့်နေလိုက်တယ် ခုနကတားထားတဲ့စည်းတွေကညအမှောင်ရွှေရောင်တွေတောက်နေတယ်။အဲ့အချိန်မှာ "ဆရာလေးကူညီပါအုံး ကျန်မကိုဖမ်းတော့မယ်"  ခုနကဆင်လာတဲ့လူတွေထဲက အသက်ခပ်ကြီးကြီးမိန်းမက "ဟဲ့ကောင်မ ထွက်လာစမ်း ဇရပ်အပေါ်ကကောင်လဲမလောက်လေးမလောက်စားနဲ့ ဟိုကောင်မကိုထုပ်ပေးစမ်း နောက်မှငါ့ကိုအဆိုးမဆိုနဲ့"  သက်ခိုင်ကအခြေအနေကိုကြည့်နေလိုက်တယ် သူတို့က စည်းဝိုင်းထဲမဝင်ပဲနဲ့ အပြင်ကနေအော်နေပုံထောက်ရင် သူတို့မဝင်ရဲတာပဲဖြစ်မယ် ဒါနဲ့  "ခင်များတို့ ဝင်လာလို့ရင် ဝင်လာခဲ့လိုက်လေ ဟိုကလေးမကိုမဟုတ်ပဲနဲကျုပ်ကိုပါသတ်ပီးတော့နှလုံးကိုထုပ်ယူလိုက်လေ ခင်များခိုင်သမျှကျုပ်လုပ်ပေးမယ်" သက်ခိုင်ကအဲ့လိုပြောလိုက်တော့  "ဒီမလောက်လေးမလောက်စားကောင်လေးကငါ့ကိုပြန်ပြောတယ်ပေါ့ဟုတ်လား" ။စည်းဝိုင်းအပြင်ကနေကျိမ်းဝါးနေပေမယ့် စည်းဝိုင်ထဲကိုတော့ မဝင်လာရဲပါဘူး ခနနေတော့ "နောက်နေ့...

အောင်မြတ်သာ နဲ့ နှလုံးခြွေကဝေ အပိုင်း(၁)

အောင်မြတ်သာ နဲ့ နှလုံးခြွေကဝေ အောင်မြတ်သာနဲ့တပည့်သက်ခိုင်တိူ့လဲ ခြေဦးတည့်ရာလျောက်သွားရင်နဲ့နေရာအစုံကိုရောက်ရှိခဲ့ပါတယ်။သက်ခိုင်ကိုလဲအ​ခြေခံအင်းစမရေးဆွဲနည်းတွေကိုသင်ပေးရင် ညောင်သာရွာရဲ့ ရွာထိပ်ဇရပ်မှာအချိန်အတော်ကြာနေဖြစ်ခဲ့ပါတယ်။သက်ခိုင်ကတော့အရက်ကိုလဲဘုရားမှာလှူလိုက်ပီးတော့သူဆရာအောင်မြတ်သာလိုအစွမ်းတွေရချင်တော့ ကြိုးစားလေ့လာပါတယ် အင်းစမတွေဆွဲတယ် စိတ်ကိုတည်ငြိမ်အောင်ထားပြီလေ့ကျင့်တယ် ဒါပေမယ့်အောင်မြတ်သာလောက်ပါရမီပါမလာတော့ ထင်သလောက်ခရီးမပေါက်ပါဘူး။တစ်ရက်မှာ သက်ခိုင်မနက်အိပ်ယာကနိုးတော့ ဘေးမှာအောင်မြတ်သာမရှိတာကိုတွေ့လိုက်ရပါတယ် ဒါနဲ့ဇရပ်ထဲကရေအိုးစင်မှာစာတစ်စောင်ထားထားတာကိုတွေလိုက်တယ် သက်ခိုင်လဲစာကိုယူဖတ်တော့ "သက်ခိုင် ငါမဟာမြိုင်တောအရပ်ကိုခနပြန်သွားတယ် ငါ့ဆရာတွေခေါ်လိုခနပြန်သွားရတယ် အခူလုပ်နေတဲ့အလုပ်ကိုပဲဆက်လုပ်နေလိုက်ပါ ငါမရှိတဲ့အချိန်မှာတော့မင်အတွက်ဘယ်လိုအခက်အခဲတွေပဲရှိရှိ မင်ကိုပေးထားတဲ့အင်းစမတွေကိုယုံယုံကြည်ကြည်နဲ့စိတ်နှစ်ပီလုပ်ဆောင်ပါ ဒါကမင်အတွက်အတွေ့အကြုံံအသစ်တွေလဲရလာလိမ့်မယ်" သက်ခိုင်ကအောင်မြတ်သာရေးတဲ့စာကိုဖတ်ပီသက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုပ်လိုက်တယ်။ပီးတော့မိမိလုပ်ရမယ်...

မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ ဇာတ်သိမ်းပိုင်း

မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ ဇာတ်သိမ်းပိုင်း (၁) "အဖေ ဘာတွေတွေ့လို့လဲ" "တို့တွေ ပြန်လာကတည်းကဘယ်သူမှနောက်ဖေးခန်းကိုမဆင်းကြဘူး မဟုတ်လား။ နောက်ဖေးခန်းတံခါးလည်း ဟနေတယ် ကြမ်းပြင်မှာ ရွှံ့ပေနေတဲ့ခြေရာတွေလည်း တွေ့နေရတယ်" တန်ဆောင်မုန်းလပြည့်ခါနီးမှာ သာမန်အားဖြင့်ရွှံ့သိပ်မရှိတော့ပေမယ့် နောက်ဖေးကြမ်းပြင်တမံသလင်းပေါ်ကရွှံ့ပေနေတဲ့ ‌မခြောက်သေးတဲ့ခြေရာတွေရယ် ဟနေတဲ့တံခါးရယ်ကိုကြည့်ရင်း စဉ်းစားမရဖြစ်နေကြ ။တယောက်တပေါက်ပြောကြသံတွေဆူလာပြန်ရော။ အချိန်အတော်ကြာ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့ နောက်ဖေးလိုင်းခန်းက ဦးလေးတယောက်ရောက်လာပြီးပြောမှ ပိုအတွေးခက်ကြပြန်ရော။ အဲဒိဦးလေးကလည်း သူလည်းအောက်ဆင်းပြီးရေချိုးမလို့လုပ်နေတုန်း သီချင်းညီးသံကြားလို့လှမ်းကြည့်လိုက်တာ မိန်းကလေးတယောက်နောက်ကျောပဲမြင်တော့ မအေးသမီးအကြီးမ ရှေ့ဘက်လိုင်းကိုအလည်သွားတယ်မှတ်နေတာ။ ဟိုတစ ဒီတစ ဆက်စပ်ပြောကြရင်း သူရဲခြောက်တယ်ပဲအဖြေထုတ်လိုက်ကြတယ်။ အသံလည်းကြားရ မျက်နှာမမြင်ရတာကလွဲပြီးပုံပန်းသွင်ပြင်လည်းမြင်လိုက်ကြရတော့ တွေးကြောက်ကြတာတဲ့အထဲ အသံသာကြားပြီးရုပ်မမြင်လိုက်ရတဲ့ကိုယ့်အမေက အကြောက်ပိုသာတယ်။ တဖြည်းဖြည့် အချိန်လင့်လာတော့ ကိုယ့်အိမ်ကို...

မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ (အပိုင်း၁)

မိန်းမပျိုလေးရဲ့ဝိညာဉ်တေးသံ (အပိုင်း၁) လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတန်ဆောင်မုန်းလဆန်း ဆယ့်လေးရက် အဖိတ်နေ့ ဖူးကြီးရေလှောင်ကန်ဝန်ထမ်းမိသားစုကိုးကွယ်ရာ ဘုန်းကြီးကျောင်းရဲ့ကျောင်းရေစက်ချ နဲ့ကထိန်အလှူပွဲကြီးစည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အရိပ်ကောင်းတဲ့ အေးချမ်းလှတဲ့ဘုန်းကြီးကျောင်းမှာ နားနားနေနေ နေကြရင်း တကျောင်းလုံးသိမ်းဆည်း ရှင်းလင်း အလုပ်တွေအားလုံးပြီးမှ ဌာနဆိုင်ရာက ကားနဲ့  ကိုယ့်ဝန်ထမ်းအိမ်ရာလေးဆီပြန်ဖို့ပြင်ကြပါတော့တယ်။ " လူစုံပြီလား ကိုယ့်လူ ကိုယ်စစ်ဟေ့။ စုံရင်သွားကြမယ်။" ဘုန်းကြီးကျောင်းကပြန်ထွက်လာတော့ မှောင်စပျိုးနေပေမယ့် အဖိတ်နေ့ညရဲ့လရောင်က ပတ်ဝန်းကျင်တခွင်မှာ လင်းဖြာနေပြီး အေးချမ်းသာယာမှု အပြည့်ခံစားနေရတယ်။ "ကဲ ရောက်ပြီဟေ့။ အောက်ကိုသေချာကြည့်ဆင်းကြ။ ချော်လဲမယ်" အမေကဆရာမဖြစ်တာရယ် ကိုယ်ကလည်း တက္ကသိုလ်တွေပိတ်ထားတုန်း ကလေးတွေကိုစာသင်ပေးတာရယ် အိမ်က အငယ်နှစ်ယောက်နဲ့ရွယ်တူ ကလေးတွေကသူတို့အိမ်ပြန်မလိုက်ကြဘဲ အိမ်မှာလိုက်အိပ်ကြတယ်။ ပါလာတဲ့ပစ္စည်းတွေနေရာချ ကလေးတွေအိပ်ဖို့နေရာပြင်ပေးပြီး အဝတ်အစားးသစ်တွေကို ချွတ်ပြီးတာနဲ့ ‌လျှော်ချင်တဲ့စိတ်ကို ဒေါ်နွဲ့တယောက်မချိုးနှိမ...
အောင်မြတ်သာနဲ့တပည့်သက်ခိုင်တိူ့လဲ ခြေဦးတည့်ရာလျောက်သွားရင်နဲ့နေရာအစုံကိုရောက်ရှိခဲ့ပါတယ်။သက်ခိုင်ကိုလဲအခြေခံအင်းစမရေးဆွဲနည်းတွေကိုသင်ပေးရင် ညောင်သာရွာရဲ့ ရွာထိပ်ဇရပ်မှာအချိန်အတော်ကြာနေဖြစ်ခဲ့ပါတယ်။သက်ခိုင်ကတော့အရက်ကိုလဲဘုရားမှာလှူလိုက်ပီးတော့သူဆရာအောင်မြတ်သာလိုအစွမ်းတွေရချင်တော့ ကြိုးစားလေ့လာပါတယ် အင်းစမတွေဆွဲတယ် စိတ်ကိုတည်ငြိမ်အောင်ထားပြီလေ့ကျင့်တယ် ဒါပေမယ့်အောင်မြတ်သာလောက်ပါရမီပါမလာတော့ ထင်သလောက်ခရီးမပေါက်ပါဘူး။တစ်ရက်မှာ သက်ခိုင်မနက်အိပ်ယာကနိုးတော့ ဘေးမှာအောင်မြတ်သာမရှိတာကိုတွေ့လိုက်ရပါတယ် ဒါနဲ့ဇရပ်ထဲကရေအိုးစင်မှာစာတစ်စောင်ထားထားတာကိုတွေလိုက်တယ် သက်ခိုင်လဲစာကိုယူဖတ်တော့  "သက်ခိုင် ငါမဟာမြိုင်တောအရပ်ကိုခနပြန်သွားတယ် ငါ့ဆရာတွေခေါ်လိုခနပြန်သွားရတယ် အခူလုပ်နေတဲ့အလုပ်ကိုပဲဆက်လုပ်နေလိုက်ပါ ငါမရှိတဲ့အချိန်မှာတော့မင်အတွက်ဘယ်လိုအခက်အခဲတွေပဲရှိရှိ မင်ကိုပေးထားတဲ့အင်းစမတွေကိုယုံယုံကြည်ကြည်နဲ့စိတ်နှစ်ပီလုပ်ဆောင်ပါ ဒါကမင်အတွက်အတွေ့အကြုံံအသစ်တွေလဲရလာလိမ့်မယ်"    သက်ခိုင်ကအောင်မြတ်သာရေးတဲ့စာကိုဖတ်ပီသက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုပ်လိုက်တယ်။ပီးတော့မိမိလုပ်ရမယ့်အင်းစမတွေကိုပဲထိုင်ရေးနေလိုက်ပ...
အောင်မြတ်သာနှင့်တပည့်သက်ခိုင်တို့နှစ်ယောက်သား ခြေဦးတည့်ရာကိုယ့်အိပ်ယာဆိုတဲ့အတိုင် လမ်းရှိရာလျောက်သွားရင် မြန်မာပြည့်အထက်ပိုင်းက တော့မကျ မြို့မကျ နေရာလေးတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ဒီလိုနဲ့ရွာထိပ်ကဇရပ်လေးမှာထိုင်နေခိုက်မှာတော့ ပုဆိုးအစုတ်လေးကိုပုခုံးပေါ်တင်ထားတဲ့လူးနှစ်ယောက်က ဇရပ်ထည်းမှာနေရိပ်လာခိုရင်းနဲ့ "ဒီနှစ်လုပ်ကိုင်စားသောက်ရတာအဆင်မပြေပါဘူးဗျာ" "ဟုတ်ပါဗျာ ကျုပ်တို့တရွာလုံး ဒီအတိုင်းဆိုရင်တော့အရင်းတောင်ကျေပါ့မလားမသိဘူး မနှစ်ကလုပ်ခဲ့တဲ့ရွာလုံးကျွတ်ရှင်ပြုပွဲတွေလဲ ဒီနှစ်မလုပ်ဖြစ်လောက်တော့ဘူးထင်ပါတယ်"။သက်ခိုင်ကသူတို့ပြောတာနာထောင်နေရင်းနဲ့ "အကိုတို့ဒီနှစ်မိုးမရဘူးလားလယ်တွေမဖြစ်လို့လား" "မဟုတ်ပါဘူးညီလေးရာ ခါတိုင်းနှစ်တွေဆိုရင်တော့ စပါးတစ်ဧကကိုတင်း၇၀လောက်ထွက်တယ် ဒါတောင်မနှစ်မိုးသိပ်မရဘူး ဒီနှစ်ကမိုးလဲကောင်းတယ် မျိုးစပါးလဲကောင်းတယ် ုဒါပေမယ်စိုက်သမျှအပင်တွေအကုန်နွမ်းတာပဲ ထူးဆန်တာက စပါးတွေကမနက်ပိုင်းမှာနွမ်းပေမယ် ညဘက်သက်ကြီးခေါင်းချချိန်ကြရင်တော့ စပါးခင်းတွေကစိမ်းစိုကုန်ရောဗျ"    "ဗျာ ဘယ်လို ုဒါဆိုထူးဆန်းတာပေါ့ အခုစပါးမရိတ်ရသေးဘူးလား"  ...