တေစ္ဆကလေး အပိုင်း(၅)
မျက်လုံးအားကောင်းသော ကျွန်တော်သည် ဒန်းစီးနေသော ကလေးမှာ ဂျိုးဂျိုး ဖြစ်ကြောင်း သိလိုက်ပါ၏။
ထို့ကြောင့် ချက်ချင်းပဲ ဆေးရုံထဲမှ အပြင်သို့ ပြေးထွက်ကာ ပန်းခြံလေးဆီသို့ ထွက်လာခဲ့သည်။
ဂျိုးဂျိုး စီးနေသော ဒန်းလေးဆီသို့ မရောက်မီ ပေ ၂၀ကျော် ခန့်အကွာသို့ ကျွန်တော် ရောက်သည့်အခါ ဒန်းပေါ်က ဂျိုးဂျိုးက ကျွန်တော့်ဘက်သို့ လှည့်ကြည့်ကာ ဒန်းကို ရပ်တန့်ပစ်လိုက်သည်။
ဂျိုးဂျိုးသည် ကျွန်တော့်အား မြင်သွားလေပြီ။ အားရဝမ်းသာဖြင့် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ကျွန်တော့်ထံ အပြေးလေး လှမ်းလာသည်။
သူ၏ ပါးစပ်က ကျွန်တော့်အား ဦးလေးကြီးဟု အော်ဟစ်ခေါ်လာသလားမသိ။
တစုံတရာတော့ အော်ဟစ်လာ၏။မသဲကွဲချေ။
နှလုံးရောဂါသည်လေးမို့ သူ မောပန်းနေမည်စိုးသော ကျွန်တော်က ပြေးမလာရန် အော်ဟစ်လိုက်မိသည်။
" ဂျိုး ဂျိုး လူလေး မပြေးနဲ့ "
ဆောင်းလယ်ကာလ၏ နှင်းလွှာရုံတစ်ခုသည် ကျွန်တော်နှင့် ဂျိုးဂျိုးတို့ ၂ဦး အကြားသို့ ရုတ်ချည်း ဝင်ရောက်လာသည်။
ထိုနှင်းမြူများကြောင့် ကျွန်တော် ဂျိုးဂျိုးကို မမြင်ရတော့ပေ။ကျွန်တော်သည် နှင်းမြူများကြားသို့ ကမန်းကတန်း တိုးဝင်၍ ဂျိုးဂျိုးအား ရှာဖွေလိုက်သည်။
ဘယ်လိုမှ ယုံနိုင်ဖွယ် မရှိ။ ပန်းခြံထဲတွင် ဂျိုးဂျိုး မရှိတော့ပေ။
ဖတ်ကနဲ ကျွန်တော့် ပုခုံးပေါ်သို့ လက်တစ်ဖက်ကျလာ၍ လှည့်ကြည့်လိုက်သည်။
နက်ပြာရောင် လုံခြုံရေး ဝတ်စုံကို ဝတ်ဆင်ထားသော ကိုမြင့်အေး ဖြစ်နေသည်။
" ဟိတ်လူ ခင်ဗျား ဘာမြင်လို့ ဒီလောက် အသည်းအသန် ပြေးထွက်သွားရတာလဲ ၊ ကိုယ့်ကိုယ်ကိုယ် ခြေတစ်ဖက် မရှိတော့ဘူးဆိုတာ သတိရပါဦးဗျ ၊ လဲနေမှဖြင့်ဗျာ "
ကျွန်တော့်အား လမ်းမှာ လဲကျမည်ကို စိုးရိမ်၍ လိုက်လာသော ကိုမြင့်အေးအား ကျွန်တော်က အလောတကြီး ပြန် မေးလိုက်သည်။
" ခင်ဗျား လည်း မြင်လိုက်တယ်မဟုတ်လား ၊ ခုနက ပန်းခြံထဲမှာ ဂျိုးဂျိုး တစ်ယောက်တည်း ဒန်းစီးနေတာလေဗျာ "
ကိုမြင့်အေးသည် ကျွန်တော်နှင့်ဂျိုးဂျိုး ရင်နှီးနေကြောင်း သိထား၏။ ပြီးတော့ ကိုမြင့်အေးသည် နှလုံးရောဂါ ခံစားနေရသော ဂျိုးဂျိုးအား ကောင်းစွာသိသူ ဖြစ်ပါ၏။
ကိုမြင့်အေးသည် ကျွန်တော့်အား အံအားသင့်စွာ ပြန်ကြည့်ရင်း ၊
" ဟာ! မဟုတ်တာဗျာ ၊ ခင်ဗျား ဘာတွေ ပြောနေတာလဲ ၊ မဖြစ်နိုင်တာ "
" ကျွန်တော် တကယ်ပြောတာပါ ကိုမြင့်အေးရ ၊ ကျွန်တော့်ကို မြင်လို့ ဂျိုးဂျိုး ပြေးလာလို့တောင် မပြေးနဲ့လို့ အော်လိုက်မိသေးတယ် "
ကိုမြင့်အေးသည် ဒန်းလေးကို တစ်လှည့် ကျွန်တော့်ကို တစ်လှည့် ကြည့်ကာ ကျွန်တော်၏ လက်ကို လာဆွဲ၍ ..
" လာ..လာ သွားကြရအောင် ၊ ဒီနေရာက အရမ်းအေးတယ် ၊ လာစမ်းပါကွာ
ဆေးရုံထဲကျမှ ကျုပ်ပြောပြပါ့မယ်"
ကျွန်တော်သည် ဇွတ်အတင်း ဆွဲခေါ်သွားသော ကိုမြင့်အေး၏ နောက်သို့ ထော့နင်းနင်းဖြင့် ပါသွားပေမယ့် ဒန်းလေးဆီသို့ လည်ပြန်ကာ ကြည့်နေမိသေး၏။
ပန်းခြံထဲက ဒန်းလေးသည် ငြိမ်သက်စွာ ရှိနေပါသည်။
.....................
၅။
ဆေးရုံထဲရောက်တော့ ကျွန်တော့်ကို ကိုမြင့်အေးက ရေတစ်ခွက် ခပ်တိုက်ရင်း ခုံလွတ်တစ်လုံးမှာ ထိုင်ခိုင်း၏။
ကျွန်တော် စိတ်အေးလက်အေး ရှိလောက်ပြီဆိုတော့မှ ၊ ကိုမြင့်အေးက သူ သိထားသော အကြောင်းကို ပြောပြသည်။
" ညနေ ၆နာရီလောက်က ခင်ဗျား ပြောနေတဲ့ ဂျိုးဂျိုး ဆိုတဲ့ ကောင်လေး ဆုံးသွားပြီလို့ သူနာပြုဆရာမလေး မနီနီအောင်က ကောင်တာမှာ လာပြောသွားတယ်ဗျ "
" ဗျာ ! "
ကျွန်တော် ထိတ်လန့်တကြား အာမေဋိတ်သံ ထွက်ပေါ်သွားပါသည်။
ကျွန်တော်တို့ စကားပြောနေသည်ကို ကြားသွားသော သူနာပြုဆရာမလေး မနီနီအောင်က ဝင်၍ ပြော၏။
" ဟုတ်တယ် ၊ ကျွန်မဖြင့် ကောင်လေးကို သနားလိုက်တာရှင် ၊ ညနေ ၄နာရီကျော်က နှလုံး စဖောက်တာရှင့် ၊ ကျွန်မတို့လည်း တတ်နိုင်သမျှတော့ အစွမ်းကုန် ပြုစုကုသကြတာပဲ ၊ ကလေးက အဲ့ဒီကစပြီး သတိကောင်းကောင်း မရှိတော့ဘူး "
ဟင် ! ဒါဆိုရင် ကျွန်တော် လ္ဘက်ရည် ထွက်ဝယ်စဉ်က အခန်း ၃၀၃ မှန်ပြတင်းပေါက်မှာ တွေ့ခဲ့ရသော မတ်တတ်ရပ်နေသည့် ဂျိုးဂျိုးသည် ခန္ဓာကိုယ်မှ လွင့်မျောနေသော ဝိဉာဉ်ပဲပေါ့ ။
ကျွန်တော်သည် အလောတကြီးဖြင့် ဆရာမလေးကို မေးလိုက်သည်။
" ညနေက မှန်ပြတင်းက လိုက်ကာစတွေ ဆရာမလေး ပိတ်နေတုန်းက ဂျိုးဂျိုးက သတိမရှိတော့ပဲ ကုတင်ပေါ် လဲရင်း မျောနေပြီပေါ့နော် ၊ ဟုတ်လား ဆရာမလေး "
ဆရာမလေးက ကျွန်တော့အား နားမလည်သလိုဖြင့် ကြည့်၍ ခေါင်းငြိမ့်ပြသည်။
" ဟုတ်တယ်လေ ဦးစစ်မောင်ရဲ့ ။ သူ သေဆုံးချိန်ကို ဆရာဝန်ကြီးနဲ့အတူ ကျွန်မ အတည်ပြုပေးခဲ့တာ ၊ ညနေ ၆နာရီလောက်က ဆုံးသွားတာရှင့် "
ကျွန်တော် အားအင်တွေ ကုန်ခမ်းသွားသည်လားမသိ။ အနီးက ထိုင်ခုံကျောမှီကို လက်ဖြင့်ကိုင်ကာ အားပြုထားရသည်။သို့မဟုတ်ပါက ကျွန်တော် ကြမ်းပြင်ပေါ်သို့ ခွေခေါက်ကျသွားမည်မှာ မလွဲပေ။
တတိယထပ် စင်္ကြန်လမ်း အမှောင်ထဲမှာ ကျွန်တော့်အား စောင့်ဆိုင်းနေသော အရိပ်သဏ္ဍာန်သည် ဂျိုးဂျိုး၏ ဝိဉာဉ်ပင် ဖြစ်နေပါ၏။
ဒါကြောင့် ကျွန်တော့်အား သူ စကား မပြောတော့တာပင် ဖြစ်လိမ့်မည်။ လူမဟုတ်တော့ပဲ၊ ဝိဉာဉ်အဖြစ် ကျွန်တော့်အား ကိုယ်ထင်ပြခြင်းသာ။
ဆရာမလေး မနီနီအောင်သည် ကျွန်တော့်အနီးသို့ တိုးကပ်ခါပြီး ၊

အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment