အောင်မြတ်သာ နဲ့ ကြောင်မျက်ရှင် ဇာတ်သိမ်းပိုင်း

ပြန်သိမ်းဖို့ အထက်ဆရာတွေတာဝန်ပေးထားတယ် မင်းကိုစောရ နက္ခနဲ့ယှဥ်ပီဆေးပေါက်ပေးခဲ့တဲ့အောက်ဆရာကိုလဲငါသိတယ် ကံကောင်းထမစွာနဲ့ကြောင်မျက်ရှင်ကိုရခဲ့တာလဲငါသိတယ် အခုဒီရွာကိုအညှိုးထားပီခိုးနေတာကိုလဲငါသိတယ် ကျော်ဆံအောင်ဆိုတာမင်နာမည်ပဲမဟုတ်လား မင်းကဒီရွာသား ဒီရွာမှာမင်းသဘောကျတဲ့မိန်းကလေးက လူပုံအလယ်မှာအရှက်ခွဲခဲ့လို့ ဒီရွာကိုဒုက္ခပြန်ပေးနေတာလဲငါသိတယ်" "ဟင်ကျော်ဆံအောင်ဆိုပါလား ဒီကောင်ရွာသူကြီးမွေးစားထားတဲ့ကောင်မဟုတ်လား ဒီကောင်သေပီဆိုပီးတော့မှဘယ်လိုဖြစ်တာလဲ"ကိုလွန်းတစ်ယောက်အံသြသွားတယ်ယ
"ငါကိုဖမ်းလေမိရင်တော့ရမယ် မမိရင်တော့မင်းလမ်းမင်းသွား"  "အေးလေ မင်အစွမ်းရှိသေးတယ်ထင်လို့လား ခုန်ကြည့်လိုက်လေ မင်းခုန်လို့ တစ်လှန်တတ်ခဲ့ရင် ငါလွှတ်ပေးမယ်" ဒါနဲ့မျက်နှာအုပ်ထားတဲ့ လူကလက်ခမောင်ခတ်ခါခုန်လိုက်တယ်ဆိုပေမယ့် "ဟင်ဘယ်လိုဖြစ်တာလဲ ငါ့အစွမ်းတွေဘယ်လိုပျောက်သွားတာလဲ"ဒါနဲ့အလောတကြီးပေါင်ကိုလှန်ကြည့်လိုက်တော့ ကြောင်အတတ် ကြောင်အဆင်းရုပ်မှာ ခြေထောပ်တစ်ဖက်စီမရှိတော့တာကိုတွေလိုက်ရတယ်။ "မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးးးး ဒါမျိုးဖျက်ဖို့ကတော်ရုံအစွမ်းနဲ့မရဘူး မင်းကဘယ်သူလဲ မင်ကဘာလို့ဒီလောက်စွမ်းနေရတာလဲ"  "ဒီမှာမင်းလိုချင်တဲ့ကြောင်မျက်ရှင်က"ဆိုပြီးတော့လက်ထဲမှာဆုပ်ကိုင်ထားတဲ့ကျောက်နက်၂လုံးကိုထုပ်ပြလိုက်တယ် "မင်းဒီအရုပ်ထိုးတုံးကဆရာတင်ခဲ့တဲ့အောက်လမ်းဆရာကိုလဲဒီမနက်ပဲပညာတွေသိမ်းလိုက်ပီ မင်းဆရာပေးခဲ့တဲ့ပညာတွေလဲမင်းမှာမရှိတော့ဘူး မင်းကဒီကြောင်မျက်လုံးအစွမ်းနဲ့သာပေါ့ပါးနေတာ အခုမင်နဲ့ဒီပစ္စည်ကမတန်လိုပြန်သိမ်းလိုက်ပီလိုပဲသဘောထားလိုက် မင်းမိုက်ပစ်မင်ခံပေအုံးပေါ့ သေရင်လဲ အပယ်လေးပုံကမင်းကိုကြိုဆိုနေတာမမေ့နဲ့အုံးကဲငါသွားပီ"ဆိုပီးတော့ ဖြတ်ခနဲသစ်ပင်ပေါ်ခုန်တတ်သွားတာကိုမြင်လိုက်ရတယ်။အဲ့အချိန်သူခိုးကထွက်ပြေးပါလေရော ဒီအချိန်မှအခွင်ကောင်ပဲ ရွာသားတွေလဲညာသံပေးပီတော့လိုက်ကြတယ် ကြောင်မျက်ရှင်မရှိတဲ့သာမန်လူအဖို့တော့ ရွာခြံစည်းရိုးကသူရဲ့နောက်ဆုံနေရဖြစ်သွားခဲ့တယ် ဖမ်းမိတဲ့အချိန်ပေါင်ကိုလှန်ကြည်လိုက်တော့ ကြောင်အတတ်အဆင်းရုပ်ကို ဘယ်ညာထိုးထားပီးပါတယ်။နောက်ဆုံးမှာတော့ခိုးထာတဲ့ပစ္စည်းတော်တော်များများကိုပြန်ရခဲ့ပီးတော့ သူခိုးလဲထောင်နန်းစံသွားခဲ့တယ်။အဲ့နောက်ပိုင်ထောင်ထဲမှာ​သေသွားခဲ့တယ်ဆိုတဲ့သတင်ကိုကြာလိုက်ရတယ်။
 နောက်ဇာတ်လမ်းကတော့ ငှက်ပြောတောရွာမှာ သောင်းကြမ်းနေတဲ့ ဇော်ကနီငတိကို အောင်မြတ်သာတို့ဆရာတပည်တွေဆုံးမခဲ့ကြာပါ ဒါကိုတော့ အောင်မြတ်သာနဲ့ဇော်ကနီငတိဆိုဇာတ်မှာဖော်ပြပေးသွားပါ့မယ်။


ပြီးပါပြီ


မူးရင်စာရေးဆရာကိုလေးစားစွာ crd ပေးပါတယ်။

Comments