အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင် အပိုင်း(၁)


အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင်


အချိန်ကညနေ နေဝင်ရီတရောနွားရိုင်းသွင်းချိန်ဖြစ်လို့လယ်ထဲကပြန်လာသူတွေ၊ရေခပ်ဆင်းသူတွေနဲ့ နတ်ကျွန်းရွာလေးစည်ကားနေပါတယ်။ရွာမှာနေတဲ့လူတော်တော်များများကတော့ အတော်အသင့်ပြေလည်ကြတယ်လိုဆိုရပါမယ် ဘာကြောင့်လဲဆိုတော့လယ်ယာစိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြတာဖြစ်တဲ့အတွက် ယခုလိုစပါးပေါ်ချိန်ကတော့ လက်ထဲငွေသီးနေသလို ဝတ်ကောင်းစားလှတွေဝတ်စားနဲ့တဲ့အချိန်တစ်ခုလဲဖြစ်ပါတယ်။ညဘက်တွေဆိုရင်တော့ ကာလသားလှည်သူတွေ လရောင်အောက်မှာဆော့ကနေကြတဲ့ကလေးတွေနဲ့ သာယာပြီနေချင်စဖွယ်ရွာတစ်ရွာပါပဲ။ဒီလိုတညမှာ သက်ကြီခေါင်ချချိန်မှာတော့ တရွာလုံးအပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိပ်နေတယ် အဲ့အချိန်အနောက်ဘက်ထနောင်ပင်ပေါ်ကနေ လူရိပ်တစ်ခုဖြတ်ခနဲကုန်ဆင်းလာတယ် ပြီးတော့ရိပ်ခနဲ ရိပ်ခနဲ အမှောင်ထုကိုခိုပီးတော့ ရွာအလယ်မှာရှိတယ်လယ်သူဌေးဦဘလူအိမ်ကို ချင်းကပ်သွားပါတယ်။ဒီလိုနဲ့နောက်တစ်နေ့လင်းကြက်တွန်သံကြားလို့ ဦးဘလူအိပ်ယာကနေလူးလဲထလိုက်တယ် မျက်နှာသစ့်ဖို့ခြင်ဆထာင်ထဲကအထမှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လဲပြိုသွားမတတ်ဖြစ်သွားရတယ် တအိမ်လုံးဖွာလန်ကျဲနေပီးတော့ မနေ့ကစပါးရောင်းရငွေထည့်ထားတဲ့သေတ္တာကပွင့်နေပါပြီ သေတ္တာကငွေတွေလဲမရှိတော့တဲ့အပြင် အနှစ်နှစ်အလလက စုဆောင်းထားတဲ့လက်ဝတ်လက်စားတွေပါမရှိတော့ပဲ စာရွက်တစ်ရွက်ကိုပဲတွေ့လိုက်ရပါတယ်။စာရွက်မှာရေးထားတဲ့စာက "အလှူအတွက်ကျေးဇူးတင်ပါတယ် ဦးဘလူ"လို့ရေးထားပါတယ်။ဒီလိုနဲ့ ဦးဘလူအိမ် သူခိုး ခိုးခံရတယ်ဆိုတဲ့သတင်းက ကောက်ရိုးမီးပမာ ရွာနီးချုပ်စပ်ကိုပြန့်သွားခဲ့ပါတယ် နောက်ရက်တွေမှာလဲ ရွာက သူဌေးအိမ်တွေတစ်အိမ်ပီတစ်အိမ်အခိုးခံရပါတော့တယ် ရွာရှိလူငယ်တွေကစုပေါင်းကင်းစောင့်ပီသူခိုးကိုဖမ်းဖို့လုပ်ကြပေမယ့် သူခိုးကခိုးမြဲခိုးနေသလိုမိဖို့မပြောနဲ့ အရိပ်အယောင်တောင်မတွေ့ရပါဘူး မိုးလင်းမှသာဘယ်အိမ်ကဘယ်လောက်ပါသွားတယ်ဆိုတဲ့သတင်ပဲကြားရပါတယ်။တရွာလုံးလဲကျီးလန့်စာစားနေရသလိုကြောင်လန့်နေကြပါတယ် ပိုင်ဆိုင်သမျှပစ္စည်းတွေကိုအိမ်မှာမထားရဲပဲမြေမြုပ်တဲ့သူကမြုပ် ဖွက်တဲ့သူကလဲဖွက်နေကြရတယ် ရွာမှာရှိတဲ့ကာလသားတွေကလဲ ကင်စောင့်ပေမယ်ဘယ်လိုမှဖမ်းမမိကြပါဘူး။
"ကိုလွန်း ဒီညလကွယ်နေ့နော်ကျန်တော်တိုသတိပိုရှိမှရမယ် ဟိုကောင်ကဘယ်အိမ်ဝင်ခိုမလဲမသိသေးဘူး"စံလှစကားကြောင့် ကိုလွန်းခေါင်ကူတ်လိုက်ပီ "အေးကွာ ငါတို့လဲရူးချင်နေပီ ဒီသူခိုးကတော်ရုံတော့မဟုတ်လောက်ဘူး ခိုးရင်လဲဒိတ်ဒိတ်ကျဲအိမ်တွေကိုမှခိုးတာ"ဒီလိုနဲ့ ညရောက်လာတော့ ကာလသားခေါင်းကိုလွန်းက ရွာမှာရှိတဲ့ကာလသားတွေကိုအချက်ပေးလိုက်ပီး သူနေရာနဲ့သူကင်ပုန်းဝပ်နေရင်သူခိုးကိုစောင့်ပြည့်နေကြတယ်။ကိုလွန်းတစ်ယောက်လဲသရက်ပင်ပေါ်မှာထိုင်နေရင်ရွှေနဂါးဆေးပေါ့လိပ်ကိုဖွာနေလိုက်တယ် ကျန်တဲ့သူတွေကတော့စကားစမြည်ပြောနေရင်အမှောင်ထဲကိုလှမ်းကြည့်နေကြတယ် ညကတဖြေးဖြေးနက်လာသလိုညအအေးဓာတ်ပလဲပိုလာတယ် အဲ့အချိန်ကိုလွန်းတစ်ယောက်အရမ်းအိပ်ချင်လာလို့ "ဟာဒီနေ့မှဘာလို့ ဒီလောက်အိပ်ငိုက်နေရတာလဲမသိဘူး မောင်မှတ်နဲ့ထူးကျော် မင်တိူလဲသတိနဲ့နေအုံးနော်"
ဒီလိုနဲ့ညနှစ်ချက်တီးလောက်မှာတော့ ရွာအနောက်ဖက်တောစပ်ကနေလမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ် ပုရစ်အော်သံတွေကလဲနေရာအနှံ့ကထွက်လာခဲ့တယ် "ဒါအချက်ပေးတဲ့အသံပဲ" ကိူလွန်းတစ်ယောက် အနီးအနားကလူးတွေအချက်ပြလိုက်တော့အားလုံးငြိမ်ပြီးတော့အသံကြားရာဘက်ကိုကြည့်လိုက်တယ်။တောစပ်ကနေလူတစ်ယောက်လမ်းလျောက်လာသလိုဝါးတားတာမြင်လိုက်ရတယ် မသေချာသေးတဲ့အတွက်သေချာအောင်စောင့်နေလိုက်တော့ ဟောတွေ့ပါပီ ကင်းပုန်းတွေကိုမမြင်ပဲနဲ့အမှောင်ထုကိုအကာယူပီး ဒေါ်လုံးတင်အိမ်ဝိုင်းနာကို ကပ်လာတဲ့လူတစ်ယောက် လုံချည်ကိုမျက်နှာအိပ်ထားတဲ့လူက ခြံဝိုင်ထဲကိုကျော်ဝင်လိုက်တယ် သူခိုးမှန်းသေချာတော့မှကင်းစောင့်နေတဲ့လူအုပ်ကြီးကလဲ ညာသံပေးပီ လိုက်ပါတော့တယ် သူခိုးလဲအသံကြားတာနဲ့လှစ်ကနဲပြေးပါရော လူအုပ်ကြီးကလဲလိုက်နေရင်နဲ့ ထွက်ပေါက်တွေအကုန်ပိတ်လိုက်တယ် ပြေးလိုက်နေရင် ကိုလွန်းတစ်ယောက် "ဒီသူခိုးက တော်တော်မြန်တဲ့သူခိုးပဲ"လိုတွေးလိုက်မိတယ်။ကိုလွန်းဆိုတဲ့သူကလဲ ခေသးမဟုတ် ရွာနီးချုပ်စပ်မှာသူကိုဘယ်သူမှယှဥ်ပြေးနိုင်တဲ့သူမရှိလောက်အောင်အပြေးသန်ပီသက်လုံလဲကောင်းတယ်။သူနဲ့သူခိုး အကွာအဝေးကဝါးတစ်ပြန်လောက်ပဲဝေးပါတော့တယ် အရှေ့မှာကရွာခြံစည်ရိုး ခြံစည်ရိုးကလူနှစ်ရပ်ကျော်ကျော်လောက်မြင့်တယ် "သေချာပီဒီကောင်လွတ်လမ်းမရှိတော့ဘူ"အဲ့လိုတွေးပီ ကိုလွန်အရှိန်ကိုလျော့လိုက်တယ်ကျန်တဲ့သူတွေကလဲ ဒုတ်တွေဓာတွေနဲ့ဝိုင်းလိုက်တယ်။သူခိုးကပြေးလမ်းပိတ်သွားတဲ့အတွက် အနောက်ကိုတစ်ချက်လှည့်ကြည့်ပီရပ်လိုက်တယ် "သေချာတယ်ဒီကောင်အဖမ်းခံမှရတော့မယ်"လိုတွေးပီ ကိုလွန်တစ်ယောက် လက်ထဲကဒုတ်ကိုဆပိ တဖြေးဖြေးအနားကိုကပ်သွားလိုက်တယ် ဒီလိုနဲ့သူခိုးနဲ့ဆယ်ပေလောက်အကွာအရောက်မှာတော့ "ယောကျာ်ဘာသား ကျားးး"ဆိုပီးတော့ ဝမ်းခေါင်အသံနဲ့အော်ပီ ပေါင်နှစ်ဖက်ကိုလက်နဲ့ပုတ်ပီ ခုန်လိုက်တယ်ဆိုရင်ပဲ လူနှစ်ရပ်ကျော်မြင့်တဲ့ခြံစည်းရိုးကိုလွှားခနဲ့ကျော်တတ်သွားတယ် "ဟာ ဒီကောင်လူကောဟုတ်ရဲ့လား"ရွာသားတွေလဲတစ်ယောက်တစ်ပေါက်အသံထွက်လာတယ်။

အပိုင်း(၂)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments