ဝါးဘီလူးတောင် အပိုင်း(၇)
ကိုတောင်လုံးက ပြောပြောဆိုဆိုနဲ့ ဝါးလုံးလျှိုထားတဲ့ ဆတ်ကြီးကို ထမ်းမလို့ လုပ်တယ်။ မြားကျည်တောက်ရော ဒူးလေးရော သူ့ကျောမှာ လွယ်ထားတယ်။ သူရော ကျုပ်ရော လက်ထဲမှာတော့ ဓါးတစ်ချောင်းစီ ကိုင်ထားတာပေါ့ဗျာ။
တောင်ပေါ်တက်လာကတည်းက ကျုပ်တို့က သစ်ပင်တွေကို ဓါးထစ်ပြီးလမ်းမှတ်ခဲ့တာလေဗျာ။ လမ်းမှားစရာတော့ ဘာမှမရှိဘူးဗျ။ ကျုပ်လည်း ဝါးလုံးကို နောက်က ဝင်ထမ်းလိုက်တယ်။ဆတ်က ရှေတစ်ယောက် နောက်တစ်ယောက် ထမ်းတာတောင်လေးတုန်းပဲဗျ။ ကျုပ်တို့နှစ်ယောက် မနည်းကို ထမ်းရတာဗျို့။ဆတ်ကြီးထမ်းပြီး နှစ်ယောက်သား သုတ်ခြေတင်လိုက်တာ နာရီဝက်လောက်ကို မနားတမ်းပဲဗျ။
"တာတေရေ၊ ခဏနားကြရအောင်ကွာ၊ တော်တော်လည်း ခရီးပေါက်လောက်ပါပြီ"
ကျုပ်တို့နှစ်ယောက် ဆတ်သေကြီးကိုမြေကြီးပေါ်မှာ ချပြီး နားလိုက်ကြတယ်
'ဟာ"
ကိုတောင်လုံးရဲ့ အလန့်တကြား အော်သံကြီးဗျ။
"ဟင်၊ ဘာတုံးဗျ ကိုတောင်လုံးရဲ့"
" တာတေ၊ မင်း သေသေချာချာကြည့်လေ၊ ငါတို့နာရီဝက် ခရီးနှင်တာတောင်နဂိုနေရာမှာပဲ ရှိနေတာ၊ ဒီနေရာကရွေ့မှ မရွေ့ဘဲကွ'
"ဟင်၊ ဟာ ဟုတ်သားပဲဗျ၊ ကျုပ်တို့နဂိုနေရာမှာပဲ ရွေ့မှ မရွေ့တာ ဒါဘယ်လို ဖြစ်တာတုံးဗျ"
"အေး၊ ငါ့ရဲ့ မုဆိုးသက်တမ်းတစ်လျှောက်မှာတော့ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး တာတေ"
ကျုပ် စဉ်းစားတယ်။ ဘာလုပ်ရင်ကောင်းမလဲ ဆိုတာပေါ့ဗျာ။ ကျုပ်လိုပဲ ကိုတောင်လုံးလည်း စဉ်းစားတယ်ဗျ။
"ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ အီး၊ အီး၊ ဟီး ဟီး ဟီး ဟီ"
ဟာ ဝါးပင်ကြီးတစ်ပင်တည်း လှုပ်နေတာဗျို့။ စောစောက ကျုပ်ပြောတဲ့ယောက်ျားကြီး ငါးဖက်စာလောက်ရှိတဲ့ဝါးပင်ကြီး လှုပ်နေတာဗျ။ တစ်ပင်တည်းကိုကွက်ပြီးလှုပ်နေတာ။ပြီးတော့ ရယ်သံကြီးထွက်လာတယ်။ ရယ်သံကလည်း တခြားက လာတာမဟုတ်ဘူး။
အဲဒီဧရာမဝါးပင်ကြီးထဲက ထွက်လာတာဗျို့။ ကျုပ် ကိုတောင်လုံးကို လက်တို့လိုက်တယ်။ မှင်တက်မိပြီး ကြောင်တောင်တောင်ကြီး ကြည့်နေတဲ့ ကိုတောင်လုံးက ဒီတော့မှ သတိဝင်ပြီး ထပြေးရောဗျို့။ကျုပ်လည်းသူ့နောက်က လိုက်ပြေးရတာပေါ့ဗျာ။ဒါပေမဲ့ ခြေလှမ်းနှစ်ဆယ်လောက် ပြေးပြီးတာနဲ့ …
"ကိုကြီးတောင်လုံး နေဦးဗျ၊ ကျုပ်ကြည့်ချင်သေးတယ်၊ ဒါ ဘာတုံးဆိုတာ၊ သိကိုသိရမှ ဖြစ်မှဗျ"
"ဟာ ဖြစ်ပါ့မလား တာတေ၊ ဒါ စောစောက ငါတို့တွေ့တဲ့ ခြေရာအကြီးကြီးနဲ့ အကောင်ကြီးဖြစ်မယ်ကွ"
"သိပ်သေချာတာပေါ့ ကိုကြီးတောင်လုံးရာ၊ ဒါပေမဲ့ ဒါ ဘာကောင်ဆိုတာတော့ကွဲပြားအောင် ကျုပ်ကြည့်ရမှဖြစ်မယ်"
"ဟီး၊ ဟီး၊ ဟီး၊ ဟီး ၊ အီး"
ဟာ ခုန်ထွက်လာပြီဗျို့။ ရမ်းခါနေတဲ့ဧရာမဝါးပင်ကြီးထဲက ခုန်ထွက်လာတာဗျ။ ဟာနည်းနည်းနောနော အကောင်ကြီးမှ မဟုတ်တာဗျာ။ အရပ်က ဆယ့်ငါးပေလောက် ရှိမယ်။ ခေါင်းကြီးက
တင်းတောင်းနှစ်လုံးစာလောက် ရှိမယ်ဗျ။ ဆံပင်နီနီကြီးတွေက ခေါင်းကြီးပေါ်မှာ ပွထနေတာဗျို့။
နဖူးကြီးက မောက်မောက်ကြီးဗျ။ နှာခေါင်းကလည်း ကောက်ကောက်ကြီးဗျ။မျက်လုံးကြီး တစ်လုံး တစ်လုံးဆိုရင်ဟင်းရည်သောက်ပန်းကန်လုံးကြီးလောက် ရှိတာဗျ။ မျက်လုံးနီနီကြီး
တွေက ပြူးထွက်နေတာဗျ။ ကိုယ်လုံးကြီးက ရာဝင်ပုတ်လောက်ရှိမယ်။ခြေထောက်ကြီးတွေက အနည်းဆုံး ထန်းပင်လုံးလောက်တော့ ရှိတယ်ဗျ။
လက်မောင်းကြီးတွေကလည်း ထန်းပင်အရင်းလောက် ရှိတယ်ဗျို့။ပါးစပ်ကြီးက ပြဲပြီး အစွယ်ကြီးတွေက ဘေးကို ကောက်ထွက်လို့ဗျာ။ ပါးစပ်ကြီးဟထားလိုက်တာ လျှာကြီးရော ပါးစပ်ကြီးရော နီရဲနေတာဗျို့။တစ်ကိုယ်လုံးကို အမွှေးညိုညိုကြီးတွေ ဖုံးနေတာဗျ။ ဒါ မျောက်ဝံကြီးလားလို့ ကျုပ်ကြည့်နေတာ။
"ကိုကြီးတောင်လုံး မြင်လား၊ ဟိုအကောင်ကြီးကို "
"ဟေ၊ ဘယ်အကောင်ကြီးတုံး၊ငါ ဘာကောင်မှ မမြင်ပါဘူးကွတာတေရ"
ဒီတော့မှ သတိရသွားတာဗျို့။ကျုပ်က မျက်ကွင်းဆေးကွင်းထားလို့ မြင်တာပဲ။
ဒီတော့မှ ကျုပ်သဘောပေါက်သွားတာဗျို့။ဒါ ဘီလူးပဲ။ ဒီကောင်ကြီးကလည်းလူကို မမြင်ရဘူးဗျ။လူကလည်းဒီကောင်ကြီးကို မမြင်နိုင်ဘူး။ ဒါဆိုရင်စောစောက ကျုပ်တို့ကို ခြောက်လှန့်ထုတ်တာ လူနံ့ရလို့ပဲ ဖြစ်မယ်၊ မြင်တော့ မမြင်နိုင်ဘူးဗျ။
ကိုတောင်လုံးပစ်တဲ့ ဆတ်ဖားကြီးကိုစားချင်လို့ဗျ။ လူနံ့ကလည်း ရတော့ဒီကောင် ဝါးပင်ကြီးထဲက ထွက်မရဲဘဲ လူတွေကို ခြောက်လှန့်ထုတ်တာဖြစ်မယ်။ ကျုပ်တို့ ထွက်ပြေးတော့မှအနံ့ပျောက်သွားလို့ ဝါးပင်ကြီးထဲကခုန်ထွက်လာတာဗျ။
ဟော သွားပြီဗျို့။ ကိုတောင်လုံး ပစ်ထားတဲ့ ဆတ်သေကြီးဆီကို။ ဟာဆတ်ကြီးကို လက်တစ်ဖက်တည်းနဲ့ဆွဲယူလိုက်ပြီဗျို့။ ဆတ်ကို လက်တစ်တည်းနဲ့ ပွေ့ထားတာဗျို့။ သူပွေ့တာတော့ ဆတ်ဖားကြီးက ဆိတ်ကလေးတစ်ကောင်လောက်ပဲ ထင်ရတာဗျ။စောစောက ကျုပ်တို့နှစ်ယောက် ထမ်းတာတောင် မနည်းထမ်းရတဲ့ အကောင်လေဗျာ။ ကျုပ် ခုမှ တွေးမိသွားတာဗျ
ကိုတောင်လုံး ပစ်လိုက်တဲ့ဆတ်ဖားကြီးကို ဒီကောင်တွေ့သွားတဲ့ အချိန်မှာ လူနံ့ကိုလည်း ရသွားလိမ့်မယ်ဗျ။ ဒါကြောင့်ဆတ်ကြီးကို လူတွေ မယူနိုင်အောင်ဆိုပြီး ဒီကောင်ကြီး လုပ်ထားတာ ဖြစ်မယ်ဗျ။ ကျုပ်တို့နှစ်ယောက်က ဆတ်ဖားကြီးကို ဝါးလုံးနဲ့ လျှိုထမ်းပြီး နာရီဝက်လောက်သွားတာတောင် ဒီနေရာကမရွေ့နိုင်တာဒီကောင်ကြီး လက်ချက်ဆိုတာ သေချာတာပေါ့ဗျာ။
"ဟေ့ကောင် တာတေ၊ ဆတ်ကြီးပျောက်သွားပါရောလား၊ ဘယ်ရောက်သွားတာတုံး"
ဒီတော့မှ ကျုပ်က ကိုတောင်လုံးကိုပြောပြတာဗျ။
"ကိုတောင်လုံး ဘီလူးကြီးဗျ၊ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး"
"ဟေ ဟုတ်လား၊ ဒါဆိုရင် ပြေးမှပဲတာတေ"

အပိုင်း(၈)ဆက်ရန်..
မူရင်းရေးသူ= တာတေ
Comments
Post a Comment