ငရဲခွေး အပိုင်း(၅)



ဟော ခုန်ပြီဗျို့။ ခုန်ပြီ။ ခုန်ဝင်သွားပြီ၊ ကို
ချစ်ပုတို့ အိမ်တုန်းကလိုပဲဗျို့၊ ဘာအတား
အဆီးမှ မရရှိသလိုကို ခုန်ဝင်သွားတာဗျ။

"အား..လုပ်ကြပါဦးဗျ၊ ကျုပ်ကို ခွေးကြီး
တွေ ကိုက်ကုန်ပါပြီဗျ၊ အား…"

ကိုသာစိန်ရဲ့ အော်လိုက်တဲ့ 'အား'ဆိုတဲ့
အသံနက်ကြီးက အိမ်ခေါင်မိုးကို ဖောက်
ထွက်လာတာဗျ

"ဟာ ဘယ်လိုဖြစ်လို့တုံးဗျ၊ ထွန်းဇံ၊ ဆွဲထား
စမ်း၊ ဆွဲထားစမ်း၊ ဟာ ငြိမ်သွားပြီ၊ အသက်
မရှိတော့ဘူး ထင်တယ်"

"ဝုန်း"

ဟာ ခွေးနက်ကြီးသုံးကောင် အိမ်ထဲကနေ
ခုန်ထွက်လာပြီဗျို့။  ရှေ့က  နှစ်ကောင်မှာ
တစ်ကောင်က ကိုသာစိန်ရဲ့ခေါင်းပိုင်းကို
ငုံခဲထားသဗျ။ နောက်တစ်ကောင်က ခြေ
ထောက်ပိုင်းကို ကိုက်ချီထားတယ်။နောက်
တစ်ကောင်က နောက်ကရံပြီး လိုက်လာ
တာဗျို့။ ဟော ခုန်ပြီ၊ ခုန်ပြီ။

ခြံစည်းရိုးအမြင့်ကြီးကို ကျော်ပြီး ခုန်ထွက်
သွားပြီ။ အမှောင်ထဲကို တိုးဝင်ပြီး ခွေးကြီး
တွေ ပျောက်သွားပြီဗျို့။

"ကိုကြီးတာတေ ဘယ်လိုတုံး၊ ကိုသာစိန်
ကြီး အော်သံတော့ ပျောက်သွားပြီဗျ၊ သေ
သွားပြီ ထင်တယ်"

ကျောက်ခဲက ကျုပ်ကို မေးတယ်။

"ကိုထွန်းဇံက ဆွဲလိုက်ပါဆိုဗျာ"

"ဟာ ကိုပြားနှယ် ဘယ့်နှယ်ဆွဲမှာတုံးဗျ၊
ဟိုခေါင်းရင်းကနေ ခြေရင်းထရံအထိ ဒ
ရွတ်တိုက်ဆွဲသွားတာ သာစိန် တဒုန်းဒုန်း
နဲ့ ပါသွားတာ၊ ခင်ဗျားတို့ အမြင်ပဲလေ။
ဘယ့်နှယ့်လုပ် ဆွဲလို့ရမှာတုံးဗျ"

"အင်း…ဒါတော့လည်း ဟုတ်တယ်ဗျ။
ထရံခဲနေလို့ဗျ၊ မဟုတ်ရင် ဘယ်အထိ
ပါသွားမလဲ မပြောတတ်ဘူး"

"နို့ ဘာကောင်က ဆွဲသွားတာတုံးဗျ"

"မသိဘူးလေဗျာ၊ ကျုပ်တို့တော့ ဘာမှ
လည်းမမြင်၊ ဘာမှလည်း ကြားတာမဟုတ်
တာ၊ သာစိန်ပြောတဲ့ ခွေးနက်ကြီးတွေလား
မှ မသိတာ"

လူကြီးတွေ တစ်ယောက်တစ်ပေါက်
ပြောတဲ့အသံက အမှောင်ထဲကို တိုး
ထွက်လာတာဗျ

"ကိုကြီးတာတေ ကိုသာစိန်ကြီးကိုလည်း
ခွေးကြီးတွေ ချီသွားတာပဲလားဗျ"

"အေး ဟုတ်တယ်ကွ ကျောက်ခဲရ၊
ခေါင်းက တစ်ကောင်၊ခြေထောက်က
တစ်ကောင်၊ ပါးစပ်ကြီးထဲမှာ ကိုက်ပြီး
ခြံစည်းရိုးကို ခုန်ထွက်သွားတာ၊ နောက်
တစ်ကောင်က နောက်က လိုက်သွား
တယ်"

"ဒါလည်း ကိုသာစိန်ရဲ့ဝိညာဉ်ကို ချီသွား
တာနဲ့ တူတယ်နော် ကိုကြီးတာတေ"

"ဟုတ်တာပေါ့ကွ  ကျောက်ခဲရ၊ ဒီတစ်ည
တည်းမှာတင်  တို့ရွာသား  နှစ်ယောက်ကို
ခွေးနက်ကြီးတွေ ချီသွားတာကွ၊တော်တော်
ကို ထူးဆန်းပြီး တော်တော်ကိုစိတ်မကောင်း
စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲကွာ"

ကျောက်ခဲနဲ့ သံမဏိကို အိမ်ပြန်ပို့ပြီး ကျုပ်
အိမ်ပြန်ရောက်တော့ မနက်သုံးနာရီတောင်
ထိုးပြီဗျ။ ကျုပ်လည်း အိပ်လို့မပျော်တော့
ပါဘူးဗျာ။ အိမ်ရှေ့က သစ်သားတန်းလျား
လေးမှာ ထိုင်ပြီး နဂါးဆေးပေါ့လိပ်တစ်လိပ်
ကို မီးညှိလိုက်တယ်။ ဆေးပေါ့လိပ်ကလေး
ဖွာရင်းနဲ့ ဒီည ကျုပ်မြင်ခဲ့ရတဲ့ အဖြစ်အပျက်
တွေကို ပြန်ပြီး စဉ်းစားနေတော့တာပေါ့ဗျာ

ဒါ ဘာဖြစ်တာတုံး။

မနက်မိုးလင်းတော့ ဒီသတင်းက တစ်ရွာလုံး
ပျံ့ပြီပေါ့ဗျာ။ ဒီတော့မှ ညက ထနောင်းကုန်း
ရွာသားနှစ်ယောက် ထူးထူးဆန်းဆန်း သေ
သွားတဲ့ကိစ္စက တစ်ရွာလုံးကို ချောက်ချား
သွားတော့တာပေါ့။ ဒါပေမဲ့ ကျုပ်နဲ့ ကောင်
လေးနှစ်ယောက် ညက တိတ်တိတ်ကလေး
သွားကြည့်ခဲ့တာကိုတော့ ဘယ်သူမှ သိပုံ
မရဘူးဗျ။ တော်သေးတာပေါ့ဗျာ။

နောက်သေတဲ့တဲ့မသာ အရင်ချဆိုတဲ့ ထုံး
စံအတိုင်း ကိုသာစိန်ရဲ့အသုဘကို အရင်
သင်္ဂြိုဟ်ကြတယ်။ ကိုချစ်ပုရဲ့အသုဘကို
တော့ နောက်မှ သင်္ဂြု ိဟ်ရတာပေါ့လေ။
သူက အရင် သေတာကိုး။

သူတို့နှစ်ယောက်  ရက်လည်တဲ့နေ့က
လည်း တစ်ရက်တည်းဗျ။ ကျုပ်တော့ သူ
တို့ရက်လည်တွေကို မရောက်လိုက်ပါဘူး
ဗျာ။ ကိုချစ်ပုနဲ့ ကိုသာစိန်တို့နှစ်ယောက်
ရက်လည်ပြီး နောက်တစ်နေ့မှာဗျ ဝိုင်းထဲ
မှာ ကျုပ် နွားစား စဉ်းနေတုန်းလေ။

"ကိုကြီး တာတေ"

"ဟေ လာလေ ကျောက်ခဲ၊ ငါ ဒီမှာကွ၊
နွားစာ စဉ်းနေလို့ဟေ့"

ကျောက်ခဲတစ်ယောက်တည်းဗျ။ စဉ်းခုံနား
မှာ လာရပ်တယ်

"မင်း ဘယ်က လာတာတုံး ကျောက်ခဲ"

" ဒီကိုပဲ လာတာဗျ၊ အရေးတော့ ပေါ်ပြန်
ပြီ ကိုကြီးတာတေရေ"

"ဟေ ဘာဖြစ်လို့တုံး"

"ညက ရွာရှေ့ပိုင်းက ကိုညိုပုလည်း အော်
ပြန်ပြီတဲ့ဗျ"

"ဟေ ကိုညိုပု ဟို အဂ္ဂိရတ်တွေ ဘာတွေ
ထိုးတဲ့ ကိုညိုပုလား"

"ဟုတ်တယ်ဗျ၊ အဲဒီ ကိုညိုပုကို ပြောတာ"

"ဟင် ဘာတွေ အော်ပြန်တာတုံးကွ
ကျောက်ခဲရ"

"ကိုချစ်ပုတို့ ကိုသာစိန်တို့ အော်သလိုပဲတဲ့
ဗျ၊ ခွေးကြီးတွေကို ကြောက်တယ်လို့ ထထ
အော်တာတဲ့ဗျ၊ လူကလည်း မျက်လုံးကြီးပြူး
ပြီး ကြောင်တောင်တောင် ဖြစ်နေတယ်ဆိုပဲ"

"ဟာ ဖြစ်ပြန်ပြီလားကွ၊ တို့ရွာတော့ ဒုက္ခပါ
ပဲကွာ၊ တော်တော်လန့်နေကြပြီဗျ"

"အေးပေါ့ကွ၊ လန့်မယ်ဆိုလည်း လန့်စရာ
ပေါ့ကွာ၊ မဖြစ်သေးပါဘူးကွာ၊ ငါ တစ်ခုခု
တော့ လုပ်တော့မှထင်တယ်"

"လုပ်စမ်းပါ ကိုကြီးတာတေရာ၊ ခိုင်းစရာရှိ
ရင်လည်း ကျုပ်ကို ခိုင်းဗျာ၊ ဘာပဲဖြစ်ဖြစ်
ကျုပ် လုပ်ပေးမယ်ဗျာ"

"ညမိုးမချုပ်ခင် မီးလောင်ကုန်းက နတ်ဝင်
သည် ဒေါ်တုတ်ကို သွားခေါ်ကွာ၊ ကျန်တာ
တွေ ငါလုပ်မယ်"

"စိတ်ချ၊ ကျုပ် သွားခေါ်မယ်၊ ကိုကြီးတာ
တေ ခိုင်းစရာရှိတာ ခိုင်းဖို့ ကျုပ် သံမဏိကို
လွှတ်လိုက်မယ်"

အပိုင်း(၆)ဆက်ရန်...

မူရင်းရေးသားသူ = တာတေ

Comments