ဝါးဘီလူးတောင် ဇာတ်သိမ်းပိုင်း



"မပြေးနဲ့ ကိုကြီးတောင်လုံး၊ ဒီကောင်ကြီးက လူကို မမြင်နိုင်ဘူးဗျ၊ အနံ့လောက်ပဲ ရတာဗျ။အခု ကျုပ်တို့ကလေအောက်ရောက်နေတော့ ကျုပ်တို့အနံ့ကို ဘီလူးကြီး မရနိုင်တော့ဘူး ကိုကြီးတောင်လုံး မကြောက်နဲ့"

ဟာ ဘီလူးကြီးက သူ့ခေါင်းကြီးကို အပေါ်မော့ပြီး…

"ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ အီး၊ အီး"

"အောင်မယ်လေးကွာ၊ အသံကြီးကကြောက်စရာ ကောင်းလိုက်တာ တာတေရာ"

ဟော ဘီလူးကြီးက ဆတ်တစ်ကောင်စားရတော့မှာမို့ ပျော်ပြီးအော်ဟစ်နေတာဗျို့။ဟော ခုန်ပြီ၊ ခုန်ပြီ။

ဟာ ပျောက်သွားပြီဗျို့။ ဘီလူးကြီးကတစ်ချက်တည်း ခုန်ပြီး ဝါးပင်ကြီးထဲဝင်သွားတာဗျို့။ ခုမှပဲ တစ်တောလုံးငြိမ်သွားတော့တာဗျို့။

"ကိုကြီးတောင်လုံးရဲ့ ဆတ်ဖားကြီးတော့ ပါသွားပြီဗျ"

"ဟာ ပါသွားပါစေ တာတေရာ၊ လူတွေ ဘာမှမဖြစ်တာဘဲ တော်လှပါပြီကွာ ဘီလူးကြီး အခု ဘယ်ရောက်သြားတုံး"

"ဟို ဝါးပင်ကြီးထဲဝင်ပြီး ပျောက်သွားပြီဗျ၊ အဲဒီဝါးပင်ကြီးက ဒီဘီလူးကြီးရဲ့ဗိမာန်ကြီး ထင်တယ်ဗျ"

"အေး ဟုတ်နိုင်တယ်ကွ၊တို့ဘိုးဘွားတွေလက်ထက်ကတည်းက တစ်ယောက်ယောက်က ဒီဘီလူးကြီးကို မြင်ဖူးပုံရတယ်ကွ၊ ဒါကြောင့် ဒီဘီလူးကြီးကို ဝါးဘီလူးကြီးလို့ခေါ်ပြီး ဒီတောင်ကိုလည်းဝါးဘီလူးတောင်လို့ ခေါ်ခဲ့တာ ဖြစ်မယ်ကွ၊ ဒီတောင်မှာ ဒီဘီလူးကြီး ရှိနေတာသိလို့သာ သားစဉ်မြေးဆက် ဒီတောင်ကို မတက်ဖို့ လက်ဆင့်ကမ်းပြီး မှာခဲ့ကြတာပေါ့ တာတေရာ"

"ဒီလိုဆိုရင်တော့ ကိုကြီးတောင်လုံးနဲ့ကျုပ်လည်း ဒီတောင်ကို မတက်ကြဖို့သားစဉ်မြေးဆက် မှာကြရတော့မှာပေါ့နော်"

"အေးပေါ့ကွ၊ တာတေရ"

နေမဝင်ခင်မှာပဲ ကျုပ်နဲ့ ကိုကြီးတောင်လုံးထနောင်းကုန်းကို ဘေးမသီ ရန်မခပြန်ရောက်ခဲ့ကြတယ်။

ပြီးပါပြီ
မူရင်းရေးသားသူ= တာတေ

Comments