ငရဲခွေး အပိုင်း(၄)


ဟာ ခုန်ထွက်လာပြီဗျို့၊ စောစောကလိုပါပဲ
ဗျာ။ ပျဉ်ထောင်နံရံကြီးကို ဖောက်ပြီး ထွက်
လာတာဗျို့။ ဟာ  ပါးစပ်ကြီးထဲမှာ  ကိုချစ်ပု
ကြီး ပါသွားပြီဗျို့။ခွေးနက်ကြီးတစ်ကောင်က
ခေါင်းပိုင်းက ကိုက်ပြီး နောက်တစ်ကောင်က
ခြေထောက်က ကိုက်သွားတာဗျို့။

ကျန်တဲ့တစ်ကောင်က နောက်က လိုက်သွား
တာ။ ဟာ ပြေးပြီဗျို့။ ပြေးကြပြီဗျို့။ ဟာ ဝိုင်း
ခြံစည်းရိုးကြီးကို ကျော်ခုန်သွားပြီ။ လွှားကနဲ
နေတာပါပဲဗျာ။  ရှေ့နှစ်ကောင်က  ကိုချစ်ပု
ကြီးကို ချီလျက်နဲ့ ခုန်တာဗျ။ နောက်က တစ်
ကောင်ကတော့ အလွတ်ခုန်သွားတာ။ ဟာ
သွားပြီဗျို့၊ သွားပြီ။ ပျောက်သွားပြီဗျို့။  အ
မှောင်ထဲကို တိုးဝင်ပြီး ခွေးကြီးတွေ ပျောက်
သွားတာဗျ။ ဘေးကပ်လျက်ဝိုင်းက လူတွေ
လည်း အပြေးအလွှား ရောက်လာကြတာ
ပေါ့ဗျာ။

"အရီး ကိုချစ်ပု ဘာဖြစ်တုံး"

"နင့်အစ်ကိုကြီး ဆုံးပြီဟဲ့ ပုကြည်ရဲ့ ဟီး"

ကိုချစ်ပုရဲ့အစ်မကြီး ငိုတဲ့အသံက ရွာ
မြောက်ပိုင်း တစ်ခုလုံး လွှမ်းမိုးသွာတော့
တာပေါ့ဗျာ။ အိမ်ထဲက ကျွက်စီ ကျွက်စီ
အသံတွေကို ကြားနေရတာဗျ။

"ဟဲ့ ချစ်ပုက ဘယ်လိုဖြစ်လို့ ခြေရင်းထရံ
နား ရောက်နေတာတုံး"

"တစ်ခုခုက ဆွဲသွားသလိုပဲတော့ ဒုန်း ဒုန်း
ဒုန်း ဒုန်း ဆိုပြီး ပါသွားတာ၊ ဟောဒီခေါင်း
ရင်းကနေ အဲဒီခြေရင်းနံရံအထိပဲ၊ အဲဒီနား
ရောက်တော့မှ အော်သံလည်း ငြိမ်ပြီး အ
သက်ထွက်သွားတာတော့"

"ကိုကြီးတာတေ၊ ဘာတွေ တွေ့လိုက်တုံး
ဗျ၊ ကိုချစ်ပုကြီးတော့ ဆုံးသွားပြီတဲ့"

"အေး ဟုတ်တယ် ကျောက်ခဲရ၊ အိမ်ထဲ
မှာ ကိုချစ်ပုဆုံးသွားပေမယ့် ကိုချစ်ပုတစ်
ယောက်ကတော့ ခွေးနက်ကြီးတွေရဲ့ပါး
စပ်ထဲမှာ ပါသွားလေရဲ့"

"ဟင် ကိုကြီးတာတေ၊ ခွေးနက်ကြီးတွေကို
တွေ့ရတယ်  ဟုတ်လား"

တစ်ချိန်လုံး ငြိမ်နေတဲ့ သံမဏိက
မေးတာဗျ။

"အေး ဟုတ်တယ် သံမဏိ၊ ငါ တွေ့တယ်၊
ခွေးနက်ကြီးသုံးကောင်ကွ၊ နွားမဒန်းအရွယ်
လောက်ရှိတယ်"

"ဟာ ဟုတ်လား ကိုကြီးတာတေ"

သံမဏိက အံ့သြပြီး ကျုပ်ကို မေးတယ်ဗျ

"နေပါဦး  ကိုကြီးတာတေရဲ့၊  ကိုကြီးတာ
တေ  စောစောကပြောတော့  ကိုချစ်ပုက
အိမ်ထဲမှာ သေသွားပေမယ့်  ကိုချစ်ပုတစ်
ယောက်ကို ခွေးနက်ကြီးတွေ ချီသွားတယ်
ဆိုတာ ဘာကိုပြောတာတုံးဗျ"

"ငါ့မျက်စိနဲ့ သေသေချာချာကို မြင်လိုက်
ရတာကွ ကျောက်ခဲရ၊ ခွေးနက်ကြီးတစ်
ကောင်က ကိုချစ်ပုကို ခေါင်းပိုင်းက ချီပြီး
နောက်တစ်ကောင်က ခြေထောက်က ချီ
ပြီး ဝိုင်းစည်းရုံးကို ကျော်ပြီး ထွက်သွား
ကြတာ"

"ဟင် ဘယ်လိုဖြစ်လို့ ကိုချစ်ပုက နှစ်
ယောက်ဖြစ်နေတာတုံး ကိုကြီးတာတေရ"

"ဟာ ကျောက်ခဲကလည်း ခွေးပါးစပ်မှာ ပါ
သွားတာက ကိုချစ်ပုရဲ့ ဝိညာဉ်ဖြစ်မှာပေါ့ကွ"

"သြော် ဒီလိုလား၊ ကြောက်စရာကြီးပါလား
ကိုကြီး တာတေရာ၊ ဘယ်လိုကြောင့် ဒီလို
ဖြစ်ရတာတုံးဗျာ"

"အဲဒါတော့ ငါလည်း မသိဘူးလေကွာ၊ ကဲ
လာကြ၊ လူတွေ များမလာခင် တို့ သစ်ပင်
ပေါ်က ပြန်ဆင်းရအောင်ဟေ့၊ ပြီးရင် အ
နောက်ပိုင်းက ကိုသာစိန်တို့ဝိုင်းကို အခြေ
အနေ သွားကြည့်ရအောင်"

အသုဘအိမ်ဖြစ်သွားတဲ့ ကိုချစ်ပုတို့အိမ်
ကို လူတွေများများရောက်မလာခင် ကျုပ်
တို့သုံးယောက် သစ်ပင်ပေါ်က ဆင်းခဲ့ကြ
တယ်။ ရွာအနောက်ပိုင်းက ကိုသာစိန်တို့
အိမ်ဝိုင်းကို ရောက်တော့…

"ဂီး ဂီး ဂီး ဂီး ဂီး အီး အီး အီး"

"ဟာ ခွေးကြီးတွေ ရောက်နေပြီဟေ့"

"ဟင် ဟုတ်လား ကိုကြီးတာတေ ကျုပ်ဖြင့်
ဘာမှ မကြားရပါလားဗျာ"

"ဟုတ်တာပေါ့ ကျောက်ခဲရ၊ ငါက မျက်ကွင်း
ဆေး ကွင်းထားတာကိုကွ၊ မျက်ကွင်းဆေး
က နားအကြားကိုပါ ပွင့်စေတယ်ကွ၊ လာ
ကြဟေ့၊ ဟိုရှေ့က သရက်ပင်ကြီးပေါ်က
တက်ကြည့်ကြရအောင်"

သရက်ပင်ကြီးက အကြီးကြီးဗျ။ ကိုသာစိန်
တို့ဝိုင်းကို အပေါ်စီးကနေ ကောင်းကောင်း
မြင်ရတယ်ဗျ။ ကျုပ်တို့ သရက်ပင်ကြီးပေါ်
ရောက်ပြီး နေရာယူလိုက်တဲ့အချိန်မှာ သံမ
ဏိက ကျုပ်ကို မေးတယ်။

"ကိုကြီးတာတေ ကိုသာစိန်တို့ဝိုင်းကို ဘယ်
လိုသိတာတုံးဗ်"

"ဟ သံမဏိရ၊ ခွေးသံကြီးတွေ ကြားနေရ
မှတော့ ကိုသာစိန်တို့ဝိုင်းကို ရှာဖို့ခက်ဦး
မလားကြ"

"သြော် ဟုတ်သားပဲဗျ"

"ဟာ ခွေးကြီးတွေဟေ့၊ ကိုချစ်ပုကို ချီသွား
တဲ့ ခွေးတွေထက်တောင် ကြီးနေပါလားကွ၊
ဟာ အိမ်ကို ပတ်ပြီး မာန်ဖီနေတာဟေ့"

"ဟင် ဟုတ်လား ကိုကြီးတာတေ"

ကျုပ် သေသေချာချာ ကြည့်တယ်။ ခွေး
ကြီးတွေ သုံးကောင်ပဲဗျ။ မျက်လုံးနီနီကြီး
တွေနဲ့ ခွေးနက်ကြီးတွေပဲဗျ။ မြင်ရတာနဲ့
တင် ကြက်သီးတဖြန်းဖြန်းထမိတာပေါ့ဗျာ

"ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး"

"အောင်မယ်လေး   ကယ်ကြပါဦးဗျ၊
ကြောက်လှချည်ရဲ့ အမေရေ ကျုပ်ကို
ကယ်ပါဦး အမေရဲ့၊ အောင်မယ်လေး
ပူလိုက်တာဗျာ၊ ကျုပ်ကို မီးတွေ လောင်
နေတာလားဗျာ ကြည့်ကြပါဦး"

ဒါ ကိုသာစိန်ကြီးရဲ့ အသံပဲဗျ။

"သာစိန် သတိထားလေ၊ မင်း ဘာဖြစ်
လို့တုံး"

"ခွေးနက်ကြီးတွေဗျ၊ ခွေးနက်ကြီးတွေ၊
ကျုပ်ကို ကိုက်သတ်တော့မှာဗျ၊ လာနေ
ကြပြီ"

"ဟာ မဟုတ်တာကွာ၊ ဒီမှာ မင်းဘကြီး
ထွန်းဇံရော ငါတို့ရော ရှိနေမင့်၊ ဘယ်က
ခွေးနက်က လာဝံ့မတုံး သာစိန်ရဲ့"

ယောက်ျားကြီးတစ်ယောက် ပြောလိုက်တဲ့
အသံဗျ။ ဘယ်သူတုံးတော့ ကျုပ်မသိဘူး။
ခွေးနက်ကြီးသုံးကောင်က အိမ်ကို လှည့်
ပတ်သွားပြီး မာန်ဖီနေရာကနေ တုန့်ကနဲ
ရပ်သွားကြတယ်။ ပြီးတော့ အိမ်ရဲ့ပျဉ်
ထောင်နံရံကြီးကို စိုက်ကြည့်နေတယ်။

အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူ = တာ​တေ

Comments