စုန်းထီး အပိုင်း(၁)
မူရင်းရေးသားသူဆရာတာတေ
ဆရာအို ပယောဂကုတဲ့ဆီကို ကျုပ် လိုက်သွားတာဗျ။
ဘိုးညိုက သူလှည်းနဲ့ နွားနှစ်ကောင် တပ်ပေးလိုက်တာ
သူ့မှာ နွားကောင်းချည်းပဲ နှစ်ရှဉ်းရှိတာဗျို့။
နွားတစ်ရှဉ်းဆိုတာ နှစ်ကောင်ကို ခေါ်တာဗျ။
သူတို့မှာ နွားနှစ်ရှဉ်းရှိတယ်ဆိုတော
နွားလေးကောင်လေဗျာ။ဘိုးညိုရဲ့နွားကြီးတွေက
တကယ်နွားသန့် နွားချောကြီးတွေဗျ။လှည်းကလည်း
အမြဲတမ်း တိုက်ချွတ်ပြီး ဆီမှန်မှန်ထိုးထားတော့
သန့်ပြန့်ပြီးချောနေတာပါဗျာ။ရောဂါသည်က မိန်းမဗျ။
သိပ်ငယ်ငယ်တော့ မဟုတ်ပါဘူး။အသက်သုံးဆယ်
ကျော်လောက်ရှိမယ်။ဆရာအိုက ထုံးစံအတိုင်း
ရောဂါစစ်တာပေါ့ဗျာ။
"ကလေးမဗိုက်အောင့်တာ ဘယ်အချိန်အောင့်တတ်တုံး"
"ညနေ တစ်ခါအောင့်တယ် ညသန်းခေါင်လောက်မှာ
တစ်ခါအောင့်တယ်ဆရာကြီး"
"ဒီအချိန်တွေက ပုံမှန်ဖြစ်နေကျပဲလားကွဲ့"
"ဟုတ်ကဲ့ ဆရာကြီး ပုံမှန်ပဲတော့"
"ဘယ်တုန်းကစပြီး ဖြစ်တာတုံး ကလေးမရဲ့"
လူနာမိန်းမကပြန်စဉ်းစားတယ်။ဒီမိန်းမကအညာတောသူ
ဆိုပေမယ့် ရုပ်ရည်တော်တော်ချောမောတဲ့မိန်းမဗျ။
အိမ်ထောင်မရှိဘူး။အပျို။
"ဟိုတလောက ကျမတို့ရွာကို ဆရာတယောက် ရောက်
လာတယ်"
"ဒီသံခနောက်ကို ရောက်လာတာလား"
"ဟုတ်ပါတယ် ဆရာ။သူများတွေ ဗေဒင်မေးတာနဲ့
ကျမလည်း အဲဒီဆရာဆီမှာ ဗေဒင်မေးတယ်။
ဒီမှာတင် ဒီဆရာ ကျမလက်ကိုကိုင်ပြီးလက္ခဏကြည့်
သလိုနဲ့ သူများမကြားအောင် ကပ်ပြီးပြောတယ်။
ပြောတာက ရည်းစားစကားပါ ဆရာရယ်။ကျမကို
လက်ထပ်ယူပါရစေလို့လည်းပြောတယ်။ ကျမက
လုံးဝငြင်းတော့ နင်ရောဂါတစ်ခုခုဖြစ်ရင် ငါ့ကို လိုက်ရှာ
ပေတော့ ငါ့ကုပေးမယ်သိလားလို့ ပြောတယ်။ကျမက
လည်း ဘာပြောမှန်းကိုမသိတာပါရှင့်။နောက်တော့
သိပ်မကြာဘူး ကျမမှာ ဗိုက်အောင့်တော့တာပါပဲ
ဆရာကြီးရယ်"
"အဲခု အဲဒီဆရာသတင်း ကြားသေးလား"
"ဒီရွာမှာ သူ့လူရှိတယ် ဆရာကြီးရဲ့ တောင်ပိုင်းကငခင်
ဆိုတဲ့အကောင် မျက်စီစောင်းစောင်းရွဲ့ရွဲ့နဲ့တော့
ဒီအကောင်က ကျမကို လာပြောတယ်။မမြခင် ဒီလောက်
နေမကောင်းဖြစ်တာ ဆရာကိုမြနွယ်ကိုရှာပြီး ပင့်ပေးရ
မလားတဲ့တော့"
"ဒီတော့ ကလေးမက ဘယ်လိုပြန်ပြောလိုက်တုံး"
"အဲဒီဆရာနဲ့ကုမှ အသက်ရှင်မယ်ဆိုရင်တော့
ငါ့အသေခံမယ်ဟေ့ ငခင် ပြောလိုက်ဟေ့ နင့်ဆရာကို
သူနဲ့လည်း ဆေးမကုဘူး သူလိုလူကိုလည်း ဒီတစ်သက်
မယူဘူးလို့ပြောလိုက် ငါ့ရောဂါ မပျောက်ရင် သေပစေလို့
ကျမက ပြန်ပြောလိုက်မိတယ်ဆရာ"
"ကလေးမရဲ့ ရောဂါဟာ ပယောဂစစ်စစ်ပဲ။လူပြုစားခံ
ထားရတာ။ဘယ်သူပြုစားတုံးဆိုတာတော့ မသိဘူးကွဲ့
ဘယ်သူပဲဖြစ်ဖြစ် ခေါ်ရတော့မှာပေါ့လေ။ရော့ မောင်
တာတေ ဒီခြေမန်းကွင်းကိုယူထား ရောက်လာရင် ခေါင်း
ကနေ စွပ်ချထားလိုက် ကဲ...အရှေ့နေထွက် အနောက်နေဝင်
တောင်တံငါ့ကွန် မြောက်ဓူဝံအတွင်း တိမ်းခြင်း ရှောင်ခြင်း
ခိုခြင်း ကပ်ခြင်း မရှိစေရ။ပေါက်ဆရာကြီးခြောက်ဆယ့်
လေးပါးရဲ့တပည့် ငါ့ဆရာအို အမိန့်ပြန်လိုက်တယ်
ပညာသည် အခုလာခဲ့ ဟောဒီ ကလေးမကို ပြုစားထား
တဲ့ ပညာသယ် အခုလာခဲ့"
"ဟီး ဟီး ဟီး ဟား ဟား ဟား ဟား ဟား
အေး လာပြီ ဟေ့ လာပြီ မင်းက ဘာဆရာမို့ ငါ့ကို ခေါ်ရ
တာတုံး ငါ့က ကဝေပျံကွ မင်းလို ဆရာလောက်တော့
အယားတောင် မပြေဘူးမှတ်ကွ"
"မောင်တာတေ လုပ်လိုက်လေ"
ဟုတ်ပါဗျာ ကျုပ်ကလည်း ပယောဂပူးနေတဲ့ မမြခင်ကို
ကြည့်နေတာဗျို့။ခြေမန်းကွင်းစွပ်ဖို့ မေ့နေတာ။
ဆရာအိုပြောမှ သတိရသွားပြီး ချက်ချင်းထစွပ်လိုက်တာ
ဗ်။
"အောင်မာ ငါ့ကို ခြေမန်းကွင်းစွပ်တော့ ဘာဖြစ်မှာတုံး
စွပ်စမ်း တစ်ကွင်းမဟုတ်ဘူး ဆယ်ကွင်းစွပ် ငါမမှုဘူး
ဟောဒီမြခင်ဟာ ငါ့မယား ဖြစ်ရမယ် မယားလောင်းကွ
ဒါကြောင့် ငါလုပ်ထားတာ ဘာဖြစ်တုံး။အစ်ကိုရယ်
မြခင်ကို ကယ်ပါဦးလို့ ပြောလာတော့မှ ငါကဆေးကု
ပေးပြီး ငါ့မယားအဖြစ် သိမ်းပိုက်မလို့ကွ။
မင်းနဲ့ဘာဆိုင်လို့ ဘာဆိုင်လို ဝင်ရှုပ်ရတာတုံး
မင်းမသေချင်ရင် ပြန်လို့မီသေးတယ် ကြားလား
ငါပြောတာ"
"လက်စသတ်တော့ မင်းကို လူယုတ်မာကောင်
ကဝေပျံဟုတ်စ မင်းဟာမင်း ကဝေပျံပျံ မပျံပျံ ငါသိတာ
တော့ မင်းဟာ စုန်းထီးပဲ မြနွယ် ငါကိုလာပြီးလှည့်စားဖို့
မကြိုးစားနဲ့ ကဲ တစ်ခွန်းပဲ မေးမယ် ကလေးမကို
လုပ်ထားတာတွေ အခု ဖယ်ပစ်ပေးမလား
မပစ်ဘူးလား ဒါပဲပြော"
"မင်းကို ဝင်မရှုပ်နဲ့လို့ ငါပြောပြီသားပဲ။အပိုတွေ
လာမပြောနဲ့ ဆရာစုတ်"
"အေးလေ ဒီလိုဖြစ်မှတော့ လုပ်ရတော့မှပေါ့ကွာ
မောင်တာတေ ရော့ ဒီသနပ်ခါးခဲကိုယူ ကျောက်ပြင်
တစ်ချပ်တောင်းပြီး အရည်ကျဲကျဲလေး သွေးစမ်းကွာ"
ကျုပ်က ဆရာအိုဆီက သနပ်ခါးခဲကိုယူပြီး
အိမ်သားတစ်ယောက်ကို ကျောက်ပြင် ယူခိုင်းတယ်။
တအောင့်ကြာတော့
"သွေးပြီးပြီ ဆရာကြီး"
"ကဲ မမြခင်ရဲ့မျက်နှာမှာ အဲဒီသနပ်ခါးလိမ်းစမ်း
မောင်တာတေ"
"ဟား ဟား နံ့သာခဲလေးပါလား လာ လာ လိမ်း
လိမ်း ကြိုက်သလောက်လိမ်း မင်းလို ဆရာအဆင့်လောက်
များတော့ ရယ်တောင် ရယ်ချင်သေးတယ် လာလိမ်းစမ်း
ကလေး မင်းဆရာ ခိုင်းတာ လုပ်ပေးလိုက်ပါကွာ
ငါ့ကိုမကြောက်နဲ့ ငါ့မင်းကို ဘာမှမလုပ်ဘူး ဟား ဟား"
စုန်းထီးကြီးအော်ရယ်နေတုန်းမှာ ကျုပ်က ခပ်မြန်မြန်
သနပ်ခါး လိမ်းလိုက်တယ် ပိုနေလိုတောင် လည်ပင်းတွေ
ဘာတွေ လိမ်းလိုက်သေးတယ်ဗျ။
"လာ မောင်တာတေ ဒီနားလာနေ"
ကျုပ်လိမ်းထားတဲ့သနပ်ခါးက ခပ်ကျဲကျဲဆိုတော့
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူ အားလေးစားစွာ creditပေးပါသည်။

Comments
Post a Comment