စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)



"စိတ်ချ ဘလေး၊ မဖဲဝါပြောသလိုဆိုရင်
ဒီကဝေကို ကိစ္စတုံးပစ်ဖို့ မယ်တော်
လေးပါးကလည်း ခွင့်ပြုထားပြီဆိုပဲဗျ"

"နို့ နေပါဦး ကိုကြီးတာတေရ၊ ကျုပ်
နားမလည်လို့ တစ်ခုလောက် မေးပါ
ရစေဦးဗျ"

"ဟေ မေးလေ ဖိုးဝရဲ့၊ မင်းအစ်ကို
စိန်ရိုးရော မပါဘူးလားကွ"

"ကိုစိန်ရိုး တောတက်သွားလို့ဗျ"

"သြော် အေး မေးပါဦးကွ ဖိုးဝရဲ့"

"မဖဲဝါက သရဲမဆို၊ ကဝေကြီးကို
ယှဉ်ပြီးတိုက်ခိုက်လို့ ရပါမလားဗျ၊
ကဝေတွေကသာ သရဲတွေကို
ခိုင်းတာစေတာ မဟုတ်လား"

"ဟာ ဖိုးဝရဲ့ မင်းပြောတာ ဟုတ်
တယ်ကွ၊ ကဝေတွေကသာ သရဲကို
ခိုင်းတာ စေတာပေါ့၊ ဒါပေမဲ့ မဖဲဝါ
ဆိုတာက သာမန်သရဲမျိုး မဟုတ်ဘူး
ကွ၊ လူဘဝတုန်းက အင်းကြီးတွေ
လုပ်ခဲ့လို့ အကုသိုလ်ကြောင့်သာ
သရဲဖြစ်နေပေမယ့် ကောင်းမှုကု
သိုလ်တွေလည်း အများကြီးလုပ်
ခဲ့တာကွ၊ ဒီတော့ သူ့မှာက ကာမ
ဇိတ္ထိလို့ခေါ်တဲ့ အစွမ်းတွေရှိတယ်၊
မင်းတို့ ငါတို့အရွယ် ကောင်မလေး
တစ်ယောက်လိုလည်း ဖန်ဆင်းနိုင်
တယ်။ အင်မတန်ကြောက်စရာ
ကောင်းတဲ့ ပုံပန်းသဏ္ဌာန်ကိုလည်း
လုပ်ယူနိုင်တယ်။ ပြီးတော့ နာနာ
ဘာဝ တော်တော်များများကို သူ
ခေါ်ပြီး ခိုင်းစေနိုင်တယ်။ အချို့
ပုဂ္ဂိုလ်ကြီးတွေ၊ မယ်တော်တွေက
စေခိုင်းတဲ့ကိစ္စတွေကိုတောင် သူ
ဆောင်ရွက်ပေးနိုင်တယ်ကွ"

"သြော် ဒီလိုကိုး"

ညရှစ်နာရီထိုးတော့ စကားဝိုင်းကို
ဖြတ်ပြီး ကျုပ်တစ်ယောက်တည်း ရွာ
ပြင်ကို ထွက်လာခဲ့တယ်။ ကျုပ်မှာဆ
ရာတွေ ချီးမြှင့်ထားတဲ့ ဆေးတော်၊
အင်းတော်တွေ၊ နာနာရုပ်တွေအား
လုံးပါလာတယ်၊ ပြီးတော့ မဖဲဝါ ပေး
ထားတဲ့ ကိုယ်ခွဲရုပ်ကလေးလည်း
ပါတယ်ဗျ။ ဒီအရုပ်ကလေးပေါ်မှ
မဖဲဝါပြောတဲ့အသံကို ကျုပ်ကြား
ရတာလေဗျာ။

ကိုဘပွားတို့က ကျုပ်နဲ့လိုက်ဖို့တော့
ပြောသားဗျ။ ဒါပေမဲ့ သူတို့ကို ခေါ်လာ
လို့ မဖြစ်ဘူးလေဗျာ။ အန္တရာယ်များ
တယ်ဗျ။ ရွာကိုပဲ စောင့်ရှောက်ဖို့
ကျုပ်မှာခဲ့ရတယ်။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"

"ဖျန်း၊ ဖျန်း၊ ဖျန်း၊ ဖျန်း"

"အား၊ အား၊ အား၊အား"

ကျုပ် အနောက်ဘက်တံခါးနဲ့
မလှမ်းမကမ်းက ထန်းပင်တန်းလေး
ဘက်ကနေ ငြိမ်ပြီးစောင့်နေတာဗျို့။
မီးလောင်ကုန်းရွာထဲက ခွေးအူသံ
တွေ၊ ကျီးပျိုသံတွေ၊ ငှက်တွေ လန့်
ပျံတဲ့အသံတွေ ရုတ်တရက်ကြီး ထ
ထွက်လာတာဗျ။ ကျုပ်တောင် လန့်
သွားတယ်။ မီးလောင်ကုန်းသားတွေ
လည်း လန့်ကြမှာပေါ့ဗျာ။နာရီကြည့်
တော့ ဆယ်နာရီထိုးတော့မယ်ဗျ။

"ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်"

ဟော လူတစ်ယောက် ပြေးလာတာဗျ။
ကျုပ်ပုန်းနေတဲ့ ထန်းပင်တန်းလေး
ဘက်ကို ပြေးလာတာ။ ဒီလူ ကျုပ်ကို
တော့ မမြင်ဘူးဗျ။ ဟာ လွယ်အိတ်
တစ်လုံး စလွယ်သိုင်းလွယ်လို့ဗျ။
ခေါင်းပေါ်မှာ သျှောင်ထုံးကြီးနဲ့ဗျ။

နှုတ်ခမ်းမွေးကလည်း ကားကားကြီး
ဗျာ။ ဧကန္တ ဒီလူပဲ ဖြစ်မယ်ဗျာ၊ မဖဲ
ဝါပြောတဲ့ ကဝေဆိုတဲ့လူ။ ဟော
ဒီလူ ရွာအနောက်ဘက်တံခါးကို
တန်းပြေးတာဗျို့။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး"

ဟာ ရွာထဲက ခွေးအကောင်နှစ်ဆယ်
လောက် တစ်ပြိုင်တည်း အူနေတဲ့အသံ
ကြီးကလည်း ကြောက်စရာကြီးပါဗျာ။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ"

ဟော ဒါကတော့ မဖဲဝါရဲ့ခွေးကြီး
အူတဲ့ အသံပဲဗျို့။ မဖဲဝါလည်း လာ
ပြီပဲ၊ ဒီတော့မှ ကျုပ်လည်း အားတက်
လာတာပေါ့ဗျာ။

"ဒေါင် ဒေါင် ဒေါင် ဒေါင် လိုက်ဟေ့
လိုက်ဟေ့ လိုက်ကြဟေ့"

ဟာ ရွာထဲက သံချောင်းခေါက်သံတွေ
ညာသံပေးပြီး အော်တဲ့အသံတွေ ထွက်
လာတာဗ်။

"တရုတ်မပါသွားပြီဟေ့၊ ကြိုတွေ
အလိုလိုဖြတ်ထွက်သွားတာကွ"

"ဟေ ဘယ်ကို ပါသွားတုံး"

"မည်းမည်းအရိပ်ကြီးလိုဟာကြီးက
ထမ်းခေါ်သွားတာပဲကွ"

ရွာထဲက ခွေးအူသံ၊ သံချောင်းခေါက်
သံနဲ့အတူ အော်ပြောတဲ့အသံတွေပါ
ကျုပ်ကြားနေရတာဗျ။ ကျုပ်က ကိုဘ
ပွားတို့အိမ်ကမထွက်ခင်ကတည်းက
မျက်ကွင်းဆေးကွင်းပြီးသားဗျ။ ကျုပ်
မဖဲဝါကို လိုက်ရှာတယ်။ ဟာ ထန်းပင်
ကြီးတွေနဲ့ ရောနေတာဗျ။ အရပ်ကြီးက
ထန်းပင်ကြီးလောက်ကို မြင့်နေတာဗျို့။
သူ့ခွေးကြီးတွေကို တွေ့လိုက်လို့သာ
သူ့ကို တွေ့သွားတာဗျ။

"ဘုတ်၊ ဘုတ်၊ ဘုတ်၊ ဘုတ်"

ဟာ ခြေသံကြီးဗျ။ ရွာထဲက ပြေး
လာတဲ့ အသံဗျ။ ဒီခြေသံကြားရတာ
အကောင်တော်တော်ကြီးမယ့်ပုံပဲဗျ။
ဟော ထွက်လာပြီဗျို့။ ထွက်လာပြီ။
ရွာနောက်ပေါက်ကနေ မည်းမည်း
အကောင်ကြီးတစ်ကောင် ထွက်
ပြေးလာတာဗျို့။

သူ့ပခုံးပေါ်မှာလည်း တစ်ခုခုထမ်းလာ
တဲ့ပုံပဲဗျ။ စောစောက ရွာထဲက အော်
သံတွေအရ ဆိုရင်တော့ ဒီသဘက်လို
အကောင်ကြီးထမ်းလာတာ ဘလေး
အောင်ဆင့်ရဲ့သမီးလေးပဲ ဖြစ်မှာပဲ။
တော်တော်အကြံပက်စက်တဲ့ ကဝေ
ပါပဲလား။ ကျုပ်သွေးတွေ ဆူသွား
တယ်။ ပညာတွေ ဘာတွေ ဘေး
ဖယ်ပြီး ဒီအတိုင်းကို ဓါးနဲ့ ဝင်ပိုင်း
ပစ်လိုက်ချင်တာဗျို့။

ဟိုကဝေကောင် ရပ်နေတဲ့ဘက်ကို
မည်းမည်းအကောင်ကြီး ပြေးလာတာဗျို့။

"ဟား ဟား ဟား ဟား ငါ့အကောင်ကြီး
တော်လှချည်လားကွ၊ ဒါကြောင့်လည်း
ဆရာက မင်းကို အားကိုးတာကွ၊ မင်း
သိပ်စားချင်တဲ့ အမဲသားတွေ၊ နွားတစ်
ကောင်လုံးကို စားရစေမယ်။ ဟား၊
ဟား၊ ဟား၊ ဟား"

ကလေးမလေးကို သဘက်ကြီးက
မြေကြီးပေါ်ကို ချထားလိုက်တယ်
ကလေးမလေးက သတိလုံးဝလစ်
နေတဲ့ပုံပဲဗျ။ ဟော ကဝေကောင်
က ကလေးမလေးကို ကောက်ပွေ့
ပြီး သူ့ပခုံးပေါ်မှာ ထမ်းလိုက်တယ်။
ပြီးတော့ ကျုပ်ပုန်းနေတဲ့ ထန်းပင်ဘေး
က ယာခင်းထဲကို ဖြတ်ပြေးရောဗျို့။
သဘက်ကောင်ကြီးကချာကနဲ လှည့်ပြီး
ထွက်ပြေးသွားပြီဗျ။ ဆရာတပည့်နှစ်
ယောက် တစ်ယောက်တစ်လမ်း သွား
မယ့်ပုံဗျ။

အပိုင်း(၆)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments