ငရဲခွေး အပိုင်း(၂)
ကျုပ်က တွေးရင်းနဲ့ ပါးစပ်က လွှတ်ကနဲ
ထွက်သွားတာဗျို့။
"ကျုပ်တို့လည်း ဘာဖြစ်မှန်း မသိလို့ ကိုကြီး
တာတေဆီကို လာမေးကြည့်တာဗျ"
"ငါ့စိတ်ထင်တော့ အပူတွေ တအားတက်ပြီး
ကယောင်ကတမ်းပြောတာ ထင်တယ်ကွ
ပေစိရ"
"ဟာ မဟုတ်ဘူးဗျ၊ကိုချစ်ပုကြီးက တအား
ကြောက်လန့်ပြီး မျက်လုံးပြူးကြီးနဲ့ ထိုင်
အော်နေတာတဲ့ဗျ၊ ပြီးရင် အိမ်ထဲမှာ လှည့်
ပတ်ပြေးနေလို့ သူတို့နဲ့ ဘေးကပ်လျက်ဝိုင်း
က ဘိုးအောင်ဗလတို့၊ ဘိုးထန်းဖူးတို့တွေ
တစ်ညလုံး ဝိုင်းဆွဲနေရတာတဲ့ဗျ"
ကျုပ် တွေးကြည့်တယ်။ ပေစိတို့ ချစ်ထွေး
တို့ ပြောသလိုဆိုရင် ကိုချစ်ပုဟာ အပူကြီး
လို့ ကယောင်ကတမ်းဖြစ်တာ မဟုတ်
လောက်ဘူးဗျ၊ အကြောင်းတစ်ခုခုတော့
ရှိလိမ့်မယ်ထင်တယ်။
"ဟုတ်တယ် ကိုကြီးတာတေ၊ ကိုချစ်ပုက
သူပြောတဲ့ ခွေးနက်ကြီးတွေနဲ့ အသံကို တ
ကယ်ကြားနေရတဲ့ပုံပဲဗျ၊ သူ့နားနှစ်ဖက်ကို
လက်ဝါးနဲ့အုပ်ထားပြီး အောင်မယ်လေး နား
ကွဲတော့မယ်ဗျ၊ ခွေးသံကြီးတွေက ကြောက်
စရာကြီးဗျာလို့ပြောသတဲ့"
"ဟေ ဒါဆိုရင်တော့ သူ တကယ်ကြားလို့ရှိ
မှာပေါ့ ပေစိရ"
"အဲဒါကြောင့် ကျုပ်တို့ လာခဲ့တာပေါ့ဗျ၊ ဒါ
မျိုးဆိုတာ ကိုကြီးတာတေပဲ သိတာလေဗျာ"
ကျုပ်တို့စကားကောင်းနေတုန်း ဝိုင်းဝကနေ
သုတ်သုတ်သုတ်သုတ်နဲ့ ဝင်လာတာက
ကျောက်ခဲနဲ့ သံမဏိဗျ။
"ဟာ ဟေ့ကောင် နှစ်ကောင် မင်းတို့ ခရီး
သွားလို့ဆို"
ကျုပ်က ဒီကောင်နှစ်ယောက် အနားမရောက်
ခင် လှမ်းမေးလိုက်တာဗျ။
"မသွားဖြစ်ဘူး ကိုကြီးတာတေရ"
"နို့ ရွာထဲက သတင်းတွေ ဘာတွေ မကြား
ဘူးလားကြ"
"ကြားပြီလားဗျာ၊ ကြားလို့လည်း အခု ကို
ကြီးတာတေဆီကို လာခဲ့တာပေါ့ဗျ။ ဒါပေ
မဲ့ ကျုပ်တို့ထက်ဦးတဲ့ ကောင်နှစ်ကောင်
ကိုကြီးတာတေဆီမှာ ရောက်နေတာကိုး"
"အေး ဟုတ်တယ်၊ ပေစိနဲ့ ချစ်ထွေးလည်း
ကိုချစ်ပုသတင်းကို လာပြောကြတာကွ"
"ဗျာ ကိုချစ်ပု ဟုတ်လား မြောက်ပိုင်းက ကို
ချစ်ပုလား၊ ဘာဖြစ်လို့တုံး"
"ဟေ မင်းတို့ အခုလာတာ ကိုချစ်ပုသတင်း
ပြောဖို့လာတာမို့လား ကျောက်ခဲရဲ့"
"ဟာ မဟုတ်ဘူးဗျ၊ ရွာနောက်ပိုင်းက ကိုသာစိန်ကြီးအကြောင်း ပြောမလို့လာတာ"
"အနောက်ပိုင်းက ကိုသာစိန်ဆိုတာ သျှောင်
ထုံးကြီးနဲ့လူမို့လား၊ သာရှိန်ရဲ့အကိုလေ၊ အ
ရင် ထန်းတွေ ဘာတွေ တက်လိုက်သေး
တယ်လေကွာ"
"ဟုတ်တယ် ဟုတ်တယ်၊ အဲဒီလူကို ပြော
တာ၊ ထန်းမတက်တော့တာ ကြာပြီဗျ၊
သျှောင်ထုံးမထားတော့တာလည်း ကြာ
ပြီ၊ ကျုပ်တို့လိုပဲ ဘိုကေ ညှပ်ထားတာဗျ"
"အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ငါသိတယ်
ကျောက်ခဲ၊ ဒီရွာ နောက်ပိုင်း စီးပွားရေး
တော်တော် ချောင်လည်သွားပုံရတယ်ကွ၊
ရွာမှာတောင် သိပ်မတွေ့ဘူး။ မြို့သွား
သွားနေတာများတယ်၊ နို့ ကိုသာစိန်က
အခု ဘာဖြစ်လို့တုံး"
"ညက သန်းခေါင်လောက်မှာ အိပ်နေရာ
ကနေ ထအော်လို့ ကယ်ကြပါဦး၊ ကယ်
ကြပါဦး၊ ခွေးနက်ကြီးတွေ ကျုပ်ကို ကိုက်
တော့မယ်၊ ကျုပ် ကြောက်တယ်ဗျ။ အသံ
ကြီးတွေကို ကျုပ်ကြောက်တယ်၊ လုပ်ကြ
ပါဦး ထအော်တာတဲ့ဗျို့"
"ဟင် ကိုဘစိန်က နေမကောင်းဖြစ်နေတာ
လား"
"ဟာ မဖြစ်ပါဘူးဗျ၊ အကောင်းကြီးပါ၊ မနေ့
ကတောင် ရွာဦးကျောင်းက ရေတွင်းမှာ ရေ
သွားချိုးတာ ကျုပ်မြင်လိုက်ပါတယ်"
"ကျောက်ခဲရေ ဒါဆိုရင်တော့ တော်တော်ကို
ထူးဆန်းနေပြီဟေ့၊ ပေစိနဲ့ ချစ်ထွေးက ပြော
တာက မြောက်ပိုင်းက ကိုချစ်ပုအကြောင်း
မင်းနဲ့ သံမဏိ လာပြောတာက အနောက်
ပိုင်းက ကိုသာစိန်အကြောင်း ဖြစ်ပုံကလည်း
တစ်ထပ်တည်းကွ"
"ဗျာ တစ်ထပ်တည်း ဟုတ်လား ကိုကြီး
တာတေ"
ပေစိနဲ့ ချစ်ထွေးက ကျောက်ခဲတို့ထက် အ
သက်ငယ်တယ်ဗျ။ ကျောက်ခဲ ပြောတာကို
ကြားတော့ ပေစိနဲ့ ချစ်ထွေး အံ့သြပြီး ပါးစပ်
တွေတောင် ဟလို့ဗျ။
"ဟေ ဒါ ဘယ်လိုဖြစ်တာတုံးကွ၊ အတော်
ကို ထူးဆန်းနေတာပါလား"
ကျုပ်အဘကတောင် အံ့သြပြီး
ဝင်ပြောတာဗျ
"ကျုပ်တစ်သက်တော့ ဒါမျိုး တစ်ခါမှ
မကြားဖူးပါဘူးတော်"
အမေကလည်း တော်တော်ကို အံ့သြပြီး
ပြောတာဗျ။
"နေပါဦး ကျောက်ခဲရဲ့၊ ဒီလူနှစ်ယောက်ဖြစ်
ပုံက တူနေတာတော့ ဟုတ်ပါပြီ၊ ကိုချစ်ပုနဲ့
ကိုသာစိန်က ရွာထဲမှာ တွဲသွားတွဲလာလုပ်
တာ၊ ငါဖြစ် တစ်ခါမှ မတွေ့မိပါဘူးကွာ"
"အဲဒီလို တွဲသွားတွဲလာတော့ ကျုပ်လည်း
တစ်ခါမှ မမြင်ဖူးပါဘူးဗျာ၊ ဒါပေမဲ့ သူတို့
နှစ်ယောက် တစ်ချိန်တည်း တစ်ပြိုင်တည်း
မှာ ခွေးနက်ကြီးတွေကို မြင်ကြတာတော့
တော်တော်ကို ထူးဆန်းတာပဲဗျာ၊ ကျုပ်နဲ့
သံမဏိက ကိုချစ်ပုသတင်းကို လုံးဝကြား
တာ မဟုတ်ဘူးဗျ"
"ရွာထဲမှာ ဒီသတင်းတွေ ပျံ့နေပြီလားကွ"
ကျုပ်ကမေးတော့ ထနောင်းကုန်း စုံထောက်
ကျောက်ခဲက ခေါင်းခါပြတယ်ဗျ။
"ဟာ မပျံ့ဘူးဗျ၊ သိတောင် မသိကြဘူး၊
သူတို့ဝိုင်းချင်းကပ်တွေက သိကြတာ၊ ကို
ကြီး တာတေ စဉ်းစားကြည့်ဗျာ၊ ကျုပ်တို့
က အနောက်ပိုင်းက ကိုသာစိန့်သတင်းပဲ
ကြားတာ၊ ဒီကောင် နှစ်ကောင် ပေစိနဲ့ ချစ်
ထွေးက ကိုချစ်ပုအကြောင်းပဲ ကြားတာ။
ဒီရောက်မှ ညက ခွေးနက်ကြီးတွေကို
ကြောက်ပြီး ထအော်တာ နှစ်ယောက်ဖြစ်
နေမှန်း သိရတာ၊ ဒီတော့ ဒီသတင်းက ရွာ
ထဲမပျံ့တာ သေချာတာပေါ့ဗျာ"
"အေးကွ ကျောက်ခဲရ၊ မင်းတွေးတာ ဟုတ်
တော့ ဟုတ်သားကွ"
ထွက်သွားတာဗျို့။
"ကျုပ်တို့လည်း ဘာဖြစ်မှန်း မသိလို့ ကိုကြီး
တာတေဆီကို လာမေးကြည့်တာဗျ"
"ငါ့စိတ်ထင်တော့ အပူတွေ တအားတက်ပြီး
ကယောင်ကတမ်းပြောတာ ထင်တယ်ကွ
ပေစိရ"
"ဟာ မဟုတ်ဘူးဗျ၊ကိုချစ်ပုကြီးက တအား
ကြောက်လန့်ပြီး မျက်လုံးပြူးကြီးနဲ့ ထိုင်
အော်နေတာတဲ့ဗျ၊ ပြီးရင် အိမ်ထဲမှာ လှည့်
ပတ်ပြေးနေလို့ သူတို့နဲ့ ဘေးကပ်လျက်ဝိုင်း
က ဘိုးအောင်ဗလတို့၊ ဘိုးထန်းဖူးတို့တွေ
တစ်ညလုံး ဝိုင်းဆွဲနေရတာတဲ့ဗျ"
ကျုပ် တွေးကြည့်တယ်။ ပေစိတို့ ချစ်ထွေး
တို့ ပြောသလိုဆိုရင် ကိုချစ်ပုဟာ အပူကြီး
လို့ ကယောင်ကတမ်းဖြစ်တာ မဟုတ်
လောက်ဘူးဗျ၊ အကြောင်းတစ်ခုခုတော့
ရှိလိမ့်မယ်ထင်တယ်။
"ဟုတ်တယ် ကိုကြီးတာတေ၊ ကိုချစ်ပုက
သူပြောတဲ့ ခွေးနက်ကြီးတွေနဲ့ အသံကို တ
ကယ်ကြားနေရတဲ့ပုံပဲဗျ၊ သူ့နားနှစ်ဖက်ကို
လက်ဝါးနဲ့အုပ်ထားပြီး အောင်မယ်လေး နား
ကွဲတော့မယ်ဗျ၊ ခွေးသံကြီးတွေက ကြောက်
စရာကြီးဗျာလို့ပြောသတဲ့"
"ဟေ ဒါဆိုရင်တော့ သူ တကယ်ကြားလို့ရှိ
မှာပေါ့ ပေစိရ"
"အဲဒါကြောင့် ကျုပ်တို့ လာခဲ့တာပေါ့ဗျ၊ ဒါ
မျိုးဆိုတာ ကိုကြီးတာတေပဲ သိတာလေဗျာ"
ကျုပ်တို့စကားကောင်းနေတုန်း ဝိုင်းဝကနေ
သုတ်သုတ်သုတ်သုတ်နဲ့ ဝင်လာတာက
ကျောက်ခဲနဲ့ သံမဏိဗျ။
"ဟာ ဟေ့ကောင် နှစ်ကောင် မင်းတို့ ခရီး
သွားလို့ဆို"
ကျုပ်က ဒီကောင်နှစ်ယောက် အနားမရောက်
ခင် လှမ်းမေးလိုက်တာဗျ။
"မသွားဖြစ်ဘူး ကိုကြီးတာတေရ"
"နို့ ရွာထဲက သတင်းတွေ ဘာတွေ မကြား
ဘူးလားကြ"
"ကြားပြီလားဗျာ၊ ကြားလို့လည်း အခု ကို
ကြီးတာတေဆီကို လာခဲ့တာပေါ့ဗျ။ ဒါပေ
မဲ့ ကျုပ်တို့ထက်ဦးတဲ့ ကောင်နှစ်ကောင်
ကိုကြီးတာတေဆီမှာ ရောက်နေတာကိုး"
"အေး ဟုတ်တယ်၊ ပေစိနဲ့ ချစ်ထွေးလည်း
ကိုချစ်ပုသတင်းကို လာပြောကြတာကွ"
"ဗျာ ကိုချစ်ပု ဟုတ်လား မြောက်ပိုင်းက ကို
ချစ်ပုလား၊ ဘာဖြစ်လို့တုံး"
"ဟေ မင်းတို့ အခုလာတာ ကိုချစ်ပုသတင်း
ပြောဖို့လာတာမို့လား ကျောက်ခဲရဲ့"
"ဟာ မဟုတ်ဘူးဗျ၊ ရွာနောက်ပိုင်းက ကိုသာစိန်ကြီးအကြောင်း ပြောမလို့လာတာ"
"အနောက်ပိုင်းက ကိုသာစိန်ဆိုတာ သျှောင်
ထုံးကြီးနဲ့လူမို့လား၊ သာရှိန်ရဲ့အကိုလေ၊ အ
ရင် ထန်းတွေ ဘာတွေ တက်လိုက်သေး
တယ်လေကွာ"
"ဟုတ်တယ် ဟုတ်တယ်၊ အဲဒီလူကို ပြော
တာ၊ ထန်းမတက်တော့တာ ကြာပြီဗျ၊
သျှောင်ထုံးမထားတော့တာလည်း ကြာ
ပြီ၊ ကျုပ်တို့လိုပဲ ဘိုကေ ညှပ်ထားတာဗျ"
"အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ငါသိတယ်
ကျောက်ခဲ၊ ဒီရွာ နောက်ပိုင်း စီးပွားရေး
တော်တော် ချောင်လည်သွားပုံရတယ်ကွ၊
ရွာမှာတောင် သိပ်မတွေ့ဘူး။ မြို့သွား
သွားနေတာများတယ်၊ နို့ ကိုသာစိန်က
အခု ဘာဖြစ်လို့တုံး"
"ညက သန်းခေါင်လောက်မှာ အိပ်နေရာ
ကနေ ထအော်လို့ ကယ်ကြပါဦး၊ ကယ်
ကြပါဦး၊ ခွေးနက်ကြီးတွေ ကျုပ်ကို ကိုက်
တော့မယ်၊ ကျုပ် ကြောက်တယ်ဗျ။ အသံ
ကြီးတွေကို ကျုပ်ကြောက်တယ်၊ လုပ်ကြ
ပါဦး ထအော်တာတဲ့ဗျို့"
"ဟင် ကိုဘစိန်က နေမကောင်းဖြစ်နေတာ
လား"
"ဟာ မဖြစ်ပါဘူးဗျ၊ အကောင်းကြီးပါ၊ မနေ့
ကတောင် ရွာဦးကျောင်းက ရေတွင်းမှာ ရေ
သွားချိုးတာ ကျုပ်မြင်လိုက်ပါတယ်"
"ကျောက်ခဲရေ ဒါဆိုရင်တော့ တော်တော်ကို
ထူးဆန်းနေပြီဟေ့၊ ပေစိနဲ့ ချစ်ထွေးက ပြော
တာက မြောက်ပိုင်းက ကိုချစ်ပုအကြောင်း
မင်းနဲ့ သံမဏိ လာပြောတာက အနောက်
ပိုင်းက ကိုသာစိန်အကြောင်း ဖြစ်ပုံကလည်း
တစ်ထပ်တည်းကွ"
"ဗျာ တစ်ထပ်တည်း ဟုတ်လား ကိုကြီး
တာတေ"
ပေစိနဲ့ ချစ်ထွေးက ကျောက်ခဲတို့ထက် အ
သက်ငယ်တယ်ဗျ။ ကျောက်ခဲ ပြောတာကို
ကြားတော့ ပေစိနဲ့ ချစ်ထွေး အံ့သြပြီး ပါးစပ်
တွေတောင် ဟလို့ဗျ။
"ဟေ ဒါ ဘယ်လိုဖြစ်တာတုံးကွ၊ အတော်
ကို ထူးဆန်းနေတာပါလား"
ကျုပ်အဘကတောင် အံ့သြပြီး
ဝင်ပြောတာဗျ
"ကျုပ်တစ်သက်တော့ ဒါမျိုး တစ်ခါမှ
မကြားဖူးပါဘူးတော်"
အမေကလည်း တော်တော်ကို အံ့သြပြီး
ပြောတာဗျ။
"နေပါဦး ကျောက်ခဲရဲ့၊ ဒီလူနှစ်ယောက်ဖြစ်
ပုံက တူနေတာတော့ ဟုတ်ပါပြီ၊ ကိုချစ်ပုနဲ့
ကိုသာစိန်က ရွာထဲမှာ တွဲသွားတွဲလာလုပ်
တာ၊ ငါဖြစ် တစ်ခါမှ မတွေ့မိပါဘူးကွာ"
"အဲဒီလို တွဲသွားတွဲလာတော့ ကျုပ်လည်း
တစ်ခါမှ မမြင်ဖူးပါဘူးဗျာ၊ ဒါပေမဲ့ သူတို့
နှစ်ယောက် တစ်ချိန်တည်း တစ်ပြိုင်တည်း
မှာ ခွေးနက်ကြီးတွေကို မြင်ကြတာတော့
တော်တော်ကို ထူးဆန်းတာပဲဗျာ၊ ကျုပ်နဲ့
သံမဏိက ကိုချစ်ပုသတင်းကို လုံးဝကြား
တာ မဟုတ်ဘူးဗျ"
"ရွာထဲမှာ ဒီသတင်းတွေ ပျံ့နေပြီလားကွ"
ကျုပ်ကမေးတော့ ထနောင်းကုန်း စုံထောက်
ကျောက်ခဲက ခေါင်းခါပြတယ်ဗျ။
"ဟာ မပျံ့ဘူးဗျ၊ သိတောင် မသိကြဘူး၊
သူတို့ဝိုင်းချင်းကပ်တွေက သိကြတာ၊ ကို
ကြီး တာတေ စဉ်းစားကြည့်ဗျာ၊ ကျုပ်တို့
က အနောက်ပိုင်းက ကိုသာစိန့်သတင်းပဲ
ကြားတာ၊ ဒီကောင် နှစ်ကောင် ပေစိနဲ့ ချစ်
ထွေးက ကိုချစ်ပုအကြောင်းပဲ ကြားတာ။
ဒီရောက်မှ ညက ခွေးနက်ကြီးတွေကို
ကြောက်ပြီး ထအော်တာ နှစ်ယောက်ဖြစ်
နေမှန်း သိရတာ၊ ဒီတော့ ဒီသတင်းက ရွာ
ထဲမပျံ့တာ သေချာတာပေါ့ဗျာ"
"အေးကွ ကျောက်ခဲရ၊ မင်းတွေးတာ ဟုတ်
တော့ ဟုတ်သားကွ"
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူ = တာတေ
Comments
Post a Comment