ငရဲခွေး အပိုင်း(၁)
ဒီလောကမှာ မယုံနိုင်စရာတွေ အများကြီးဗျ။
ကျုပ်ဆိုတဲ့ကောင်က ငယ်ငယ်လေးကတည်း
က လွှတ်စပ်စုတဲ့ကောင်လေ။
ခုလောက်ဆို ခင်ဗျားလည်းကျုပ်အကြောင်း သိနေရောပေါ့
ဗျာ။ ကျုပ်ကို ခုမှ သိတာဆိုရင်လည်း ကျုပ်
အကြောင်းတွေကို ရှာကြည့်ဗျာ။
ကျုပ်ရေးခဲ့တဲ့ ကျုပ်ကိုယ်တွေ့အဖြစ်အပျက်
တွေ ဒီရှေ့မှာ ကိုးအုပ် ရှိခဲ့တယ်ဗျ။
ပထမဆုံးက 'ကိုယ်တွေ့မဖဲဝါ'၊ နောက်တစ်အုပ်က 'က
ဝေဆယ့်နှစ်ကြိုး'၊ နောက်တစ်အုပ်က 'သင်္ချိုင်း
တစ်ရာ မဖဲဝါ၊ နောက်တစ်အုပ်က 'သံလက်ဝါး
မဖဲဝါ'၊ နောက်တစ်အုပ်က'သင်္ချိုင်းရှင်မ မဖဲဝါ၊
ပြီးတော့ 'ကဝေပျံ'၊ ပြီးတော့ 'မဖဲဝါရဲ့အိမ်၊ ပြီး
တော့ 'ကိုယ်တူကိုယ်ခွဲ မဖဲဝါ၊ ပြီးတော့ 'မဖဲဝါ
ကို ကိုက်တဲ့တစ္ဆေ'တဲ့။
ကဲ ဒါတွေ ဖတ်လိုက်ရင် ကျုပ်အကြောင်းသိရောဗျာ။
တာတေဆိုတဲ့ ကောင်ငယ်ငယ်ကလေးတည်းက
ဘယ်လောက်စပ်စုတယ်ဆိုတာ။ တကယ်တော့ ကျုပ်က ဆရာလည်း
မဟုတ်၊ သမားလည်း မဟုတ်ဗျ။ ရိုးရိုးပြောရရင်တော့ ကျုပ်က
သိချင်တာပါဗျာ။
ကျုပ်သိချင်တယ်ဆိုတာကလည်း တော်ရုံ
တန်ရုံသိချင်တာတော့ မဟုတ်ဘူးဗျို့။
ညအိပ်လို့မပျော်အောင်လို့ သိချင်တာဗျ။ ဒီအ
ကျင့်ကြောင့်လည်းကျုပ် မဖဲဝါကို သိခဲ့တာပေါ့ဗျာ။
ကျုပ်တို့အညာမှာက အခုလို နတ်တော်လ
တို့၊ ပြာသိုလတို့ဆိုရင် လွှတ်အေးတာပေါ့ဗျာ။
အပူချိန်တွေ ဖာရင်ဟိုက်တွေတော့ မသိဘူးပေါ့ဗျာ။
ကျုပ်တို့အညာသားတွေ သိတာကတော့ ညဘက်များရောက်ရင် စောင်ခြုံလို့လည်း မလုံ၊ ကွေးလို့လည်း မနွေး၊ အိပ်
လို့လည်း မပျော်ဆိုတာပဲပေါ့ဗျာ။
မီးလေး ဘာလေး လှုံလိုက်မှ နေသာတာဗျ။
ကျုပ်ကတော့ နှမ်းရိုးတွေ လှည်းနဲ့တိုက်ပြီးဝိုင်းထဲပုံထားတာဗျို့။
လွှတ်အေးတဲ့ညတွေဆိုရင် မီးကတော့ လှုံပြီးသားဗျ။
ကျုပ် မီးလှုံတဲ့ညဆိုရင် ကျောက်ခဲနဲ့ သံမ
ဏိကလည်း လာပြီးသားဗျ။
အမေ ချပေးတဲ့ ပဲကြီးလှော်လေး၊ ထန်းလျက်ကလေး
စား အကြမ်းလေး သောက်ကြပေါ့ဗျာ။
ကျုပ်တို့အညာက တောင်သူအလုပ်ဆိုတာ
အားရတယ်လို့ ရှိတာမှ မဟုတ်ဘဲဗျာ။ လူ
ရော၊ နွားရော တစ်ခါမှ အားတာ မဟုတ်ဘူးဗျို့။
ဒီကြားထဲကပဲ သာရေး၊ နာရေး၊ လူမှုရေးတွေ လုပ်ပြီး လိုက်ပြီး လုပ်ကြရတာပေါ့ဗျာ။ ကျုပ်က မီးဖိုထဲကို နှမ်းရိုးတစ်ဆုပ် ဆုပ်ပြီး
ထည့်လိုက်တယ်။
"ဖျောက်၊ ဖျောက်၊ ဖျောက်"
ဆိုတဲ့ အသံတွေလာပြီး မီးဖွားလေးတွေ
အပေါ်ကိုလွင့်တက်သွားတယ်။
မီးပုံရဲ့ဟိုဘက် ဒီဘက်မှာ ထိုင်နေတဲ့ အဘနဲ့ အမေ
တောင် ခေါင်းကိုပတ်ထားတဲ့ တဘက်စကလေးတွေနဲ့
မီးဖွားလေးတွေ ခါထုတ်လိုက်ကြတယ်ဗျ။
"ကိုကြီးတာတေ၊ ကိုကြီးတာတေ"
"ဟေ ဘယ်သူတွေတုံး၊ ဝင်ခဲ့လေ၊ တံခါး
တွန်းဖွင့်လိုက်လေကွာ"
"ကျုပ်တို့ပါ ပေစိနဲ့ ချစ်ထွေးပါဗျ၊ ကိုကြီး
တာတေ"
ပေစိနဲ့ ချစ်ထွေးက တံခါးတွန်းဖွင့်ရင်း အော်
ပြောတာဗျ။
"သြော် ပေစိတို့ပါလား လာဟေ့၊ လာထိုင်
ကြ၊ မီးလှုံကြရအောင်၊ နို့ မင်းတို့ ဘယ်က
လှည့်လာကြတာတုံး"
ပေစိနဲ့ ချစ်ထွေးက ကျုပ်ထိုင်နေတဲ့ ဝါးကျော
ဖျာကြမ်းလေးမှာ ဝင်ထိုင်လိုက်ကြတယ်။
"ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူးဗျ၊ ကို
ကြီး တာတေရဲ့၊ ဒီကိုပဲ တန်းလာခဲ့ကြတာ"
ကျုပ်က ကျုပ်ဘေးမှာ ကုတ်ကုတ်ကလေး
ဝင်ထိုင်နေတဲ့ ဒီကောင်နှစ်ကောင်ကို မသိ
မသာ အကဲခတ်ကြည့်လိုက်တယ်။ဒီကောင်
တွေ ကျုပ်ကို တစ်ခုခု ပြောချင်နေတဲ့ပုံပဲဗျ။
"ဟေ့ကောင် ပေစိ၊ မင်းတို့ ဘာဖြစ်လာလို့
တုံး"
ကျုပ်က မေးလိုက်တော့မှ ဒီကောင်တွေ
ပြောတော့တာဗျ။
"ကိုကြီးတာတေ ရွာထဲက သတင်းကြားပြီး
ပြီလားဗျ"
"ဟေ ရွာထဲကသတင်း ဟုတ်လားကွ ချစ်
ထွေး၊ ရွာထဲမှာ ဘာဖြစ်လို့တုံး၊ ငါ ဘာမှ
မကြားပါလားကွ"
အဘနဲ့ အမေကလည်း အံ့သြပြီး ပေစိတို့ကို
လှမ်းကြည့်လိုက်ကြတယ်။
"ဟဲ့ ပေစိရဲ့၊ ရွာထဲမှ ဘယ်သူ ဘာဖြစ်လို့တုံး"
အမေကလည်း ပေစိကို လှမ်းမေးတယ်ဗျ။
"အရီးကလည်းဗျာ၊ မြောက်ပိုင်းက ကိုချစ်
ပု တော်တော်ကို မမာနေလို့ဗျ"
"သြော် အဲဒါတော့ ကြားသားပဲဟဲ့၊ ငါက တ
ခြားကိစ္စထင်လို့ မေးတာပါ"
"ဟာ အရီးကလည်း ကိုချစ်ပု ဖြစ်နေတာ
တွေရော ကြားလို့လားဗျ"
"ဟ ဘာဖြစ်လို့တုံး ချစ်ထွေးရဲ့၊ လွန်ခဲ့တဲ့
သုံးလေးရက်ကတောင် ဘိုး ရောက်သေး
တာပဲ၊ ဆေးထိုးဆရာနဲ့ ဆေးထိုးလို့ပဲ"
"အဲဒီတုန်းက ဟုတ်တယ် ဘိုးရဲ့၊ ညကမှ
စဖြစ်တာတဲ့ဗျ"
"ဟေ ဘာများဖြစ်လို့တုံး ပေစိရဲ့၊ ပြော
စမှးပါဦး"
ကျုပ်က ဝင်ပြီးမေးလိုက်တယ်
"ညက သန်းခေါင်လောက်မှာ ထပြီးအော်
တာတဲ့ ကိုကြီးတာတေရဲ့"
"ဟေ ဘာတွေ အော်တာတုံးကွ"
"ခွေးနက်ကြီးတွေ၊ ခွေးနက်ကြီးတွေ၊ အား
ကြောက်တယ်ဗျ၊ ကြောက်တယ်နဲ့ အော်
တာတဲ့ဗျို့၊ ကိုချစ်ပုတို့ဝိုင်းနဲ့ ကပ်လျက်
ဝိုင်းတွေက တစ်ညလုံး မအိပ်ရဘူးတဲ့ဗျာ"
"ဟာ ဟုတ်လား"
"ပြီးတော့ ရှိသေးတယ်ဗျ၊ ကိုကြီးတာတေ
ရ၊ ကျုပ်ကို မကိုက်ပါနဲ့ဗျ၊ ကျုပ် ကြောက်ပါ
ပြီ၊ ကြောက်ပါပြီ ဆိုပြီး ငိုသံကြီးနဲ့ အော်တာ
တဲ့ဗျို့"
"ဟာ ဟုတ်လားကွ၊ ချစ်ထွေးရ"
"ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊ မနက်
အလင်းရောင်လာကာနီးမှ ကိုချစ်ပု အော်
သံကြီး ရပ်သွားတာတဲ့ဗျ"
"ဟေ ဒီနေ့ နေ့ခင်းဘက်မှာ ဘာတွေထပ်
ဖြစ်သေးတုံးကွာ"
"ဒီနေ့ခင်းတော့ ဘာမှမဖြစ်ဘူးတဲ့ဗျာ၊ ကို
ချစ်ပုလည်း တစ်နေ့လည်း အိပ်နေတာဆိုပဲ"
ကျုပ်လည်း ကောင်လေးနှစ်ကောင် ပြော
တာကို သေသေချာချာ တွေးကြည့်ရတာ
ပေါ့ဗျာ။
"ဒါ ဘာဖြစ်တာတုံးကွ"
အပိုင်း(၂)ဆက်ရန်..
မူရင်းရေးသူ = တာတေ
Comments
Post a Comment