ဝါးဘီလူးတောင် အပိုင်း(၄)
မျက်ပြူးအစ်ကို အောင်ဆင့်က နားနည်း
နည်းလေးတယ်ဗျ။ ကျုပ်တို့ပြောတာကို
မကြားတဲ့အခါဆိုရင် နားနောက်မှာ၊ သူ့
လက်ဝါးလေးနဲ့ ကာပြီး နားထောင်တာ
ဗျ။ထန်းရည်ဝိုင်းက ခဏလေးတိတ်သွား
တယ်။ထန်းရည်ခွက်ကို လှည့်ပြီးသောက်
နေကြတာဗျ။ပြီးတော့ ငှက်လိုလို၊ လူလို
လို၊သတ္တဝါအကြောင်းကိုလည်း တွေးနေ
ကြတယ် တူပါရဲ့ဗျာ။
ကျုပ်နားထဲမှာတော့ ကိုကြီးတောင်လုံး
ရဲ့အဘပြောတယ်ဆိုတဲ့။"ငေါင်း ခြေ
တစ်ချောင်း မစားကောင်း"ဆိုတာကို
ပဲ ကြားနေတာဗျ။
"လာမယ့်တစ်ပတ်ကြာရင်တော့ ဘယ်
သူမှ မသွားရဲတဲ့ ဝါးဘီလူးတောင်ကို
တက်ပြီး အမဲပစ်မလို့ကွ"
ကိုတောင်လုံးက ဆေးပေါ့လိပ်ကလေး
ဖွာရင်း ပြောတယ်ဗျ။
"ဟာ ကိုကြီးတောင်လုံးကလည်း ဝါး
ဘီလူးတောင်ဆိုတာ ဘယ်သူမှ တက်
ဝံတာ မဟုတ်ဘူးဗျ၊ကျုပ်တို့အဘလည်း
အမြဲပြောတယ်၊ ဝါးဘီလူးတောင်ကို
ဘယ်တော့မှ မတက်ဖို့ပေါ့ဗျာ"
ဘန့်ဘွေးကုန်းက သိန်းဇော်ကလည်း
ကိုကြီးတောင်လုံးကို ပြောတယ်
"အဲဒါ ပြောတာပေါ့ သိန်းဇော်ရ၊ မင်း
တို့ ငါတို့ရွာမှာရော အနီးအနားက တ
ခြားရွာတွေမှာရော ရှေးကလူကြီးတွေ
မှာခဲ့လို့ ဆိုပြီး ဝါးဘီလူးတောင်ကို မ
သွားရဘူးပဲ မှတ်ထားတာကွ။ ဘာဖြစ်
လို့ မသွားခိုင်းတာလဲလို့ မေးရင် ဘယ်
သူမှ တိတိကျကျ ပြောနိုင်တာ မရှိဘူး
ကွ။ ငါကတော့ မြားလုပ်ဖို့ ဝါးကောင်း
ကောင်းလိုချင်ရင် အဲဒီတောင်ကို တက်
ပြီး ခုတ်တာပဲကွ။ တစ်ခါတစ်လေ ဝါး
ခုတ်ရင်း ယုန်နှစ်ကောင် သုံးကောင်
လောက်တောင် ပစ်ခဲ့သေးတယ်။ အဲ
ဒီတောင်ကို လူတွေ မရောက်တော့
တောကထူပြီး ပိတ်နေတာ။ သား
ကောင်ဆိုတာ ပေါမှပေါပဲဟေ့။
ဒီဘက်တောင်တွေမှာက သားကောင်
နည်းနည်း ရှားနေတယ်ကွ။ ဒါကြောင့်
ဝါးဘီလူးတောင်ကို တက်မှကိုဖြစ်မှာ"
"ကိုကြီးတောင်လုံး ခင်ဗျား တကယ်
ဝါးဘီလူးတောင်ကို တက်မှာလား"
ကျုပ်က ကိုတောင်လုံးကို အားတက်
သရော မေးလိုက်ရောဗျို့။
"ဟာ တာတေကလည်း တက်ပါမယ်
ဆိုမွကြာ"
"ဒါဆိုရင် ကျုပ်အဖော်လိုက်ခဲ့မယ်။
ကျုပ်လည်း တစ်ခါမှ မရောက်ဖူးဘူး
ဗျ၊ လူကြီးတွေက မသွားဖို့ အမြဲတား
တဲ့ အဲဒီနေရာကို ရောက်အောင်သွား
ပြီး ကြည့်ချင်နေတာကြာပြီဗျ။ပြီးတော့ ကိုကြီးတောင်လုံးနဲ့ဆိုရင် ကျုပ်က မ
လိုက်ရဲစရာ အကြောင်း ဘာမှမရှိဘူး
ပေါ့ဗျာ"
ကျန်တဲ့ကောင်တွေက ကျုပ်ကို ကြည့်
ပြီး ခေါင်းညိတ်ကြတယ်။
"တာတေရာ မင်းကတော့ စပ်စုရမယ်
ဆိုရင် ဝါးဘီလူးတောင်လောက် မဟုတ်
ဘူး၊ တာဝတိ ံသာနတ်ပြည်အထိ တက်
ဆိုလည်း တက်မယ့်ကောင်ပဲ"
ကိုဘိုကေက ကျုပ်ကို မှတ်ချက်ချတယ်။
ထန်းရည်ဝိုင်းသိမ်းတော့ ကိုတောင်လုံးနဲ့
ကျုပ်နဲ့ ဝါးဘီလူးတောင်တက်ဖို့ အစီအ
စဉ် ဆွဲကြတယ်။
"ကဲ တာတေ၊ မင်းလိုက်ဖို့ အဆင်သင့်
ပြင်ထား၊ အခု လာမယ့် အင်္ဂါနေ့မှာ
မနက်စောစောထပြီး ဝါးဘီလူးတောင်
တက်ကြမယ်"
"စိတ်ချ ကိုကြီးတောင်လုံး၊ တာတေတို့
က ဒါမျိုးဆိုရင် ဝီရိယရှိပြီးသားဗျ။ ဒါပေ
မဲ့ အိမ်က အဘတို့ အမေတို့ မသိအောင်
တော့ သွားရမှာဗျ။ ဝါးဘီလူးတောင်ကို
မတက်ဖို့ ပြောတဲ့ အထဲမှာ ကျုပ်အဘ
လည်း ပါတယ်ဗျို့။ တခြားတောင်ကို
လမ်းပြပြီး ပြောရမှာပေါ့ဗျာ"
အင်္ဂါနေ့ ရောက်တော့ ကိုတောင်လုံးနဲ့
ကျုပ်နဲ့ ချိန်းထားတဲ့ ရွာပြင်မှာ ဆုံပြီး
ရိုးမဘက်ကို သုတ်ခြေတင်ခဲ့ကြတာ
ပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် ဆုံတာ
နဲ့ ကပ္ပလီစုကို ဦးတည်လိုက်တယ်။
ရွာထဲတော့ မဝင်ဘူးဗျ။ရွာပြင်က ပဲ
ခင်းကို ဖြတ်လျှောက်ကြတယ်။ အ
လယ်ရိုးမကို ကပ္ပလီစုနောက်ကျော
က တက်ရင် ဝါးဘီလူးတောင်ကို
အနီးလေးဗျ။
ကိုတောင်လုံးက မုဆိုးပဲဗျာ။ လမ်းကတော့ ကျွမ်းပြီးသားဗျ။ နေထန်းတစ်ဖျားရောက်တာနဲ့ ကျုပ်တို့နှစ်ယောက်တောင်သုံးလုံးကျော်ပြီး ဝါးဘီလူးတောင်တစ်ဝက်တောင် ရောက်လို့ဗျ။
တောင်ထိပ်မရောက်ခင်မှာ ကိုတောင်လုံးက ခဏလောက်နားခိုင်းတယ်။ပြီးတော့ သူယူလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ယုန်သားကင်ကို ကျွေးတယ်။ ကိုတောင်လုံးဆိုတဲ့လူက အမဲရအောင်ပစ်နိုင်ရုံတင်မကဘူးဗျ။ အမဲကို အရသာရှိအောင်လည်း ချက်တတ်ပြုတ်တဲ့လူပါဗျာ။
ကျုပ်တို့နှစ်ယောက် စားသောက်ပြီး
တာနဲ့ တောင်ပေါ်ကို ဆက်ပြီးတက်
ကြတယ်။ တစ်နေရာရောက်တော့
ကိုတောင်လုံးက တုံ့ကနဲ ရပ်လိုက်
တယ်။နောက်က လိုက်လာတဲ့ ကျုပ်
ကိုလည်း လက်ကာပြပြီး ရပ်ခိုင်းလိုက်
တယ်။ ယုန်ကျားကြီးဗျ။ ခြံကွယ်မှာ
ဝပ်ပြီး မြေကြီးထဲက သစ်ဥတစ်မျိုး
ကို ယက်ထုတ်ပြီး စားနေတာဗျ။
မျက်စိကလည်း ဟိုကြည့်ဒီကြည့်နဲ့
ပေါ့ဗျာ။ ဒါပေမဲ့ လူနှစ်ဖက်လောက်
ရှိတဲ့ ညောင်မုတ်ဆိတ်ပင်ကြီးနောက်
မှာ ကွယ်နေတဲ့ ကျုပ်တို့ကိုတော့ ယုန်
ကြီးက မမြင်ဘူးဗျ။ ကိုတောင်လုံးက
ယုန်သားလွှတ်ကြိုက်တဲ့ လူဆိုတာ
ကျုပ်က သိပြီးသားဗျ။ကျည်တောက်
ထဲက မြားတစ်ချောင်းကို တန်းပြီးဆွဲ
ထုတ်တော့တာဗျို့။
"ဖုန်း၊ အစ်"
"ဟာ"
ကိုတောင်လုံး မြားထုတ်ပြီးရုံပဲ ရှိသေး
တယ်။'ဖုန်း'ဆိုတဲ့ အသံကြီး ကြားလို့
ကျုပ်တို့နှစ်ယောက် လှမ်းကြည့်လိုက်
တော့ 'အစ်'ဆိုတဲ့ အော်သံကြီးနဲ့ ယုန်
ကြီးက စန့်စန့်ကြီး ဖြစ်နေရောဗျို့။
'ဟာ'ဆိုတာက ကျုပ်ပါးစပ်က အံ့သြ
ပြီး ထွက်သွားတဲ့ အသံဗျ။
"ဟင်"
ဒါကတော့ ကိုတောင်လုံး ပါးစပ်က ထွက်လာတဲ့ အာမေဋိတ်သံဗျ။ ကျုပ်ကတော့ အံ့သြလွန်းလို့ အသံတောင်မထွက်နိုင်တော့ပါဘူးဗျာ။ ပါးစပ်ကြီး
ပဲ ဟနေတော့တာဗျို့။ ဘာဖြစ်လို့တုံးဆိုတော့မြေကြီးပေါ်မှာ စန့်စန့်ကြီးဖြစ်နေတဲ့ ယုန်ကျားကြီးကို တစ်ယောက်ယောက်က ဆွဲယူသွားလို့ဗျို့။
နည်းလေးတယ်ဗျ။ ကျုပ်တို့ပြောတာကို
မကြားတဲ့အခါဆိုရင် နားနောက်မှာ၊ သူ့
လက်ဝါးလေးနဲ့ ကာပြီး နားထောင်တာ
ဗျ။ထန်းရည်ဝိုင်းက ခဏလေးတိတ်သွား
တယ်။ထန်းရည်ခွက်ကို လှည့်ပြီးသောက်
နေကြတာဗျ။ပြီးတော့ ငှက်လိုလို၊ လူလို
လို၊သတ္တဝါအကြောင်းကိုလည်း တွေးနေ
ကြတယ် တူပါရဲ့ဗျာ။
ကျုပ်နားထဲမှာတော့ ကိုကြီးတောင်လုံး
ရဲ့အဘပြောတယ်ဆိုတဲ့။"ငေါင်း ခြေ
တစ်ချောင်း မစားကောင်း"ဆိုတာကို
ပဲ ကြားနေတာဗျ။
"လာမယ့်တစ်ပတ်ကြာရင်တော့ ဘယ်
သူမှ မသွားရဲတဲ့ ဝါးဘီလူးတောင်ကို
တက်ပြီး အမဲပစ်မလို့ကွ"
ကိုတောင်လုံးက ဆေးပေါ့လိပ်ကလေး
ဖွာရင်း ပြောတယ်ဗျ။
"ဟာ ကိုကြီးတောင်လုံးကလည်း ဝါး
ဘီလူးတောင်ဆိုတာ ဘယ်သူမှ တက်
ဝံတာ မဟုတ်ဘူးဗျ၊ကျုပ်တို့အဘလည်း
အမြဲပြောတယ်၊ ဝါးဘီလူးတောင်ကို
ဘယ်တော့မှ မတက်ဖို့ပေါ့ဗျာ"
ဘန့်ဘွေးကုန်းက သိန်းဇော်ကလည်း
ကိုကြီးတောင်လုံးကို ပြောတယ်
"အဲဒါ ပြောတာပေါ့ သိန်းဇော်ရ၊ မင်း
တို့ ငါတို့ရွာမှာရော အနီးအနားက တ
ခြားရွာတွေမှာရော ရှေးကလူကြီးတွေ
မှာခဲ့လို့ ဆိုပြီး ဝါးဘီလူးတောင်ကို မ
သွားရဘူးပဲ မှတ်ထားတာကွ။ ဘာဖြစ်
လို့ မသွားခိုင်းတာလဲလို့ မေးရင် ဘယ်
သူမှ တိတိကျကျ ပြောနိုင်တာ မရှိဘူး
ကွ။ ငါကတော့ မြားလုပ်ဖို့ ဝါးကောင်း
ကောင်းလိုချင်ရင် အဲဒီတောင်ကို တက်
ပြီး ခုတ်တာပဲကွ။ တစ်ခါတစ်လေ ဝါး
ခုတ်ရင်း ယုန်နှစ်ကောင် သုံးကောင်
လောက်တောင် ပစ်ခဲ့သေးတယ်။ အဲ
ဒီတောင်ကို လူတွေ မရောက်တော့
တောကထူပြီး ပိတ်နေတာ။ သား
ကောင်ဆိုတာ ပေါမှပေါပဲဟေ့။
ဒီဘက်တောင်တွေမှာက သားကောင်
နည်းနည်း ရှားနေတယ်ကွ။ ဒါကြောင့်
ဝါးဘီလူးတောင်ကို တက်မှကိုဖြစ်မှာ"
"ကိုကြီးတောင်လုံး ခင်ဗျား တကယ်
ဝါးဘီလူးတောင်ကို တက်မှာလား"
ကျုပ်က ကိုတောင်လုံးကို အားတက်
သရော မေးလိုက်ရောဗျို့။
"ဟာ တာတေကလည်း တက်ပါမယ်
ဆိုမွကြာ"
"ဒါဆိုရင် ကျုပ်အဖော်လိုက်ခဲ့မယ်။
ကျုပ်လည်း တစ်ခါမှ မရောက်ဖူးဘူး
ဗျ၊ လူကြီးတွေက မသွားဖို့ အမြဲတား
တဲ့ အဲဒီနေရာကို ရောက်အောင်သွား
ပြီး ကြည့်ချင်နေတာကြာပြီဗျ။ပြီးတော့ ကိုကြီးတောင်လုံးနဲ့ဆိုရင် ကျုပ်က မ
လိုက်ရဲစရာ အကြောင်း ဘာမှမရှိဘူး
ပေါ့ဗျာ"
ကျန်တဲ့ကောင်တွေက ကျုပ်ကို ကြည့်
ပြီး ခေါင်းညိတ်ကြတယ်။
"တာတေရာ မင်းကတော့ စပ်စုရမယ်
ဆိုရင် ဝါးဘီလူးတောင်လောက် မဟုတ်
ဘူး၊ တာဝတိ ံသာနတ်ပြည်အထိ တက်
ဆိုလည်း တက်မယ့်ကောင်ပဲ"
ကိုဘိုကေက ကျုပ်ကို မှတ်ချက်ချတယ်။
ထန်းရည်ဝိုင်းသိမ်းတော့ ကိုတောင်လုံးနဲ့
ကျုပ်နဲ့ ဝါးဘီလူးတောင်တက်ဖို့ အစီအ
စဉ် ဆွဲကြတယ်။
"ကဲ တာတေ၊ မင်းလိုက်ဖို့ အဆင်သင့်
ပြင်ထား၊ အခု လာမယ့် အင်္ဂါနေ့မှာ
မနက်စောစောထပြီး ဝါးဘီလူးတောင်
တက်ကြမယ်"
"စိတ်ချ ကိုကြီးတောင်လုံး၊ တာတေတို့
က ဒါမျိုးဆိုရင် ဝီရိယရှိပြီးသားဗျ။ ဒါပေ
မဲ့ အိမ်က အဘတို့ အမေတို့ မသိအောင်
တော့ သွားရမှာဗျ။ ဝါးဘီလူးတောင်ကို
မတက်ဖို့ ပြောတဲ့ အထဲမှာ ကျုပ်အဘ
လည်း ပါတယ်ဗျို့။ တခြားတောင်ကို
လမ်းပြပြီး ပြောရမှာပေါ့ဗျာ"
အင်္ဂါနေ့ ရောက်တော့ ကိုတောင်လုံးနဲ့
ကျုပ်နဲ့ ချိန်းထားတဲ့ ရွာပြင်မှာ ဆုံပြီး
ရိုးမဘက်ကို သုတ်ခြေတင်ခဲ့ကြတာ
ပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် ဆုံတာ
နဲ့ ကပ္ပလီစုကို ဦးတည်လိုက်တယ်။
ရွာထဲတော့ မဝင်ဘူးဗျ။ရွာပြင်က ပဲ
ခင်းကို ဖြတ်လျှောက်ကြတယ်။ အ
လယ်ရိုးမကို ကပ္ပလီစုနောက်ကျော
က တက်ရင် ဝါးဘီလူးတောင်ကို
အနီးလေးဗျ။
ကိုတောင်လုံးက မုဆိုးပဲဗျာ။ လမ်းကတော့ ကျွမ်းပြီးသားဗျ။ နေထန်းတစ်ဖျားရောက်တာနဲ့ ကျုပ်တို့နှစ်ယောက်တောင်သုံးလုံးကျော်ပြီး ဝါးဘီလူးတောင်တစ်ဝက်တောင် ရောက်လို့ဗျ။
တောင်ထိပ်မရောက်ခင်မှာ ကိုတောင်လုံးက ခဏလောက်နားခိုင်းတယ်။ပြီးတော့ သူယူလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ယုန်သားကင်ကို ကျွေးတယ်။ ကိုတောင်လုံးဆိုတဲ့လူက အမဲရအောင်ပစ်နိုင်ရုံတင်မကဘူးဗျ။ အမဲကို အရသာရှိအောင်လည်း ချက်တတ်ပြုတ်တဲ့လူပါဗျာ။
ကျုပ်တို့နှစ်ယောက် စားသောက်ပြီး
တာနဲ့ တောင်ပေါ်ကို ဆက်ပြီးတက်
ကြတယ်။ တစ်နေရာရောက်တော့
ကိုတောင်လုံးက တုံ့ကနဲ ရပ်လိုက်
တယ်။နောက်က လိုက်လာတဲ့ ကျုပ်
ကိုလည်း လက်ကာပြပြီး ရပ်ခိုင်းလိုက်
တယ်။ ယုန်ကျားကြီးဗျ။ ခြံကွယ်မှာ
ဝပ်ပြီး မြေကြီးထဲက သစ်ဥတစ်မျိုး
ကို ယက်ထုတ်ပြီး စားနေတာဗျ။
မျက်စိကလည်း ဟိုကြည့်ဒီကြည့်နဲ့
ပေါ့ဗျာ။ ဒါပေမဲ့ လူနှစ်ဖက်လောက်
ရှိတဲ့ ညောင်မုတ်ဆိတ်ပင်ကြီးနောက်
မှာ ကွယ်နေတဲ့ ကျုပ်တို့ကိုတော့ ယုန်
ကြီးက မမြင်ဘူးဗျ။ ကိုတောင်လုံးက
ယုန်သားလွှတ်ကြိုက်တဲ့ လူဆိုတာ
ကျုပ်က သိပြီးသားဗျ။ကျည်တောက်
ထဲက မြားတစ်ချောင်းကို တန်းပြီးဆွဲ
ထုတ်တော့တာဗျို့။
"ဖုန်း၊ အစ်"
"ဟာ"
ကိုတောင်လုံး မြားထုတ်ပြီးရုံပဲ ရှိသေး
တယ်။'ဖုန်း'ဆိုတဲ့ အသံကြီး ကြားလို့
ကျုပ်တို့နှစ်ယောက် လှမ်းကြည့်လိုက်
တော့ 'အစ်'ဆိုတဲ့ အော်သံကြီးနဲ့ ယုန်
ကြီးက စန့်စန့်ကြီး ဖြစ်နေရောဗျို့။
'ဟာ'ဆိုတာက ကျုပ်ပါးစပ်က အံ့သြ
ပြီး ထွက်သွားတဲ့ အသံဗျ။
"ဟင်"
ဒါကတော့ ကိုတောင်လုံး ပါးစပ်က ထွက်လာတဲ့ အာမေဋိတ်သံဗျ။ ကျုပ်ကတော့ အံ့သြလွန်းလို့ အသံတောင်မထွက်နိုင်တော့ပါဘူးဗျာ။ ပါးစပ်ကြီး
ပဲ ဟနေတော့တာဗျို့။ ဘာဖြစ်လို့တုံးဆိုတော့မြေကြီးပေါ်မှာ စန့်စန့်ကြီးဖြစ်နေတဲ့ ယုန်ကျားကြီးကို တစ်ယောက်ယောက်က ဆွဲယူသွားလို့ဗျို့။
အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသူ = တာတေ
Comments
Post a Comment