ဝါးဘီလူးတောင် အပိုင်း(၅)
ဆွဲယူသွားတာက ဘာတုံးဆိုတာကိုကျုပ်ရော ကိုတောင်လုံးရော မမြင်လိုက်ရဘူးဗျ။ ယုန်ကြီး ပျောက်သွားတာပဲ ကျုပ်တို့ မြင်လိုက်ကြရတာ။
ကျုပ်တို့နှစ်ယောက် လန့်ပြီး ညောင်မုတ်ဆိတ်ပင်ကြီးဘေးမှာ ကပ်နေလိုက်ကြရောဗျို့။
ဒါပေမဲ့ ယုန်ကို ရိုက်သတ်ပြီး ဆွဲယူသွားတဲ့ မမြင်ရတဲ့ သတ္တ္တဝါက ကျုပ်တို့ကို တွေ့မနေနိုင်ဘူးလား။ ကျုပ်တို့ကသာ သူ့ကို မတွေ့ရတာလေဗျာ။ကျုပ်တွေးသလိုပဲ ကိုတောင်လုံးလည်း တွေးမိပုံရတယ်ဗျ။ ဒီလူ မျက်နှာတော်တော်ပျက်နေတယ်။
" တာတေ မင်း ပြန်ချင်လား"
"ဟာ ကိုကြီးတောင်လုံးကလည်းဗျာတောင်ပေါ်တောင် ရောက်ပြီးမှတော့လက်ချည်းဘာလို့ပြန်မှာတုံးဗျာ"
ကျုပ်စကားကို ကြားတော့ ကိုတောင်
လုံး အံ့သြသွားပုံပဲဗျ။
"တာတေ ဒါကြောင့်လည်း မင်းက
တာတေ ဖြစ်နေတာကိုး၊ နို့ နေပါဦး
ကွ။ မင်းမှာ ကြောက်တဲ့စိတ်နည်း
နည်းမှကို မရှိတာလား"
ကိုတောင်လုံးက ကျုပ်ကို မေးတယ်
"ကိုကြီးတောင်လုံးရာ၊ ကျုပ်လည်း လူပဲဗျာ၊ ကြောက်တာပေါ့၊ကြောက်တာမှ သူများတွေထက်တောင် ပိုဦးမယ်၊ ဒါပေမဲ့ကျုပ်က လွှတ်သိချင်
တာဗျ၊ အဲဒီစိတ်ကစေ့ဆော်တိုက်တွန်းနေလို့ ကျုပ်မှာ ကြောက်ရမှန်းမသိအောင် ဖြစ်နေတာ ထင်ပါရဲဗျာ"
"ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမှာတုံး"
"ကိုကြီးတောင်လုံး လာခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း သားကောင်ကြီးကြီး ရအောင်ပစ်ပေါ့ဗျာ။ ကျုပ်တို့
နှစ်ယောက် သားကောင်ထမ်းပြီးပြန်ကြတာပေါ့"
"အေး ကောင်းပြီ၊ ဒါဆို တောင်ထိပ်ရောက်အောင် တက်ကြမယ်ကွာ"
ကျုပ်တို့နှစ်ယောက် တောင်ပေါ်ကိုဆက်တက်လာတယ်။လူအရောက်အပေါက်နည်းတဲ့တောင်ဆိုတော့လမ်းမရှိဘူးဗျ။ ကိုတောင်လုံးရောကျုပ်ရော ဓါးတစ်ယောက်တစ်ချောင်းလမ်းထွင်ပြီး တက်ခဲ့ရတာဗျ။
"ဗျော၊ ဗျော၊ ဗျော"
"ဟ၊ ဘာတုံး"
ကျုပ်တို့ရှေ့တည့်တည့် ဆယ်ကိုက်လောက်မှာ တောတိုးပြီး ပြေးသွားတဲ့အသံဗျ။ တိုးသွားတဲ့ သတ္တဝါက တော်တော် ကြီးကြီးမားမား ဖြစ်မယ်ဗျို့။ကျုပ်စိတ်ထင်တော့ ပြောင်ကြီးတစ်ကောင်လောက်ရှိမယ် ထင်တယ်။
"ကိုကြီးတောင်လုံး၊ ဘာကောင်တုံးဗျ"
"မသိဘူးကွ တာတေရ၊ တော်တော်တော့ ကြီးတဲ့ပုံပဲ"
ကျုပ်တို့နှစ်ယောက် ရှေ့ဆက်တိုးတယ်။နည်းနည်းလောက် ရှေ့ဆက်တိုးမိတော့ကိုတောင်လုံးက တုံ့ကနဲ ရပ်သွားတယ်ဗျ။
"ဟာ တာတေ၊ ဟိုမှာ ဟိုမှာ"
"ဟင်၊ ဘယ်မှာတုံး၊ ဘာတုံး"
ကိုတောင်လုံးက ကျုပ်တို့ရှေ့ သုံးကိုက်လောက်ကို လက်ညှိုးထိုးပြတယ်။
"ဟာ၊ ဒါ စောစောက ဆွဲသွားတဲ့ယုန်ထင်တယ် ကိုကြီးတောင်လုံး"
သွေးသံရဲရဲနဲ့ ယုန်သေကြီးက အပိုင်းပိုင်းပြတ်လို့ဗျ။
"သေချာတာပေါ့ကွာ၊ ကြည့်စမ်း တာတေ၊ ယုန်ကို စားတာ တစ်မျိုးကြီးပဲကွ"
"ဟင်၊ ဘယ်လိုကြောင့်တုံးဗျ"
"တောကောင်စားတာက ဒီပုံစံ မဟုတ်ဘူးကွ၊ အရေခွံကို ဖောက်ပြီးစားတာ၊တစ်ဖက်တည်းပဲ ပေါက်ရမှာ၊ အခုဟာက လူကိုက်စားသလို စားထားတာ တာတေရ၊ ဒါ ဘယ်လိုသတ္တဝါများ စားထားတာတုံး မသိဘူးကွ၊ စောစောက တောတိုးသွားတဲ့ အသံကတော့ နည်းနည်းနောနောအကောင် မဟုတ်ဘူးကွ၊အေးဘာပဲဖြစ်ဖြစ် သတိတော့ထားတော့ တာတေရေ"
ကိုတောင်လုံးက ကျုပ်ကို သတိပေးတယ်ဗျ။ ကျုပ်ကလည်း တွေးနေတာပါဗျာ။ ယုန်ကိုစားပြီး တောတိုးထွက်သွားတဲ့ သတ္တဝါဟာ ဘယ်လိုသတ္တဝါဖြစ်မယ်ဆိတာ ကျုပ်လည်း မှန်းလို့မရဘူးဗျ။ ဒီလိုနဲ့ ကျုပ်တို့တောင်ထိပ်ကိုရောက်လာတယ်။ဝါးဘီလူးတောင်ထိပ်ရောက်တော့ ကျုပ်တော်တော်အံ့သြသွားတယ်။တစ်တောင်လုံး ဝါးပင်တွေချည်းပဲဗျ။ ဝါးမှ အမျိုးစုံပေါက်တာဗျို့။ဝါးဘိုးဝါးကတော့ ပိုများတယ်ဗျ။ကျုပ်တို့လည်း ဝါးရုံတွေကြားမှာ တောတိုးရင်း သွားနေကြရတာပေါ့ဗျာ။
"ဟာ တာတေ၊ ဒီမှာ ဒီမှာ"
ကိုတောင်လုံးက တုံ့ကနဲ ရပ်လိုက်ပြီးကျုပ်ကို ပြောတာဗျို့။
"ဘာတုံး ကိုကြီးတောင်လုံး"
ကိုတောင်လုံးက ရှေ့ခပ်လှမ်းလှမ်းကမြေကြီးပေါ်ကို လက်ညှိုးထိုးပြတယ်။ကျုပ်က ဘာတုံးလို့မေးရင်း ရှေ့တိုးပြီး ကြည့်လိုက်တယ်။
"ဟာ ခြေရာကြီးပါလား"
ဟုတ်ပါ့ဗျာ၊ ခြေရာကြီးမှ နည်းတဲ့ခြေရာကြီး မဟုတ်ဘူးဗျ။လူခြေရာကြီးဗျို့။ဒါပေမဲ့ ခြေရာက စကောချပ်လောက်ရှိတာဗျို့။ ကျုပ်ခြေရာနားကို ကပ်ပြီးသေသေချာချာ ကြည့်လိုက်တယ်။ဖနောင့်တိုတိုကြီးဗျ။
ခြေချောင်းနေရာက တစ်ချောင်းချင်းကွဲနေတာ မဟုတ်ဘူး။ ခြေချောင်းတွေငါးချောင်းလုံး ပူးနေတာဗျ။ ခြေရာနှစ်ခုရဲ့ အကွာအဝေးကို ကျုပ်တိုင်းကြည့်တော့ ငါးပေလောက် ကွာတယ်။ ပေနဲ့
ဆိုရင် ခုနှစ်ပေလောက် ကွာတာဗျ။ခြေတစ်လှမ်းနဲ့ ခြေတစ်လှမ်းကြား ခုနှစ်ပေကွာနေတာဆိုတော့ ဒီလူရဲ့ အရပ်ဟာဆယ့်နှစ်ပေလောက်တော့ အနည်းဆုံး
ရှိမယ့်ပုံပဲဗျို့။
"တာတေ၊ ဒါ ဘာတုံး"
"ကျုပ်အထင်ပြောရရင်တော့ ဧရာမလူကြီးတစ်ယောက်ဗျ"
"ဟေ ဟုတ်လား၊ ဒီလောက်ကြီးတဲ့လူဆိုတာ ရှိပါ့မလားကွ တာတေရ"
"အင်း၊ ထူးတော့ ထူးဆန်းတာပေါ့ကိုကြီးတောင်လုံးရာ"
ကျုပ်က ခြေရာနောက်ကို လိုက်တယ်။ဒီတစ်ခါတော့ ကိုတောင်လုံးက ကျုပ်နောက်ကဗျ။ ကျုပ်က ရှေ့ကသွားနေတာ ခြေရာဆုံးတော့ ဧရာမဝါးရုံကြီး
တစ်ခုဆီကို ကျုပ်တို့ရောက်သွားတယ်။
"ဟာ တာတေ၊ ဟိုမှာ ဟိုမှာ"
အလန့်တကြား ပြောလိုက်တဲ့ ကိုတောင်လုံးအသံကို ကြားတော့ ကျုပ်ဖြင့် ကြက်သီးတွေတောင်ဖျန်းကနဲ ထသွားတယ်ဗျို့။
"ဟင်၊ ဘာတုံး၊ ဘာတုံး"
"ဟိုမှာကွ၊ ဝါးပင်ကြီး၊ ဝါးပင်ကြီး"
"ကိုကြီးတောင်လုံးကလည်းဗျာ၊ဝါးပင်များ အထူးအဆန်းလုပ်လို့ "
"မဟုတ်ဘူး တာတေရ၊ ငါပြောတဲ့ဝါးပင်က ဟိုမှာကွ"

အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူ = တာတေ
Comments
Post a Comment