အောင်မြတ်သာ နဲ့ ဖုတ်ဝင်သူ အပိုင်း(၁)

အောင်မြတ်သာ နဲ့ ဖုတ်ဝင်သူ

အထက်ဆရာကြီးတွေရဲ့တာဝန်ပေးချက်အရ အောင်မြတ်သာနဲ့တပည့်သက်ခိုင်တိုလဲ မြန်မာနိုင်ငံအနှံကိုရောက်ရှိခဲ့ပါတယ်။လူမျိုးစုံပညာမျိုးစုံကိုမြင်တွေ့ရသလိုစုန်းတိုက် နတ်တိုက်မျိုးစုံကိုလဲကြုံတွေခဲ့ရပါတယ် ရွှေဘိူမြို့ကဘုန်းကြီးကျောင်းတစ်ကျောင်းမှာတည်းတုံကဆိုရင် ကျောင်းအနောက်ဘက်မှာရှိတဲ့ရေကန်ထဲကနေ မိနိးမပျိုးတွေထွက်လာတာကိုလဲမြင်တွေခဲ့ရဖူးပါတယ်။ဆရာတော်ကိုလျောက်ထားတော့ အဲ့ရေကန်မှာအစောင့်အရှောက်တွေရှိတယ်လို့မိန့်တော်မူခဲ့ပါတယ်။ကျန်တော်ပညာကသာမန်လောက်ပဲရှိတဲ့အတွက်အရမ်းအရေးကြီးတဲ့ကိစ္စတွေဆိုရင်ကျန်တော်အစားဆရာကဖြေရှင်ပေးလေ့ရှိပါတယ်နယ်မြို့လေးတစ်မြို့ကိုရောက်တုံကလဲ မီးတွင်းထဲမှာဆုံးတဲ့မိန်းကလေးတစ်ယောက် သူအိမ်ကိုစွဲပီ​ခြောက်လှန့်တာကိုလဲကြုံခဲ့ရဖူးပါတယ်ပညာနုတဲ့ပရောဂဆရာတွေဆိူရင် တံတွေးနဲ့တောင်အတွေးခံရပါတယ် ကြုံခဲ့ရတာတွေကိုပြောနေရင်တော့ကုန်မှာမဟုတ်တော့ပါဘူ။ဒီတစ်ခါကြုံတွေရတာက သာမန်ဖြစ်ရိုးဖြစ်စဥ်လေးတစ်ခုပါပဲ ဒါပေမယ်သူသာမန်ဖုတ်ဝင်တဲ့သူမဟုတ်ပဲထူးဆန်းတာလေးတွေရှိနေလို့ပါ။ဆရာနဲ့ကျန်တော်ခရီးသွားနေရင်း ရွာတစ်ရွာကိုရောက်ရှိခဲ့ပါတယ် ရွာကနေဖြတိမှဟိုဘက်မြိုကိုရောက်မှာမို့ ရွာထဲကနေဖြတ်သွားရင်အိမ်တစ်အိမ်ရှေ့ရောက်တော့အိမ်ထဲမှာထင်းပေါက်နေတဲ့လူတစ်ယောက်ကကျန်တော်တိုကိုမြင်တော့အိမ်ထဲကိုပြေးဝင်သွားပါတယ်။ကျန်တော်အမှူမဲ့အမှတ်မဲ့နေလိုက်တယ် အဲ့အချိန်မှာဆရာက "သက်ခိုင်ခုနကပြေးဝင်သွားတဲ့သူကိုတွေ့လား အဲ့ဒါလူမဟုတ်ဘူးကွ" ကျန်တော်အံသြသွားပါတယ် မျက်လုံထဲသေချာမြင်လိုက်တာလူမှလူအစစ် နာနာဘဝတော့မဟုတ်တာသေချာတယ် ဒါပေမယ်ဆရာက မဟုတ်ပဲအခုလိုပြောမှာသေချာတယ် "ဒါဆို လူမဟုတ်ရင်ဘယ်သူလဲဆရာ"
"အဲ့ဒါဖုတ်ဝင်နေတဲ့သူပဲ အသက်မရှိတော့တဲ့ခန္ဓာကိုယ်ထဲမှာနေရာဝင်ယူပီလူတစ်ယောက်လိုဟန်ဆောင်နေတာ ဖုတ်ဝင်သူတွေကအမျိုးမျိုးရှိတယ်တချိုကအစားအသောက်စားချင်လို့ဝင်တယ် တချို့ကကိုယ်ငွေ့လှုံခြင်လိုဝင်တယ် တချိုကလူဘဝကိုစိတ်မကုန်သေးလိုသာမန်လူတစ်ယောက်လို့နေထိုင်ကြတယ် အရင်ကဖုန်ဝင်နေတဲ့သူကမိန်မယူပီကလေးတွေတောင်မွေးထားသေးတာလိုကြာဖူးတယ်ကွ ခုနကလဲသာမန်လူလိူ့ထင်ရပေမယ့် သူမှာသက်ရှိတစ်ယောက်ရဲ့ကိုယ်ငွေ့မတွေ့ရဘူး သာမန်လူတွေမမြင်နိုင်တဲ့အတွက်သူကိုမိသားစုဝင်တစ်ယောက်လိုပဲမြင်နေကြတာဖြစ်မယ်"
"ဒါဆို ဒီအတိုင်ထားရင်ဘာဖြစ်လာနိုင်လဲဆရာ"
"သူအပြုအမူကိုပဲကြည့်ရမှာပေါ့ ဒါပေမယ်ဖြစ်ရိုးဖြစ်စဥ်နဲ့ဆန့်ကျင်တဲ့ဘယ်အရာမဆိုငါတို့တားရမယ့်တာဝန်ရှိတယ်လေ ဒီည ဒီရွာမှာပဲတည်းရအောင်" ကျန်တော်တို့လဲရွာဦးကျောင်းမှာတည်းရင်း ကပ္ပိယကြီးကိုနေ့လယ်ကတွေတဲ့ လူအကြောင်းမေးကြည့်ဖြစ်ခဲ့တယ်။
"ဧည်သည်တိူ့မေးတော့လဲပြောရတာပေါ့ နေ့လယ်ကတွေခဲ့တဲ့သူကဦးထွန်းမောင်တဲ့ အဲ့အိမ်ကအိမ်ထောင်ဦးစီလေ သူမှာနာမည်ပျက်တော့မရှိဘူး အိမ်ကိုသူပဲရှာကျွေးနေတာ မနက်ဆိုတောထဲသွားထင်းခွေ ညနေဆိုထင်းခွဲ ရလာတဲ့ထင်းတွေကိုရောင်ချပီသူမိသာစုကိုရှာကျွေးနေတာလေ တကယ်တာဝန်ကျေတဲ့သူတစ်ယောက်ပဲ" ကျန်တော်ဇဝေဇဝါဖြစ်သွားတယ် ဒါပေမယ်ဆရာပြောတဲ့စကားကိုလဲမယုံလိုမပြန်ဘူးလေ။ဒါနဲ့"သူအရင်ကနေမကောင်းတာတွေထိခိုက်ထိတာတွေရှိခဲ့ဖူးလား" "မရှိဘူကွဲ့ အော်ရှိခဲ့တယ် အခုမှမှတ်မိတယ် လွန်ခု​နှစ်ကတောထဲထင်းခွေသွားရင်တောဝက်ပတ်တာကြုံခဲ့ဖူးတယ်ဒဏ်ရာကတော်တော်များတယ် ဒါပေမယ်သူကမသေပဲပြန်ကောင်းလာလိုသေရွာထွန်းလူလို့တောင်စနောက်ကျသေးတယ်" ကျန်တော်ပြုံးလိုက်မိတယ် လိူချင်တဲ့အချက်ကိုသိလိုက်ရပီလေ "အဲ့နောက်ပိုင်းရွာကျောင်ကိုကောဦးထွန်လူလာတာမြင်တွေမိသေးလား"
"အင်ကတော့တစ်လတခါလောက်ဆရာတော်စီလာမြင်တွေမိတယ် နောက်ပိုင်မတွေမိတော့ဘူးစီပွားရေးအဆင်မပြေလိုမလာတာထင်တယ် ငါလဲသတိပေးလိုက်အုံးမယ်ကဲဘုရားရှိခိုးဖိုအချိန်ရောက်ပီဆိုတော့သွားလိုက်အုံးမယ်ကွဲ့"
ထသွားတဲ့ကပ္ပယကြီးကိုကြည့်ပီကျန်တော်ဦးထွန်းလူအကြောင်းတွေးလိုက်မိပါတယ်။ မနက်မိုးလင်းတော့ကပ္ပယကြီးပြင်ပေးထားတဲ့မနက်စာကိုစားရင်"ကပ္ပယကြီရွာလျောက်ကြည့်မလို့ဆရာတော်ကိုလျောက်ပေးပါအုံး" "အိုးကွယ်သွားစရာရှိတာသွား ဆရာတော်ကဒီအချိန်တရားထိုင်နေပီသွားကြည့်ကြဘာမှမဖြစ်ဘူး" ကျန်တော်တို့လဲခွင့်ရတာနဲ့ရွာထဲကိုထွက်လာလိုက်တယ် ဦးထွန်းလူအိမ်ရှေ့ရောက်တော့ " အိမ်ရှင်တိူ့ဒါဦထွန်လူတိုအိမ်လားဗျ"အော်ခေါ်လိုက်တော့အိမ်ထဲကအမျိုးသမီးတစ်ယောက်ထွက်လာတာကိုတွေလိုက်ရတယ်။ "အဖေ့အသိတွေလအဖေကမရှိဘူးတော့ထဲထင်ခွေသွားတယ် ဘာကိစ္စများရှိလို့လဲ"
ကျန်တော်က"ကိစ္စကတွေတွေထူးထူးမရှိပါဘူးဗျသူလာရင်ဒီစာအိပ်လေးပေးပေးပါနော် သူမယူဘူးဆိူရင်သူအိပ်ယာအောက်မှာထည့်ထားပေးပါ"ဆိုပြီး အင်းစာရွာကိုထုပ်ပေးလိုက်တယ် ။ရွာထဲကနေပြန်ရောက်တော့ဆရာနဲ့ကျန်တော်တရားထိုင်ပြီနေ့လယ်စာစားချိန်ရောက်တော့ ရွာသားတစ်ယောက်ရေးကြီးသုပ်ပြာနဲ့ကျောင်းထဲပြေးဝင်လာတယ် "ဆရာတော်ဘုရား ဦးထွန်လူဧည့်သည်တွေကိုသတ်ဖို့ဓားဆွဲပီလာနေပါပီဘုရား" ကပ္ပယကြီးကရုတ်တရက်ထလိုက်ပီကျန်တော်တို့ကိုလှမ်းကြည့်တယ် ဆရာတော်က"လာရင်ကျောင်းပေါ်တတ်ခဲ့ခိုင်လိုက်ကွာ"လို့မိန်တော်မူတယ်။ကျန်တော်တိုထကြည့်လိုက်တော့ဓာကိုကိုင်ပီကျောင်ဝမှာဆဲဆိုနေတဲ့ဦးထွန်လူကိုတွေ့လိုက်ရပါတယ်ဒါပေမယ်သူကျောင်ထဲမဝင်တာထူဆန်းနေတယ်

Comments