တ​ေစ္ဆကလေး အပိုင်း(၆) ဇာတ်သိမ်းပိုင်း

" မပြောတော့ဘူးလို့ စဉ်းစားထားပေမယ့် ၊ ဂျိုးဂျိုးလေးက ရှင့်အပေါ် အတော် သံယောဇဉ်တွယ်တာခဲ့ပုံပဲ ၊ ဂျိုးဂျိုးက ရှင့်ကို သူ မသေခင် ဒီရက်ပိုင်းအတွင်းမှာ တစ်ဖွဖွ မေးတယ်ရှင့် ၊ ဒီကလေးက မှတ်ဉာဏ်လည်း အတော်ကောင်းတယ်၊ ပြီးတော့ ပန်းချီပညာရပ်မှာ ပါရမီ ထူးတဲ့ ကလေးတစ်ယောက်ပဲ ၊ သူ့အဘိုး ပန်းချီဆရာကြီးများ ဝင်စားလေသလား မပြောတတ်ပါဘူးရှင် ၊ ရှင့်ပုံကို သူ အလွတ်ဆွဲထားတာများ တူမှ တူပဲ "

ကျွန်တော် ဆရာမလေး၏ စကားများကို နားထောင်နေရင်း မျက်ဝန်းတစ်ဝိုက် စိုစွတ်လာ၏။ အမြင်အာရုံသည် မှုန်ဝါးလာပါ၏။

ရင်ထဲက ဆို့တက်သော ဝမ်းနည်းမှုသည် ကျွန်တော်၏ မျက်လုံးများကို စိုစွတ်မှုန်ဝါးစေခြင်း ဖြစ်လိမ့်မည်။

လူကြမ်း စိတ်ကြမ်း ရန်သူများနှင့် တိုက်ပွဲ အကြိမ်ကြိမ် ဝင်ခဲ့သော စစ်သားဟောင်းကြီးသည် ဤတစ်ကြိမ် အသည်းမမာနိုင်တော့ပါလား ။

ညီမအရင်း သေဆုံးစဉ်ကပင် မျက်ရည် မဝေ့ခဲ့သော ကျွန်တော်သည် ရက်ပိုင်းမျှသာ ခင်မင်ရင်းနှီးခဲ့ရသော ဂျိုးဂျိုးဆိုသော ကောင်ကလေးကြောင့် မျက်ရည်များ ကျလာပါ၏။ ကျွန်တော် အလွန် ဝမ်းနည်းမိလေသည်။

တခဏအကြာ ဂျိုးဂျိုးအား တာဝန်ယူ ကုသပေးခဲ့ရသော နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ မြင့်နိုင် ရောက်လာပြီး ၊ ကျွန်တော့်အား ကြေကွဲစွာကြည့်ရင်း ၊

" ကောင်လေးက ကိုယ့်လူကို ပေးလိုက်ပါတဲ့ .."

ဆရာဝန်ကြီးသည် ထိုသို့ပြောပြီး ကျွန်တော့်အား ဖဲကြိုးဖြင့် ချည်ထားသော စက္ကူ လိပ်လေးတစ်ခု ပေးသွား၏။

ကျွန်တော် ဖွင့်ကြည့်လိုက်သည်။ စက္ကူကားချပ်လေးပေါ်တွင် ခြေတုတစ်ဖက်ဖြင့် ဘဝကို အရှုံးမပေးပဲ ဘောလုံးကန်နေသော ကျွန်တော့်၏ ပုံတူပန်းချီကို မြင်ရသော်အခါ .....။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments