တေစ္ဆကလေး အပိုင်း(၄)
နာရီကို ကြည့်လိုက်တော့ ည၆နာရီ မိနစ်၂၀ တိတိ ဖြစ်ပါသည်။ဆရာဝန် ဆရာမများ ခိုင်းသည်ကို ကူညီညာ လုပ်ကိုင်ပေးရင်း နာရီဝက် ၄၅မိနစ်ခန့် ထပ်မံကြာမြင့်သွားပြန်သည်။
......................
၃။
ဓာတ်လှေကားထဲ ကျွန်တော် ပြန်ရောက်သည့်အခါ ည ၇ နာရီထိုးပြီ ဖြစ်သည်။ ၃ထပ်မှ ဓာတ်လှေကားခေါ်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။
ကျွန်တော် ၃ထပ်သို့ တက်သွားလိုက်သည်။ ၃ထပ်သို့ ရောက်သည့်အခါ ဓာတ်လှေကား တံခါး ပွင့်သွားပေမယ့် ဓာတ်လှေကား စီးရန် စောင့်ဆိုင်းနေသူ မရှိ။
ဒါနဲ့ ကျွန်တော် အပြင်ဘက်ကို ခေါင်းထွက်၍ ဘယ်ညာ ကြည့်လိုက်သည်။
၃ထပ်က စင်္ကြန်လမ်းတစ်လျောက်လုံးတွင် တိတ်ဆိပ်ငြိမ်သက်လျက် ရှိပြီး၊ လူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။
ဒါမျိုး တစ်ခါမှ မဖြစ်ဖူးသည်မို့ ကျွန်တော်ဟာ မကျေမနပ်ဖြစ်လာပြီး၊ ဓာတ်လှေကား၏ အပြင်ဘက် စင်္ကြန်လမ်းသို့ လူကိုယ်တိုင် ထွက်ကြည့်လိုက်သည်။
လူနာအခန်းများရှိရာဘက် စင်္ကြန်လမ်းသည် ယနေ့ အနည်းငယ် မှောင်နေပါ၏။ စင်္ကြန်လမ်းမီးများ အားလုံး ထွန်းညိမထားချေ။ ဓာတ်လှေကား အပေါက်ဝက မီးလုံးတစ်လုံးသာ လင်းနေ၏။
ထိုအခိုက် ၊
" ဘုတ်....ဘုတ်...ဘုတ် "
အသံ၏ အဆုံးတွင် ကျွန်တော့်ထံသို့ ဘောလုံးလေး တစ်လုံးသည် တစ်နေရာမှ ပစ်လိုက်သကဲ့သို့ တဘုတ်ဘုတ်ဖြင့် ခုန်ပေါက်ပြီးနောက် လိမ့်လာ၏။
ကျွန်တော့် ခြေထောက်အား လာနမ်းသော ဘောလုံးလေးကို ကျွန်တော် ခါးကိုညွတ်၍ ကုန်းကောက်လိုက်သည်။
ဘောလုံးလေးကို ကျွန်တော် ကောင်းစွာ မှတ်မိပါသည်။ဤဘောလုံးလေး၏ ပိုင်ရှင်သည် ဂျိုးဂျိုး ပဲ မဟုတ်လား။
သို့သော် ဘောလုံးသာ ကျွန်တော့်ထံ ရောက်လာပြီး၊ ဂျိုးဂျိုးကား ထွက်မလာသေးချေ။
မှောင်ရိပ်ကျနေသော စင်္ကြန်လမ်း၏ တဖက်မှာ ကလေးတစ်ယောက်၏ သဏ္ဍာန်ကို ဝိုးတဝါးမြင်ရသည်။ ထိုကလေးသည် ဂျိုးဂျိုးသာ ဖြစ်လိမ့်မည်။
ကျွန်တော် သူ ထွက်လာလေမလားဆိုပြီး တအောင့်လောက် ခဏ စောင့်နေပေမယ့် ဂျိုးဂျိုးသည် အမှောင်ထဲက ထွက်မလာ။ ဂျိုးဂျိုးသည် ကျွန်တော့်အား စိတ်ကောက်နေသည်သာ ဖြစ်လိမ့်မည်။
ကျွန်တော် ရယ်ပြုံးလိုက်ပြီး..
" ဂျိုးဂျိုး က ဦးလေးကြီးကို စိတ်ကောက်နေတယ်ထင်တယ် ၊ ဦးလေးကြီးလည်း ဂျိုးဂျိုးကို လာတွေ့မလို့ပါ ၊ ဒါပေမဲ့ ဦးလေးကြီးက ဒီဆေးရုံက ဝန်ထမ်းဆိုတော့ ဆေးရုံက ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် လေးစားစွာ ထမ်းဆောင်ရသေးတယ်ကွယ့်၊ အဲ့ဒါကြောင့် လာမတွေ့ ဖြစ်တာပါ ။ အဲ့ဒီအတွက် ဦးလေးကြီးကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ကွယ် "
ကျွန်တော်က စကားကို အချိုသာဆုံး ဖြစ်အောင် တောင်းပန်နေပေမယ့် အမှောင်ထဲက အရိပ်လေးကတော့ တုပ်တုပ်မျှ မလှုပ်။ ငြိမ်သက်နေပါ၏။
အဲ့ဒီအချိန် ဓာတ်လှေခါးခေါ်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ကျွန်တော် မအားတော့ပေ။
ထို့ကြောင့် ဂျိုးဂျိုးထံ ဘောလုံးကို အသာအယာ လိမ့်ပေးလိုက်ပြီး ၊
" ခဏနေရင် ဦးလေးကြီး ဂျိုးဂျိုးရဲ့ အခန်းကို လာခဲ့မယ်နော် ၊ ခုတော့ မအား..
အား .."
အံဩစရာပင် ကျွန်တော် ပစ်ပေးလိုက်သော ဘောလုံးလေးသည် ဂျိုးဂျိုးခြေထောက်အောက်မှ ဝင်၍ ပျောက်ကွယ်သွားသည်။ ဘောလုံးတင်လားဆိုတော့ မဟုတ်ပေ။ အမှောင်ထဲက ဂျိုးဂျိုး၏ အရိပ်သဏ္ဍာန်လေးပါ မျက်စိအောက်က လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
စစ်သား လူထွက် ကျွန်တော်သည် ဘာကိုမှ ကြောက်တတ်သူ မဟုတ်။ သိုပေ့မယ့် ယခုအချိန်ကာလလေး၌ ထူးဆန်းစွာ ကြက်သိမ်းမွှေးညင်းများ တဖျန်းဖျန်းထသွားသည်ကို ဝန်ခံရပေမည်။
ပြင်ပက အအေးဓာတ်ကြောင့်လား ၊ ကျွန်တော်၏ သရိုးသရီ ဖြစ်သွားသော စိတ်အခြေအနေကြောင့်လားမသိနိုင်။
ကျွန်တော်၏ တစ်ကိုယ်လုံး အေးစိမ့်သွားပါ၏။
.........................
၄။
ည ကိုးနာရီ ထိုးပြီ။ ဓာတ်လှေကားစီးနင်းသူ မရှိသလောက် ကျဲပါးသွားပြီ ဖြစ်သည်။ အပြင်မှာသာမက ဆေးရုံထဲပင် အအေးဓာတ်က ပိုကဲလာ၏။
" ဟေး ကိုစစ်မောင် ၊ လာဗျို့ ဒီမှာ ယောက်ကျားလေး မွေးတဲ့ အထိမ်းအမှတ်နဲ့ မွေးလူနာရဲ့ ခင်ပွန်းက ကျုပ်တို့ကို
မန်းမြို့တော်ပေါက်စီတွေနဲ့ လက်ဖက်ရည်တွေ အလျံအပယ် လာဝယ်ပေးသွားတယ် ၊ တွယ်လိုက်ကြရအောင် "
ဆေးရုံ လုံခြုံရေး ကိုမြင့်အေးက ကျွန်တော့်အား အားရဝမ်းသာ လှမ်းခေါ်၏။
ည ကိုးနာရီဆိုတော့ ကျွန်တော့ရဲ့ ဗိုက်ကလည်း ပြန်ဟာလာပြီ ဖြစ်၏။ထို့ကြောင့် လုံခြုံရေး ကောင်တာ အနီးသို့ သွားထိုင်လိုက်သည်။
ကိုမြင့်အေးက ပေါက်စီများကို ကျွန်တော့်ဘက်သို့ တွန်းပေးရင်း ၊ လ္ဘက်ရည်ကို ခွက်ထဲ ထည့်ပေး၏။
လုံခြုံရေးကောင်တာသည် ရီဆက်ရှင်ဘေး၌ ရှိပြီး၊ သံတိုင်ပါ ပြတင်းပေါက်မှ ကြည့်လျင် အပြင်သို့ မြင်နေရသည်။
ကိုမြင့်အေး ပေးသော လ္ဘက်ရည်နှင့်ပေါက်စီကို စားရင်းသောက်ရင်း ကျွန်တော် ဘာရယ်မဟုတ် အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။
ကျွန်တော်နှင့်တည့်တည့်က မြင်ကွင်းသည် ဆေးရုံပန်းခြံလေး ဖြစ်၏။ ကျွန်တော် သောက်လက်စ လ္ဘက်ရည်ခွက်ကို ကောင်တာ စားပွဲပေါ် ရုတ်တရက် ချထားလိုက်မိသည်။
ဆေးရုံပန်းခြံထဲက ဒန်းလေးပေါ်တွင် ကလေးတစ်ယောက် ဒန်းကို ညင်ညင်သာသာ စီးနေသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။
ဆတ်ကနဲ မတ်တတ်ထရပ်လိုက်မိသည်။ အံဩလွန်း၍ အသားတွေ တုန်လာ၏။
ဆေးရုံ အဆောက်အအုံကြီးထဲ၌ပင် အနွေးထည်ကို လည်ပင်းထိ ဇစ်ပြည့်ဆွဲတင်ထားရလောက်အောင် ချမ်းအေးလွန်းသည့် အချိန်မှာ ကလေးတစ်ယောက်က အပြင်မှာ ဒန်းစီးနေ၏။

အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment