ဝါးဘီလူးတောင် အပိုင်း(၆)



ကျုပ်က ကိုကြီးတောင်လုံးပြတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။

"အို"

ကျုပ်စိတ်ထင်ပြောရရင်တော့ ကျုပ်မျက်လုံးတွေဟာ ပုစွန်မျက်လုံးလိုကိုပြူးထွက်သွားတယ် ထင်တာပဲဗျာ။ ကျုပ်တစ်သက်မပြောနဲ့၊ ကျုပ်ကိုမွေးတဲ့ ကျုပ်အဘနဲ့ ကျုပ်အမေတစ်သက်တောင်မှာ မြင်ဖူးမှာ မဟုတ်ဘူးဗျ။ဝါးပင်ကြီးဗျာ။ယောက်ျားကြီး ငါးယောက်လောက် လက်ချင်းဆက်ပြီး ဖက်လို့ရတဲ့အရွယ်ဗျ။

ပြောရရင်တော့ ယောက်ျားကြီး ငါးဖက်စာပေါ့ဗျာ။ကျုပ်မော့ကြည့်တယ်။ဝါးပင်ရဲ့ အမြင့်က တစ်တောလုံးကိုကျုပ်ထွက်သွားတာဗျို့။သေသေချာချာ ကြည့်တော့မှ ကျုပ်တို့လိုက်နေတဲ့ ဧရာမလူခြေရာကြီးက အဲဒီဝါးပင်ကြီးမှာ ဆုံးသွားတာဗျ။ ကျုပ်ကို ဘိုးပေတလူ ပြောဖူးတယ်။ဘုံဘဝချင်းမတူတဲ့ သတ္တဝါတွေဟာ တစ်နေရာတည်းမှာ အတူတူ သွားလာနေကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မမြင်ကြရဘူးတဲ့ဗျ။အခုလည်း ဒီလိုဖြစ်နေပြီထင်တယ်ဗျို့။စကောလောက်ကြီးတဲ့ ခြေရာ
ပိုင်ရှင်ကြီးကလည်း ကျုပ်တို့နားမှာသွားလာနေပေမယ့် ကျုပ်တို့ကို မြင်ပုံမရဘူးဗျ။ ကျုပ်တို့ကလည်း သူ့ကို မမြင်ဘူး။ ဒါဆိုရင် သူနဲ့ ကျုပ်တို့နဲ့ဟာ ဘုံဘဝချင်း မတူကြလို့ရှိမှာဗျ။ တာတေဆိုတဲ့ ကျုပ်ကလည်း ဘာမဆို တွေ့ချင်မြင်ချင် ကြည့်ချင်တဲ့
အကောင်ဗျ။

ကိုတောင်လုံး လွယ်ထားတဲ့ ရေဘူးကို ကျုပ်တောင်းလိုက်ပြီးတော့ စလွယ်သိုင်းလွယ်ထားတဲ့ ဆေးလွယ်အိတ်ထဲက ကျောက်ပျဉ်ချပ်တစ်ချပ်ကလေးကို ထုတ်ယူလိုက်တယ်။ကျုပ်လည်ပင်းမှာ ဆွဲထားတဲ့ အိတ်ရှုံ့ကလေးထဲက မျက်ကွင်းဆေးကိုထုတ်ယူလိုက်တယ်။ ကျောက်ပျဉ်ပေါ်မှာ သွေးပြီး ကျုပ်မျက်လုံးတွေကိုလည်း ကွင်းလိုက်တယ်။

"ကဲ ကိုကြီးတောင်လုံး၊ ရှေ့ဆက်တိုးဗျာ၊ ခင်ဗျားဒူးလေးမှာ မြားအဆင်သင့် ထည့်ထားဗျာ"

ကိုကြီးတောင်လုံးက သူ့ဒူးလေးကိုလေးကြိုးတင်ပြီး အဆိပ်လူးမြားတစ်ချောင်းကို အဆင်သင့်ချိန်ပြီးကိုတောင်လုံးက ရှေ့ကသွားပြီးကျုပ်က နောက်ကလိုက်တယ်။ဧရာမဝါးပင်ကြီးကိုကျော်ပြီး ခြေလှမ်းသုံးဆယ်လောက်သွားမိတော့ကိုတောင်လုံးက မြေပြင်ပေါ်ကိုဖြတ်ကနဲ ထိုင်ချလိုက်တယ်။

"ကိုကြီးတောင်လုံး ဘာတုံးဗျ"

"ဆတ်ကြီးက ဟိုရှေ့နားလေးမှာ
တင်ကွ"

ဟုတ်ပါ့ဗျာ။ ဆတ်ဖားကြီးဗျို့။အတော်
လေး ကြီးသားဗျ။ ကိုကြီးတောင်လုံးက
ခြုံကြီးထဲကနေ အသံမမြည်အောင်တိုး
ပြီး ဆတ်နဲ့ နီးနိုင်သမျှ နီးအောင် တိုး
သွားတယ်။ဟော မုဆိုးထိုင်ထိုင်ပြီး ဒူး
လေးကို ချိန်ပြီဗျို့။ ဆတ်က သစ်တို
သီးတွေ စားနေတာဗျ။ ကိုတောင်လုံး
ကို နည်းနည်းမှကို သတိထားမိပုံ မ
ပေါ်ဘူး။ ကိုတောင်လုံးက ဒူးလေးကို
စိတ်တိုင်းကျချိန်တယ်။ ချိန်လို့ ကျေ
နပ်ပြီဆိုတော့မှ…

"ဝှစ်"

ပစ်ပြီဗျို့။ ပစ်ပြီ။ မြားက လေးညှိုက
နေ ကန်ထွက်သွားတယ်။'ဝှစ်'ကနဲ
မြည်ပြီး ပြေးထွက်သွားတဲ့ မြားက
ဆတ်ရဲ့လက်ပြင်ကို ဖောက်ဝင်သွား
တယ်ဗျ။ဆတ်က လန့်ပြီး ထခုန်တယ်
ဒါပေမဲ့ ကိုတောင်လုံးက ဒေါင်းသည်း
ခြေအဆိပ်သုံးတာဆိုတော့ ရှေ့ကို
ခြေတစ်လှမ်း နှစ်လှမ်းပဲ ပြေးနိုင်
တယ်။ ဆတ်ကြီးက ဘုန်းကနဲ လဲ
ကျပြီး အကြောတွေ ဆွဲနေတယ်ဗျ။

ကိုတောင်လုံးက အနေတော်ဝါးတစ်
လုံးခုတ်လိုက်တယ်။ပြီးတော့ နွယ်ကြိုး
ဆွဲတယ်။ဆတ်ကလည်း ငြိမ်သွားပြီ။
ခြေနှစ်ချောင်းနဲ့ လက်နှစ်ချောင်းကို
နွယ်ကြိုးနဲ့ ခိုင်ခိုင်ချည်ပြီး ဝါးလုံးလျှို
တယ်။ သူနဲ့ ကျုပ်နဲ့ ရှေ့နောက်ထမ်း
ဖို့ပေါ့ဗျာ။ မုဆိုးဆိုတော့ သားကောင်
ရတာနဲ့ ပျော်နေတာဗျို့။ဘာကိုမှ သ
တိမရတော့ဘူး။ ဒီတုန်းမှာပဲ ဝါးတော
ကြီး တစ်ခုလုံး လေမတိုက်ဘဲ တဝေါ
ဝေါ မြည်လာရောဗျို့။

"ဟာ ဘာဖြစ်တာတုံးဗျ"

"တာတေ သတိထားတော့၊ ဒါ တော
ခြောက်တာကွ"

တဝေါဝေါမြည်တဲ့ အသံက အရှေ့ဘက်က ထွက်လာလိုက်၊ အနောက်ဘက်ရောက်သွားလိုက်၊ တောင်ဘက်က မြည်လိုက်၊ မြောက်ဘက်က မြည်လိုက်နဲ့ ဖြစ်နေတာဗျို့။ ကျုပ်ကလည်းမျက်ကွင်းဆေးကွင်းထားတာဆိုတော့အရပ်လေးမျက်နှာကို လိုက်ကြည့်တာပဲဗျ။ ဒါပေမဲ့ ဘာကိုမှ မမြင်ဘူး။ဟောရပ်သွားပြီဗျို့။တောခြောက်တဲ့အသံတွေ ရပ်သွားပြီး…

"ဝေါင်း ဝေါင်း ဝေါင်း"

"ဟာ ဒါကျားသံမို့လားဗျ ကိုကြီးတောင်လုံးရဲ့"

"အေး ဟုတ်တယ် တာတေ၊ ဒါပေမဲ့ ဒီတောထဲမှာ ကျားမရှိဘူးကွ၊ ဒါလည်းတောခြောက်တာပဲဖြစ်မယ်"

ကျုပ်လည်း ကျားဟိန်းတဲ့အသံကိုနားစွင့်နေရတာပေါ့ဗျာ၊ ကျားကကျုပ်တို့နဲ့ နီးလာပြီဗျ

"ဝေါင်း ဝေါင်း ဝေါင်း  ဝေါင်း"

ဟိန်းတဲ့အသံက တဖြည်းဖြည်း ကျုပ်တို့နဲ့ နီးလာပြီး ကျုပ်တို့ကို လှည့်ပတ်ချောင်းနေတဲ့ ပုံစံဗျ။

"တာတေ မကြောက်နဲ့၊ ဒါ ကျားမဟုတ်ဘူး၊ နာနာဘာဝ လှည့်စားတာကွ"

"မကြောက်ပါဘူး ကိုကြီးတောင်လုံးရဲ့"

မကြောက်ဘူးလို့သာ ပြောရတာဗျ။ကျားတစ်ခါဟိန်းတိုင်း ကြက်သီးတွေတဖျန်းဖျန်းထသွားတာဗျို့။

"ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဖျန်း ဖျန်း ဖျန်း"

ဟာ ငှက်ဆိုးသံကြီးဗျ။ အတောင်ပံခတ်တဲ့ အသံကလည်း တော်တော်ကို ကျယ်တာ။ တော်တော်ကိုကြီးတဲ့ ငှက်ဆိုးကြီးဖြစ်မယ်ဗျ။

"ဝေါ၊ ဝေါ၊ ဝေါ၊ ဝေါ"

ဟာ လေတွေတိုက်ပြီဗျို့။တစ်တောလုံးတစ်တောင်လုံးမှာရှိတဲ့ သစ်ပင်၊ ဝါးပင်၊မှန်သမျှ ယိမ်းထိုးနေတော့တာဗျို့။ ပြင်းလိုက်တဲ့လေဗျာ။ ကျုပ်နဲ့ ကိုတောင်လုံးဆိုတာ လေထဲ လွင့်ပါမသွားအောင်လက်ကောက်ဝတ်အရွယ်လောက်ရှိတဲ့ နွယ်ပင်ကြီးတွေကို ဖက်ထားရတာဗျ။ ခဏနေတော့ လေငြိမ်သွားတယ်။

"ကဲ တာတေ၊ ငြိမ်တော့သွားပြီဟေ့၊ငါရှေ့က ထမ်းမယ်၊ မင်း နောက်ကထမ်းကွာ"


အပိုင်း(၇)ဆက်ရန်.

မူရင်းရေးသားသူ =တာတေ

Comments