ကလေးဝိညာဉ်
ကလေးဝိညာဉ်သွင်းထားတဲ့အရုပ်ကလေးတွေအကြောင်းဖတ်ရတော့ ကိုယ် တက္ကသိုလ်ကျောင်းသူဘဝမှာသိရတဲ့အဖြစ်ကိုသတိရတယ်။ဆွေမျိုးလည်းတော်သလို ကာယကံရှင်မိသားစုတွေလည်း ရှိနေသေးတော့ နေရာ အမည် အတိအကျမရေးတော့ပေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ပါ။
"အမေရေ အမေ
ဘကြီးကျော်စိန် ဆုံးပြီ"
မမိုးရဲ့အပြောမှာ တအိမ်လုံးအံ့အားသင့်နေကြ။
"အေး ဟဲ့ နေမကောင်းဘူးလို့တော့ကြားတာ လေးငါးရက်ရှိပြီ။ "
"တံစပ်မြိတ်မှာတင် ဆုံးနေတာတဲ့ အမေရဲ့။ ဦးနှောက်သွေးကြောပြတ်တယ်ပြောကြတာပဲ" လူတ
ယောက်ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတယ်ဆိုတဲ့သတင်းက စိတ်မကောင်းဖြစ်ရတာကလွဲပြီး အံ့ဩစရာတခုတော့ ကိုယ့်အတွက်ဖြစ်မလာခဲ့ဘူး။
ဒါပေမယ့် ငါးရက်ထားတော့မြေမချခင်မှာပဲ ဟိုတစ ဒီတစသတင်းစကားတွေက ကိုယ့်ကို စိတ်မဝင်စားပဲ မနေနိုင်အောင်ဖြစ်လာခဲ့တယ်။
"အမေ ဘကြီးက သရဲဂုတ်ချိုးသတ်ခံရတာလို့ရွာထဲမှာပြောနေကြတယ်။ အခုလည်းမြေမချခင် ဆရာရှာနိုင်မှ ကျန်တဲ့မိသားစုလည်း အန္တရာယ်ကင်းမယ်ပြောနေကြတယ်"
အမေကမျက်စိမျက်နှာပျက်ပြီး
" ပေါက်ကရတွေပြောမနေစမ်းနဲ့မမိုးရယ်။ ငါ ရွာထဲသွားလိုက်ဦးမယ်။"
ကလေးဝိညာဉ်အခန်းဆက်(၂)
" အမေ ရွာထဲကပြန်လာတာ ဘာထူးလဲ။ သမီးပြောတာဟုတ်တယ်မဟုတ်လား"
" အေး ပြောတာကတော့အစုံပြောနေကြတာပဲအေ။ အမေလည်း အရီးသိန်း (ဘကြီးရဲ့ဇနီး) ကိုအကျိုးအကြောင်းသွားမေးကြည့်တာ ။ ဟုတ်တယ်လို့ပဲပြောရမှာပဲအေ။ တခြားသူတွေကိုတော့ပွင့်ပွင့်လင်းလင်းမေပြာဘူးပေါ့။ အညာဘက်က အစီအရင်တတ်ကျွမ်းတဲ့ဆရာပင့်ထားတယ်ပြောတယ်။ မနက်ဖြန်ရောက်မယ်တဲ့"
"သူများတွေပြောသလို ဘကြီးက လည်ပင်းကြီးစောင်းနေတာပြန်တည့်လို့မရဘူး။ လျှာလည်းထွက်နေတယ်ဟုတ်လားအမေ"
"လျှာတော့မထွက်ဘူး လည်ပင်းကတော့ပြန်တည့်မရတာအမှန်ပဲ"
" သရဲကဘယ်လိုမွေးထားတာလဲ။ဘာလို့ဂုတ်ချိုးသတ်ရတာတဲ့လဲ အမေ"
"ဟဲ့ အဲဒိလောက်လဲ မေးဖို့အဆင်ပြေပါ့မလား။ နာရေးကိစ္စပြီးမှ အခြေအနေကြည့်မေးရမှာပဲ။
ဒီလိုနဲ့ပဲ မြေမချခင်နေ့မှာ အညာကဆရာရောက်လာပြီး စီရင်ဆောင်ရွက် ပေးလို့ သရဲကိစ္စအဆင်ပြေသွားတယ် ဆိုပါတော့။
အဆင်မပြေတာကတော့ကိုယ်ပဲ။
အဖြစ်အပျက်ကိုသေသေချာချာသိချင်စိတ်က တရက် ထက် တရက်ပိုဆိုးလာတယ်။
(၃)ကလေးဝိညာဉ်ဇာတ်သိမ်းပိုင်း
"အမေ ဘကြီးရက်လည်ပြီးတာလဲ လေး ငါးရက်ကြာပြီ။ ဖွားလေးသိန်းဆီသွားမေးပေးဦးလေ။ "
" အမယ်လေး ဒါမျိုးကျ ဇွဲမသေးပါလား"
......... ........ ....... ....... ....
"ဒီလိုအေ့ ညီးတို့ဘကြီးက သူ့မြေးကိုသူ သရဲပြန်မွေးထားတာတဲ့။ သူ့သမီးအကြီးရဲ့သားလေး လေးနှစ်နဲ့ဆုံးတော့ အဲကလေးရဲ့ဝိညာဉ်ကိုခေါ်မွေးထားပြီး
အစားလည်းကျွေး ခြံထဲလည် အစောင့်အရှောက်သဘောမျိုးထားတာ ဆယ့်ငါးနှစ်တောင်ရှိလာပြီ။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်( အခုဆိုအနှစ်လေးဆယ်နီးပါးလောက်) အမဲသားဈေးကလည်း သိပ်မများ စီးပွားရေးကလည်းတောင်သာတော့လိုသလောက်ကျွေးနိုင်ခဲ့တာပေါ့။ သက်တမ်းကြာလာလေ သူကပိုစားနိုင်လာလေမှာ ပိုကျွေးရမယ့်အစား စီးပွားရေးအခြေအနေကြောင့်လျော့တောင်ကျွေးလာရတာ။ ခနခန အိပ်မက်ပေးတယ်
တိုးကျွေးဖို့ မကျွေးရင် ဘာလုပ်မယ် ညာလုပ်မယ်ခြိမ်းခြောက်လာတာကြာနေပြီ။ နောက်ဆုံးအခေါက်မှာတော့ သူပြောတဲ့အတိုင်းတိုးမကျွေးရင်သူ့အဆိုးမဆိုနဲ့ တပါတ်အတွင်းသူ့အကြောင်းသိစေရမယ်ဆိုပြီးပြောလာရော။ အဲဒိနေ့ကစပြီးဘကြီးလည်းကျန်းမာရေးမကောင်းဘူးလို့အသံလွှင့်ပြီး အိမ်ထဲ အိမ်ပြင်မထွက်ပဲနေလာခဲ့တာ။ တပါတ်ပြည့်ပြီးတဲ့နောက်နေ့ ဘာမှမဖြစ်တော့ပါဘူးဆိုပြီး အပြင်ထွက်တာ တံစပ်မြိတ်အပြင်လေးမှာလဲကျပြီး တခါတည်း အသက်ပါသွားတာ။
ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတယ်အသံလွှင့်ပေမယ့် တကယ်နီးစပ်သူတွေကလည်ပင်းကပြန်တည့်မရတာတွေ မိသားစုဝင်တွေကလည်းကြောက်တော့ မဖုံးကွယ်နိုင်တော့တာနဲ့ ခုလိုလူသိပြီး ဆရာခေါ်ပြီးဖြေရှင်းရတာအထိဖြစ်သွားတာ။ တခုကောင်းသွားတာက ကျန်တဲ့မိသားစုတွေလည်း စိတ်အေးသွားတာပေါ့။"
သိချင်တာသိလိုက်ရတော့ ကိုယ်လည်းစိတ်ကျေနပ်သွားပေမယ့်
စိတ်ထဲမှာက မယုံသလိုလို ယုံသလိုလိုနဲ့ မတင်မကျ။ ကိုယ် သာမက ရွာထဲမှာလည်း လက်ခံသူ လက်မခံသူတွေဟာ အခါသင့်တိုင်းငြင်းနေကြဆဲ။ ဒါပေမယ့် ပရလောကရှိတယ်ဆိုတာကိုတော့ ကိုယ်လည်းလက်ခံယုံကြည်ပါတယ်။မအပ်စပ်တဲ့ လောကနှစ်ခုကို မပေါင်းစပ်တာအကောင်းဆုံပါ။ အခုတလော onlineမှာဝိညာဉ်သွင်းတဲ့အရုပ်လေးအကြောင်းတွေဖတ်မိလာတော့ မသင့်တော်တဲ့ လောကသားးးနဲ့ဆက်စပ်မိလို့အသက်ပါပေးးလိုက်ရတဲ့အဖြစ်ကိုရေးမိတာပါ။ တကယ်အဖြစ်ကိုဖတ်လို့အဆင်ပြေအောင်ပြန်ရေးရတာမို့
ဖတ်ရတာအခက်အခဲရှိကောင်းးရှိပါလိမ့်မယ်။

Comments
Post a Comment