အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင် အပိုင်း(၂)

 ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့ သူခိုးကကြောင်တစ်ကောင်လိုခုန်နိုင်တယ် သူခိုးကအစွမ်းရှိတယ်ဆိုပီတော့ တရွာလုံးအုံးအုံးကျွတ်ကျွတ်ဖြစ်ကုန်ကြတယ်။အဲ့နေ့ကစပီးတော့ သူခိုးကကိုလွန်းတို့ရွာကိုညတိုင်ဝင်ခိုးတော်တာပဲ တစ်ရက်ထက်တစ်ရက်လဲပိုဆိုးလာတယ် တခါတလေဖြတ်ခနဲတွေရတယ် တခါတလေကြ သစ်ပင်တစ်ပင်နဲ့တစ်ပင်ခုန်ကျော်ပီပြေးလာတယ် တခါတလေရွာချောင်ထဲကနေဖြတ်ပြေးတယ် ရေထဲဖြတ်ပြေးတာတောင်ရေသံမကြားရပါဘူး။ဘယ်လိုစောင့်ဖမ်းဖမ်းမမိတော့ လူတွေလဲပန်းလာတယ် ရွာထဲအိမ်တချို့လဲသူခိုးရန်ကြောက်လို့ပြောင်းပြေးကြတယ် ပြောင်မပြေးတဲ့အိမ်တွေကလဲ တစ်နေ့မဟုတ်တစ်နေ့ခိုးခံထိတာပဲ စောင့်နေရင်နဲ့တောင်ရအောင်ခိုးတဲ့သူခိုးတော်ရုံသာမန်လူမဟုတ်ဘူးဆိုတာသိပေမယ့် ရွာကိုမပြောင်နိုင်တဲ့သူတွေကတော့ကြိတ်မှိတ်ပီနေကြပါတယ်။သူခိုးကလဲတရွာထဲအညှိုးနဲ့ခိုးနေသလားထင်ရလောက်အောင်ဘေးရွာတွေကိုမခိုးတော့ပဲ တရွာထဲကိုပဲရသမျှခိုးနေပါတော့တယ်။အဲ့လောက်သောင်းကြမ်းနေတဲ့သူခိုးကို အားလုံးလက်လျော့ရမလိုဖြစ်နေတဲ့အချိန်မှာ "ဦးကြီးလွန်း ဗျို့ ဦးကြီးလွန်း"  "ဟေ့ငတွန့် ဘာလဲ မင်းနွားကျောင်းမသွားရဘူးလား"  "သွားတယ် ရွာအပြင်ကကွင်းမှာနွားတွေလွှတ်ကျောင်းရင်း ကွင်းထဲကသစ်ပင်ပေါ်မှာလူတစ်ယောက်အိပ်နေတာတွေ့လို့လာပြောတာ"  "ဟေ ဘယ်လိုပုံလဲကွ" "သေချာတော့မသိဘူးဗျ ခြေထောက်မှာတော့ရွံတွေပေနေတယ်လုံချည်ခြုံပီအိပ်နေတော့ သေချာမမြင်ရဘူး"ဒါနဲ့ကိုလွန်းလဲ ရွာသားတွေကိုစုပီသွားကြည့်လိုက်တော့ အိပ်နေတဲ့ခြေရာလက်ရာတွေကိုတော့တွေရပါတယ် လူကိုတော့မတွေ့ရတော့ပါဘူး။ဒါနဲ့စိတ်ပျက်လက်ပျက်နဲ့ရွာထဲကိုပြန်ဝင်လာခဲ့ပါတယ် "ဗျို့နောင်ကြီးတို့ မျက်နှာတွေလဲမကောင်းကြပါလား ဘာဖြစ်လို့လဲ" လှန်းခေါ်သံကြားလို့ကြည့်လိုက်တော့ လူငယ်နှစ်ယောက် ပုံစုံကဆေးဆရာလိုလို ခရီးသွားလိုလို ကိုလွန်းလဲမျက်မှောင်ကုတ်ပီးတော့ "ဒီရွာမှာသောင်ကြမ်းနေတဲ့သူခိုးကိုလိုက်ဖမ်းနေတာ ဒါနဲ့ဒီကမိတ်ဆွေတို့ကဘယ်သွားကြမလို့လဲ" "ကျုပ်တို့ကခရီးသွားတွေပါ လမ်းမှာပြောသံကြားလို့သူခိုးကိုကူဖမ်းပေးမလို့ပါ" "မဖြစ်နိုင်ဘူးထင်တယ် သူခိုးကအရမ်းစွမ်းတာ ကျုပ်တိုလူအများကြီးတောင်မဖမ်းနိုင်တာ ခင်များတို့နှစ်ယောက်ကဘယ်လိုဖမ်းနိုင်မှာလဲ"အဲ့အခါလူငယ်နှစ်ယောက်ကပြုံးပီးတော့"ကျုပ်တိူမှာလဲနည်းလမ်းရှိတာပေါ့ ကူညီရမယ်ဆိုရင်တော့ကျုပ်တိုဖမ်းပေးမယ်လေ မလိုဘူးဆိုရင်တော့ဆက်သွာရုံပဲပေါ့"  "အဲ့ဆိုလဲကျေးဇူးတင်ပါတယ်ရွာထဲကိုလိုက်ခဲ့ကြပေါ့ ဟိုရောက်မှပြောပြတော့မယ်"ရွာထဲရောက်တော့ လူငယ်၂ယောက်ကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။အဲ့နောက်လူငယ်တစ်ယောက်က "ဒါဆိုသူခိုးကသာမန်သူခိုးမဟုတ်ဘူး အစွမ်းတခုခုရှိတာသေချာနေပီသိသိပ်ပီမစိုးရိမ်ပါနဲ့ကျုပ်တိုကူညီပါ့မယ် ကျုပ်တိုနဲ့ပူးပေါင်ဖို့လူ၃ယောက်တော့လိုတယ် ဒီလူ၃ယောက်ရရင်တော့ကျုပ်တိုစီခေါ်လာခဲ့ပေးပါ"ကိုလွန်းလဲရွာခံလူငယ်၂ယောက်ကိုခေါ်လာလိုက်တယ် "ဒီကမိတ်ဆွေတိုပြောတဲ့လူ၃ယောက်တော့ရပီ ဒါနဲ့ကျုပ်တိုကဘာဆက်လုပ်ရမှာလဲ"  "ဒီလပြည့်နေ့ရောက်ရင်တော့ဒီရွာကိုသူထပ်လာနိုင်တယ် သူလာရင်သိရအောင်လို့ရွာထဲကခွေးတွေကို ဒီဆးနဲ့မျက်စိကွင်းထားပေးပါ သူလာရင်တော့ခွေးတွေကမြင်ပီဟောင်လိမ့်မယ် အဲ့လိုဟောင်တာနဲ့သူခိုးရွာထဲရောက်ပီဆိုတာသိရပီ သူကည၂နာရီမကျော်ခင်ရွာထဲကနေထွက်မှာ ဒါကြောင်ည ၂နာရီကျော်တဲ့အထိ ရွာထဲထွက်မရအောင်ကျုပ်တို့လုပ်ရမယ်" အဲ့အခါကိုလွန်းက"ဘာလို့သူကည၂နာရီရွာထဲကထွက်ရတာလဲ"  "အဲ့ဒါတော့အဖြေသိရမှာပေါ့ လောလောဆယ်တော့ခွေးတွေကိလိုက်ကွင်းပေးထားအုံး လပြည့်နေကမနက်ဖြန်ဆိုတော့ကျုပ်တို့လုပ်စရာရှိတာလုပ်လိုက်အုံးမယ်"။ နောက်တစ်နေ့ရောက်တော့လူငယ်၂ယောက်ကိုမတွေရတော့ပါဘူး သူတို့တည်းတဲ့အိမ်မှာပဲစာတစ်စောင်းကိုချန်ထာခဲ့တယ် " ဆေးလုံကိုဥာဏ်ရှိသလိုအသုံးချပီဖမ်းနိုင်ပါစေ"လို့ရေးထားတယ် ကိုလွန်းတစ်ယောက်လဲဆေးတွေက်ုသွေးပီးတော့ရွာထဲကခွေးတွေကိုလိုက်ကွင်းပေးထားလိုက်တယ်။ညဘက်ရောက်တော့ကျန်တဲ့ဆေးကိုရွာသားတွေနဲ့သူမျက်လုံးမှာကွင်းထားလိုက်တယ် ညကနက်လာလေလေ တိတ်ဆိပ်လာလေပါပဲ အဲ့အချိန်းရွာအနာက်ဘက်နေပီးတော့ခွေးတစ်အုပ်ဆူးဆူးဝါးဝါးထဟောင်ပါလေရော ခွေးဟောင်တဲ့နေရာကိုကြည့်လိုက်တော့လူတစ်​ယောက်သစ်ပင်တွေပေါ်မှာရိတ်ခနဲ့ပြေးနေတာကိုတွေလိုက်ရတယ် အဲ့လူပြေးနေတာကိုလဲဆေးကွင်းထားတဲ့သူတွေပမြင်ရတယ် ကိုလွန်းလဲ ပြုံးလိုက်ပီးတော့ဆေးကွင်းထားတဲ့သူတွေကိုစုလိုက်ပီး သူခိုးပြေားနေတဲ့သစ်ပင်တန်းကိုဝိုင်းထားလိုက်တယ်။သစ်ပင်ပေါ်မှာပြေးနေတာကိုကြောင်တစ်ကောင်လွှားခနဲပဲ ဒီလိုနဲ့ပြေးနေရင် မန်းကျည်ပင်နားရောက်တော့ ဖြတ်ခနဲ့ခုန်ချလိုက်တွေ့လိုက်ရတယ် ခုန်ချပီးတဲ့အချိန်မှာတော့ မန်းကျည်ပင်ဘေးက ရွာသူကြီးအိမ်ထဲဝင်ဖိူ့အလုပ် အနောက်ကနေလူတစ်ယောက်ထပ်ခုန်ချလာတာကိုမြင်လိုက်ရတယ်။ "ဟင်ဒါမနေ့ကတွေလိုက်ရတဲ့ လူငယ်ထဲကတစ်ယောက်ပဲ သူတို့ကတစ်ဖွဲထည်းလား"ကိုလွန်းလဲတွေးနေရင်နဲ့ လူငယ်ကအရှေ့ကနေပိတ်ရပ်နေတာကို တွေ့လိုက်တယ် ကိုလွန်းလဲသူ့လူတွေကိုမထွက်ခိုင်ပဲစောင့်ကြည့်ဖိူ့အချက်ပြလိုက်တယ် အဲ့အခါလူငယ်က"မင်းရထားတဲ့ သန္ဒိဝင်ပစ္စည်ကိုငါပြန်သိမ်းရလိမ့်မယ်"  "မင်ကဘယ်သူလဲ ငါအလုပ်ကိုဘာလို့လိုက်နှောက်ယှက်နေတာလဲ"  "ငါကမင်းကိုဆုံးမဖိုတာဝန်အပေးခံရတဲ့သူ မင်းလက်ထဲမတော်တဆရောက်ခဲ့တဲ့ကြောင်မျက်ရှင်ကို

အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်

Comments