အောင်မြတ်သာ နှင့် အောက်လမ်းဆရာဘမှန် အပိုင်း(၁)
မြန်မာနိုင်ငံအနှံ့အပြားကိုအထက်ဆရာကြီးတွေရဲ့တာဝန်ပေးချက်အရအောင်မြတ်သာနဲ့တပည်သက်ခိုင်တိုရောက်ရှိခဲ့ပါတယ်။တချိုးဒေသတွေမှာအောက်လမ်းအတတ်ပညာကိုအရမ်းကျွမ်းကျင်ကြတယ် သူတိုရဲ့အောက်လမ်းပညာနဲ့သူတပါးကိုရည်ရွယ်ပီမပြုစားတတ်ကြပေမယ့် သူ့တဲ့နဲ့သူတို့မိသားအပေါ်မျက်ရည်ပေါက်ကြီးငယ်ကျစေတဲ့သူတွေကိုတော့ အညှိးနဲ့ပြုစားတတ်ကြပါတယ် အဲ့လိုပြုစားခံရင်အသက်ရှင်ဖို့လမ်းမရှိတော့သလိုတော်ရုံပညာစွမ်းတဲ့ဆရာတွေတောင်မှကုသနိုင်စွမ်းမရှိကြပါဘူး။တချို့အောက်လမ်းဆရာတွေပတော့အခကြေးငွေယူကာတစ်စုံတစ်ယောက်ခိုင်းစေချက်အရလူတစ်ဖက်သားကိုပြုစားတတ်ကြပါတယ် အောက်လမ်းဆရာလို့ပြောလိုက်ရင်လဲလူတော်တော်များများကကြောက်လန့်တတ်ကြတယ် တချို့အောက်လမ်းဆရာတွေကသူကိုယ်တိုင်မပြုစားပဲ လက်အောက်မှာမွေးထားတဲ့စုန်းတွေကိခိုင်စေပီးတော့ပြုစားတတ်ကြတယ်။တညမှာတော့အောင်မြတ်သာက "သက်ခိုင် မနက်ဖြန်ငါတို ထန်းလုံးပင်ရွာကိုသွားရမယ် အဲ့မှာ ဦးဘမှန်ဆိုတဲ့အောက်လမ်းဆရာတစ်ယောက်ရှိတယ် အခုသူကိုဆုံးမပီးတော့သူပညာတွေသိမ်းဖို့တာဝန်ကျလာပီ ဒါကြောင်မနက်စောစောခရီးထွက်မယ်အဆင်သင့်လုပ်ထား"လိုပြောပီးတော့တရားဆက်ထိုင်နေလိုက်တယ်။သက်ခိုင်က"ဆရာထန်းလုံးပင်ရွာမှာဘာဖြစ်လို့လဲ"မေးလိုက်တော့အောင်မြတ်သာက ပိတ်ထားတဲ့မျက်လုံးတွေကိုဖြေးညှင်းစွာပြန်ဖွင့်ပီတော့"ထန်းလုံးပင်ရွာမှာဦးဘမှန်ဆိုတဲ့အောက်လမ်းဆရာတစ်ယောက်ရှိတယ် အရမ်းလဲအစွမ်းထက်သလို သူလက်အောက်မှာစုန်းတွေလဲရှိတယ် သူကအဲ့စုန်းတွေကိုခိုင်းစေပီတော့လူတွေကို မူးဝေအောအန်ပီတော့သေအောင်ပြုစားနေတယ် အဲ့ကြောင့်သူကိုဆုံးပီသူပညာတွေကိုနှုတ်ယူဖို့တာဝန်ကျလာပီ ဒီနေရာမှာမင်းမှတ်ထားရမှာက စုန်းအမျိုးအစားခုနှစ်မျိုးရှိတယ် အဲ့ဒါတွေကတော့ ခြေစုန်း၊ခေါင်းစုန်း၊ကိုယ်စုန်း၊မောက်လုံးစုန်း၊မောက်ပြားစုန်း၊အိပ်တလိမ့်စုန်း နဲ့ ကဝေမြောက်စုန်း ဆိုပီခုနှစ်မျိုးရှိတယ် ခြေစုံးကတော့အသီးအပွင့်တွေကိုပဲစားတယ်၊ ခေါင်းစုန်းကသစ်သီနဲ့အချိုအချဥ်တွေကိုစားတယ်၊ကိုယ်စုန်းကတော့အဆီအနှစ်တွေကိုစားတယ်၊မောက်လုံးစုန်းက အသွေးအသားအရည်တွေကိုစားတယ်၊မောက်ပြားစုန်းကအသဲအမြစ်အူတွေကိုစားတယ်၊အိပ်တလိပ်စုန်းကတော့ အကြော်အလှော်တွေကိုစားတယ်၊နောက်ဆုံကဝေမြောက်စုန်းကတော့လူတွေရဲ့အသွေးအသားကိုစားတယ် အဲ့စုန်းခုနှစ်မျိုးထဲကမှ ခေါင်းစုန်း၊ခြေစုန်း၊ကိုယ်စုန်းတွေက ရေကိုလုံးဝမကြောက်ဘူး ပီးတော်ဦးခေါင်မှာအမောက်မပါတဲ့အတွက်လဲရေထဲမှာငုတ်ပီနေတတ်ကြတယ် ကျန်တဲ့စုန်းတွေကတော့ရေကိုကြောက်ကြတယ် ခေါင်းစုန်း၊ခြေစုန်း၊ကိုယ်စုန်း၊မောက်ပြား၊မောက်လုံးစုန်းတွေကတော့သူတိုကိုယ်းကွယ်ရာနတ်မရှိတဲ့အတွက် ကိုယ်တိုင်ဖမ်းစားပြုစားတတ်တယ် ကျန်တဲ့အိပ်တလိပ်စုန်းနဲ့ကဝေမြောက်စုန်းတို့ကတော့ မြောက်ဘက်ကတော်၊ဦးဖြူနတ်၊ဇော်ကနီနတ်တွေကို ကိုယ်းကွယ်ရတာကြောင့် ကိုယ်တိုင်မဖမ်းစားပဲနဲ့ အဲ့နတ်တွေလွတ်ပီးတော့ဖမ်းစားကြတယ် ခေါင်းစုန်း၊ခြေစုန်း၊ကိုယ်စုန်းတွေကတော့လူတွေကိုသေလောက်တဲ့အထိမဖမ်းစားနိုင်ကြဘူး ဒါပေမယ့်ကျန်တဲ့စုန်းတွေကတော့လူတွေရဲ့အသက်ကိုသေချေတဲ့အထိဖမ်းစားနိုင်တယ်" အဲ့လိုအသေးစိပ်ဆရာကရှင်ပြပါတယ်။
ဒီလိုနဲ့ထန်းလုံးပင်ရွာကိုရောက်လာတော့ညနေစောင်းနေပါပီ တရွာလုံးအလုပ်သိမ်းချိန်ဖြစ်လို့လယ်ကွင်းထဲကနေပြန်လာကြတဲ့သူတွေနဲ့စည်ကားနေပါတယ်။အလုပ်ကပြန်လာကြတဲ့သူတွေကလဲ လူသိမ်းနှစ်ဦးဖြစ်တဲ့အောင်မြတ်သာတို့ကို စကားမေးဖော်တောင်မရှိကြပဲ မသိချင်ယောက်ဆောင်ကာရွာထဲကိုဝင်သွားကြတယ် အောင်းမြတ်သာတိုလဲနောက်ဆုံးတော့ရွာအပြင်ဇရပ်မှာပဲညအိပ်ရင်းနဲ့လုပ်စရာရှိတဲ့ တရားထိုင်ချင်၊အင်းဆွဲခြင်းတို့ကိုဆောင်ရွက်နေလိုက်တယ်။ညဘက်ရောက်တော့ဇရပ်တစ်ခုလုံးကိုအင်းချပီတော့ သက်ခိုင်ကိုလဲဇရပ်အပြင်မထွက်ဖို့သတိပေးခဲ့တယ် ညကတစ်ဖြေးဖြေးနက်လာတယ်အဲ့အချိန်အောင်မြတ်သာနားထဲအသံတစ်ခုကြားလိုက်ရတယ် "ဒါလားမကြာခင်သေမယ်သူတွေဆိုတာ ငါတို့ဆရာကြီးလက့ချက်နဲ့သေမယ့်သူတွေကလဲ လူငယ်ချောချောလေးတွေပဲနော်ငါဖြင့်ရင်တွေတောင်ခုန်တယ်"အဲ့လိုမိန်းကလေးနှစ်ယောက်ပြောနေတဲ့အသံအောင်မြတ်သာနားမှာအတိုင်းသားကြားနေရတယ်။သက်ခိုင်ကိုကြည့်လိုက်တော့သူလဲကြားရတယ်ဆိုတဲ့သဘောနဲ့ခေါင်းငြိမ့်ပြတယ် နောက်နေရောက်တော့ဇရပ်ဘေးက စားကျက်မှာနွားလာကျောင်းတဲ့ နွားကျောင်းသားလေကိုသက်ခိုင်လှမ်းခေါ်လိုက်တယ် "ညီလေးခဏလောက် ဒီရွာကလူတွေကဘာလိုစိမ်းကားနေကြတာလဲ ငါတို့ကိုနှုတ်ဖော်လဲမရဘူး"သက်ခိုင်ကအဲ့လိုမေးလိုက်တော့ နွားကျောင်းသားလေက "ဆေးဆရာကြီးကဧည့်သည်တွေလာရင် ရွာထဲကိုမခေါ်ရဘူးလို့ပြောထားတယ် စကားလဲမပြောရဘူး ကဲကျုပ်သွားတော့မယ်အခုလိုစကားပြောတာတွေရင်ကျုပ်ကိုရိုက်နေအုံးမယ်" ခပ်သုပ်သုပ်ထွက်သွားတဲ့နွားကျောင်းသားလေကိုကြည့်ပီးတော့ အောင်မြတ်သာပြုံးလိုက်မိတယ်။ "ကဲသက်ခိုင်ရေ သူကငါတို့ကိုပေးမဝင်တော့လဲ ငါတိုက့သူလာအောင်ခေါ်ရတော့မှာပေါ့ ဒီညသက်ကြီးခေါင်းချချိန်ကြရင်သူလာလိမ့်မယ် မင်းကဇရပ်ပေါ်မှာပဲနေ" "ဆရာ ဦးဘမှန်ဆိုတဲ့လူကတော်တော်စွမ်းလို့လား" "အေးသူရဲ့ ပညာကတော်တော်အဆင့်မြင့်နေပီ သူသေရင်တောင် မဟာအဝေဇိငရဲကိုသွားဖို့အဆင့်အသင့်ဖြစ်နေပီ သူအစွမ်းကလဲတော်ရုံရွာစောင့်နတ်တွေကို ခိုင်စားနိုင်တယ် အပြင်၃၇မင်းနတ်တွေကိုလဲခိုင်းစေနိုင်တယ်

အပိုင်း(၂)ဆက်ရန်,....
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment