အောင်မြတ်သာနှင့်တပည့်သက်ခိုင်တို့နှစ်ယောက်သား ခြေဦးတည့်ရာကိုယ့်အိပ်ယာဆိုတဲ့အတိုင် လမ်းရှိရာလျောက်သွားရင် မြန်မာပြည့်အထက်ပိုင်းက တော့မကျ မြို့မကျ နေရာလေးတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ဒီလိုနဲ့ရွာထိပ်ကဇရပ်လေးမှာထိုင်နေခိုက်မှာတော့ ပုဆိုးအစုတ်လေးကိုပုခုံးပေါ်တင်ထားတဲ့လူးနှစ်ယောက်က ဇရပ်ထည်းမှာနေရိပ်လာခိုရင်းနဲ့ "ဒီနှစ်လုပ်ကိုင်စားသောက်ရတာအဆင်မပြေပါဘူးဗျာ" "ဟုတ်ပါဗျာ ကျုပ်တို့တရွာလုံး ဒီအတိုင်းဆိုရင်တော့အရင်းတောင်ကျေပါ့မလားမသိဘူး မနှစ်ကလုပ်ခဲ့တဲ့ရွာလုံးကျွတ်ရှင်ပြုပွဲတွေလဲ ဒီနှစ်မလုပ်ဖြစ်လောက်တော့ဘူးထင်ပါတယ်"။သက်ခိုင်ကသူတို့ပြောတာနာထောင်နေရင်းနဲ့ "အကိုတို့ဒီနှစ်မိုးမရဘူးလားလယ်တွေမဖြစ်လို့လား" "မဟုတ်ပါဘူးညီလေးရာ ခါတိုင်းနှစ်တွေဆိုရင်တော့ စပါးတစ်ဧကကိုတင်း၇၀လောက်ထွက်တယ် ဒါတောင်မနှစ်မိုးသိပ်မရဘူး ဒီနှစ်ကမိုးလဲကောင်းတယ် မျိုးစပါးလဲကောင်းတယ် ုဒါပေမယ်စိုက်သမျှအပင်တွေအကုန်နွမ်းတာပဲ ထူးဆန်တာက စပါးတွေကမနက်ပိုင်းမှာနွမ်းပေမယ် ညဘက်သက်ကြီးခေါင်းချချိန်ကြရင်တော့ စပါးခင်းတွေကစိမ်းစိုကုန်ရောဗျ"    "ဗျာ ဘယ်လို ုဒါဆိုထူးဆန်းတာပေါ့ အခုစပါးမရိတ်ရသေးဘူးလား"  "ရိတ်လို့တော့ရနေပီ နေ့ခင်းဘက်တွေရိတ်တော့လဲ စပါးပင်တွေကအထဲမှအစိမရှိဘူးဗျ"   "ဟုတ်ပါ့မလားဗျာ"    "ဟုတ်တယ် ကျုပ်တိုစိတ်ထင်တချို့တလေပဲအစိမရှိဘူးလို့ထင်နေကြတာပေါ့ ုဒါပေမယ်ရိတ်သမျှစပါးတွေကဆန်းတစ်စေ့မှမရတာဗျ ဒီနှစ်သားလေရှင်ပြုဖို့ရှိသမျှပိုက်ဆံအခင်းထဲထည့်ထားတာ ကျုပ်တို့တော့ဆင်းရဲ့တွင်းနက်သထက်နက်ပါပီဗျာ"    "ဒါနဲ့နေပါအုံး နောက်ကြီတို့က ညဘက်မရိတ်ကြည့်ကြဘူးလား"  "ရိတ်တာပေါ့ဗျာ ကျုပ်အခင်းဘေးက ကိုသန်းလှလာ်ဆိုရင် ကျုပ်ထက်အရင်သီးတာဗျ သူကမနက်ဖက်မရိတ်ပဲနဲ့ညဘက်ရိတ်တာ ရိတ်နေတဲ့အချိန်ဆိုရင် အနောက်ကနေ ငြီးသံတွေငိုသံတွေကြားရတယ်ဗျ အများအားဖြင့်တော့မနက်ပဲရိတ်ကြတာလေ ဒီတော့ညဘက်သိပ်အဆင်မပြေဘူး ဒီကြားထဲမြွပွေးအန္တရယ်ကရှိသေးတယ် ထူးဆန်းတာက ညဘက်ရိတ်လို့ရတဲ့စပါးတွေအစေ့အဆန်အကုန်အောင်းတယ်ဗျ အဲ့အခင်ကိုပဲမနက်ရိတ်ကြည့် ဘာမှကိုမရှိတော့တာ ရွာထဲကလူတွေကလဲအထူးအဆန်းဖြစ်နေကြတာ နောက်ဆုံးတရွာလုံးညဘက်ထရိတ်တဲ့အချိန်မှာ စပါးပင်ကို ကိုင်ပီရိတ်လိုက်တယ်ဆိုရင်ပဲ စပါးပင်ကနေသွေးစိမ်းရှင်ရှင်တွေပန်းထွက်လာတာ"  "ဗျာအလို့လေး"  "နောက်ပီးတော့အဲ့အပင်ကထွက်လာတဲ့သွေးလိုလိုအရည်တွေကိုအမွှေးစုတ်ဖွားကေုင်တွေလာသောက်ကြတာ ရွာထဲကဒေါ်ချိုရင်အဲ့မှာမေ့လဲပီ အသက်ပါတခါထည်းပါသွားတာ အဲ့အမွေးစုတ်ဖွားကောင်တွေကလဲ အစွယ်တွေအဖွေးသားနဲ့အရမ်းကြောက်ဖိူ့ကောင်းတယ် တရွာလုံးနည်းပါးလဲလန့်ဖျား ဖျားကုန်ကြတာပေါ့ အဲ့နေ့ထည်းကညဘက်တွေဆို တရွာလုံးအပြင်မထွက်ကြဘူး အိမ်ကမွေးထားတဲ့ခွေးတွေတောင်မှခြံဝင်းအပြင်ကိုမထွက်ရဲ့ဘူးဗျ ည၁၂နာရီကျော်ဆိုရင်တော့ရွာထဲမှာအမွှေးစုတ်ဖွားနဲ့အကောင်းတွေလျောက်သွားနေတာ ရွာဦးကျောင်ကဆရာတော်ကလဲမြိုပေါ်မှာဆေးသွားကုနေလို့ရွာကျောင်မှာကိုရင်လေးတွေပဲရှိတယ် တရွာလုံးစိတိဒုက္ခရောက်နေကြတယ် သိတတ်တဲ့သူတွေနဲ့ပြကြည်တော့လဲ သူကလဲမနိုင်ကြဘူးဗျ သူတိုပြောတာကတော့ဆယ်နှစ်ကြိုးစုန်းတွေကပြုစားထားတာတဲ့"   "ဘယ်လိုဆယိနှစ်ကြိုးစုန်းဟုတ်လား အဲ့လိုပြုစားရအောင်အကိုတို့ကဘာတွေလုပ်လို့လဲ"    "ဘာမှမလုပ်ပါဘူးညီလေးရာ မနှစ်ကအကိုတို့ရွာမှာ ရွာလုံးကျွတ်ရှင်ပြုရဟန်းခံလုပ်ကြတယ်လေ  အလှူဆိုတော့မီခိုးတိတ်ပေါ့ အနီးအနားကရွာတွေအားကျရတဲ့လောက်တဲ့အထိဖြစ်ခဲ့တယ်  ဘေးကနာကရွာတစ်ရွာအဲ့ဒါကိုမနာလိုကြဘူးအကိုတို့နဲ့လဲသိပ်အဆင်မပြေကြဘူး တစ်ခုဆိုးသွားတာက အကိုတို့ရွာကကောင်မလေးကိုဆွဲလားရမ်းလားလုပ်တာ ုဒါကိုရွာခံလူတွေကတွေ့ပီရိုက်လိုက်ကြတယ် အဲ့မှာဟိုဘက်ရွာနဲ့ဒီဘက်ရွာကတွေတဲ့နေရာမှာရိုက်ဆိုတာဖြစ်လာကြတယ် တစ်နေ့မှာတော့ရွာအဘွားကြီးတစ်ယောက်ရောက်လာတယ် သူကရွာတော်ရှင်နန်ကွမ်းဘေးမှာရပ်ပီတော့ နင်တို့တရွာလုံးငတ်မွတ်ပွဲတေစေရမယ် ငါ့မြေးကွဲသွားတဲ့ခေါင်းကသွေးတွေက နင်တိူ့ရွာကိုဖုံလွှမ်းစေရမယ်လို့ကျိမ်းဝါးခဲ့တယ် အဲ့နေကစပီတော့ဘာလုပ်လုပ်အဆင်မပြေတော့တာပဲ အဖြစ်ကတော့အဲ့ဒါပဲ ညီးလေးတိူမှာအဲ့လိုကိစ္စတွေနိုင်နင်းတဲ့သူရှိရင်လမ်းပြပေးပါအုံး"  သက်ခိုင်လဲအားတတ်သရောနဲ့ အောင်မြတ်သာကိုလှမ်းကြည့်လိုက်တော့ တရားမှတ်နေရာကနေ တူပ်တုပ်မှကိုမလှုပ်ဘူး။ ခနနေတော့အောင်မြတ်သာတရားဖြုတ်လိုက်တယ် သက်ခိုင်ကပြောဖို့အလုပ်မှာ လက်ကာပြပီးတော့" ဒီကနောင်ကြီးတို့ရွာကိုလိုက်ခဲ့ပါရစေ ဖြစ်နိုင်ရင်တော့နောင်ကြီးတို့ကြုံတွေ့နေရတဲ့ပြသနာကိုကူညီချင်ပါတယ်"   "ဟာရေကန်အသင့်ကြာအသင့်ပါလား လူငယ်ပေမယ့်ပညာမငယ်ဖူးဆိုတာကိုတော့ကြားဖူးတယ် အခုတော့ဆရာတိူအစ်ိမ်းကိူကြည့်ခွင်ရတာပေါ့ဗျာ" ဒီလိုနဲ့သက်ခိုင်တိူ့ရွာထဲရောက်တော့ မှောင်စပျိုးနေပါပီတရွာလုံးအလုပ်ထဲကနေပြန်လာပီးတော့မိမိတို့ရဲ့အိမ်တခါးတွေကိုတောင်ပိတ်နေကြတာကိုမြင်တွေ့နေရပါတယ်။သက်ခိုင်တိူ့လဲတည်းမယ့်အိမ်တော့ အောင်မြတိသာကဘုရားစင်ရှေ့သွာပီးတော့တရားထိုင်တော့တာပါပဲ ထမင်းလဲမစားတော့ပါဘူး။သက်ခိုင်ကတော့ ပြင်တင်းပေါက်ကနေပီတော့မှာ အိမ်အနောက်ကလယ်ကွင်းပြင်တွေကိုကြည့်နေမိပါတယ်။ အချိန်အတော်ကြာတော့မှ ပုခုံးကိုတစ်စုံတယောက်လာပုတ်သလိုခံစားရလို့ကြည့်လိုက်တော့" ကဲသက်ခိုင်ရေတိူ့အလှည့်ရောက်ပီ ုဒီဆေးမြစ်ကိုကွင်းထားလိုက်တော့ ခနနေမင်းမြင်ရမယ့်အရာတွေကိုမကြောက်ရအောင်ဒီရေမန်းကိုသောက်ထား ဒီရွာကိုငါကယ်တင်ရမယ် ဒိရွာရဲအလှူကိုဖြစ်မြောက်အောင်ငါကူညီရမယ် အထက်ဆရာကြီးတွေရဲ့အမိန်တွေရပီပီလုပ်စရာရှိတာလုပ်ထားတော့သက်ခိုင်"  သက်ခိုင်လဲအောင်မြတိသာပေးတဲ့ဆေးမြစ်ကို ကွင်းပီးတော့ရေမန်းကိုသောက်ချလိုက်တယ်ဆိုရင်ပဲ မျက်လုံထဲမှာ အောင်မြတ်သာက ရောဂီဝတ်မဟုတ်တော့ပဲ အလွန်ကိုဖြူစင်တဲ့ ပိတ်ဖြူဝတ်သူတော်စင်တပါးအဖြစ်မြင်နေရပါလား ဘုရားစင်ပေါ်ကဘုရားကလဲရောင်ခြည်တော်တွေဖြာထွက်နေပါလား။သက်ခိုင်လဲ လက်အုပ်ချီပီထိုင်ကန်တော့လိုက်တယ်။အဲ့နောက် ရွာထဲကနေမကြောက်တတ်တဲ့လူ ၄/၅ယောက်လောက်ကိုလေးခွကိုစီနဲ့စုခိုင်းထားလိုက်တယ်။လေးခွနဲ့ပစ်မယ့်လောက်စာလုံးတွေပေါ်ကိုတော့အောင်မြတ်သာကရေမန်းနဲ့ဖြန်းလိုက်တယ် ကျန်တော်အမြင်မှာတော့လောက်စာလုံးတွေက ငွေမျှင်ရောင်တွေတလက်လက်နဲ့ ငွေလုံးတွေဖြစ်တာ ကျန်တဲ့သူတွေအမြင်မှာတော့လောက်စာလုံးတွေပေါ့။အဲ့နောက်မှာတော့အကုန်လုံးအိမ်အောက်ကိုဆင်းလိုက်ပီးတော့ နောက်ဖေးလယ်ကွင်းစီကိုထွက်လာခဲ့လိုက်တယ်။လယ်ကွင်းအစပ်ကိုရောက်တော့ လယ်ကွင်းအစပ်ထနောင်းပင်မှာလူတစ်ယောက်ကြိုးချည်းခံထားရတာကိုတွေလိုက်တယ် အနီးကပ်သေချာကြည့်လိုက်တော့ အသက်ခတ်လပ်လပ်လူတစ်ရောက် သူပုံစုံကအမ်တကြိတိကြိတိနဲ့မကျေမနပ်ဖြစ်နေတဲ့ပုံပါပဲသူကိုကျန်တော်မြင်ရတယ် ကျန်တဲ့သူတွေကတော့မမြင်ရဘူး။ပြီးတော့အဲ့လူကအောင်မြတ်သာကိုမြင်တော့အားကိုးတကြီးနဲ့ကြည့်ရှာတယ်။အောင်မြတ်သာလဲချည်ထားတဲ့ကြိုးတွေကိုလေနဲ့မှုတ်လိုက်တယ်ဆိုရင်ပဲ ကြိူးတွေအကုန်ပြည်သွားတာကိုထူးဆန်းစွာတွေလိုက်ရတယ်။ကြိုးလဲပြည်ရောအဲ့လူကအောင်မြတ်သာကိုအရိုအသေပေးပီတော့ရွာထိပ်ကိုထွက်သွားတာတွေလိုက်ရတယ်။ ဘယ်သူလဲလိုမေးလိုက်တော့ရွာတော်ရှငိတဲ့ ရွာတော်ရှငိတောင်ချုပ်နှောင်ခံထားရတယ်ဆိုတော့ တော်ရုံအဆင့်မဟုတ်ဘူးဆိူတာကျန်တောိသိလိုက်တယ်။ လယ်ကွင်းထဲကိုကြည့်လိုက်တော့ မွှေးစုတိဖွားနဲ့မကောင်းဆိုးဝါးတွေဆိုတာ အပြည်ပဲ အောင်မြတ်သာလဲလယ်ကွင်းအစပ်နေပီတော့ရွာထဲက ကာလသားတွေကို လယ်ကွင်းထဲကိူလေးခွနဲ့ပစ်ခိူင်းလိုက်တယ်။ရွာခံတွေကလဲအကုန်ပတ်ပစ်ကြတယ်ကျန်တော်ကလဲမြင်သမျှအကုန်လျောက်အော်တယ် လယ်ကွင်းထဲကမကောင်းစိုးဝါးတွေဆိုတာ လောက်စာလုံးနဲ့ထိလိုက်တာနဲ့ငရဲမီးနဲ့ထိသလိုမြေပေါ်မှာလှိမ့်နေတော့တာပဲ ပစ်သမျှလောက်စာလုံးတွေကလဲပစ်မလွဲပါပဲ။ခနေတော့လယ်ကွင်းထဲကအမွှေစုတ်ဖွားအကောင်းတွေပြေးနေတာမှတန်းနေတာပဲ လောက်စာလုံးလဲကုန်ရော လယ်ကွင်းထဲမှာတစ်ကောင်မှမရှိတော့တာ။ကျန်တော်ကအောင်မြတ်သာကိူလှည်အကြည့် သူကလက်ကာပြတယ် ခဏစောင့်ကြည်အုံးဆိုတဲ့သဘောပေါ့။တအောင့်နေတော့ "ကာလသားတွေဘာပဲတွေ့တွေ့မပြေးကြနဲ့နော် ကျုပ်စည်းတားထားပိပိ ဒီစည်းထဲပဲနေကြ ဘာပဲလာလာလေးခွနဲ့ပဲပစ်ကြ ဒီမှာလောက်စာလုံးတွေ"   ဆိုပြီးတော့ ဘေးလွယ်အိပ်ကနေလောက်စာလုံးတွေထုပ်ပေးလိုက်တယ်  "ဟင်ဒါတွေကခုနကပစ်လိုက်တဲ့လောက်စာလုံးတွေပဲ"ကာလသာခေါင်းရဲ့တအံတသြပြောသံကိုကြားလိုက်ရတယ်  ဘာလိုလဲဆိူတော့သူလောက်စာလုံးတွေက လေးဒေါက်လုပ်ထားလို့ပါပဲ။အောင်မြတ်ာသာလဲအိပ်ထဲကနေချည်ကွင်းတစ်ကွင်းထုပ်လိုက်ပီးတော့ ပေး၂၀ပတိလည်စည်းတားထားလိုက်တယ်ကျန်တော်အမြင်မှာတော့စည်းမဟုတ်ဘူးဗျ ချည်ကွင်းကအပေါ်ကနေသံကွန်ချာလိုအုပ်မိုးထားတာ ချည်ကွန်ချာကလဲ ရွှေရောင်တွေတောက်နေတာ။ခနနေတော့ရွာအနောက်ဖက်ကနေမာန်ဖီးပီပြေးလာတဲ့ ခွေးအုပ်စုတွေ ခွေးနက်ကြီးတွေဗျ လူးခါးစောင့်စောင်းလောက်ရှိတယ်။ကာလသားတွေကခွေးတွေကိုမြင်ရောနည်းနည်းကြော်လန့်လာပီတွန့်ဆုပ်သွားတယ် ဒါပေမယ်အောင်မြတ်သာက သတိပေးတော့မှလေးခွတွေကိုအသင့်ကိုင်လိုက်ကြတယ် လေးခွတစ်ကမ်းစာလဲရောက်ရော ခွေးတွေကိုလေးခွနဲ့ပစ်လိုက်ကြတယ် ပစ်နေရင်နဲ့ခွေးအုပ်ကနီးလာတယ်ဒါပေမယ်အောင်မြတ်သာတားထားတဲ့စည်းကိုထိရော လျှပ်စစ်နဲ့အတို့ခံရသလိုအနောက်ကိုလန်ကျတာတွေလိုက်ရတယ်။အဲ့မှာကာလသားတွေကအားတတ်ပီ ပစ်လိုက်တဲ့လောက်စာလုံးတွေမိုးရွာသလိုတဖွားဖွားနဲ့ပါပဲ။ခွေးနက်ကြီးတွေကလဲအလျော့မပေးပဲချည်ကွန်ခြာကိုကိုက်ဖြတ်ဖို့ကြိုးစားနေတယ် ုဒါပေမယ်ချည်ကွန်ခြာကိုထိလိုက်တာနဲ့လွင့်ထွက်သွားတယ် ခွေးနက်တွေကိုယ်မှာလဲလောက်စာလုံဒဏ်ကြောင့်သွေးအလူလူနဲ့ နောက်ဆူံးမှာတော့ခွေးနက်အုပ်ကအနောက်ဖက်တောထည်ူကိုပြေးဝင်သွားတယ်။အဲ့တော့မှာချည်ကွန်ခြာကိုပြန်သိမ်းပီရွာထဲကိုဝင်ခဲ့လိုက်တယ် အိမ်ရောက်တော့မနက်၃နာရီထိုးနေပါပီ။
   မနက်ကြတော့အောင်မြတ်သာကတရွာလုံးကိုရေမန်းနဲ့မန်းပီးတော့ရွာကိုလဲစည်းတားပေးလိုက်တယ် ထူးဆန်းတာက မနက်ကြတော့လယ်ကွင်းထဲကစပါးတွေကအနှံတွေပြည်နေတာတွေလိုက်ရတော့အားလုံးဝမ်းသာလိုထအော်ကြတယ်။နောက်သတင်းတစ်ခုကတော့ ဟိုဘက်ရွာကလူတွေကတစ်ရွာလုံးဆေးလာကုကြတယ်ဆိုတဲ့သတင်ပါပဲ ဒီသတင်ကိုတော့ကျန်မာရေးဆရာကလာရင်နဲ့ယူလာခဲ့တာပဲဖြစ်ပါတယ်။အန္တယိကင်းသွာပီဆိုတော့ကျနိတောိတို့လဲနှုတ်ဆက်ပီးတော့ရွာထဲကနေထွက်လာခဲ့လိုက်တယ် ရွာထဲကလူတွေကိုတော့ဘာပဲကြုံကြုံရေမန်းနဲ့လုပ်ဆောင်ကြဖို့ဖြန်းပီတော့လုပ်ဆောင်ကြဖို့မှာခဲ့လိုက်တယ်။သိပ်မကြာခင်မှာပဲရွာလုံကျွတ်အလှူပွဲကသာဓုခေါ်သံတွေကိုကြားရတော့မယ်လို့  အခုထဲကတွေးထင်ရင်နဲ့ရှေ့ကဖြေးဖြေးချင်းလျောက်နေတဲ့ဆရာနောက်ကို ပြေးလိုက်သွားမိတယ်။


မူရင်းရေးသားသူအား လေးစားစွာ  credit ပေးပါသည်။

Comments