တစ္ဆေကလေး အပိုင်း(၂)
" ဟူး မေ့ပြန်ပြီ ကိုယ့်လူရေ ၊ ငါ့လူနာရဲ့ အိပ်စရေးအဖြေတွေ ကားပေါ်မှာ ကျန်ခဲ့တယ် ။ ကျေးဇူးပြုပြီး သွားယူခဲ့ပေးပါဦး၊ ပြီးရင် လူနာအခန်း ၃၀၃ဆီ လာပို့ပေးပါဦးကွာ၊ ဆရာ အဲ့က စောင့်နေမယ်"
ဆရာဝန်ကြီးက ၎င်း၏ အင်္ကျီအိပ်ကပ်ထဲမှ ကားသော့ကို ယူ၍ ကျွန်တော့်အား ပေးသည်။
" ဟုတ်ကဲ့ ဆရာကြီး "
ဆရာဝန်ကြီးက ထပ်မံ သတိရဟန်ဖြင့်၊
" အော် နေဦး ကိုယ့်လူ ၊ ကားထဲမှာ ကလေးကစားစရာ ဘောလုံးတစ်လုံးလည်း ဝယ်လာခဲ့သေးတယ် ၊ အဲ့ဒါလေးပါ တစ်ခါတည်း ယူခဲ့ပါဦးကွာ ၊ ငါ့ လူနာကို လက်ဆောင် ပေးချင်လို့ပါ "
ကျွန်တော်လည်း ခေါင်းငြိမ့်ပြကာ အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်။ ကျွန်တ်ာသည် ဆရာဝန်ကြီး၏ ကားကို မှတ်မိနေပြီ ဖြစ်ရာ ၊ အထူးအထွေ ရှာစရာမလို။
ကားပါကင်၏ ညာဘက် ထောင့်ဆုံး၌ အစဉ်အမြဲ ရပ်ထားလေ့ရှိသည်မို့ အလွယ်တကူပင် ကားတံခါးကို ဖွင့်၍ အိပ်စရေးအဖြေများထည့်ထားသော စာအိတ်အညိုရောင်ကြီး နှင့် လိုင်းစင်းလေးများပါသော ပလပ်စတစ် ဘောလုံးအား ယူ၍ ၃ထပ်သို့ ပြန်တက်ခဲ့ပါ၏။
၃ထပ် ရောက်သည့်အခါ အခန်း ၃၀၃ရှိရာသို့ စင်္ကြန်လမ်းအတိုင်း လျှောက်၍ သွားပေး၏။
ကျွန်တော် ရောက်သွားချိန်တွင် ဆရာဝန်ကြီးသည် လူနာ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးနေချိန် ဖြစ်၏။
အခန်း ၃၀၃ လူနာသည် အသက် ၉နှစ်အရွယ် ယောက်ကျားကလေးဖြစ်ပါ၏ ၊ ၎င်းသည် နှလုံးရောဂါ ခံစားနေရသော သနားစဖွယ် ကလေးငယ် ဖြစ်သည်။
ကလေးငယ်၏ မျက်နှာသည် ဖြူလျော်လျော်ရှိပေမယ့် အနက်ရောင်တောက်တောက် မျက်လုံးများက ရောဂါကို ကြံကြံခိုင် ရင်ဆိုင်ရဲကြောင်း ပြသနေသလိုပင်။
၎င်း၏ အသားအရေမှာ ဖြူသည်ဆိုတာထက် အနည်းငယ် နီမြန်းသယောင်။
ဆံသားမှာ အတွန့်တွန့်လေးများဖြင့် လိမ်ကောက်ကွေးနေ၍ ဥရောပတိုက်သားလေးလား ထင်မှတ်ရသည်။
၎င်းကလေးငယ်၏ ကုတင်ဘေးတွင် ၊
အောက်ဆီဂျင်ဘူးကြီးကို တွေ့ရသော်လည်း ကလေးငယ်သည် ယနေ့အဖို့ အောက်ဆီဂျင်ပိုက် နှာခေါင်းတွင် အုပ်ထားခြင်း မရှိချေ။
ယနေ့ ၎င်းသည် သက်သာဟန်ရှိ၏။မျက်နှာမှာ ခပ်ဖျော့ဖျော့ဆိုပေမယ့် ကြည်လင်ပါ၏။
ကောင်ကလေးသည် ကျွန်တော်၏ လက်ထဲက ဘောလုံးကို မြင်တွေ့သွားသည့်အခါ နှစ်ခြိုက်စွာ ပြုံး၏။ ကျွန်တော့်ထံမှ ဘောလုံးကို လှမ်းတောင်းသည်။
ကျွန်တော်က ဆရာဝန်ကြီးကို လှမ်းကြည့်သည့်အခါ ဆရာဝန်ကြီးက ခေါင်းကို ငြိမ့်ပြရင်း ၊
" အဲ့ဒါ သားသား အတွက် ဆရာကြီးက လက်ဆောင်ပေးတာ ၊ သားသားက ဆေး မှန်မှန်သောက်လို့ ဆရာကြီးက ဆုချတာနော် "
ကျွန်တော်က ကောင်လေးလက်ထဲသို့ ဘောလုံးကို ထည့်ပေးလိုက်ရာ ၊ ကောင်လေးက ဝမ်းမြောက်ဝမ်းသာ လက်သင့်ခံ၏။
ကောင်ကလေးသည် ဆရာဝန်ကြီးကို တစ်လှည့် ကျွန်တော့်ကို တလှည့် ကြည့်ရင်း၊
" ဘဘဆရာကြီးကို သား ကျေးဇူးတင်ပါတယ်ခင်ဗျ ၊ အော် ဒါနဲ့ ဒီလူကြီးက
ဓာတ်လှေကား မောင်းတဲ့ ဦးလေးကြီး မဟုတ်လား .."
ကျွန်တော် ဓာတ်လှေကား မောင်းသူဆိုတာကို ကလေးငယ်က သိနေ၏။ကျွန်တော်က ကလေးအား ပြုံးပြလျက်၊
" ဟုတ်တာပေါ့ ကလေးရယ် ၊ ဦးလေးကြီးက ဒီဆေးရုံရဲ့ အတော်ဆုံး ဓာတ်လှေကား မောင်းနှင်သူပေါ့ ၊ အကယ်၍များ သားသားက အောက်ထပ်က ပန်းခြံလေးထဲမှာ လေကောင်းလေသန့် ရှုချင်တယ်ဆိုရင် ဦးလေးကြီးကို ခေါ်လိုက်ပါနော် ၊သားသားကို ဦးလေးကြီးက အကောင်းဆုံး ဓာတ်လှေကားကြီးနဲ့ လိုက်ပို့ ပေးမှာပေါ့ "
ကလေးငယ်က ကျွန်တော့်အား ခင်မင်နှစ်လိုဟန်ဖြင့် သွားဖြူတန်းလေးပေါ်အောင် ပြုံးပြရင်း၊
" အိုး ကျေးဇူးပါ ဦးလေးကြီး ၊ သား အခန်း မှန်ပြတင်းပေါက်က ကြည့်ရင်
ဆေးရုံရှေ့က ပန်းခြံလေးဟာ အရမ်းသာယာတယ်လို့ ခံစားရပါတယ် ၊ တစ်နေ့လောက်တော့ အလည်လာခဲ့ပါဦးမယ်ခင်ဗျ ။ အော်.. မေ့နေလိုက်တာ ၊
သားတို့ တစ်ယောက်နဲ့ တစ်ယောက် မိတ်မဆက်ရသေးဘူးပဲ ၊ သားရဲ့အိမ်နာမည်က ဂျိုးဂျိုးပါ ၊ ကျောင်းနာမည်ကတော့ နေလင်းအောင်လို့ ခေါ်ပါတယ်ခင်ဗျ"
ကောင်လေးကမ်းပေးသည့် လက်တစ်ဘက်ကို ကျွန်တော်က ဆွဲကိုင် နုတ်ဆက်ရင်း၊
" ဦးလေး နာမည်က ဦးစစ်မောင်ပါ ၊
သားနဲ့ ဦးလေးတို့ မိတ်ဆွေတွေ ဖြစ်သွားကြပြီနော် "
ကောင်လေး၏ မျက်နှာသည် အပြစ်ကင်းစင်စွာ ပြုံးရွှင်နေပါသည်။ကျွန်တော့်က်ုလည်း သူသည် ခင်မင်နှစ်လိုဟန် ပြည့်နှက်နေသည်ဟု ထင်လိုက်မိသည်။
ဒီနောက်ပိုင်းတွင် ကောင်လေးသည် ကျွန်တော်နှင့် ပိုမို ရင်းနှီးလာပါသည်။
ကောင်ကလေးသည် တစ်ခါတရံ၌ ကျွန်တော့်ထံလာ၍ ဓာတ်လှေကား အပျော် စီးနင်းတတ်သလို ၊ ကျွန်တော် အားနေလျင်လည်း ကောင်လေးရှိရာ အခန်းသို့ ကားစမြည် ပြောဆိုရန် သွားလည်တတ်သည်။
ကောင်လေးသည် ညဘက်များတွင် အောက်ထပ်သို့ ဆင်းလာလေ့ရှိပြီး၊ ဆေးရုံအရှေ့က ပန်းခြံထဲတွင် လာထိုင်နေတတ်သည်။
ပန်းခြံထဲရှိ ကလေးစီး ဒန်းလေးပေါ် ဆော့ကစားနေတတ်၏။ကျွန်တော် မအားသည် အခါများမှာ ကောင်ကလေးသည် သူ့ဘာသာ ငြိမ်သက်စွာ ဒန်းစီးနေတတ်သည်။
ကျွန်တော် အားလပ်ချိန်များတွင်တော့ သူ စီးသော ဒန်းလေးကို လွှဲပေးရင်း စကားပြောဖြစ်ကြသည်။ထိုအချိန်များတွင် ကောင်ကလေးသည် သိသိသာသာ ပျော်ရွှင် ကြည်နူးနေတတ်ကြောင်း ကျွန်တော် သတိထားမိပါ၏။
တစ်ခါတရံများမှာတော့ ၃ထပ်က စင်္ကြန်လမ်းမှာ ကောင်လေး ကန်သော ဘောလုံးကို ကျွန်တော်က ဂိုးဖမ်းပေးရသည်။
ဓာတ်လှေကားမှ လူခေါ်ခေါင်းလောင်းသံ မမြည်မချင်း ကျွန်တော်ဟာ ဂျိုးဂျိုးကို အဖော်ပြု ဆော့ကစားပေးရသည်ကို ပျော်ရွှင်နေမိသည်။

အပိုင်း (၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment