ရွှေဂူရှင်မ. အပိုင်း(၄)


"မောင်တာတေ၊ ကျုပ်တို့တော့ လာရှာတဲ့
နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပြီ
ကွဲ့"

"ဟာ ဟုတ်လား ဘရသေ့၊ ဒါဆိုရင် ရှေ့
ဆက်သွားဖို့ မလိုဘူးပေါ့"

"ဟုတ်တယ်ကွဲ့၊ ဒီညောင်ပင်ကြီး နှစ်ပင်
အောက်က မောင်တာတေတို့ တစ်ညလုံး
တက်အိပ်နေတဲ့ ကျောက်ဖျာကြီးဟာ ပြဒါး
ပြာသိုက်ကြီးရဲ့ ဝင်ပေါက်ကြီးပဲကွဲ့၊  ကဲ
အပေါ်က   သစ်ရွက်ခြောက်တွေ ဖယ်ပြီး
ကျောက်ဖျာကြီးကို   နည်းနည်းလောက်
ပွတ်တိုက်ကြည့်စမ်းကွယ်"

ရသေ့သောမနဲ့ ကျုပ်က တောင်ထန်း
လက်အခြောက်တစ်ခုစီ ကောက်ယူပြီး
ကျောက်ဖျာကြီးပေါ်က သစ်ရွက်ခြောက်
တွေကို လှည်းထုတ်ပစ်လိုက်တယ်။ ပြီး
တော့ ကျောက်ဖျာကြီးပေါ်မှာ သေသေ
ချာချာ လိုက်ကြည့်တော့မှ ထောင့်လေး
ထောင့်မှာ ဘီလူးရုပ်တွေ တွေ့တော့
တာဗျို့။

"ကဲ သေချာပြီ မောင်တာတေရေ၊
သောမနဲ့ မောင်တာတေ နောက်ဆုတ်
ကြ၊ နောက်ဆုတ်ကြ၊ ကျုပ် သိုက်တံခါး
ဖွင့်တော့မယ်"

ရသေ့သောမနဲ့ ကျုပ်နဲ့က ညောင်ပင်ကြီး
နှစ်ပက်ရဲ့ပင်စည်ကို ရောက်သွားတဲ့အထိ
ဆုတ်လိုက်ကြတယ်။ ရသေ့ကြီးက ပါးစပ်
ကနေ  မန္တန်တွေ မပြတ်ရွတ်ပြီး လက်ထဲ
က ဆေးတောင်ဝှေးကြီးနဲ့ ကျောက်ဖျာကို
လွှဲရိုက်လိုက်တယ်။

"ဝုန်း"

ဟာ  ကျုပ်တို့ ရပ်နေတဲ့  မြေကြီးဆို
တာ ဆတ်ဆတ်ခါအောင်  တုန်လှုပ်
သွားလိုက်တာ ရသေ့သောမခမျာ ဖင်
ထိုင်ရက်တောင် လဲကျသွားရောဗျာ။

"ဝုန်း၊ ဂျုန်း၊ ဂျူန်း"

ဟာ ပွင့်သွားပြီဗျို့။    ကျောက်ဖျာကြီး
အလယ်က ကွဲပြီး ရွှေ့သွားပြီဗျာ၊ ဟာ
ကျောက်ဖျာအောက်မှာ အောက်ကိုဆင်း
တဲ့ ကျောက်လှေကားကြီးဗျ။ကျုပ် ငုံ့ကြည့်
လိုက်တော့ ကျောက်လှေကားကြီးအဆုံး
မှာ ကျောက်ဘီလူးရုပ်ကြီး တစ်ရုပ်ဗျ။

အစွယ်ပြူးပြူးနဲ့ မျက်လုံးကြီးတွေ ရဲရဲ
တောက်နေတာဗျ။ လက်က လေးဖက်။
လက်တိုင်းမှာ  ဓါးတစ်လက်စီ ကိုင်ထား
တာဗျို့။ဘာမှမပြောမဆိုတော့ဘဲ ရသေ့
ကြီးက ဘောက်ဆတ်  ဘောက်ဆတ်နဲ့
ရှေ့က ဆင်းသွားတယ်။  ကျုပ်နဲ့ ရသေ့
သောမလည်း ကျောက်လှေကားထစ်တွေ
အတိုင်း နင်းပြီး ရသေ့ကြီး ဦးဘောဂရဲ့
နောက်က လိုက်ကြရတော့တာပေါ့ဗျာ။

ကျောက်လှေကားထစ်  ဆယ့်တစ်ထစ်
ဆင်းပြီးတာနဲ့ ဆင်စွယ်ရောင်လို ဖွေးနေ
တဲ့ ကျောက်သားကြမ်းပြင်ကြီးကို ခြေ
ထောက်နဲ့ နင်းမိရောဗျ။ ကျုပ်တို့အား
လုံး ကျောက်သားကြမ်းပြင်ကြီးပေါ်ကို
ရောက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ
လက်လေးဖက်နဲ့ ကျောက်ဘီလူးရုပ်
ကြီးက အသက်ဝင်လာတော့တာပဲဗျို့။

"ဝီး ဝီး  ဝီး  ဝီး"

လက်လေးဖက်မှာ ကိုင်ထားတဲ့ ဓါးတွေ
ဟာ ဝင်းကနဲ ဝင်းကနဲနဲ့ အကွက်ကျကျ
ကို လှည့်နေတာဗျ။   ကျုပ်တို့လူတွေမှာ
လက်နှစ်ဖက်နဲ့ ဓါးနှစ်လက်သိုင်းကိုတော့
မနည်း လှည့်နေရတာဗျ။ ဒီဘီလူးရုပ်ကြီး
က အသက်ဝင်လာပြီး လက်လေးဖက်နဲ့
ဓါးလေးချောင်းကို လှည့်နေလိုက်တာများ
ဗျာ ဝီကနဲ ဝီကနဲကို ဖြစ်နေတာဗျို့။

ကျုပ်ရော   ရသေ့သောမရော  ကြောက်
လိုက်ကြတာ မပြောပါနဲ့တော့ဗျာ၊  ရသေ့
ကြီးနောက်မှာ ကပ်နေကြရတော့တာဗျ။
ရသေ့ကြီး  ဦးဘောဂကတော့ အေးအေး
ဆေးဆေးပဲဗျ။သူ့လက်ထဲက ဆေးတောင်
ဝှေးနဲ့ အသက်ဝင်နေတဲ့ ဘီလူးရုပ်ကြီးကို
ထိုးမလို လုပ်လိုက်တာဗျ။

ဘီလူးရုပ်ကြီးချက်ချင်းငြိမ်ကျသွားပြီး နဂို
အတိုင်း ကျောက်ရုပ်ကြီး ပြန်ဖြစ်နေရောဗျ
ပညာတော်တော်ထက်တဲ့ ရသေ့ကြီးပဲလို့
ကျုပ် တွေးလိုက်မိတယ်။   ရသေ့ကြီးက
ရှေ့ဆက်သွားတယ်။ အခန်းကျယ်ကြီးထဲ
ကို ကျုပ်တို့ ဖြတ်ဝင်လိုက်တော့ …

"ဟေး…ခုတ်ကြဟေ့၊ ခုတ်ကြ၊ တစ်
ယောက်မကျန် ခုတ်ဟေ့"

လို့ ညာသံပေးပြီး ပြေးထွက်လာတဲ့  ဓါး
သမားတွေ   ဆယ်ယောက် ကျော်ကျော်
လောက် ရှိတယ်ဗျ။   ဓါးသမားတွေအား
လုံးဟာ    အရပ်ထောင်ထောင်  မောင်း
မောင်းကြီးတွေဗျ။ သျှောင်တစောင်းတွေ
နဲ့ ပုဝါအနီတွေ ပေါင်းလို့။လက်ထဲမှာ ကျစ်
ကျစ်ပါအောင် ကိုင်ထားတဲ့ ဓါးရှည်တွေက
အရောင်တလက်လက်ကို ဖြစ်နေတာဗျ။

"ဟိတ်"

ရသေ့ကြီးက သူ့လက်ထဲက ဆေးတောင်
ဝှေးကို ဝှေ့ရင်း'ဟိတ်'လို့ အော်လိုက်တော့
ပြေးထွက်လာတဲ့ ဓါးသမားတွေဟာ  ပြေး
လာတဲ့ ပုံစံအတိုင်း ငြိမ်ကျသွားပြီး ကျောက်
ရုပ်ကြီးတွေ ဖြစ်ကုန်ရောဗျို့။ဒီတော့မှ ကျုပ်
လည်း အခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်
လိုက်မိတာဗျ။ ကျောက်သညးနံရံကြီးတွေ
က ဖြူဖွေးပြီး ချောမွေ့နေတာဗျ။

ဒီဂူကြီးဟာ အလယ်ရိုးမတောင်ကြီးထဲမှာ
ရှိနေတယ်ဆိုတာတောင် ယုံဖို့ခက်နေတာ
ဗျ။ နန်းတော်တစ်ခုထဲကို ရောက်နေသလို
ခံစားမိတယ်။ ဘရသေ့က ကျောက်ရုပ်ဓါး
သမားတွေကြားကနေ ဖြတ်ပြီး ရှေ့ဆက်
သွားတယ်။   ကျုပ်နဲ့ ရသေ့သောမလည်း
ကျုပ်နဲ့ ရသေ့သောမလည်း ဘရသေ့ကြီး
နောက်က ကပ်ပြီး လိုက်ကြရတာပေါ့ဗျာ။
တော်တော်လေး သွားမိတော့ ပိတ်ထားတဲ့
နံရံကြီးနဲ့ ကျောက်တံခါးကြီးတစ်ခုကို တွေ့
ရောဗျ။ ဘရသေ့က အချိန်မဆိုင်းဘဲ သူ့ရဲ့
ဆေးတောင်ဝှေးနဲ့ ကျောက်တံခါးကြီးကို
နှစ်ဆင့် ထိုးလိုက်တယ်။

"ဒေါက်၊ ဒေါက်၊ ကျွိ၊ ဝုန်း၊ ဝုန်း"

ဟာ ကျောက်တံခါးကြီးက အတွင်းဘက်
ကိုလည်ပြီး ပွင့်သွားပြီဗျို့။ဘရသေ့က ပွင့်
သွားတဲ့ တံခါးပေါက်ကနေ  တန်းဝင်သွား
တာဗျ။ ကျုပ်တို့လည်း လိုက်ရတာပေါ့ဗျာ။
ဒီအခန်းက ပထမအခန်းနဲ့ အကျယ်အဝန်း
အတူတူလောက်ပဲဗျ။

အပိုင်း(၅)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments