ရွှေဂူရှင်မ. အပိုင်း(၈) ဇာတ်သိမ်းပိုင်း



ကျုပ်က သူတို့ဘက်ကို လျှောက်သွား
လိုက်တယ်။ သူတို့အားလုံး ကြမ်းပြင်
ပေါ်မှာ ဒူးတုပ်ထိုင်ပြီး ကျုပ်ကို လက်
အုပ်ချီထားကြတယ်။

"ဆေးသွေးဖို့ ပေးပါ"

ကျုပ်ပြောလိုက်တာနဲ့ တင်းတိန်ကိုဖွင့်ပြီး
နတ်မိမယ်လေးတစ်ပါး ထွက်လာတယ်။
ရေထည့်ထားတဲ့    ရွှေခွက်တစ်ခုနဲ့  မြ
ကျောက်ပြင်တစ်ချပ် ပေးတယ်။ကျုပ်က
ပတ္တမြားကြမ်းပြင်မှာ ထိုင်ပြီး  ဆေးသွေး
တယ်။ ရွှေခွက်ထဲက ရေကို ထည့်လိုက်
သွေးလိုက်နဲ့  မြကျောက်ပြင်မှာ  ဆေး
တော်တော်ရလာတော့   ကျုပ်က ဆေး
တောင့်ကို ပြန်သိမ်းပြီး မြကျောက်ပြင်ကို
ယူတယ်။ ကျုပ်လုပ်သမျှကို မျက်တောင်
မခတ်ဘဲ ကြည့်နေတဲ့ နတ်မိမယ်လေး
တွေက သူတို့ပါ ထရပ်ပြီး အစိမ်းရောင်
ပိုးသားတင်းတိန် ဟိုဘက် ဒီဘက် ကိုင်
ပြီး ဖွင့်ပေးကြတယ်။   အတွင်းကို လှမ်း
ကြည့်လိုက်တော့ ရွှေသလွန်ပေါ်မှာ ဆန့်
ဆန့်လေး လဲနေတဲ့ ရွှေဂူရှင်မ နန်းကြာမုံ
ကို တွေ့လိုက်ရတယ်။

တစ်ကိုယ်လုံး  ပတ္တမြားရောင်နီရဲနေတဲ့
ထိုင်မသိမ်းနဲ့  ခါးတောင်အင်္ကျီကို ဝတ်
ထားတယ်ဗျ။ အခန်းတစ်ခုလုံး မွှေးကြိုင်
နေတာပဲဗျို့။ တင်းတိန်ကာထားတဲ့ အ
ခန်းထဲမှာ အစိမ်းရောင်ဝတ်ထားတဲ့ နတ်
မိမယ်လေးတွေ ရွှေယပ်တွေကိုင်ပြီး ရွှေ
ဂူရှင်မကို ယပ်ခတ်ပေးနေကြတယ်။

ကျုပ်က ရွှေဂူရှင်မ   လဲလျှောင်းနေတဲ့
ရွှေသလွန်ဘေးကို ကပ်သွားပြီး   မထိ
ရက်လောက်အောင် လှတဲ့    လူလား။
နတ်လား မသိနိုင်တဲ့ ရွှေဂူရှင်မရဲ့ မျက်
နှာလေးပေါ်မှာ အဘိုးဆရာကြီးရဲ့ဆေး
တော်ကို သေသေချာချာ လိမ်းပေးလိုက်
တယ်။ ဆေးကုန်အောင်   လိမ်းပြီးတာနဲ့
ကျုပ်က    လက်ထဲမှာ ကိုင်ထားတဲ့ မြ
ကျောက်ပြင်ကို  နတ်မိမယ်လေး  တစ်
ယောက်ကို လှမ်းပေးလိုက်တယ်။ ဒီအ
ချိန်လေးမှာပဲ…

"ဟာ …သခင်မ သတိရလာပြီ"

လို့ ရွှေယပ်ကိုင် နတ်မိမယ်လေးတစ်ပါး
ပြောလိုက်တဲ့ အသံကို ကျုပ် ကြားလိုက်
တယ်။ နတ်မိမယ်လေးတွေ အားလုံး ရွှေ
သလွန်ဘေးမှာ ဝိုင်းအုံပြီး ကြည့်ကြတယ်

"ဝမ်းသာလိုက်တာ သခင်မရယ်"

ကျုပ်ကတော့ မလှမ်းမကမ်းမှာပဲ ရပ်
ကြည့်နေလိုက်တယ်။

"သခင်မ နေကောင်းပါပြီကွယ်၊ ကဲ ကဲ
ညီမတော်တို့ ဖယ်ကြဦးကွဲ့၊သမားတော်
လေးကို ကျေးဇူးပြုရပေဦးမယ်"

ရွှေဂူရှင်မက ရွှေသလွန်ညောင်စောင်းမှာ
အသာလေး ထထိုင်လိုက်တယ်။ ကျုပ်က
ရပ်နေတဲ့ နေရာမှာပဲ ကြုံ့ကြုံ့ထိုင်လိုက်
တယ်။

"အဖေရှင်ရဲ့ကျေးဇူး ကြီးမားလှပါပေတယ်။
ဟောဒီက မောင်ငယ် သမားတော်လေးကို
လည်း နန်းကြာမုံ   ကျေးဇူးအထူးတင်လှပါ
တယ်ကွယ်။ကဲ သမားတော်လေး ကြိုက်တဲ့
ရွှေငွေရတနာတွေကို ကြိုက်သလောက်
ယူသွားနိုင်ပါတယ်"

"ဟာ ကျုပ် အဲဒါတွေ ဘာကိုမှ မလိုချင်
ပါဘူးဗျာ၊ ရွှေဂူရှင်မ ကျန်းမာသွားရင်ပဲ
ကျုပ် စိတ်ချမ်းသာလှပါပြီ"

"သမားတော်လေးရဲ့ စိတ်ထား မွန်မြတ်ပါ
ပေတယ်၊ ဒါဆိုရင်တော့ ဟောဒီ ရွှေကြက်
ဖလေးကို လက်ဆောင်အဖြစ်  သခင်မ
ပေးလိုက်မယ်။ ဒါကိုတော့ ယူပါကွယ်"

"အဘိုးဆရာကြီးက ကျုပ်ကို အပြစ်တင်
နေပါဦးမယ်ဗျာ"

"ဟာ အပြစ်မတင်စေရပါဘူးကွယ်၊ နန်း
ကြာမုံ ဟောဒီကနေ အဖေရှင်ကို လှမ်း
ပြီး လျှောက်ထားလိုက်ပါ့မယ်၊ ကဲ ယူပါ
မောင်ငယ်"

ကျုပ် ရိုရိုသေသေ သွားပြီးယူလိုက်တယ်။
ပြီးတော့ ကျုပ်ပြန်ဖို့ပြင်တယ်။အဘိုးဆရာ
ကြီးက ကိစ္စပြီးတာနဲ့ ချက်ချင်း ပြန်ထွက်
ခဲ့လို့ မှာလိုက်တယ်လေဗျာ။ပြဒါးပြာသိုက်
ကြီးထဲကနေ ကျုပ် ပြန်ထွက်လာတော့ အ
ဘိုးဆရာကြီးက ညောင်ပင်ကြီးအောက်က
နေ ကျုပ်ကို စောင့်နေတယ်။

ကျုပ်က ခေါင်းက ပုဝါနဲ့   ဆေးတောင့်ကို
အဘိုးဆရာကြီးကို  ပြန်အပ်လိုက်တယ်။
အဘိုးဆရာကြီးက ကျုပ်ကို ဆပ်သမြှောင်
သွားတဲ့လမ်းအရောက် လိုက်ပို့ပေးတယ်။
ခဏလေးနဲ့ ဆပ်သမြှောင်ကို ပြန်ရောက်
လာတယ်။ ကျုပ်တို့ကို မျှော်နေကြတဲ့ ဆ
ရာတော် ဦးဥတ္တမနဲ့ ကိုအောင်ပွားကို တွေ့
တယ်။ ကျုပ်က ဖြစ်သမျှ အကြောင်းတွေ
ကို လျှောက်ထားလိုက်တယ်။

ဆရာတော်လည်း တော်တော်ကို   စိတ်မ
ကောင်းဖြစ်သွားတာပေါ့ဗျာ။   ကိုအောင်
ပွားက ကျုပ်ကို လှည်းနဲ့   ပြန်ပို့ပါတယ်။
ကျုပ် ခါးပိုက်ထောင်ထဲမှာ ထည့်ထားတဲ့
ရွှေကြက်ဖလေး အကြောင်းကိုတော့ ဆ
ရာတော် ဦးဥတ္တမကိုရော၊ ဦးအောင်ပွား
ကိုရော ပြောမပြခဲ့ဘူးဗျ။

ထနောင်းကုန်းကို ပြန်ရောက်တော့ ရွှေ
ဂူရှင်မ ပေးလိုက်တဲ့ ရွှေကြက်ဖလေးကို
ဘယ်သူမှ မသိအောင် ကျုပ်ရဲ့ သံသေတ္တာထဲမှာ အသာကလေး သိမ်းထားလိုက်တယ်။

ပြီးပါပြီ

မူရင်းရေးသားသူ = တာတေ

Comments