ငရဲခွေး အပိုင်း(၃)



ကျုပ်တို့အားလုံး ငြိမ်ပြီး တွေးနေကြတယ်။
သံမဏိက  နှမ်းရိုးတွေ သွားယူပြီး  မီးထပ်
ထည့်တယ်။ ညနက်လာတော့  အအေးက
လည်း ပိုလာတာပေါ့ဗျာ။ ခဏနေတော့ အ
ဘနဲ့ အမေ အိမ်ပေါ်တက်သွားရောဗျို့။
ကျုပ်နဲ့  ကောင်လေးတွေပဲ  ဝိုင်းထဲမှာ
ကျန်ခဲ့တာလေ။

"ဒီကိစ္စ ကိုကြီးတာတေ ဘယ်လိုထင်တုံး"

ကျောက်ခဲက ကျုပ်ကို မေးတယ်ဗျ၊ ကျုပ်
ခေါင်းခါပြလိုက်တယ်။

"ငါလည်း ဒါမျိုးတော့ တစ်ခါမှ မကြားဖူးဘူး
ကွ ကျောက်ခဲရ၊ ဒါပေမဲ့ သွားကြည့်မှာပါ"

"ဟင် ကိုကြီးတာတေ တကယ်ပြောတာလား
ကျုပ်တို့လည်း လိုက်မယ်"

ကျောက်ခဲက ကျုပ် ဒီည သွားကြည့်မယ်ဆို
လို့ ဝမ်းသာသွားတာဗျ။

"ကဲ ပေစိနဲ့ ချစ်ထွေးက အိမ်ပြန်ကြတော့
မင်းတို့က ငယ်သေးတယ်၊ အခုဟာက ဘာ
မှန်းသိတာ မဟုတ်ဘူး"

ကျုပ်စကားကို နားထောင်တယ်ဗျ။ ပေစိနဲ့
ချစ်ထွေး ထပြန်သွားကြတယ်။

"ကဲ မင်းတို့ ဒီကစောင့်နေ၊ ငါ အိမ်ပေါ်ခဏ
တက်လိုက်ဦးမယ်"

ကျုပ်က ဒီကောင်တွေကို ပြောပြီး အိမ်ပေါ်
တက်ခဲ့တယ်။ မျက်ကွင်းဆေးကွင်းတယ်။
ကျုပ်ရဲ့ ဆေးလွယ်အိတ်ကို စလွယ်သိုင်း
လွယ်တယ်။ လည်ပင်းမှာတော့ သစ်စုန်း
ဆေးတောင့်အိတ်ကလေးဆွဲလိုက်တယ်။

ကျုပ်ဝိုင်းထဲ ပြန်ရောက်တော့ ကျောက်ခဲနဲ့
သံမဏိက မီးဖိုကို သေသေချာချာ ငြိမ်းထား
ပြီးပြီဗျ။ ဒီကောင် နှစ်ယောက်ကတော့ လွှတ်
အလိုက်သိတဲ့ ကောင်တွေပါဗျာ။ အချိန်က
လည်း မနည်းတော့ဘူးဗျ။ သန်းခေါင်ကြက်
တောင် တွန်နေပြီ။

"ကဲ လာကြဟေ့၊ သွားစို့"

"ကိုကြီးတာတေ၊ ဘယ်ကို အရင်သွားမှာ
တုံး"

"ကိုချစ်ပုတို့ မြောက်ပိုင်းကို အရင်သွား
မယ်ကွာ"

ကျုပ်စကားဆုံးတာနဲ့ ကျောက်ခဲက ရှေ့
က ထွက်လာရောဗျို့။ သံမဏိက ကျုပ်
နောက်ကဗျ။ ကျုပ်က အသင့်ယူလာတဲ့
သုံးတောင့်ထိုးဓါတ်မီးကို  သံမဏိဆီကို
ပေးလိုက်တယ်။ သံမဏိက နောက်ဆုံး
ကနေ မီးထိုးပြတာဗျ။ ရွာထဲမှာ လူတွေ
အိပ်ကုန်ပြီဆိုတော့  သံမဏိက  မီးကို
အောက်နှိမ့်ပြီး ဝပ်ထိုးတာဗျ။

ကျုပ်တို့သုံးယောက်    ကိုချစ်ပုတို့ဝိုင်းနား
ရောက်တော့ သူတို့ဝိုင်းရှေ့က မကျည်းပင်
ကြီးပေါ်ကို  အသာလေး  တက်ကြတယ်။
မကျည်းပင်က လူတစ်ဖက်သာသာ ရှိတာ
ဗျ။ ကိုင်းကြီးတွေကလည်း  အတော်ကြီး
သာ။ ကျုပ်တို့သုံးယောက် သစ်ကိုင်းကြီး
တွေပေါ်မှာ အကျအန ထိုင်ပြီး မုဆိုးတွေ
လင့်စင်ပေါ်က သားကောင် စောင့်သလို
စောင့်နေကြတာပေါ့ဗျာ။

သန်းခေါင်တောင် ကျော်ပြီ။

"ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး၊ ဟီး၊ ဟီး"

ကျုပ်ဖြင့် ဆတ်ကနဲတောင် တုန်သွားတယ်
ဗျာ။ ကျောက်ခဲနဲ့ သံမဏိကတော့ ဘာမှမ
ကြားတော့ ဘာမှလည်း မကြောက်ဘူးပေါ့
ဗျာ။ ခွေးသံကြီးတွေဗျ။ အသံ ဒီလောက်ကြီး
မှတော့ အကောင်လည်း ဘယ်ငယ်လိမ့်မ
တုံးဗျာ။ ဟာ တွေ့ပြီဗျို့။ တွေ့ပြီ။ ဟိုမှာဗျ။

ကိုချစ်ပုတို့ဝိုင်းထဲမှာဗျ။ ဘယ်လိုကနေ
ဘယ်လို ဒီပိုင်းထဲရောက်နေတာပါလိမ့်။
ကျုပ်လည်း တောက်လျှောက်ကြည့်နေ
တာပါပဲ။ ဘယ်လိုများ ကိုချစ်ပုတို့ဝိုင်းထဲ
ရောက်နေပါလိမ့်။

"ဂီး ဂီး ဂီး ဟီး ဟီး ဟီး အီး အီး"

"အောင်မယ်လေး ကယ်ကြပါဦး၊ ခွေးနက်
ကြီးတွေ လာနေပြီဗျ။ ကြောက်တယ်ဗျ၊
ကြောက်တယ်"

ကိုချစ်ပု အသံနက်ကြီးနဲ့အော်တဲ့ အသံကြီး
ဗျာ၊ တကယ်ကို ကြက်သီးထစရာကြီးပါဗျာ

"ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး၊ ဟီး၊ ဟီး"

ဟာ ခွေးနက်ကြီးတွေက ကိုချစ်ပုတို့အိမ်ကို
ပတ်ပြီး လျှောက်နေကြတာဗျ။ အောင်မယ်
လေးဗျာ၊ တစ်ကောင်တစ်ကောင် နည်းတဲ့
အကောင်ကြီးတွေမှ မဟုတ်တာဗျာ။ နွားမ
တန်း အရွယ်လောက် ရှိတာဗျ။

သွားကြီးတွေဖြဲပြီး တဂီးဂီး တဂဲဂဲနဲ့ အော်နေ
တာဗျို့။ ကြည့်ရတာတော့ ဒေါသတော်တော်
ထွက်နေကြတဲ့ပုံပဲဗျ။ မျက်လုံးကြီးတွေဆိုတာ
ရေနွေးကြမ်းသောက်တဲ့ ပန်းကန်လောက် ရှိ
တာဗျို့။

နီရဲပြီး မှောင်ထဲမှာတောင် အရောင်တွေ
တောက်နေတာဗျ။ အားလုံး သုံးကောင်။
ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာဗျာ။
ကျောက်ခဲတို့ကတော့ ဘာမှလည်း မကြား၊
ဘာမှလည်း မမြင်တော့ အေးအေးဆေး
ဆေး ထိုင်နေကြတာပေါ့ဗျာ။

"အောင်မယ်လေး ကျုပ်ကို ကယ်ကြပါဦး
ဗျာ၊ ခွေးကြီးတွေ ကျုပ်ကို ကိုက်တော့မှာ
ဗျ၊ လုပ်ကြပါဦး"

ကိုချစ်ပုရဲ့ အသံနက်ကြီးကလည်း အိမ်ထဲ
က အော်နေတာဗျ။ ကိုချစ်ပုတို့အိမ်က အ
ညာအိမ် ဆိုပေမယ့် တစ်ထပ်အိမ်ဗျ။ ခြေ
တံရှည်အိမ်  မဟုတ်ဘူး။ ပျဉ်ထောင်သွပ်
မိုးပါပဲ။ ခွေးနက်ကြီး  သုံးကောင်ကတော့
ကိုချစ်ပုတို့အိမ်ကို လှည့်ပတ်ပြီး သွားကြီး
တွေဖြဲပြီး မာန်ဖီနေကြတာဗျို့။

သန်းခေါင်ကျော်ပြီး တစ်နာရီလောက်တော့
ရှိပြီဗျ။ ကျုပ်လည်း ခွေးကြီးတွေကို မျက်
ခြည်မပြတ် ကြည့်နေတာဗျို့။

"ဂီး ဂီး ဂီး ဂီး ဟီး ဟီး ဟီး"

ဟာ သွားပါဗျို့၊ သွားပြီ၊ အိမ်ထဲကို ခေါ်ဝင်
သွားကြပြီဗျို့။ အိမ်ရဲ့ပျဉ်ထောင်နံရံကြီးကို
တစ်ခါတည်း ဖောက်ဝင်သွားကြတာဗျ။ သူ
တို့အတွက် ဘာအဆီးအတားမှကို မရှိသ
လိုပါပဲဗျာ။

"အောင်မယ်လေးဗျ၊ အောင်မယ်လေးဗျ။
ကိုက်ကြပြီဗျ၊ အား"

အိမ်ထဲက ကိုချစ်ပုရဲ့ အော်သံကြီးဗျာ။ အ
သံနက်ကြီးနဲ့ဗျ။ ကျုပ်တစ်ကိုယ်လုံး ကြက်
သီးတွေ ထသွားရုံတင် မကပါဘူးဗျာ၊ဆံပင်
တွေတောင် ထောင်သွားတယ် ထင်ပါရဲ့ဗျာ

"ဟဲ့ ဟဲ့ ချစ်ပု၊ ချစ်ပု၊ အောင်မယ်လေး လုပ်
ကြပါဦးတော်၊ ကျုပ်မောင်ချစ်ပု သေပါပြီ
တော့"

"ဝုန်း"

အပိုင်း(၄)ဆက်ရန်..

မူရင်းရေးသားသူ = တာတေ ္

Comments