ရွှေဂူရှင်မ. အပိုင်း(၅)



ဒါပေမဲ့ နံရံတွေရော ကြမ်းခင်းရောက ငွေ
ရောင်ဗျ။  ကျောက်သားတော့   ကျောက်
သားပဲ၊ ငွေရောင်ကျောက်သားဗျ။ နံရံမှာ
ကျောက်ဖယောင်းတိုင်ကြီးတွေ ထွန်းထား
တော့ လင်းထိန်နေတာဗျ။   ပထမဖြတ်ခဲ့
တဲ့ ဆင်စွယ်ရောင် အခန်းမှာလည်း  ဒီလို
ကျောက်ဖယောင်းတိုင်တွေ နံရံမှာကပ်ပြီး
ထွန်းထားတာပဲဗျ။ ဟော လာပြီဗျို့။

ထွက်လာပြီ။ အစိမ်းရောင်၊ အဝါရောင်၊
ပိုးသားထမီ၊ အင်္ကျီတွေ  ဝတ်ထားတဲ့
နတ်မိမယ်လေးတွေဗျ။   တရွေ့ရွေ့နဲ့
ထွက်လာကြတာ။ သူတို့ ထွက်လာတာ
နဲ့ ငွေရောင်အခန်းကြီးထဲမှာ မွှေးကြိုင်
သွားတာဗျို့။ နတ်မိမယ်လေးတွေ နှစ်
ဆယ်လောက် ရှိမယ်။အားလုံးက လက်
ကလေးတွေ ချီပြီး ထွက်လာကြတာဗျ။

"မောင်တာတေနဲ့ သောမ သတိထား၊
ဒါတွေဟာ သိုက်နန်းရှင်ရဲ့ မာယာတွေ
ပဲ၊ ဘာပဲပြောပြော စကားတစ်ခွန်းပဲ ပြန်
မပြောကြနဲ့ ကြားလား၊   ငါ့အနောက်မှာ
ကပ်နေနော် သောမ။ မောင်တာတေက
အတွေ့အကြုံ ရှိခဲ့တော့ စိတ်မပူဘူး"

တရွေ့ရွေ့နဲ့ လျှောက်လာတဲ့ နတ်မိမယ်
လေးတွေက နှစ်စုခွဲလိုက်ကြတယ်ဗျ။တစ်
ခုက ကျုပ်တို့ရဲ့လက်ယာဘက်၊ တစ်စုက
ကျုပ်တို့ရဲ့ လက်ဝဲဘက်ကို ကပ်လာတယ်
အစိမ်းရောင် နတ်မိမယ်လေးတွေက တစ်
စု၊အဝါရောင် နတ်မိမယ်လေးတွေက တစ်
စုဗျ။ဒီတော့မှ ကျုပ်သေသေချာချာ ကြည့်
မိတာ၊ ဝတ်ထားတဲ့ အဝတ်စတွေက ပါးပါး
လွှာလွှာလေးတွေဗျ။

အတွင်းက နတ်မိမယ်တွေရဲ့ အလှအပ
ကို အထင်းသား မြင်နေရတာဗျို့။ ကျုပ်
ရသေ့သောမကို လှည့်ကြည့်လိုက်တော့
ရသေ့သောမက မျက်လုံးကြီးတွေ ပြူးပြီး
နတ်မိမယ်လေးတွေကို   လိုက်ကြည့်နေ
ရောဗျ။ရသေ့သောမရဲ့ အသားတွေလည်း
တဆတ်ဆတ်တုန်နေတာဗျို့။ နတ်မိမယ်
လေးတွေက သူတို့ရဲ့ဖွေးနုနေတဲ့  လက်
သွယ်သွယ်လေးတွေကို ထိုးပေးပြီး…

"နှမတော်ကို ချစ်ကျွမ်းဝင်တယ်ဆိုရင်
လက်ကလေးကို ကိုင်လိုက်ပါ   မောင်
တော်၊ ချက်ချင်းပဲ မောင်တော်နဲ့   နှမ
တော် ပန်းမွေ့ယာပေါ်ကို ရောက်သွား
မှာပါ။ မောင်တော် စိတ်တိုင်းကျ ပျော်
မွေ့နိုင်မှာပါ မောင်တော်၊ နှမတော်ရဲ့
လက်ကိုသာ ကိုင်လိုက်ပါ"

ရသေ့ကြီးက မန္တန်တစ်ပုဒ်ကို ရွတ်လိုက်
ပြီး…

"ဟိတ်" "ဖျန်း"

'ဟိတ်'ကနဲ အော်ပြီး ငွေရောင်ကြမ်းပြင်ကို
ဖနောင့်နဲ့ 'ဖျန်း'ကနဲ   မြည်အောင် ပေါက်
လိုက်တာ။ ဟာ၊   ရသေ့သောမလည်း အ
တုန်အရီတွေ ရပ်သွားသဗျို့။  ရသေ့ကြီး
က ခပ်သုတ်သုတ်ပဲ ရှေ့ဆက်သွားတယ်
ရှေ့မှာ ကျောက်တံခါးကြီးတစ်ချပ် ပိတ်
နေရောဗျာ။

"တောက်"

ရသေ့ကြီးက တောက်တစ်ချက် ခေါက်
လိုက်ပြီးတော့ ကျောက်တံခါးကြီးကို ဆေး
တောင်ဝှေးနဲ့ နှစ်ချက်ဆင့်ထိုးလိုက်တယ်။

"ဒေါက်၊ ဒေါက်"

မပွင့်ဘူးဗျ။ တံခါးက ပွင့်ဖို့နေနေသာ
လှုပ်တောင် မလှုပ်ဘူး။  ရသေ့ကြီးက
မန္တန်တစ်ခု ရွတ်တယ်။  ပြီးတော့ သူ့ရဲ့
ဆေးတောင်ဝှေးနဲ့ ကျောက်တံခါးကြီးကို
ရိုက်လိုက်တယ်။

"ဒုန်း၊ ဝုန်း၊ ဝုန်း၊ ကျွိ၊ ကျွိ"

ဟော ပွင့်ပြီဗျို့။ ကျောက်တံခါးကြီး ပွင့်
သွားပြီ။ဟာ ရွှေရောင်တွေ ဝင်းနေပါလား။

"မောင်တာတေနဲ့ သောမ သတိထားကြ၊
ဒါ နောက်ဆုံး စမ်းသပ်တဲ့အခန်းပဲ၊  ဒီအ
ခန်းကျော်သွားရင် ကျုပ်လိုချင်တဲ့   ပြဒါး
ပြာ တွေ့လိမ့်မကွဲ့၊ဒီအခန်းထဲက ပစ္စည်း
တွေကို ယူဖို့ မပြောနဲ့၊  ထိတောင် မထိနဲ့
ကြားလား၊ စကားတစ်ခွန်းမှ မပြောနဲ့၊ ဘာ
ပစ္စည်းကိုမှ မထိနဲ့၊ ကြားကြလား၊ ကဲ လာ
ဝင်မယ်"

ရသေ့ကြီးက သူ့ရဲ့ဆေးတောင်ဝှေးကြီးကို
တဒေါက်ဒေါက်ထောက်ပြီး ရှေ့ကဝင်သွား
တယ်။ ကျုပ်တို့က သူ့နောက်ကလိုက်ရတာ
ပေါ့ဗျာ။ အို…များလိုက်တဲ့ ရတနာတွေဗျာ။
အခန်းကြီးတစ်ခုလုံးက ရွှေရောင်ဗျ။နံရံတွေ
ရော၊ကြမ်းခင်းရော ရွှေရောင်ဗျ။နံရံမှာ ထွန်း
ထားတဲ့ ကျောက်ဖယောင်းတိုင်ကြီးတွေအား
လုံးလည်း ရွှေရောင်ပဲဗျာ။

မီးရောင်အောက်မှာ ဟောင်းလောင်းပွင့်နေ
တဲ့ ရတနာသေတ္တာတွေဟာ ဘယ်နှလုံးဆို
တာ ရေတောင် မရေနိုင်ပါဘူးဗျာ။ရွှေရောင်
ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ရတနာတွေ၊ရွှေ
မန်းကျည်းတောင့်တွေ၊   ရွှေဒင်္ဂါးပြားတွေ။
ရွှေရုပ်တုတွေ၊ ရွှေပုတီး၊ ရွှေဆွဲကြိုး၊ ရွှေ
လက်ကောက်၊ ရွှေခြေကျင်း၊ ပတ္တမြား၊ မြ၊
နီလာ၊ စိန်၊ သန္တာ၊ ဂေါ်မုတ်၊ ပုလဲ၊ ရတနာ
မျိုးစုံက မီးရောင်အောက်မှာ တလက်လက်
တဖိတ်ဖိတ်နဲ့ လူတစ်ယောက်ရဲ့ လောဘ
ကို ဖိတ်ခေါ်နေတာပေါ့ဗျာ။ရတနာပုံကြီးကို
ကျော်ဖြတ်ပြီးသွားတော့ရွှေတံခါးကြီး ပိတ်
လို့ဗျ။ ရွှေသားအစစ်နဲ့ လုပ်ထားတဲ့ တံခါး
ဗျ။ ရသေ့ကြီးက မန္တန်သုံးလေးပုဒ်ရွတ်ပြီး
သူ့ရဲ့ ဆေးတောင်ဝှေးနဲ့ ရိုက်လိုက်တယ်။

"ဒုန်း၊ ဝုန်း၊ ဝုန်း"

ဟော ရွှေတံခါးကြီး ပွင့်လာပြီဗျို့။  ဟာ
ပတ္တမြားအရောင်ပါလား။  အခန်းကြီးတစ်
ခုလုံး ပတ္တမြားအရောင်  တောက်နေပြီး ရဲ
ရဲနီနေတဲ့ အခန်းကြီးဗျ။နံရံလည်း ပတ္တမြား၊
ကြမ်းခင်းလည်း ပတ္တမြား၊ မျက်နှာကျက်
လည်း ပတ္တမြား။ ဟာ သိုက်နန်းရှင်ပါလား။

အနီရောင်ထမီနဲ့ ခါးတောင်အင်္ကျီဝတ်
ထားတဲ့ အမျိုးသမီးတစ်ယောက်  မတ်
တတ်စုံရပ်ပြီး  ရသေ့ကြီးကို  လက်အုပ်
ချီထားတယ်။    လှလိုက်တဲ့  မိန်းမဗျာ။
ကျုပ်တစ်သက်မြင်ဖူးသမျှ   မိန်းမတွေ

အပိုင်း(၆)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ

Comments