Posts

Showing posts from August, 2022

ဝါးဘီလူးတောင် ဇာတ်သိမ်းပိုင်း

Image
"မပြေးနဲ့ ကိုကြီးတောင်လုံး၊ ဒီကောင်ကြီးက လူကို မမြင်နိုင်ဘူးဗျ၊ အနံ့လောက်ပဲ ရတာဗျ။အခု ကျုပ်တို့ကလေအောက်ရောက်နေတော့ ကျုပ်တို့အနံ့ကို ဘီလူးကြီး မရနိုင်တော့ဘူး ကိုကြီးတောင်လုံး မကြောက်နဲ့" ဟာ ဘီလူးကြီးက သူ့ခေါင်းကြီးကို အပေါ်မော့ပြီး… "ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ အီး၊ အီး" "အောင်မယ်လေးကွာ၊ အသံကြီးကကြောက်စရာ ကောင်းလိုက်တာ တာတေရာ" ဟော ဘီလူးကြီးက ဆတ်တစ်ကောင်စားရတော့မှာမို့ ပျော်ပြီးအော်ဟစ်နေတာဗျို့။ဟော ခုန်ပြီ၊ ခုန်ပြီ။ ဟာ ပျောက်သွားပြီဗျို့။ ဘီလူးကြီးကတစ်ချက်တည်း ခုန်ပြီး ဝါးပင်ကြီးထဲဝင်သွားတာဗျို့။ ခုမှပဲ တစ်တောလုံးငြိမ်သွားတော့တာဗျို့။ "ကိုကြီးတောင်လုံးရဲ့ ဆတ်ဖားကြီးတော့ ပါသွားပြီဗျ" "ဟာ ပါသွားပါစေ တာတေရာ၊ လူတွေ ဘာမှမဖြစ်တာဘဲ တော်လှပါပြီကွာ ဘီလူးကြီး အခု ဘယ်ရောက်သြားတုံး" "ဟို ဝါးပင်ကြီးထဲဝင်ပြီး ပျောက်သွားပြီဗျ၊ အဲဒီဝါးပင်ကြီးက ဒီဘီလူးကြီးရဲ့ဗိမာန်ကြီး ထင်တယ်ဗျ" "အေး ဟုတ်နိုင်တယ်ကွ၊တို့ဘိုးဘွားတွေလက်ထက်ကတည်းက တစ်ယောက်ယောက်က ဒီဘီလူးကြီးကို မြင်ဖူးပုံရတယ်ကွ၊ ဒါကြောင့် ဒီဘီလူးကြီးကို ဝါးဘီလူးကြီးလို့ခေါ်ပြီး ဒီတောင်ကိုလည်းဝါးဘီလူးတောင...

ဝါးဘီလူးတောင် အပိုင်း(၇)

Image
ကိုတောင်လုံးက ပြောပြောဆိုဆိုနဲ့ ဝါးလုံးလျှိုထားတဲ့ ဆတ်ကြီးကို ထမ်းမလို့ လုပ်တယ်။ မြားကျည်တောက်ရော ဒူးလေးရော သူ့ကျောမှာ လွယ်ထားတယ်။ သူရော ကျုပ်ရော လက်ထဲမှာတော့ ဓါးတစ်ချောင်းစီ ကိုင်ထားတာပေါ့ဗျာ။ တောင်ပေါ်တက်လာကတည်းက ကျုပ်တို့က သစ်ပင်တွေကို ဓါးထစ်ပြီးလမ်းမှတ်ခဲ့တာလေဗျာ။ လမ်းမှားစရာတော့ ဘာမှမရှိဘူးဗျ။ ကျုပ်လည်း ဝါးလုံးကို နောက်က ဝင်ထမ်းလိုက်တယ်။ဆတ်က ရှေတစ်ယောက် နောက်တစ်ယောက် ထမ်းတာတောင်လေးတုန်းပဲဗျ။ ကျုပ်တို့နှစ်ယောက် မနည်းကို ထမ်းရတာဗျို့။ဆတ်ကြီးထမ်းပြီး နှစ်ယောက်သား သုတ်ခြေတင်လိုက်တာ နာရီဝက်လောက်ကို မနားတမ်းပဲဗျ။ "တာတေရေ၊ ခဏနားကြရအောင်ကွာ၊ တော်တော်လည်း ခရီးပေါက်လောက်ပါပြီ" ကျုပ်တို့နှစ်ယောက် ဆတ်သေကြီးကိုမြေကြီးပေါ်မှာ ချပြီး နားလိုက်ကြတယ် 'ဟာ" ကိုတောင်လုံးရဲ့ အလန့်တကြား အော်သံကြီးဗျ။ "ဟင်၊ ဘာတုံးဗျ ကိုတောင်လုံးရဲ့" " တာတေ၊ မင်း သေသေချာချာကြည့်လေ၊ ငါတို့နာရီဝက် ခရီးနှင်တာတောင်နဂိုနေရာမှာပဲ ရှိနေတာ၊ ဒီနေရာကရွေ့မှ မရွေ့ဘဲကွ' "ဟင်၊ ဟာ ဟုတ်သားပဲဗျ၊ ကျုပ်တို့နဂိုနေရာမှာပဲ ရွေ့မှ မရွေ့တာ ဒါဘယ်လို ဖြစ်တာတုံးဗျ" "အေး၊ ငါ့ရဲ့ မုဆိုးသက်တမ်းတစ်လျ...

ဝါးဘီလူးတောင် အပိုင်း(၆)

Image
ကျုပ်က ကိုကြီးတောင်လုံးပြတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ "အို" ကျုပ်စိတ်ထင်ပြောရရင်တော့ ကျုပ်မျက်လုံးတွေဟာ ပုစွန်မျက်လုံးလိုကိုပြူးထွက်သွားတယ် ထင်တာပဲဗျာ။ ကျုပ်တစ်သက်မပြောနဲ့၊ ကျုပ်ကိုမွေးတဲ့ ကျုပ်အဘနဲ့ ကျုပ်အမေတစ်သက်တောင်မှာ မြင်ဖူးမှာ မဟုတ်ဘူးဗျ။ဝါးပင်ကြီးဗျာ။ယောက်ျားကြီး ငါးယောက်လောက် လက်ချင်းဆက်ပြီး ဖက်လို့ရတဲ့အရွယ်ဗျ။ ပြောရရင်တော့ ယောက်ျားကြီး ငါးဖက်စာပေါ့ဗျာ။ကျုပ်မော့ကြည့်တယ်။ဝါးပင်ရဲ့ အမြင့်က တစ်တောလုံးကိုကျုပ်ထွက်သွားတာဗျို့။သေသေချာချာ ကြည့်တော့မှ ကျုပ်တို့လိုက်နေတဲ့ ဧရာမလူခြေရာကြီးက အဲဒီဝါးပင်ကြီးမှာ ဆုံးသွားတာဗျ။ ကျုပ်ကို ဘိုးပေတလူ ပြောဖူးတယ်။ဘုံဘဝချင်းမတူတဲ့ သတ္တဝါတွေဟာ တစ်နေရာတည်းမှာ အတူတူ သွားလာနေကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မမြင်ကြရဘူးတဲ့ဗျ။အခုလည်း ဒီလိုဖြစ်နေပြီထင်တယ်ဗျို့။စကောလောက်ကြီးတဲ့ ခြေရာ ပိုင်ရှင်ကြီးကလည်း ကျုပ်တို့နားမှာသွားလာနေပေမယ့် ကျုပ်တို့ကို မြင်ပုံမရဘူးဗျ။ ကျုပ်တို့ကလည်း သူ့ကို မမြင်ဘူး။ ဒါဆိုရင် သူနဲ့ ကျုပ်တို့နဲ့ဟာ ဘုံဘဝချင်း မတူကြလို့ရှိမှာဗျ။ တာတေဆိုတဲ့ ကျုပ်ကလည်း ဘာမဆို တွေ့ချင်မြင်ချင် ကြည့်ချင်တဲ့ အကောင်ဗျ။ ကိုတောင်လုံး လွယ်ထားတဲ့ ရေဘူးကို...

ဝါးဘီလူးတောင် အပိုင်း(၅)

Image
ဆွဲယူသွားတာက ဘာတုံးဆိုတာကိုကျုပ်ရော ကိုတောင်လုံးရော မမြင်လိုက်ရဘူးဗျ။ ယုန်ကြီး ပျောက်သွားတာပဲ ကျုပ်တို့ မြင်လိုက်ကြရတာ။ ကျုပ်တို့နှစ်ယောက် လန့်ပြီး ညောင်မုတ်ဆိတ်ပင်ကြီးဘေးမှာ ကပ်နေလိုက်ကြရောဗျို့။ ဒါပေမဲ့ ယုန်ကို ရိုက်သတ်ပြီး ဆွဲယူသွားတဲ့ မမြင်ရတဲ့ သတ္တ္တဝါက ကျုပ်တို့ကို တွေ့မနေနိုင်ဘူးလား။ ကျုပ်တို့ကသာ သူ့ကို မတွေ့ရတာလေဗျာ။ကျုပ်တွေးသလိုပဲ ကိုတောင်လုံးလည်း တွေးမိပုံရတယ်ဗျ။ ဒီလူ မျက်နှာတော်တော်ပျက်နေတယ်။ " တာတေ မင်း ပြန်ချင်လား" "ဟာ ကိုကြီးတောင်လုံးကလည်းဗျာတောင်ပေါ်တောင် ရောက်ပြီးမှတော့လက်ချည်းဘာလို့ပြန်မှာတုံးဗျာ" ကျုပ်စကားကို ကြားတော့ ကိုတောင် လုံး အံ့သြသွားပုံပဲဗျ။ "တာတေ ဒါကြောင့်လည်း မင်းက တာတေ ဖြစ်နေတာကိုး၊ နို့ နေပါဦး ကွ။ မင်းမှာ ကြောက်တဲ့စိတ်နည်း နည်းမှကို မရှိတာလား" ကိုတောင်လုံးက ကျုပ်ကို မေးတယ် "ကိုကြီးတောင်လုံးရာ၊ ကျုပ်လည်း လူပဲဗျာ၊ ကြောက်တာပေါ့၊ကြောက်တာမှ သူများတွေထက်တောင် ပိုဦးမယ်၊ ဒါပေမဲ့ကျုပ်က လွှတ်သိချင် တာဗျ၊ အဲဒီစိတ်ကစေ့ဆော်တိုက်တွန်းနေလို့ ကျုပ်မှာ ကြောက်ရမှန်းမသိအောင် ဖြစ်နေတာ ထင်ပါရဲဗျာ" "ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမှာတုံး...

ဝါးဘီလူးတောင် အပိုင်း(၄)

Image
မျက်ပြူးအစ်ကို အောင်ဆင့်က နားနည်း နည်းလေးတယ်ဗျ။ ကျုပ်တို့ပြောတာကို မကြားတဲ့အခါဆိုရင် နားနောက်မှာ၊ သူ့ လက်ဝါးလေးနဲ့ ကာပြီး နားထောင်တာ ဗျ။ထန်းရည်ဝိုင်းက ခဏလေးတိတ်သွား တယ်။ထန်းရည်ခွက်ကို လှည့်ပြီးသောက် နေကြတာဗျ။ပြီးတော့ ငှက်လိုလို၊ လူလို လို၊သတ္တဝါအကြောင်းကိုလည်း တွေးနေ ကြတယ် တူပါရဲ့ဗျာ။ ကျုပ်နားထဲမှာတော့ ကိုကြီးတောင်လုံး ရဲ့အဘပြောတယ်ဆိုတဲ့။"ငေါင်း ခြေ တစ်ချောင်း မစားကောင်း"ဆိုတာကို ပဲ ကြားနေတာဗျ။ "လာမယ့်တစ်ပတ်ကြာရင်တော့ ဘယ် သူမှ မသွားရဲတဲ့ ဝါးဘီလူးတောင်ကို တက်ပြီး အမဲပစ်မလို့ကွ" ကိုတောင်လုံးက ဆေးပေါ့လိပ်ကလေး ဖွာရင်း ပြောတယ်ဗျ။ "ဟာ ကိုကြီးတောင်လုံးကလည်း ဝါး ဘီလူးတောင်ဆိုတာ ဘယ်သူမှ တက် ဝံတာ မဟုတ်ဘူးဗျ၊ကျုပ်တို့အဘလည်း အမြဲပြောတယ်၊ ဝါးဘီလူးတောင်ကို ဘယ်တော့မှ မတက်ဖို့ပေါ့ဗျာ" ဘန့်ဘွေးကုန်းက သိန်းဇော်ကလည်း ကိုကြီးတောင်လုံးကို ပြောတယ် "အဲဒါ ပြောတာပေါ့ သိန်းဇော်ရ၊ မင်း တို့ ငါတို့ရွာမှာရော အနီးအနားက တ ခြားရွာတွေမှာရော ရှေးကလူကြီးတွေ မှာခဲ့လို့ ဆိုပြီး ဝါးဘီလူးတောင်ကို မ သွားရဘူးပဲ မှတ်ထားတာကွ။ ဘာဖြစ် လို့ မသွားခိုင်းတာလဲလို့ မေးရင် ဘယ် သူမှ တိတိကျကျ ပြောနိုင်တာ...

ဝါးဘီလူးတောင် အပိုင်း(၃)

Image
အဲဒီငါးကို ရေပြာအိုင်အစပ်မှာ ချထား ပြီး စိမ်ပြေနပြေကို စားတော့တာကွ၊ နှုတ်သီးချွန်နဲ့ ပေါက်ပေါက်ပြီးစားနေ တာ။ နောက်ကကြည့်ရင် လူတစ် ယောက်၊ ငှက်တောင်ကြီးခြုံပြီး မတ် တတ်ရပ်နေတဲ့အတိုင်းပါပဲကွာ။ရှေ့ ကကြည့်ရင်တော့ ရင်အုပ်ကားကား နဲ့ ရောမခေတ်က စစ်သူကြီးတစ် ယောက် ရပ်နေသလိုပါပဲကွ။ ငါဆိုတော့ ထူးဆန်းတဲ့ ဒီသတ္တဝါကို ကြည့်ပြီး ကြောက်တောင်လာတယ် ကွ။ ပထမတော့ မြားနဲ့ ပစ်ဖို့ စိတ်ကူး သေးတယ်ဟေ့၊ နောက်တော့မှ ငါ့ အဘ မုဆိုးကြီး ပြောတဲ့ စကားကို နားထဲမှာ သွားကြားတော့တာ။ "ငါ့သား တောထဲတောင်ထဲမှာ ငေါင်း များတွေ့လို့ကတော့ ဘယ်တော့မှ မသတ်မိစေနဲ့ကွဲ့။သူ့အသားကို စား လည်း မစားလေနဲ့၊ ငေါင်း ခြေတစ် ချောင်း မစားကောင်းဆိုတာ မှတ် ထားပေတော့၊ ငေါင်းဆိုတာ ငှက် တော့ ငှက်ပဲကွ၊ ဒါပေမဲ့ လူနဲ့တူ တဲ့ ငှက်ကွ၊ အင်မတန်ရှားတယ်။ အဘလည်း မတွေ့ဖူးပါဘူး။တို့ ရှေ့က မုဆိုးကြီးတွေ မှာခဲ့တဲ့အ တိုင်း ပြန်ပြောပြတာပါကွာ" လက်စသတ် ဒါ အဘပြောတဲ့ ငေါင်း ဆိုတာပဲလို့ တွေးမိသွားပြီး မုဆိုးတစ် ရာမှ တစ်ယောက် မမြင်ဖူးတဲ့ ငေါင်း ငှက်ကြီးကို မျက်တောင်မခတ် ကြည့် နေတော့တာပေါ့ကွာ၊ စောစောကမိတဲ့ ငါးကို စားလို့ကုန်ရော ဒီကောင် ရေ စပ်ကို ခုန်ဆွ ခုန်ဆွနဲ့ ဆင်း...

ဝါးဘီလူးတောင် အပိုင်း(၂)

Image
"ရေပြာအိုင်ဆိုတာ ဆင်ခေါင်းတောင် ကြီးပေါ်မှာရှိတာကွ၊ ဆင်ခေါင်းတောင် ဆိုတာက ဆင်ကြီးတစ်ကောင်ရဲ့ခေါင်း ကြီးနဲ့တူတဲ့ တောင်ထွတ်ကြီးရှိနေလို့ကွ၊ တူတာမှ တော်တော့်ကို တူတာကွ၊နား ရွက်ကြီးနှစ်ဖက်ရော၊ နှာမောင်းကြီး တွဲ လောင်းကျနေတာရော ဆင်ရဲ့ခေါင်းကြီး နဲ့ရော တော်တော့ကို တူတာပါကွာ၊အဲဒီ ဆင်ခေါင်းတောင်က ရေအိုင်ကြီးတစ် အိုင်က အမြဲတမ်း ရေတွေ ပြာနေတာ ကွ၊ အဲဒီရေပြာအိုင်ကြီးကို အမှီပြုပြီး နေတဲ့ တောတိရစ္ဆာန် အစုံရှိတာဟေ့၊ တောတိရစ္ဆာန်တွေစားတဲ့ သစ်သီးဝလံ ဆိုတာလည်း အမျိုးစုံကို ရှိတာကွ၊ ဒါ ပေမဲ့ ဆင်တို့၊ ကျားတို့၊ ကျားသစ်တို့လို မြွေဆိုးကြီးတွေလို တိရစ္ဆာန်ရိုင်းတွေ လုံးဝမရှိဘူးကွ၊ ဒါပေမဲ့ ငါကတော့ည အိပ်စောင့်ပစ်တာဆိုတော့ သစ်ပင်ကြီး ကြီးရွေးပြီး နေ့ခင်းကတည်းကလင့်ထိုး ထားရတာပေါ့ကွာ။ဝါးတွေကလည်းပေါ တော့ လင့်စင်ထိုးရတာလည်း တော် တော် လွယ်သားဟေ့" "ညဘက်ဆိုတော့ အမဲပစ်ရတာ မြင်ရလို့လား ကိုကြီးတောင်လုံးရဲ့" "လသာတော့ တစ်တောလုံးလင်းနေ တာကွ၊ ငါတို့မုဆိုးမျက်လုံးနဲ့ဆိုတော့၊ သစ်ရွက်ကလေး လည်တာကအစ မြင် နေတာပေါ့ကွာ၊ သန်းခေါင်လောက်ကျ တော့ ရေပြာအိုင်မှာ သားကောင်မျိုးစုံ ရေသောက်ဆင်းကြရောဟေ့၊ ငါလည်း စိတ်တိ...

ဝါးဘီလူးတောင် အပိုင်း(၁)

Image
တာတေတို့အညာသားတွေ မကင်းနိုင်ကြတဲ့ အရာကတော့'ထန်းကျပင်ရည်'ပေါ့ဗျာ။ ထန်းရည်နဲ့ အညာသား၊အညာသားနဲ့ ထန်းရည် ခွဲလို့မရနိုင်တာဟာ ကျုပ်တို့ အညာဓလေ့တစ်ခုပဲဗျ။ ကျုပ်တို့ရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ဘိုးညီလေးထန်းတောဟာထနောင်းကုန်းသားတွေနဲ့ ဘန့်ဘွေးကုန်းသားတွေရဲ့ ဆုံမှတ်တစ်ခုပေါ့ဗျာ။ အခုလို နွေဦးကာလ မြူထချိန်ဆိုရင် ထန်းတက်သမားတွေ မနားတမ်း ထန်းတက်ရတဲ့ အချိန်ပေါ့ဗျာ။ အမြည်းကတော့ ငွေရွှင်ရင် မြင်းသားခြောက်၊အမဲခြောက်၊ဆတ်သားခြောက်ပေါ့ဗျာ။ ကျက်နေအောင် မီးဖုတ်ပြီး မွနေအောင်ကို ထုထားတာဗျ။ ဆီရွှဲရွှဲနဲ့စိမ်ပြီး မြည်းတာ လွှတ်ကောင်းပေါ့ဗျာ။ငွေမရွှင်တော့လည်း ထုံးစံအတိုင်းပဲကြီးလှော်ပေါ့ဗျာ။ ပဲကြီးလှော်ကြားထဲညပ်တဲ့ ဆားကလေးငံပြပြနဲ့၊ တဂျွတ်ဂျွတ်ဝါးပြီး ပင်ကျရည်လေး မော့သောက် ဒါလည်း အညာသားစည်းစိမ်ပါပဲဗျာ။ ဆေးပေါ့လိပ်လေး မီးမသေအောင်ကလည်း ဖွာရသေးဗျ။ ဆေးလိပ်ကတော့ ကိုယ်ကြိုက်တဲ့တံဆိပ်ပေါ့ဗျာ။ကျုပ်ကတော့ ခင်ဗျားသိတဲ့အတိုင်း နဂါးပဲလေဗျာ။ နဂါးဆေးပေါ့လိပ်ကလေးကို ပါးစပ်မှာ ခပ်ဖွဖွကိုက်ပြီး လက်စွဲတော် ဓနုဖြူဒေါ်ရီကြေးမီးခတ်ကို 'ဂျစ် ဂျစ်'လို့မြည်အောင်ခြစ်ပြီး တောက်လာတဲ့မီးတောက်နဲ့ မီးညှိရတဲ့ အရသာကလည်း တစ်မျိုးပေါ့...

ငရဲခွေး အပိုင်း(၇) ဇာတ်သိမ်းပိုင်း

Image
ငရဲခွေးကြီးတွေက မာန်တော့ တဖီဖီပဲဗျ။ ဒါပေမဲ့ အိမ်နားတော့ မကပ်တော့ဘူး။ ည နှစ်နာရီကျော်လာပြီဗျ။ ကျုပ် သေသေချာ ချာ ကြည့်နေတာ ခွေးကြီးသုံးကောင် ငြိမ် ပြီး ရပ်နေကြတာဗျ။ သိပ်တောင် မလှုပ် တော့ဘူးဗျို့။ ဟာ လှည့်ထွက်သွားပြီဗျို့။ ဟော ဟော ပြေးပြီဗျို့။ ပြေးပြီဗျို့။ ဟာ ခုန်ပြီဗျို့။ ခြံစည်းရိုး အမြင့်ကြီးကို ကျော် ပြီး ခုန်ထွက်သွားပြီ။ သုံးကောင်စလုံး ရှေ့ ဆင့် နောက်ဆင့်ပဲဗျ။ ငရဲခွေးကြီးတွေ အမှောင်ထုကြီးထဲကို တိုးဝင်ပြီး ပျောက်သွားပြီဗျို့။ အချိန်စေ့ ပြီ ထင်ပါရဲ့ဗျာ။ ကိုညိုပုရဲ့အကုသိုလ် ကံက သိပ်မကြီးလို့ ကယ်လိုက်နိုင်တာ ထင်ပါရဲ့ဗျာ။ သံဃာတော်တွေကတော့ ရွတ်တုန်းပဲဗျာ။ တစ်ညလုံး မကျိန်းကြ ရရှာပါဘူးဗျာ။ မနက် အရုဏ်တက်တော့မှာပဲ ပရိတ် တော်တွေ ရွတ်တာ ရပ်လိုက်ကြတော့ တာ။ ရွာထဲကလူတွေ ဆွမ်းချိုင့်တွေယူ လာပြီး သံဃာတော်တွေကို ဆွမ်းကပ် လိုက်ကြတာဗျာ။ တကယ်ကို ကြည်နူး စရာပါ။ ကျုပ်ဆရာတော် ဦးဂုဏက ကျုပ်ကို မသိမသာခေါ်ပြီး မေးတယ်ဗျ။ "တာတေ ဘယ်လိုတုံး" "ငရဲခွေးကြီးတွေ ညနှစ်နာရီကျော်ကျော် မှာ အားလုံးပြန်ပြေးသွားကြပါတယ်ဘုရား" "ဟေ ဟုတ်လား၊ ဒါဆိုရင် ဒီဒကာညိုပု လွတ်သွားပြီပေါ့ ဟုတ်လား၊ ငရဲခွေးတွေ ဆ...

ငရဲခွေး အပိုင်း(၆)

Image
ကျောက်ခဲ ပြန်သွားတော့ ကျုပ်လည်း လုပ် စရာ ရှိတာ လုပ်ရတော့တာပေါ့ဗျာ။ သံမဏိ ကို ကြက်တစ်ကောင် ဝယ်ခိုင်းပြီး ချက်ရ တယ်။ ထမင်းလည်း ဆန်တစ်ခွက် ချက် လိုက်တယ်။ ညနေစောင်းတော့ ကျုပ် ထ မင်းတောင်း ပြင်ပြီးပြီဗျ။ ကျောက်ခဲလည်း ဒေါ်တုတ်ကို ခေါ်ပြီး ပြန်ရောက်လာပြီ။ "ကဲ ဒေါ်တုတ်ရေ မလုပ်လို့ မဖြစ်တော့ ဘူးဗျာ၊ ဒီည ထနောင်းကုန်း သင်္ချိုင်းကုန်း သွားပြီး မဖဲဝါကို ပင့်ရတော့မှာပဲဗျို့" ဒေါ်တုတ်ကလည်း ကျုပ်ကို ကူညီနေကြ ဆိုတော့ ခေါင်းညိတ်ပြလိုက်တာပေါ့ဗျာ။ ကျုပ်တို့ သင်္ချိုင်းထဲရောက်တော့ ညရှစ်နာ ရီ ကျော်ပြီဗျ။ ကျုပ်က ခါတိုင်းလိုပေါ့ဗျာ။ ဂူကြီးတစ်လုံးပေါ်မှာ မဖဲဝါအတွက် စားပွဲ သောက်ပွဲ ပြင်လိုက်တယ်။ ဒေါ်တုတ်က ဂူရှေ့က မြက်ခင်းကလေးမှာ ကြုံ့ကြုံ့က လေး ထိုင်ပြီး ဆံပင်ကို ဖြည်ချလိုက်တယ်။ "သင်္ချိုင်းရှင်မကြီး မဖဲဝါကို စားပွဲသောက် ပွဲများနဲ့ ကြိုပါတယ်၊ မြန်မကြာ လှမ်းကာ ကြွခဲ့ပါခင်ဗျာ" ကျုပ် သုံးကြိမ်လောက် ပင့်လိုက်တော့… "ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး" ဟော မဖဲဝါရဲ့ ခွေးကြီးအသံတော့ ကြားရ ပြီဗျို့။ "ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး" ခွေးအူသံကြီးက တဖြည်းဖြည်း နီးနီးလာ တယ်ဗျ။ ဟော လာပြီဗျို့။မဖဲဝ...

ငရဲခွေး အပိုင်း(၅)

Image
ဟော ခုန်ပြီဗျို့။ ခုန်ပြီ။ ခုန်ဝင်သွားပြီ၊ ကို ချစ်ပုတို့ အိမ်တုန်းကလိုပဲဗျို့၊ ဘာအတား အဆီးမှ မရရှိသလိုကို ခုန်ဝင်သွားတာဗျ။ "အား..လုပ်ကြပါဦးဗျ၊ ကျုပ်ကို ခွေးကြီး တွေ ကိုက်ကုန်ပါပြီဗျ၊ အား…" ကိုသာစိန်ရဲ့ အော်လိုက်တဲ့ 'အား'ဆိုတဲ့ အသံနက်ကြီးက အိမ်ခေါင်မိုးကို ဖောက် ထွက်လာတာဗျ "ဟာ ဘယ်လိုဖြစ်လို့တုံးဗျ၊ ထွန်းဇံ၊ ဆွဲထား စမ်း၊ ဆွဲထားစမ်း၊ ဟာ ငြိမ်သွားပြီ၊ အသက် မရှိတော့ဘူး ထင်တယ်" "ဝုန်း" ဟာ ခွေးနက်ကြီးသုံးကောင် အိမ်ထဲကနေ ခုန်ထွက်လာပြီဗျို့။  ရှေ့က  နှစ်ကောင်မှာ တစ်ကောင်က ကိုသာစိန်ရဲ့ခေါင်းပိုင်းကို ငုံခဲထားသဗျ။ နောက်တစ်ကောင်က ခြေ ထောက်ပိုင်းကို ကိုက်ချီထားတယ်။နောက် တစ်ကောင်က နောက်ကရံပြီး လိုက်လာ တာဗျို့။ ဟော ခုန်ပြီ၊ ခုန်ပြီ။ ခြံစည်းရိုးအမြင့်ကြီးကို ကျော်ပြီး ခုန်ထွက် သွားပြီ။ အမှောင်ထဲကို တိုးဝင်ပြီး ခွေးကြီး တွေ ပျောက်သွားပြီဗျို့။ "ကိုကြီးတာတေ ဘယ်လိုတုံး၊ ကိုသာစိန် ကြီး အော်သံတော့ ပျောက်သွားပြီဗျ၊ သေ သွားပြီ ထင်တယ်" ကျောက်ခဲက ကျုပ်ကို မေးတယ်။ "ကိုထွန်းဇံက ဆွဲလိုက်ပါဆိုဗျာ" "ဟာ ကိုပြားနှယ် ဘယ့်နှယ်ဆွဲမှာတုံးဗျ၊ ဟိုခေါင်းရင်းကနေ...

ငရဲခွေး အပိုင်း(၄)

Image
ဟာ ခုန်ထွက်လာပြီဗျို့၊ စောစောကလိုပါပဲ ဗျာ။ ပျဉ်ထောင်နံရံကြီးကို ဖောက်ပြီး ထွက် လာတာဗျို့။ ဟာ  ပါးစပ်ကြီးထဲမှာ  ကိုချစ်ပု ကြီး ပါသွားပြီဗျို့။ခွေးနက်ကြီးတစ်ကောင်က ခေါင်းပိုင်းက ကိုက်ပြီး နောက်တစ်ကောင်က ခြေထောက်က ကိုက်သွားတာဗျို့။ ကျန်တဲ့တစ်ကောင်က နောက်က လိုက်သွား တာ။ ဟာ ပြေးပြီဗျို့။ ပြေးကြပြီဗျို့။ ဟာ ဝိုင်း ခြံစည်းရိုးကြီးကို ကျော်ခုန်သွားပြီ။ လွှားကနဲ နေတာပါပဲဗျာ။  ရှေ့နှစ်ကောင်က  ကိုချစ်ပု ကြီးကို ချီလျက်နဲ့ ခုန်တာဗျ။ နောက်က တစ် ကောင်ကတော့ အလွတ်ခုန်သွားတာ။ ဟာ သွားပြီဗျို့၊ သွားပြီ။ ပျောက်သွားပြီဗျို့။  အ မှောင်ထဲကို တိုးဝင်ပြီး ခွေးကြီးတွေ ပျောက် သွားတာဗျ။ ဘေးကပ်လျက်ဝိုင်းက လူတွေ လည်း အပြေးအလွှား ရောက်လာကြတာ ပေါ့ဗျာ။ "အရီး ကိုချစ်ပု ဘာဖြစ်တုံး" "နင့်အစ်ကိုကြီး ဆုံးပြီဟဲ့ ပုကြည်ရဲ့ ဟီး" ကိုချစ်ပုရဲ့အစ်မကြီး ငိုတဲ့အသံက ရွာ မြောက်ပိုင်း တစ်ခုလုံး လွှမ်းမိုးသွာတော့ တာပေါ့ဗျာ။ အိမ်ထဲက ကျွက်စီ ကျွက်စီ အသံတွေကို ကြားနေရတာဗျ။ "ဟဲ့ ချစ်ပုက ဘယ်လိုဖြစ်လို့ ခြေရင်းထရံ နား ရောက်နေတာတုံး" "တစ်ခုခုက ဆွဲသွားသလိုပဲတော့ ဒုန်း ဒုန်း ဒုန်း ဒုန်း ဆိုပြီး ပါသွားတာ၊ ဟောဒ...

ငရဲခွေး အပိုင်း(၃)

Image
ကျုပ်တို့အားလုံး ငြိမ်ပြီး တွေးနေကြတယ်။ သံမဏိက  နှမ်းရိုးတွေ သွားယူပြီး  မီးထပ် ထည့်တယ်။ ညနက်လာတော့  အအေးက လည်း ပိုလာတာပေါ့ဗျာ။ ခဏနေတော့ အ ဘနဲ့ အမေ အိမ်ပေါ်တက်သွားရောဗျို့။ ကျုပ်နဲ့  ကောင်လေးတွေပဲ  ဝိုင်းထဲမှာ ကျန်ခဲ့တာလေ။ "ဒီကိစ္စ ကိုကြီးတာတေ ဘယ်လိုထင်တုံး" ကျောက်ခဲက ကျုပ်ကို မေးတယ်ဗျ၊ ကျုပ် ခေါင်းခါပြလိုက်တယ်။ "ငါလည်း ဒါမျိုးတော့ တစ်ခါမှ မကြားဖူးဘူး ကွ ကျောက်ခဲရ၊ ဒါပေမဲ့ သွားကြည့်မှာပါ" "ဟင် ကိုကြီးတာတေ တကယ်ပြောတာလား ကျုပ်တို့လည်း လိုက်မယ်" ကျောက်ခဲက ကျုပ် ဒီည သွားကြည့်မယ်ဆို လို့ ဝမ်းသာသွားတာဗျ။ "ကဲ ပေစိနဲ့ ချစ်ထွေးက အိမ်ပြန်ကြတော့ မင်းတို့က ငယ်သေးတယ်၊ အခုဟာက ဘာ မှန်းသိတာ မဟုတ်ဘူး" ကျုပ်စကားကို နားထောင်တယ်ဗျ။ ပေစိနဲ့ ချစ်ထွေး ထပြန်သွားကြတယ်။ "ကဲ မင်းတို့ ဒီကစောင့်နေ၊ ငါ အိမ်ပေါ်ခဏ တက်လိုက်ဦးမယ်" ကျုပ်က ဒီကောင်တွေကို ပြောပြီး အိမ်ပေါ် တက်ခဲ့တယ်။ မျက်ကွင်းဆေးကွင်းတယ်။ ကျုပ်ရဲ့ ဆေးလွယ်အိတ်ကို စလွယ်သိုင်း လွယ်တယ်။ လည်ပင်းမှာတော့ သစ်စုန်း ဆေးတောင့်အိတ်ကလေးဆွဲလိုက်တယ်။ ကျုပ်ဝိုင်းထဲ ပြန်ရောက်တော့ ကျောက်ခဲနဲ့ သံမဏိက မီးဖိုကို သေသေချာချာ ငြိ...

ငရဲခွေး အပိုင်း(၂)

Image
ကျုပ်က တွေးရင်းနဲ့ ပါးစပ်က လွှတ်ကနဲ ထွက်သွားတာဗျို့။ "ကျုပ်တို့လည်း ဘာဖြစ်မှန်း မသိလို့ ကိုကြီး တာတေဆီကို လာမေးကြည့်တာဗျ" "ငါ့စိတ်ထင်တော့ အပူတွေ တအားတက်ပြီး ကယောင်ကတမ်းပြောတာ ထင်တယ်ကွ ပေစိရ" "ဟာ မဟုတ်ဘူးဗျ၊ကိုချစ်ပုကြီးက တအား ကြောက်လန့်ပြီး   မျက်လုံးပြူးကြီးနဲ့   ထိုင် အော်နေတာတဲ့ဗျ၊ ပြီးရင် အိမ်ထဲမှာ လှည့် ပတ်ပြေးနေလို့ သူတို့နဲ့ ဘေးကပ်လျက်ဝိုင်း က ဘိုးအောင်ဗလတို့၊ ဘိုးထန်းဖူးတို့တွေ တစ်ညလုံး ဝိုင်းဆွဲနေရတာတဲ့ဗျ" ကျုပ် တွေးကြည့်တယ်။ ပေစိတို့ ချစ်ထွေး တို့ ပြောသလိုဆိုရင် ကိုချစ်ပုဟာ အပူကြီး လို့   ကယောင်ကတမ်းဖြစ်တာ    မဟုတ် လောက်ဘူးဗျ၊ အကြောင်းတစ်ခုခုတော့ ရှိလိမ့်မယ်ထင်တယ်။ "ဟုတ်တယ်  ကိုကြီးတာတေ၊  ကိုချစ်ပုက သူပြောတဲ့ ခွေးနက်ကြီးတွေနဲ့ အသံကို တ ကယ်ကြားနေရတဲ့ပုံပဲဗျ၊   သူ့နားနှစ်ဖက်ကို လက်ဝါးနဲ့အုပ်ထားပြီး အောင်မယ်လေး နား ကွဲတော့မယ်ဗျ၊ ခွေးသံကြီးတွေက ကြောက် စရာကြီးဗျာလို့ပြောသတဲ့" "ဟေ ဒါဆိုရင်တော့ သူ တကယ်ကြားလို့ရှိ မှာပေါ့ ပေစိရ" "အဲဒါကြောင့် ကျုပ်တို့ လာခဲ့တာပေါ့ဗျ၊ ဒါ မျိုးဆိုတာ ကိုကြီးတာတေပဲ သိတာလေဗျာ" ကျုပ်တို့စကားကောင်းန...

ငရဲခွေး အပိုင်း(၁)

Image
ဒီလောကမှာ မယုံနိုင်စရာတွေ အများကြီးဗျ။ ကျုပ်ဆိုတဲ့ကောင်က ငယ်ငယ်လေးကတည်း က လွှတ်စပ်စုတဲ့ကောင်လေ။ ခုလောက်ဆို ခင်ဗျားလည်းကျုပ်အကြောင်း သိနေရောပေါ့ ဗျာ။ ကျုပ်ကို ခုမှ သိတာဆိုရင်လည်း ကျုပ် အကြောင်းတွေကို ရှာကြည့်ဗျာ။ ကျုပ်ရေးခဲ့တဲ့ ကျုပ်ကိုယ်တွေ့အဖြစ်အပျက် တွေ ဒီရှေ့မှာ ကိုးအုပ် ရှိခဲ့တယ်ဗျ။ ပထမဆုံးက 'ကိုယ်တွေ့မဖဲဝါ'၊ နောက်တစ်အုပ်က 'က ဝေဆယ့်နှစ်ကြိုး'၊ နောက်တစ်အုပ်က 'သင်္ချိုင်း တစ်ရာ မဖဲဝါ၊ နောက်တစ်အုပ်က 'သံလက်ဝါး မဖဲဝါ'၊ နောက်တစ်အုပ်က'သင်္ချိုင်းရှင်မ မဖဲဝါ၊ ပြီးတော့ 'ကဝေပျံ'၊ ပြီးတော့ 'မဖဲဝါရဲ့အိမ်၊ ပြီး တော့ 'ကိုယ်တူကိုယ်ခွဲ မဖဲဝါ၊ ပြီးတော့ 'မဖဲဝါ ကို ကိုက်တဲ့တစ္ဆေ'တဲ့။ ကဲ ဒါတွေ ဖတ်လိုက်ရင် ကျုပ်အကြောင်းသိရောဗျာ။ တာတေဆိုတဲ့ ကောင်ငယ်ငယ်ကလေးတည်းက ဘယ်လောက်စပ်စုတယ်ဆိုတာ။ တကယ်တော့ ကျုပ်က ဆရာလည်း မဟုတ်၊ သမားလည်း မဟုတ်ဗျ။ ရိုးရိုးပြောရရင်တော့ ကျုပ်က သိချင်တာပါဗျာ။ ကျုပ်သိချင်တယ်ဆိုတာကလည်း တော်ရုံ တန်ရုံသိချင်တာတော့ မဟုတ်ဘူးဗျို့။ ညအိပ်လို့မပျော်အောင်လို့ သိချင်တာဗျ။ ဒီအ ကျင့်ကြောင့်လည်းကျုပ် မဖဲဝါကို သိခဲ့တာပေါ့ဗျာ။ ကျုပ်တို့အညာမ...

ရွှေဂူရှင်မ. အပိုင်း(၈) ဇာတ်သိမ်းပိုင်း

Image
ကျုပ်က သူတို့ဘက်ကို လျှောက်သွား လိုက်တယ်။ သူတို့အားလုံး ကြမ်းပြင် ပေါ်မှာ ဒူးတုပ်ထိုင်ပြီး ကျုပ်ကို လက် အုပ်ချီထားကြတယ်။ "ဆေးသွေးဖို့ ပေးပါ" ကျုပ်ပြောလိုက်တာနဲ့ တင်းတိန်ကိုဖွင့်ပြီး နတ်မိမယ်လေးတစ်ပါး ထွက်လာတယ်။ ရေထည့်ထားတဲ့    ရွှေခွက်တစ်ခုနဲ့  မြ ကျောက်ပြင်တစ်ချပ် ပေးတယ်။ကျုပ်က ပတ္တမြားကြမ်းပြင်မှာ ထိုင်ပြီး  ဆေးသွေး တယ်။ ရွှေခွက်ထဲက ရေကို ထည့်လိုက် သွေးလိုက်နဲ့  မြကျောက်ပြင်မှာ  ဆေး တော်တော်ရလာတော့   ကျုပ်က ဆေး တောင့်ကို ပြန်သိမ်းပြီး မြကျောက်ပြင်ကို ယူတယ်။ ကျုပ်လုပ်သမျှကို မျက်တောင် မခတ်ဘဲ ကြည့်နေတဲ့ နတ်မိမယ်လေး တွေက သူတို့ပါ ထရပ်ပြီး အစိမ်းရောင် ပိုးသားတင်းတိန် ဟိုဘက် ဒီဘက် ကိုင် ပြီး ဖွင့်ပေးကြတယ်။   အတွင်းကို လှမ်း ကြည့်လိုက်တော့ ရွှေသလွန်ပေါ်မှာ ဆန့် ဆန့်လေး လဲနေတဲ့ ရွှေဂူရှင်မ နန်းကြာမုံ ကို တွေ့လိုက်ရတယ်။ တစ်ကိုယ်လုံး  ပတ္တမြားရောင်နီရဲနေတဲ့ ထိုင်မသိမ်းနဲ့  ခါးတောင်အင်္ကျီကို ဝတ် ထားတယ်ဗျ။ အခန်းတစ်ခုလုံး မွှေးကြိုင် နေတာပဲဗျို့။ တင်းတိန်ကာထားတဲ့ အ ခန်းထဲမှာ အစိမ်းရောင်ဝတ်ထားတဲ့ နတ် မိမယ်လေးတွေ ရွှေယပ်တွေကိုင်ပြီး ရွှေ ဂူရှင်မကို ယပ်ခတ်ပေးနေကြတယ်။ ကျုပ်က ရွှေဂူရှင်မ  ...

ရွှေဂူရှင်မ. အပိုင်း(၇)

Image
ကျုပ်လည်း တစ်ကိုယ်လုံး  ထူပူပြီး စွတ်ပြေးခဲ့ရတာပေါ့ဗျာ။ ထွက်ပေါက် ကို ရောက်ပြီဗျ။ ကျောက်လှေကား တွေပေါ်ကို ပြေးအတက်မှာ… "ဝုန်း" နောက်က ပါလာတဲ့ ရေလုံးကြီးက ကျုပ် ကို ပြေးရိုက်လိုက်တယ်။ကျုပ် ရေလုံးကြီး နဲ့   ပါသွားရောဗျို့။  ကျုပ်သတိရလာလို့ ကြည့်လိုက်တော့ စမ်းချောင်းကြီး တစ်ခု ဘေးက ကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။ တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲဗျာ။ ကျုပ် ဘယ်နေရာ  ရောက်နေမှန်းလည်း မသိဘူး။သတိမေ့နေတာ  ဘယ်လောက် ကြာသွားမှန်းလည်း မသိဘူးဗျ။စမ်းချောင်း ထဲက ရေကို လက်ခုပ်နဲ့   ခပ်သောက်ပြီး မျက်နှာသစ်လိုက်တယ်။ပြီးတော့မှ တော ထဲက ထွက်ဖို့ မှန်းပြီး လျှောက်လာတယ် တော်တော်လေး လျှောက်မိတော့ ကျုပ် ရှေ့မှာ တွေ့လိုက်ရတာက ညောင်ပင် ကြီး နှစ်ပင်ဗျ။ "ဟာ" ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တ ဖျန်းဖျန်း ထသွားတော့တာဗျို့။ ဒါ ရွှေဂူ သိုက်ကြီးရဲ့ ဝင်ပေါက်က ညောင်ပင်ကြီး တွေဗျ။ ကျုပ်လျှောက်ရင်းနဲ့ ရွှေဂူသိုက် ကြီးရှိတဲ့ နေရာကို ပြန်ရောက်လာတာပဲ။ ကျုပ်လည်း ဘာမှမတွေးတော့ဘဲ နောက် ကို ချာကနဲ လှည့်ထွက်လိုက်တယ်။ "မောင်တာတေ၊ နေပါဦးကွဲ့" ကြက်သီးတွေ ဖျန်းကနဲ ထပြီး ဆံပင်တွေ ပါ ထောင်သွားတယ်လို့ထင်လိုက်မိတယ် ...

ရွှေဂူရှင်မ. အပိုင်း(၆)

Image
နဲ့ ဘယ်လိုမှကို မယှဉ်သာအောင်လှတဲ့ မိန်းမဗျာ။ ငွေရောင်အခန်းမှာ တွေ့ခဲ့တဲ့ နတ်မိမယ်တွေ လှတယ်လို့ ထင်ခဲ့တဲ့အ တွေးဟာ ဘယ်ပျောက်သွားမှန်းကို မသိ တော့တာပေါ့ဗျာ။ဆင်စွယ်ကို ထုထားတဲ့ ပန်းပုရုပ်ကလေးများလားလို့တောင် ထင် မိရဲ့ဗျာ။ ပြေပြစ်လှတဲ့ နဖူးပြင်ရဲ့အောက် မှာ နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုက ဇင် ယော်တောင်လို ကော့ကော့လေးဗျ။ ဝိုင်းစက်နေတဲ့ မျက်လုံးက  မဟူရာလို နက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တ လက်လက် တောက်ပနေတယ်။ မျက်ခုံး နှစ်ခုကြားက ဖြောင့်စင်းတဲ့ နှာတံလေး ကလေးကိုင်းသဖွယ် နှုတ်ခမ်းကလေးရဲ့ အပေါ်မှာ အဆုံးသတ်ပြီး နီစွေးစွေး နှုတ် ခမ်းနှစ်မွှာက မပြုံးပေမဲ့ ပြုံးနေသယောင် ယောင်လေးဗျ။ ခန္ဓာကိုယ်ကလည်း မဆူ မကြုံ၊ မနိမ့် မမြင့် အလွန်ကို တင့်တယ် လွန်းလှပါတယ်ဗျာ။ ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေ တဲ့ ပဒုကြာပန်းပွင့်ကို ကြည့်နေရသလိုပါ ပဲဗျာ။ သူရပ်နေတဲ့ အနောက်မှာ ရွှေလှေ ကားထစ်တွေဗျ။ အားလုံးကိုးထစ်ရှိတယ်။ အဲဒီအပေါ် မှာတော့ ရတနာမျိုးစုံစီခြယ်ထားတဲ့ ရွှေပလ္လင်လေးဗျ။ အမြင့်က ကျုပ်ရင်စို့ လောက် ရှိမယ်၊ အဲဒီရွှေပလ္လင်ပေါ်မှာ ရွှေကြာပွင့်ကြီးတစ်ပွင့်၊ ရွှေကြာပွင့်ရဲ့ အလယ်က ပန်းဝတ်ဆံနေရာမှာ ရွှေ ကလပ်တစ်ခုဗျ။ အ...

ရွှေဂူရှင်မ. အပိုင်း(၅)

Image
ဒါပေမဲ့ နံရံတွေရော ကြမ်းခင်းရောက ငွေ ရောင်ဗျ။  ကျောက်သားတော့   ကျောက် သားပဲ၊ ငွေရောင်ကျောက်သားဗျ။ နံရံမှာ ကျောက်ဖယောင်းတိုင်ကြီးတွေ ထွန်းထား တော့ လင်းထိန်နေတာဗျ။   ပထမဖြတ်ခဲ့ တဲ့ ဆင်စွယ်ရောင် အခန်းမှာလည်း  ဒီလို ကျောက်ဖယောင်းတိုင်တွေ နံရံမှာကပ်ပြီး ထွန်းထားတာပဲဗျ။ ဟော လာပြီဗျို့။ ထွက်လာပြီ။ အစိမ်းရောင်၊ အဝါရောင်၊ ပိုးသားထမီ၊ အင်္ကျီတွေ  ဝတ်ထားတဲ့ နတ်မိမယ်လေးတွေဗျ။   တရွေ့ရွေ့နဲ့ ထွက်လာကြတာ။ သူတို့ ထွက်လာတာ နဲ့ ငွေရောင်အခန်းကြီးထဲမှာ မွှေးကြိုင် သွားတာဗျို့။ နတ်မိမယ်လေးတွေ နှစ် ဆယ်လောက် ရှိမယ်။အားလုံးက လက် ကလေးတွေ ချီပြီး ထွက်လာကြတာဗျ။ "မောင်တာတေနဲ့ သောမ သတိထား၊ ဒါတွေဟာ သိုက်နန်းရှင်ရဲ့ မာယာတွေ ပဲ၊ ဘာပဲပြောပြော စကားတစ်ခွန်းပဲ ပြန် မပြောကြနဲ့ ကြားလား၊   ငါ့အနောက်မှာ ကပ်နေနော် သောမ။ မောင်တာတေက အတွေ့အကြုံ ရှိခဲ့တော့ စိတ်မပူဘူး" တရွေ့ရွေ့နဲ့ လျှောက်လာတဲ့ နတ်မိမယ် လေးတွေက နှစ်စုခွဲလိုက်ကြတယ်ဗျ။တစ် ခုက ကျုပ်တို့ရဲ့လက်ယာဘက်၊ တစ်စုက ကျုပ်တို့ရဲ့ လက်ဝဲဘက်ကို ကပ်လာတယ် အစိမ်းရောင် နတ်မိမယ်လေးတွေက တစ် စု၊အဝါရောင် နတ်မိမယ်လေးတွေက တစ် စုဗျ။ဒီတော့မှ ကျုပ်သေသေချာချာ ကြည့် မိတာ၊ ဝတ်ထားတဲ့ အဝတ်...

ရွှေဂူရှင်မ. အပိုင်း(၄)

Image
"မောင်တာတေ၊ ကျုပ်တို့တော့ လာရှာတဲ့ နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပြီ ကွဲ့" "ဟာ ဟုတ်လား ဘရသေ့၊ ဒါဆိုရင် ရှေ့ ဆက်သွားဖို့ မလိုဘူးပေါ့" "ဟုတ်တယ်ကွဲ့၊ ဒီညောင်ပင်ကြီး နှစ်ပင် အောက်က မောင်တာတေတို့ တစ်ညလုံး တက်အိပ်နေတဲ့ ကျောက်ဖျာကြီးဟာ ပြဒါး ပြာသိုက်ကြီးရဲ့ ဝင်ပေါက်ကြီးပဲကွဲ့၊  ကဲ အပေါ်က   သစ်ရွက်ခြောက်တွေ ဖယ်ပြီး ကျောက်ဖျာကြီးကို   နည်းနည်းလောက် ပွတ်တိုက်ကြည့်စမ်းကွယ်" ရသေ့သောမနဲ့ ကျုပ်က တောင်ထန်း လက်အခြောက်တစ်ခုစီ ကောက်ယူပြီး ကျောက်ဖျာကြီးပေါ်က သစ်ရွက်ခြောက် တွေကို လှည်းထုတ်ပစ်လိုက်တယ်။ ပြီး တော့ ကျောက်ဖျာကြီးပေါ်မှာ သေသေ ချာချာ လိုက်ကြည့်တော့မှ ထောင့်လေး ထောင့်မှာ ဘီလူးရုပ်တွေ တွေ့တော့ တာဗျို့။ "ကဲ သေချာပြီ မောင်တာတေရေ၊ သောမနဲ့ မောင်တာတေ နောက်ဆုတ် ကြ၊ နောက်ဆုတ်ကြ၊ ကျုပ် သိုက်တံခါး ဖွင့်တော့မယ်" ရသေ့သောမနဲ့ ကျုပ်နဲ့က ညောင်ပင်ကြီး နှစ်ပက်ရဲ့ပင်စည်ကို ရောက်သွားတဲ့အထိ ဆုတ်လိုက်ကြတယ်။ ရသေ့ကြီးက ပါးစပ် ကနေ  မန္တန်တွေ မပြတ်ရွတ်ပြီး လက်ထဲ က ဆေးတောင်ဝှေးကြီးနဲ့ ကျောက်ဖျာကို လွှဲရိုက်လိုက်တယ်။ "ဝုန်း" ဟာ  ကျုပ်တို့ ရပ်နေတဲ့  မြေကြီးဆို တာ ဆတ်ဆ...