အောင်မြတ်သာနဲ့တပည့်သက်ခိုင်တိူ့လဲ ခြေဦးတည့်ရာလျောက်သွားရင်နဲ့နေရာအစုံကိုရောက်ရှိခဲ့ပါတယ်။သက်ခိုင်ကိုလဲအခြေခံအင်းစမရေးဆွဲနည်းတွေကိုသင်ပေးရင် ညောင်သာရွာရဲ့ ရွာထိပ်ဇရပ်မှာအချိန်အတော်ကြာနေဖြစ်ခဲ့ပါတယ်။သက်ခိုင်ကတော့အရက်ကိုလဲဘုရားမှာလှူလိုက်ပီးတော့သူဆရာအောင်မြတ်သာလိုအစွမ်းတွေရချင်တော့ ကြိုးစားလေ့လာပါတယ် အင်းစမတွေဆွဲတယ် စိတ်ကိုတည်ငြိမ်အောင်ထားပြီလေ့ကျင့်တယ် ဒါပေမယ့်အောင်မြတ်သာလောက်ပါရမီပါမလာတော့ ထင်သလောက်ခရီးမပေါက်ပါဘူး။တစ်ရက်မှာ သက်ခိုင်မနက်အိပ်ယာကနိုးတော့ ဘေးမှာအောင်မြတ်သာမရှိတာကိုတွေ့လိုက်ရပါတယ် ဒါနဲ့ဇရပ်ထဲကရေအိုးစင်မှာစာတစ်စောင်ထားထားတာကိုတွေလိုက်တယ် သက်ခိုင်လဲစာကိုယူဖတ်တော့ "သက်ခိုင် ငါမဟာမြိုင်တောအရပ်ကိုခနပြန်သွားတယ် ငါ့ဆရာတွေခေါ်လိုခနပြန်သွားရတယ် အခူလုပ်နေတဲ့အလုပ်ကိုပဲဆက်လုပ်နေလိုက်ပါ ငါမရှိတဲ့အချိန်မှာတော့မင်အတွက်ဘယ်လိုအခက်အခဲတွေပဲရှိရှိ မင်ကိုပေးထားတဲ့အင်းစမတွေကိုယုံယုံကြည်ကြည်နဲ့စိတ်နှစ်ပီလုပ်ဆောင်ပါ ဒါကမင်အတွက်အတွေ့အကြုံံအသစ်တွေလဲရလာလိမ့်မယ်" သက်ခိုင်ကအောင်မြတ်သာရေးတဲ့စာကိုဖတ်ပီသက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုပ်လိုက်တယ်။ပီးတော့မိမိလုပ်ရမယ့်အင်းစမတွေကိုပဲထိုင်ရေးနေလိုက်ပါတော့တယ်။ဒီလိူနဲ့ညဘက်ဆောင်းလေရူးကတစ်ချက်တစ်ချက်ဝှေ့ပီးတိုက်တဲ့အရှိန်ကြောင့် ဇရပ်ပေါ်ကအမိုးတွေက တ္တစေတစ်ကောင်သောင်းကြမ်းနေသလားထင်ရအောင် ဝုန်းတိုင်ကြဲနေပါတယ် သက်ခိုင်ဇရပ်လေကွယ်ရာနေမှာနေပီအင်းစမတွေပိုရေးဆွဲနေလိုက်တယ် အချိန်ဘယ်လောက်ကြာသွားမှန်းမသိလိုက်ဘူး ဇရပ်အတွင်းမှာတရှပ်ရှပ်နဲ့လမ်းလျောက်သံလိုလို လူတစ်ယောက်ဖြတ်သွားသလိုအသံကြားလိုက်တော့မှသတိပြန်ဝင်လာခဲ့တယ်။ရွာထဲကကြက်တွန်သံကိုနားထောင်လိုက်တော့ သက်ကြီးခေါင်းချချိန်ရောက်နေပါပီ။အဲ့အချိန်မှာပဲ ကလေးငိုသံကထွက်ပေါ်လာခဲ့တယ် သက်ခိုင်စိတ်ထဲက. "ဟင်ကလေးငိုသံပါလား ဒီအချိန်ကြီးရွာပြင်မှာဘယ်က ကလေးငိုးနေတာလဲ ရွာထဲကလာပစ်သွားတာလား" လို့တွေ့ပီ ရေလက်စအင်ကိုချလို့ ဖယောင်းတိုင်မီးကိုလက်ကကိုင်ပီ ဇရပ်အောက်ခြေကိုလိုက်ရှာကြည့်လိုက်တော့ဘာမှမတွေ့ရ ဒါပေမယ့် ကလေးငိုသံကကြားနေရပါတယ်။အဲ့အချိန်မှာပဲ ကလေးငိုသံနဲ့အတူမိန်းမတစ်ယောက်ရဲ့ငိုသံပါရောပါလာတယ် သက်ခိုင် စိက်ကိုတည်ငြိမ်အောင်စုစည်းလိုက်ပီ ဇရပ်ဘေးပတ်လည်ကိုကြည့်တော့ တော်ရုံမကြောက်တတ်တဲ့သက်ခိုင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်သွားတယ် တကိုယ်လုံး ဆနွန်းတွေလိမ်းထားသလိုဝါထိန်နေပီးတော့ ရင်ဘတ်အလယ်တည့်တည့်ထက်ခြမ်းကွဲနေတဲ့မိန်းမတစ်ယောက် မျက်နှာတစ်ခုလုံးဖောယောင်နေပီတော့ ရင်ဘတ်ကနေသွေးတွေထွက်နေတယ် ဝတ်ထတဲ့အကျီတောင် သွေးရေင် ဆနွန်ရောင်တွေကြောင့် အနီတကွက် အဝါတကွက်နဲ့ သေချာကြည့်လိုက်တော့ ကွဲနေတဲ့ဝမ်းဗိုက်ကနေ ချက်ကြိုးမဖြတ်ရသေးတဲ့ မွေးကင်စကလေးက ရုတ်တရက်စူစူဝါးဝါးအော်ငိုနေပါတယ်။ချက်ကြိုးကနေကျနေတဲ့သွေးတွေကအောက်မှအိုင်ထွန်းနေတာပဲ အဲ့သွေးတွေပေါ်မှာယင်ကောင်မဲမဲကြီးတွေကအုံလိုင်ကျင်လိုက်ဝဲနေတာ တကယ်ကိုအော်ဂလီဆန်စရာကောင်နေပါတယ်။သက်ခိုင်လဲစိတ်ကိုတည်ငြိမ်အောင်ထားပီတော့ ု"ဒါကဆရာပြောထားသလို ငါအတွက်အတွေ့ကြုံပဲ ငါလုပ်ထားတဲ့အင်းစမတွေရဲ့အစွမ်းကို ငါဘယ်လိုသိအောင်လုပ်ရမလဲ"ဆိုပီစဥ်စားနေတုံးမှာပဲ ဗိုက်ကြီးသည်မိန်းမက သူကိုတစ်စုံတစ်ခုပြောမလို့အနားကိုကပ်လာပါတယ် ဒါပေမယ်အနားမရောက်ပဲ ကိုက်၃၀အကွာမှာရှေ့ဆက်မလာရဲပဲနဲ့တစ်စုံတစ်ခုကိုပြောနေတယ် ပြောသာပြောနေတယ်အသံကလုံးဝထွက်မလာဘူး။သက်ခိုင်ဘာလုပ်ရမှန်မသိအချိန်မှာတော့ "သက်ခိူင်အမိန့်ပြန်လိုက် နှုတ်ပွင့်စေလို့ အမိန်ပြန်လိုက်"ဆိုပီဆရာအသံကနားထဲမှာကြာလိုက်ရတယ်။ဆရာပြောတဲ့အတိုင် "ကဲနှုတ်ပွင့်စမ်းပြောချင်တာရှိပြောစမ်း" လိုပြောလိုက်မှ "ဆရာလေးကယ်ပါအုံး ကျန်မကို ကယ်ပါအုံး"
"နင်ဘာဖြစ်လာတာလဲ ငါဘာကူညီရမလဲပြောစမ်း"
"ဆရာလေး ကျန်မကိုသူတို့ချုပ်ထားတယ် ဒီဇရပ်အနောက်မှာကျန်မနှလုံကိုမြုပ်ပီးတော့ချုပ်ထားတယ် ဆရာလေးရဲ့ဆရာရှိနေတော့သူတို့မလာရဲဘူး ကျန်မကိုလဲသူတိုခိုင်းတယ် ကျန်မလွတ်ချင်ပီ ကျန်မကိုသူတို့အခုလာခေါ်ကြတော့မယ် သူတို့နေရာပြောင်းတော့မယ် ဆရာလေးကိုသူတိူ့မကြောက်ဘူး ကျန်မကိုကယ်ပါအုံး"
"မင်းကဘယ်လိုဖြစ်တာလဲ"
"ကျန်မကိုဟိုဘက်သုံးရွာမြောက်မှာနေတာပါ နေ့စေ့လစေ့ကလေးမမွေးနိုင်ပဲ မီးတွင်းထဲမှာပဲဆုံးခဲ့တယ် ကျန်မဆုံးတော့ဗိုက်ထဲက ကလေးပါမရှင်တော့ဘူး ကျန်မအလောင်းကိုသူတို့ပြန်ဖော်ပီတော့ရင်ကိုခွဲလိုက်ပီ နှလုံးကိုထုပ်အစီအရင်တွေလုပ်ပီ ကျန်မကိုခိုင်းစားတာပဲ ကျန်မဒီဘဝကလွတ်ချင်ပီဆရာလေး သူတိုလာပီ ကယ်ပါအုံး ဆရာလေးရယ်"
သက်ခိုင်လေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ် ဘာလုပ်လို့လုပ်ရမှန်းလဲမသိတော့ဘူး အဲ့အချိန်မှာ "သက်ခိုင် အင်းစမတွေကိုလက်ဖဝါးနဲ့ရိုက်ပီတော့ လက်ညှိုးနဲ့ဇရပ်ပတ်ပတ်လည်ကိုစည်ချထားလိုက်"ဆိုတဲ့အသံကိုနာထဲမှာကြားလိုက်ရတယ်။အဲ့နဲ့ ဆွဲလက်စအင်းကိုလက်ဖဝါးနဲ့သုံချက်ရိုက်လိုက်ပီ လက်ညှိုးနဲ့ပတ်ပတ်လည်စည်းချထားလိုက်တယ် လက်ညှိးထိပ်ကနေ ရွှေရောင်အလင်းတန်းတွေထက်ပီဇရပ်ပတ်ပတ်လည်ကိုစက်ဝိုင်ပုံစံနဲ့တည်နေတယ်။ခနနေတော့လေပြင်တွေရုတ်တရက်တိုက်လာတယ် ခုနကသာအမိကတော့ဇရပ်အနောက်မှာဝပ်နေပီ အားကိုးတဲ့မျက်နှာလေနဲ့ ဘာဆက်ဖြစ်မလဲကြည့်နေရှာတယ်

အဲ့အချိန်ကောင်ကင်မှာပြန်လာတဲ့လဒတွေ၆ကောင်တောင် ဇရပ်မလှမ်းမကမ်းမှာရှိတဲ့စိန်ပန်းပင်ပေါ်နားလိုက်တယ် ပီးတော့ခုန်ဆင်းလာပီ အောက်ကိုရောက်တော့ အားလုံးလူတွေဖြစ်ကုန်ပါတယ်။သက်ခိုင်လဲဇရပ်ထဲကနေအခြေအနေကိုကြည့်နေလိုက်တယ် ခုနကတားထားတဲ့စည်းတွေကညအမှောင်ရွှေရောင်တွေတောက်နေတယ်။အဲ့အချိန်မှာ "ဆရာလေးကူညီပါအုံး ကျန်မကိုဖမ်းတော့မယ်" ခုနကဆင်လာတဲ့လူတွေထဲက အသက်ခပ်ကြီးကြီးမိန်းမက "ဟဲ့ကောင်မ ထွက်လာစမ်း ဇရပ်အပေါ်ကကောင်လဲမလောက်လေးမလောက်စားနဲ့ ဟိုကောင်မကိုထုပ်ပေးစမ်း နောက်မှငါ့ကိုအဆိုးမဆိုနဲ့" သက်ခိုင်ကအခြေအနေကိုကြည့်နေလိုက်တယ် သူတို့က စည်းဝိုင်းထဲမဝင်ပဲနဲ့ အပြင်ကနေအော်နေပုံထောက်ရင် သူတို့မဝင်ရဲတာပဲဖြစ်မယ် ဒါနဲ့ "ခင်များတို့ ဝင်လာလို့ရင် ဝင်လာခဲ့လိုက်လေ ဟိုကလေးမကိုမဟုတ်ပဲနဲကျုပ်ကိုပါသတ်ပီးတော့နှလုံးကိုထုပ်ယူလိုက်လေ ခင်များခိုင်သမျှကျုပ်လုပ်ပေးမယ်" သက်ခိုင်ကအဲ့လိုပြောလိုက်တော့ "ဒီမလောက်လေးမလောက်စားကောင်လေးကငါ့ကိုပြန်ပြောတယ်ပေါ့ဟုတ်လား" ။စည်းဝိုင်းအပြင်ကနေကျိမ်းဝါးနေပေမယ့် စည်းဝိုင်ထဲကိုတော့ မဝင်လာရဲပါဘူး ခနနေတော့ "နောက်နေ့ပြန်တွေကြတာပေါ့ မင်ပညာကစွမ်းလို့တော့မဟုတ်ဘူး ငါတို့ပညာတွေအကုန်မရသေးလို့ မနက်ဖြန်ကြပညာတောင်ပီပြန်လာခဲ့မယ် စောင့်နေ" လို့ပြောပီ မြေပေါ်ကိုဖနောက်ပေါက်ချလိုက်တာနဲ့အကုန် လဒတွေပြန်ဖြစ်သွားပါတယ်။သက်ခိုင်လဲအဲ့တော့မှသက်ပြင်းချနိုင်ပီး သရဲသာအမိကတော့ သူတို့နေရာလေးမှာပဲငုတ်တုပ်ထိုင်နေတာကိုတွေလိုက်ရတယ် သက်ခိုင် လဲသူတို့ကိုကြည့်ပီသနားသွားတယ် ပီးတော့"မင်လွတ်အောင်ဘယ်လိုလုပ်ရမလဲငါမသိသေးလိုမနက်ဖြန်တော့စောင့်အုံး မနက်ဖြန်ငါကြိုးစားပီလွတ်အောင်လုပ်ပေးမယ်" လိုပြောပီ ဇရပ်အပေါ်ကွပ်ပစ် ပေါ်လှဲလိုက်တာနဲ့ ဘယ်လိုအိပ်ပျော်သွားလဲမသိလိုက်ဘူး။
"သက်ခိုင်ထစမ်း ထစမ်း"ဆိုတဲ့အသံကြားမှလန့်နိုးလာတယ်။" ဟာဆရာပြန်ရောက်လာပီလား ဟိုကိစလေ"
"အေးဒီညပီရင်တော့ သူတို့လွတ်ပါပီ ဒီညဟိုအဖွဲ့ပြန်လာလိမ့်မယ် ဒီတခါတော့မင်းမနေ့ကလုပ်သလိုလုပ်လို့မရတော့ဘူး မင်ပညာကနုသေးတော့ သူတို့ကိုမနိုင်လောက်ဘူး ုဒီနေ့သူတိုနဲ့အတူ သူတို့ဆရာပါလာလိမ့်မယ်"
"လာပေ့စေပေါ့ ဆရာရှိနေတာပဲ"
"မဟုတ်ဘူယသက်ခိုင် ဒီညမင်ပဲဒီကိစကိုရင်ဆိုင်ရမယ်"
"ဗျာ"
"အေးအလုံးအဆင်ပြေအောင် ငါစီစဥ်ပေးမယ် ဒီညတော့ငါအဝေးတစ်နေရာကပဲကြည့်နေမယ် ငါသင်ပေးမယ့်အတိုင်သာလုပ် ငါမင်းဘေးနားမှာပဲရှိနေတယ်လို့သဘောထား" အောင်မြတ်သာကသက်ခိုင်လုပ်ရမယ်အချက်တွေကိုပြောပြပီ ဇရပ်အပေါ်ကနေထွက်ပါတယ်။ညကတစ်ဖြေးဖြေးနက်လာပီ သက်ခိုင်လဲ ဆရာသင်ပေးတဲ့အတိုင်း လုပ်စရာရှိတာကိအသင့်ပြင်ထားလိုက်တယ် ခနနေတော့ လေပြင်းတွေတိုက်လာတယ် ကောင်းကင်ကိုကြည့်လိုက်တော့လဒတွေ အလယ်ကလဒကတော့လူကြီးလက်တကားစာလောက်ရှိတာကိုကြည့်ပီ "ဒါကသူတိုဆရာပဲဖြစ်မယ်"။ ခနနေတော့လဒတွေကလူပုံပြောင်းပီးဆင်းလာတယ် "ကဲဒီတစ်ခါတော့စည်းတောင် မတားထားပါလား"အသက်အရွယ်အတော်ကြီးနေတဲ့အဖိုးကပြောလိုက်တယ်။အသက်သာကြီးတယ် မျက်လုံးတွေစူးရှပီအရောင်တောက်နေတယ် တော်ရုံအဆင့်တော့မဟုတ်လောက်ဘူး ုဒါကြောင့်ဆရာကလုပ်ရမယ်ဟာတွေကိုလာပြပေးသွားတာကို။
"ဟဲ့ကောင်လေး မနေ့ကကိစကိုပြန်တောင်ပန်ပီးတော့ငါတို့တစ်ယောက်ချင်းစီကိုထိုင်ကန်တော့ရင်မင်းအသက်ကိုချမ်းသာပေးမယ် ဘယ်မှာလဲဟိုကောင်မ"
"ဒီမှာအဖိုးအသက်လဲကြီးနေပီ မကောင်းမှန်သိရက်နဲ့ဘာလိုဆက်လုပ်ချင်ရတာလဲ ကျန်တော်ကိုနိုင်ရင်တော့အသက်ကိုယူ မနိုင်ရင်အဲ့ပညာတွေအကုန်ကျန်တော်သိမ်းမယ်ကဲသတိရှိလား အဖိုးတိုပညာတွေထုပ်သုံးပါအုံး"အဲ့လိုပြောတော့ဟိုဘက်ကရှူးရှူးရှဲရှဲ ဖြစ်သွားတယ်။မင်းတော့သေဖိုပြင်ထားဆိုပီးတော့ ကျွဲရုပ်လေးကိုထုပ်ပီ ဖနောက်နဲ့ပေါက်လိုက်ရုံနဲ့ မျက်လုံးကအစမည်းနက်နေတဲ့ကျွဲတစ်ကောင်ဖြစ်သွားတယ် ကျွဲကသက်ခိုင်ခတ်ဖိုပြေးလာတော့ သက်ခိုင်ကလက်ဖဝါးနဲ့ကာပီ "ရောက်တဲ့နေရာ ရပ်စေ" လိုပြောလိုက်တာနဲ့ ကျွဲကပြေးနေရင်နဲ့လှုပ်မရတော့ဘူး အဖိုးကြီးမျက်နှာပျက်သွားတယ် ပီးတော့မာန်မလျော့သေးပဲနဲ့ " ငထိန် ငပိန်လာစမ်း" ဆိုပီးတော့မှ မြေကြီးကိုဖနောက်နဲ့ပေါက်ချလိုက်တယ် မြေကြီးထဲကနေ အစွယ်တွေအဖွေးသားနဲ့ လက်သည်းတွေက တစ်ထွာလောက်ရှိတဲ့ဘီလူး၂ကောင်ထွက်လာပီ သက်ခိုင်ကို တစ်စစီလုပ်ဖို့ ဇရပ်ပေါ်ကိုအတတ် "ဒေဝယခလာစမ်း ငမိုက်သားတွေကိုဆုံးမလိုက်စမ်း" လိုပြောလိုက်ရုံနဲ့ သက်ခိုင်အရှေ့မှာ အရောင်အဝါတောက်နေတဲ့သံလျက်ကိုင်ထားတဲ့ဘီလူးကြီးတစ်ကောင်ပေါ်လာခဲ့တယ်။ ဘီလူး၂ကောင်ကလဲဂရုမစိုက်ပဲပြေးဝင်လာတယ် သက်ခိုင်အရှေ့ ဘီလူက သံလျက်နဲ့လွဲရိုက်လိုက်တာ ပေ၅၀လောက်လွင့်ထွက်သွားတယ် နောက်တစ်ခါထပ်ဝင်လာပြန်တယ် သံလျက်စာမိပီ မထနိုင်တော့ပါဘူး။ဒီအဖြစ်အပျက်ကိုမြင်တော့ အဖိုးကြီးမျက်နှာဇီးရွက်လောက်ပဲရှိပါတော့တယ် သက်ခိုင်လဲဆရာပေးတဲ့အင်ချပ်လေးကို ပါစပ်ထည်းငုံးပီ သင်ပေးတဲ့အတိုင်ပြောတာ ပြောသလိုဖြစ်နေတော့အံဩနေတယ် ပီးတော့စိတ်ထဲကနေလဲအောင်မြတ်သာကို ပိုပီတော့လေစားမိတယ်။

"ကဲပွဲကပီသွားပီ ပညာတွေအပ်တော့"လိုပြောတော့ အဖိုးကြီနဲ့အပေါင်းအပါတွေပြေားဖို့အလုပ်မှာ " ကဝေတွေရဲ့အချုပ် အနောက်မယ်တော်လာရောက်ပါ"အဲ့လိုပြောလိုက်ရုံနဲ့ စိန်ပန်းပင်ပေါ်မှာရပ်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ် ုဒါပေမယ်ကျောပေးထားတယ် အနက်ရောင်ဝတ်စုံဝတ်ထားတယ်။သက်ခိုင်က"အနောက်မယ်တော်ရောက်လာတာကိုဝမ်းသာပါတယ် ဒီအပေါင်းအပါတွေကဂတိကိုချိုးဖောက်တယ် သူတိုပညာကိုကျုပ်ဆရာအမိန့်နဲ့ကျုပ်သိမ်းလို့ရတယ် ုဒါပေမယ့် အဆင့်မကျော်ချင်လို့ မယ်တော်ကိုခေါ်လိုက်ရတာပဲ ကဝေးတွေအားလုံရဲ့ပညာကိုသိမ်းပေးပါ"လို့ ပြောတာနဲ့ စောစောကအဖိုးကြီးနဲ့အပေါင်ပါတွေစီကနေ တစ်စုံတစ်ခုကိုယူသလိုမျိုး လက်ဆန့်တန်းလိုက်ရုံနဲ့ အားလုံးပျော့ခွေပီးတော့လဲကျကုန်တယ် ပီတာနဲ့အနောက်မယ်ကဖျက်ခနဲပျောက်သွားတယ်။အဖိုးကြီးနဲ့အပေါင်းအပါတွေလဲလူးလဲထလာပီးတော့ မြေကြီးကိုဖနောက်နဲ့စောင့်ပီပြေးဖို့လုပ်တော့ ဘာမှဖြစ်မလာခဲ့ပါဘူး ဘာလိုလဲဆိုတော့အနောက်မယ်ကပညာသိမ်းလိုက်တာကိုမသိလိုက်ကြဘူးလေ။ နောက်တော့အလာတုံးကလေပေါ်လာတဲ့အဖွဲက အခုတော့အဖိုးအိုးကိုတွဲပီ ဇရပ်ဘေးကဖြေးဖြေးထွက်သွားတာကိုကြည့်ပီသက်ခိုင်တီးတိုးရေရွတ်လိုက်မတယ်"အော်ငရဲရောက်ကျင့်စဥ်ကို တတ်မက်ကြတာကို" ။ နောက်နေ့မနက်မိုးလင်းတော့ ဇရပ်ဘေးကဒေါက်တိုင်မှာမြုပ်ထားတဲ့အရာတွေက်ုဖော်လိုက်တော့ ထမီစုပ်နဲ့ထုပ်ထားတဲ့အထုပ်တစ်ထုပ်တွေ့တာနဲ့မီးရှို့လိုက်တယ် အဲ့အချိန်မှာပဲ"သက်ခိုင် ဟိုကောင်မလေးတော့လွတ်လပ်သွားပီ"ဆိုတဲ့အသံကြားလို့ လှည်ကြည့်လိုက်တော့ အောင်မြတ်သာကို သက်ခိုင်ကိုပြုံးပြုံးကြီးကြည့်နေတာကိုမြင်တော့ သက်ခင် ထိုင်ကန်တော့လိုက်ပါတော့တယ်။
ပြီးပါပြီ
ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment