ရွှေဂူရှင်မ. အပိုင်း(၆)
နဲ့ ဘယ်လိုမှကို မယှဉ်သာအောင်လှတဲ့
မိန်းမဗျာ။ ငွေရောင်အခန်းမှာ တွေ့ခဲ့တဲ့
နတ်မိမယ်တွေ လှတယ်လို့ ထင်ခဲ့တဲ့အ
တွေးဟာ ဘယ်ပျောက်သွားမှန်းကို မသိ
တော့တာပေါ့ဗျာ။ဆင်စွယ်ကို ထုထားတဲ့
ပန်းပုရုပ်ကလေးများလားလို့တောင် ထင်
မိရဲ့ဗျာ။ ပြေပြစ်လှတဲ့ နဖူးပြင်ရဲ့အောက်
မှာ နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုက ဇင်
ယော်တောင်လို ကော့ကော့လေးဗျ။
ဝိုင်းစက်နေတဲ့ မျက်လုံးက မဟူရာလို
နက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တ
လက်လက် တောက်ပနေတယ်။ မျက်ခုံး
နှစ်ခုကြားက ဖြောင့်စင်းတဲ့ နှာတံလေး
ကလေးကိုင်းသဖွယ် နှုတ်ခမ်းကလေးရဲ့
အပေါ်မှာ အဆုံးသတ်ပြီး နီစွေးစွေး နှုတ်
ခမ်းနှစ်မွှာက မပြုံးပေမဲ့ ပြုံးနေသယောင်
ယောင်လေးဗျ။ ခန္ဓာကိုယ်ကလည်း မဆူ
မကြုံ၊ မနိမ့် မမြင့် အလွန်ကို တင့်တယ်
လွန်းလှပါတယ်ဗျာ။
ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေ
တဲ့ ပဒုကြာပန်းပွင့်ကို ကြည့်နေရသလိုပါ
ပဲဗျာ။ သူရပ်နေတဲ့ အနောက်မှာ ရွှေလှေ
ကားထစ်တွေဗျ။
အားလုံးကိုးထစ်ရှိတယ်။ အဲဒီအပေါ်
မှာတော့ ရတနာမျိုးစုံစီခြယ်ထားတဲ့
ရွှေပလ္လင်လေးဗျ။ အမြင့်က ကျုပ်ရင်စို့
လောက် ရှိမယ်၊ အဲဒီရွှေပလ္လင်ပေါ်မှာ
ရွှေကြာပွင့်ကြီးတစ်ပွင့်၊ ရွှေကြာပွင့်ရဲ့
အလယ်က ပန်းဝတ်ဆံနေရာမှာ ရွှေ
ကလပ်တစ်ခုဗျ။ အဲဒီရွှေကလပ်ပေါ်
မှာ ဖန်ပေါင်းချောင်းနဲ့ အုပ်ထားတဲ့
ရွှေကြုတ်ကလေးဗျ။ နှစ်လက်မလုံး
လောက်ရှိပြီး အမြင့်က ခြောက်လက်
မလောက် ရှိမယ်။ ရွှေကြုတ်ရဲ့အပေါ်
မှာ ရုပ်ကြွလေးတွေ ဖော်ထားသေး
သဗျ။ ရသေ့ကြီးရဲ့ မျက်လုံးတွေက
အဲဒီရွှေကြုတ်ကို စိုက်ကြည့်ပြီး မေး
လိုက်တယ်။
"သိုက်နန်းရှင် မဟုတ်လား"
"မှန်ပါ့ဘုရား၊ တပည့်တော်မဟာ ဟောဒီ
ရွှေဂူသိုက်နန်းကြီးရဲ့သိုက်နန်းရှင်ပါဘုရား"
"အော်၊ အော်၊ ရွှေဂူရှင်မ နန်းကြာမုံ ဆို
တာ ဒကာမလေးပေါ့"
"ဟုတ်ပါတယ်ဘုရား၊ တပည့်တော် ရွှေ
ဂူရှင်မ နန်းကြာမုံပါဘုရား၊ ဒီပြဒါးပြာ
သိုက်ကို စောင့်ရတဲ့သူပါဘုရား"
ဘရသေ့က ခေါင်းညိတ်ပြလိုက်ပြီး ပြော
တယ်ဗျ။
"ဒီမှာ ရွှေဂူရှင်မ နန်းကြာမုံ၊ ဘရသေ့
ထွက်ရပ်လမ်းကို မြန်းကြွဖို့ရာ ဟောဒီ
ပြဒါးပြာရမှ ဖြစ်မှာမို့ ဟောဟိုက ကြာ
ကလပ်ပေါ်မှာ တင်ထားတဲ့ ပြဒါးပြာရွှေ
ကြုတ်ကို အလှူခံပါတယ် ဒကာမလေး"
"ဒီပြဒါးပြာဟာ လှူလို့လည်း မရ၊ ပေး
လို့လည်း မရတဲ့အရာပါဘုရား၊ အထက်
က ဘိုးဘိုးကြီးဘုရားတို့ရဲ့ အမိန့်အရ အ
သက်ပေးပြီး ကာကွယ်ရမှာပါဘုရား၊ တ
ပည့်တော်မ အနူးအညွတ် တောင်းပန်ပါ
တယ်။ ရွှေ၊ ငွေ၊ ရတနာ၊ ကျောက်သံပတ္တ
မြားတွေကို အရှင်ဘုရားတို့ ကြိုက်သ
လောက် ယူသွားပါဘုရား၊ ဒီပြာဒါးပြာကို
တော့ ပေးဖို့နေနေသာသာ လက်နဲ့တောင်
အထိမခံနိုင်ပါဘုရား၊ တပည့်တော်မကို
သနားတယ်ဆိုရင် ဒီကပဲလှည့်ပြီး ပြန်
တော်မူပါ၊ ဘရသေ့ကြီးဘုရား"
"သြော်…ဒီလိုလား၊ ဒီလိုဆိုမှဖြင့် ရအောင်
ယူရတော့မှာပေါ့လေ"
ဘရသေ့က သူ့ဆေးတောင်ဝှေးကို ကြမ်း
ပြင်မှာ ဒေါက်ကနဲ မြည်အောင် ထောက်
လိုက်တယ်ဗျ။ ဒီမှာတင် ပတ္တမြားခန်း
ဆောင်ရဲ့ထောင့်လေးထောင့်မှာ ရပ်နေ
တဲ့ တင်းပုတ်ကိုင် ဘီလူးရုပ်ကြီး လေး
ရုပ် အသက်ဝင်လာရောဗျို့။ တင်းပုတ်
ကြီးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး
ကျုပ်တို့ဘက်ကို လျှောက်လာရောဗျာ။
ဒီအချိန်မှာ ဘရသေ့က မျက်စိစုံမှိတ်ပြီး
မန္တန်ရွတ်နေတာဗျ။ ဘရသေ့က မန္တန်
ကို အရပ်လေးမျက်နှာလှည့်ပြီး ရွတ်တာ။
သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဆေးတောင်
ဝှေးကနေ အခိုးအလျှံတွေ ထွက်လာတာ
ဗျို့။ ကျောက်ဘီလူးရုပ်ကြီး လေးကောင်
က တရွေ့ရွေ့နဲ့ ကပ်လာကြတာ ကျုပ်တို့
နဲ့ ဆယ်ပေလောက်ပဲ ကွာတော့တာဗျ။
"ဟိတ်"
ဘရသေ့ ထအော်လိုက်တော့ ဘီလူးရုပ်
ကြီး လေးရုပ်ဟာ လက်ကြီးတွေ မြှောက်
ရက်သားနဲ့ ကျောက်ရုပ်ပြန်ဖြစ်သွားကြ
ရောဗျို့။
"ဟဲ့၊ ဖယ်စမ်း ရွှေဂူရှင်မ"
ဘရသေ့က ပြောပြောဆိုဆိုနဲ့ သူ့တောင်
ဝှေးနဲ့ ရွှေဂူရှင်မဘက်ကို ဝှေ့လိုက်တာ
တောင်ဝှေးက မီးခိုးလုံးကြီး ထွက်သွားပြီး
ရွှေဂူရှင်မဟာ နေရာမှာတင် ခွေကျသွား
ရောဗျို့။ ကျုပ်ဖြင့် ရွှေဂူရှင်မကို သနား
လိုက်တာဗျာ။ပြေးပြီး ပွေ့ထူပေးချင်လိုက်
တာ စိတ်ကို မနည်း ထိန်းထားရတယ်။ဘ
ရသေ့က ရှေ့ဆက်သွားပြီ။ ကျုပ်လည်း
နောက်က ကပ်လိုက်လာတယ်။ဘရသေ့
က ရွှေလှေကား ကိုးထစ်ကို စပြီး တက်
ပြီဗျ။ တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်၊ လေး
ထစ်၊ ငါးထစ်။
"စည်းပေါက်သွားပြီဟေ့၊ ဝိုင်းကြဟေ့၊
ဝိုင်းကြ"
ဂူကြီးတစ်ခုလုံး ဟိန်းထွက်သွားတဲ့ အသံ
ကြီးဗျ။ ကျုပ်လည်း လန့်ပြီး နောက်ကို
လှည့်ကြည့်လိုက်တယ်။
"ဟာ"
ရသေ့သောမက ကျုပ်နောက်မှာ ပါမှမ
လာဘဲ၊သတိမေ့ပြီး လဲကျနေတဲ့ ရွှေဂူရှင်
မကို ရှင်သောမက ပွေ့ထားလို့ပါလား။
"နောင်၊ နောင်၊ နောင်၊ နောင်"
ဟာ ဂူကြီးတစ်ခုလုံး မောင်းတီးသံတွေ
ဆူညံပြီး ကျောက်တုံးကြီးတွေ လိမ့်ကျ
တဲ့ အသံတွေလည်း ကြားရတယ်ဗျာ။
လူတစ်ထောင်လောက် ညာသံပေးပြီး
ပြေးလာတဲ့ ခြေသံတွေ ကြားနေရတယ်။
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တ
ဖျန်းဖျန်းထလို့ဗျာ။
"ဝုန်း၊ ဝေါ၊ ဝေါ"
ဟာ ကျောက်နံရံကြီးတွေမှာ အပေါက်
ကြီးတွေ ပေါ်လာပြီး ရေလုံးကြီးတွေ ပန်း
ထွက်လာရောဗျို့။
"ပြေး၊ ပြေး၊ မောင်တာတေ၊ ပြေးတော့၊
တော်တော် မိုက်တဲ့ သောမ၊ ဒင်းကြောင့်
ဖြစ်ရတာ။ မောင်တာတေ လွတ်အောင်
ပြေးပေတော့ "
မိန်းမဗျာ။ ငွေရောင်အခန်းမှာ တွေ့ခဲ့တဲ့
နတ်မိမယ်တွေ လှတယ်လို့ ထင်ခဲ့တဲ့အ
တွေးဟာ ဘယ်ပျောက်သွားမှန်းကို မသိ
တော့တာပေါ့ဗျာ။ဆင်စွယ်ကို ထုထားတဲ့
ပန်းပုရုပ်ကလေးများလားလို့တောင် ထင်
မိရဲ့ဗျာ။ ပြေပြစ်လှတဲ့ နဖူးပြင်ရဲ့အောက်
မှာ နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုက ဇင်
ယော်တောင်လို ကော့ကော့လေးဗျ။
ဝိုင်းစက်နေတဲ့ မျက်လုံးက မဟူရာလို
နက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တ
လက်လက် တောက်ပနေတယ်။ မျက်ခုံး
နှစ်ခုကြားက ဖြောင့်စင်းတဲ့ နှာတံလေး
ကလေးကိုင်းသဖွယ် နှုတ်ခမ်းကလေးရဲ့
အပေါ်မှာ အဆုံးသတ်ပြီး နီစွေးစွေး နှုတ်
ခမ်းနှစ်မွှာက မပြုံးပေမဲ့ ပြုံးနေသယောင်
ယောင်လေးဗျ။ ခန္ဓာကိုယ်ကလည်း မဆူ
မကြုံ၊ မနိမ့် မမြင့် အလွန်ကို တင့်တယ်
လွန်းလှပါတယ်ဗျာ။
ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေ
တဲ့ ပဒုကြာပန်းပွင့်ကို ကြည့်နေရသလိုပါ
ပဲဗျာ။ သူရပ်နေတဲ့ အနောက်မှာ ရွှေလှေ
ကားထစ်တွေဗျ။
အားလုံးကိုးထစ်ရှိတယ်။ အဲဒီအပေါ်
မှာတော့ ရတနာမျိုးစုံစီခြယ်ထားတဲ့
ရွှေပလ္လင်လေးဗျ။ အမြင့်က ကျုပ်ရင်စို့
လောက် ရှိမယ်၊ အဲဒီရွှေပလ္လင်ပေါ်မှာ
ရွှေကြာပွင့်ကြီးတစ်ပွင့်၊ ရွှေကြာပွင့်ရဲ့
အလယ်က ပန်းဝတ်ဆံနေရာမှာ ရွှေ
ကလပ်တစ်ခုဗျ။ အဲဒီရွှေကလပ်ပေါ်
မှာ ဖန်ပေါင်းချောင်းနဲ့ အုပ်ထားတဲ့
ရွှေကြုတ်ကလေးဗျ။ နှစ်လက်မလုံး
လောက်ရှိပြီး အမြင့်က ခြောက်လက်
မလောက် ရှိမယ်။ ရွှေကြုတ်ရဲ့အပေါ်
မှာ ရုပ်ကြွလေးတွေ ဖော်ထားသေး
သဗျ။ ရသေ့ကြီးရဲ့ မျက်လုံးတွေက
အဲဒီရွှေကြုတ်ကို စိုက်ကြည့်ပြီး မေး
လိုက်တယ်။
"သိုက်နန်းရှင် မဟုတ်လား"
"မှန်ပါ့ဘုရား၊ တပည့်တော်မဟာ ဟောဒီ
ရွှေဂူသိုက်နန်းကြီးရဲ့သိုက်နန်းရှင်ပါဘုရား"
"အော်၊ အော်၊ ရွှေဂူရှင်မ နန်းကြာမုံ ဆို
တာ ဒကာမလေးပေါ့"
"ဟုတ်ပါတယ်ဘုရား၊ တပည့်တော် ရွှေ
ဂူရှင်မ နန်းကြာမုံပါဘုရား၊ ဒီပြဒါးပြာ
သိုက်ကို စောင့်ရတဲ့သူပါဘုရား"
ဘရသေ့က ခေါင်းညိတ်ပြလိုက်ပြီး ပြော
တယ်ဗျ။
"ဒီမှာ ရွှေဂူရှင်မ နန်းကြာမုံ၊ ဘရသေ့
ထွက်ရပ်လမ်းကို မြန်းကြွဖို့ရာ ဟောဒီ
ပြဒါးပြာရမှ ဖြစ်မှာမို့ ဟောဟိုက ကြာ
ကလပ်ပေါ်မှာ တင်ထားတဲ့ ပြဒါးပြာရွှေ
ကြုတ်ကို အလှူခံပါတယ် ဒကာမလေး"
"ဒီပြဒါးပြာဟာ လှူလို့လည်း မရ၊ ပေး
လို့လည်း မရတဲ့အရာပါဘုရား၊ အထက်
က ဘိုးဘိုးကြီးဘုရားတို့ရဲ့ အမိန့်အရ အ
သက်ပေးပြီး ကာကွယ်ရမှာပါဘုရား၊ တ
ပည့်တော်မ အနူးအညွတ် တောင်းပန်ပါ
တယ်။ ရွှေ၊ ငွေ၊ ရတနာ၊ ကျောက်သံပတ္တ
မြားတွေကို အရှင်ဘုရားတို့ ကြိုက်သ
လောက် ယူသွားပါဘုရား၊ ဒီပြာဒါးပြာကို
တော့ ပေးဖို့နေနေသာသာ လက်နဲ့တောင်
အထိမခံနိုင်ပါဘုရား၊ တပည့်တော်မကို
သနားတယ်ဆိုရင် ဒီကပဲလှည့်ပြီး ပြန်
တော်မူပါ၊ ဘရသေ့ကြီးဘုရား"
"သြော်…ဒီလိုလား၊ ဒီလိုဆိုမှဖြင့် ရအောင်
ယူရတော့မှာပေါ့လေ"
ဘရသေ့က သူ့ဆေးတောင်ဝှေးကို ကြမ်း
ပြင်မှာ ဒေါက်ကနဲ မြည်အောင် ထောက်
လိုက်တယ်ဗျ။ ဒီမှာတင် ပတ္တမြားခန်း
ဆောင်ရဲ့ထောင့်လေးထောင့်မှာ ရပ်နေ
တဲ့ တင်းပုတ်ကိုင် ဘီလူးရုပ်ကြီး လေး
ရုပ် အသက်ဝင်လာရောဗျို့။ တင်းပုတ်
ကြီးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး
ကျုပ်တို့ဘက်ကို လျှောက်လာရောဗျာ။
ဒီအချိန်မှာ ဘရသေ့က မျက်စိစုံမှိတ်ပြီး
မန္တန်ရွတ်နေတာဗျ။ ဘရသေ့က မန္တန်
ကို အရပ်လေးမျက်နှာလှည့်ပြီး ရွတ်တာ။
သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဆေးတောင်
ဝှေးကနေ အခိုးအလျှံတွေ ထွက်လာတာ
ဗျို့။ ကျောက်ဘီလူးရုပ်ကြီး လေးကောင်
က တရွေ့ရွေ့နဲ့ ကပ်လာကြတာ ကျုပ်တို့
နဲ့ ဆယ်ပေလောက်ပဲ ကွာတော့တာဗျ။
"ဟိတ်"
ဘရသေ့ ထအော်လိုက်တော့ ဘီလူးရုပ်
ကြီး လေးရုပ်ဟာ လက်ကြီးတွေ မြှောက်
ရက်သားနဲ့ ကျောက်ရုပ်ပြန်ဖြစ်သွားကြ
ရောဗျို့။
"ဟဲ့၊ ဖယ်စမ်း ရွှေဂူရှင်မ"
ဘရသေ့က ပြောပြောဆိုဆိုနဲ့ သူ့တောင်
ဝှေးနဲ့ ရွှေဂူရှင်မဘက်ကို ဝှေ့လိုက်တာ
တောင်ဝှေးက မီးခိုးလုံးကြီး ထွက်သွားပြီး
ရွှေဂူရှင်မဟာ နေရာမှာတင် ခွေကျသွား
ရောဗျို့။ ကျုပ်ဖြင့် ရွှေဂူရှင်မကို သနား
လိုက်တာဗျာ။ပြေးပြီး ပွေ့ထူပေးချင်လိုက်
တာ စိတ်ကို မနည်း ထိန်းထားရတယ်။ဘ
ရသေ့က ရှေ့ဆက်သွားပြီ။ ကျုပ်လည်း
နောက်က ကပ်လိုက်လာတယ်။ဘရသေ့
က ရွှေလှေကား ကိုးထစ်ကို စပြီး တက်
ပြီဗျ။ တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်၊ လေး
ထစ်၊ ငါးထစ်။
"စည်းပေါက်သွားပြီဟေ့၊ ဝိုင်းကြဟေ့၊
ဝိုင်းကြ"
ဂူကြီးတစ်ခုလုံး ဟိန်းထွက်သွားတဲ့ အသံ
ကြီးဗျ။ ကျုပ်လည်း လန့်ပြီး နောက်ကို
လှည့်ကြည့်လိုက်တယ်။
"ဟာ"
ရသေ့သောမက ကျုပ်နောက်မှာ ပါမှမ
လာဘဲ၊သတိမေ့ပြီး လဲကျနေတဲ့ ရွှေဂူရှင်
မကို ရှင်သောမက ပွေ့ထားလို့ပါလား။
"နောင်၊ နောင်၊ နောင်၊ နောင်"
ဟာ ဂူကြီးတစ်ခုလုံး မောင်းတီးသံတွေ
ဆူညံပြီး ကျောက်တုံးကြီးတွေ လိမ့်ကျ
တဲ့ အသံတွေလည်း ကြားရတယ်ဗျာ။
လူတစ်ထောင်လောက် ညာသံပေးပြီး
ပြေးလာတဲ့ ခြေသံတွေ ကြားနေရတယ်။
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တ
ဖျန်းဖျန်းထလို့ဗျာ။
"ဝုန်း၊ ဝေါ၊ ဝေါ"
ဟာ ကျောက်နံရံကြီးတွေမှာ အပေါက်
ကြီးတွေ ပေါ်လာပြီး ရေလုံးကြီးတွေ ပန်း
ထွက်လာရောဗျို့။
"ပြေး၊ ပြေး၊ မောင်တာတေ၊ ပြေးတော့၊
တော်တော် မိုက်တဲ့ သောမ၊ ဒင်းကြောင့်
ဖြစ်ရတာ။ မောင်တာတေ လွတ်အောင်
ပြေးပေတော့ "
အပိုင်း(၇)ဆက်ရန်...
မူရင်းရေးသားသူ = တာတေ
Comments
Post a Comment