ရွှေဂူရှင်မ. အပိုင်း(၇)
ကျုပ်လည်း တစ်ကိုယ်လုံး ထူပူပြီး
စွတ်ပြေးခဲ့ရတာပေါ့ဗျာ။ ထွက်ပေါက်
ကို ရောက်ပြီဗျ။ ကျောက်လှေကား
တွေပေါ်ကို ပြေးအတက်မှာ…
"ဝုန်း"
နောက်က ပါလာတဲ့ ရေလုံးကြီးက ကျုပ်
ကို ပြေးရိုက်လိုက်တယ်။ကျုပ် ရေလုံးကြီး
နဲ့ ပါသွားရောဗျို့။ ကျုပ်သတိရလာလို့
ကြည့်လိုက်တော့ စမ်းချောင်းကြီး တစ်ခု
ဘေးက ကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။
တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲဗျာ။
ကျုပ် ဘယ်နေရာ ရောက်နေမှန်းလည်း
မသိဘူး။သတိမေ့နေတာ ဘယ်လောက်
ကြာသွားမှန်းလည်း မသိဘူးဗျ။စမ်းချောင်း
ထဲက ရေကို လက်ခုပ်နဲ့ ခပ်သောက်ပြီး
မျက်နှာသစ်လိုက်တယ်။ပြီးတော့မှ တော
ထဲက ထွက်ဖို့ မှန်းပြီး လျှောက်လာတယ်
တော်တော်လေး လျှောက်မိတော့ ကျုပ်
ရှေ့မှာ တွေ့လိုက်ရတာက ညောင်ပင်
ကြီး နှစ်ပင်ဗျ။
"ဟာ"
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တ
ဖျန်းဖျန်း ထသွားတော့တာဗျို့။ ဒါ ရွှေဂူ
သိုက်ကြီးရဲ့ ဝင်ပေါက်က ညောင်ပင်ကြီး
တွေဗျ။ ကျုပ်လျှောက်ရင်းနဲ့ ရွှေဂူသိုက်
ကြီးရှိတဲ့ နေရာကို ပြန်ရောက်လာတာပဲ။
ကျုပ်လည်း ဘာမှမတွေးတော့ဘဲ နောက်
ကို ချာကနဲ လှည့်ထွက်လိုက်တယ်။
"မောင်တာတေ၊ နေပါဦးကွဲ့"
ကြက်သီးတွေ ဖျန်းကနဲ ထပြီး ဆံပင်တွေ
ပါ ထောင်သွားတယ်လို့ထင်လိုက်မိတယ်
ဗျာ။ ကျုပ်နာမည်ကို ဘယ်သူ ခေါ်လိုက်
တာတုံး။ သိုက်ထဲက ကျောက်ဘီလူးကြီး
တွေများလားလို့ တွေးမိပြီး ကျုပ်နောက်
ကို လှည့်ကြည့်လိုက်တော့ ညောင်ပင်ကြီး
တစ်ပင်ရဲ့နောက်က ထွက်လာတဲ့ အဘိုး
ကြီးတစ်ယောက်ဗျ။ အပေါ်ဖြူ၊ အောက်
ဖြူ၊ ပုဝါဖြူ၊ ပေါင်းလို့။လွယ်အိတ်ကြီးတစ်
လုံးလည်း လွယ်ထားတယ်။ လွယ်အိတ်
ကတော့ အစိမ်းရောင်ဗျ။
"ဟာ …အဘိုးပါလား"
ဟုတ်တယ်ဗျ။(မဖဲဝါ မဝင်ရ)မှာ ကျုပ်
ပြောပြခဲ့ဖူးတဲ့ ကုန်းတန်းရွာဟောင်းကြီး
က အဘိုးဆရာကြီးဗျ။ ကျုပ်ကို အင်း
လက်ကိုင်ပုဝါစည်းပြီး ရွာဟောင်းကြီးအ
ကြောင်းကို ပြခဲ့တာလေ။ (ခင်ဗျား မေ့
နေရင်တော့ 'မဖဲဝါ မဝင်ရ'ကို ပြန်ပြီး
ဖတ်ကြည့်ဗျာ)
"မောင်တာတေ အဘိုးကို မှတ်မိသားပဲ၊
ဘယ့်နှယ်တုံးကွဲ့ မောင်တာတေရဲ့၊ ရ
သေ့သိုက်ဆရာနဲ့ အဖော်လိုက်ခဲ့တာ
တော်တော်ကို ဗဟုသုတ ရရဲ့လား"
"ဟာ မပြောပါနဲ့တော့ အဘိုးရယ်၊ကျုပ်
ဖြင့် ကံကောင်းလို့ မသေတာဗျာ"
"ဟား၊ ဟား၊ ဟား၊ ဟား၊ မင်းကွာ တော်
တော်စပ်စုချင်တဲ့ သူငယ်ပဲ၊ ရသေ့သိုက်
ဆရာကို ဘယ်လိုများတွေ့ပြီး လိုက်လာ
တာတုံး"
ကျုပ်က အဘိုးဆရာကြီး အဖေရှင်ကို
အကျိုး အကြောင်း ပြောပြလိုက်တော့
အဘိုးက ကျုပ်ကို ခေါင်းတညိတ်ညိတ်
နဲ့ ကြည့်တယ်ဗျ။
"ကဲ မောင်တာတေ၊ အဘိုးပြောတာ
နားထောင်၊ သိုက်ထဲမှာ ရွှေဂူရှင်မ
အခုထိ သတိမရသေးဘူးကွဲ့"
"ဟာ ဟုတ်လား အဘိုး"
"အေး ဟုတ်တယ် မောင်တာတေ၊ သိုက်
ဆရာ ရသေ့ရဲ့ ပညာက တော်တော်မြင့်
တာကွဲ့၊ ရွှေဂူရှင်မကို ကယ်ဖို့ လူကလေး
သိုက်ထဲကို ပြန်ပြီးဝင်မှ ဖြစ်မယ်"
"ဗျာ၊ ကျုပ် သိုက်ကြီးထဲကို ပြန်ဝင်ရမယ်
ဟုတ်လား အဘိုး၊ ကျုပ်ကို ကျောက်ဘီ
လူးကြီးတွေ ဝိုင်းပြီးသတ်ကြမှာပေါ့ အ
ဘိုးရဲ့"
"မသတ်ပါဘူး မောင်တာတေရယ်၊ဟော
ဒီဆေးတောင့်ကို ယူသွား၊ သိုက်ထဲကို
ရောက်တော့ ဒီဆေးတောင့်ကို သွေးပြီး မောင်တာတေကိုယ်တိုင် သိုက်နန်းရှင်
မရဲ့ မျက်နှာမှာ သနပ်ခါးလိမ်းသလို လိမ်း
ပေးလိုက်ပေတော့၊ ရွှေဂူရှင်မ ကောင်း
သွားလိမ့်မယ်ကွဲ့"
"ဖြစ်ပါ့မလား အဘိုးရယ်"
"ဟာ ဖြစ်ပါတယ်ကွဲ့၊ မောင်တာတေအ
ပေါ်ကို ဘာအန္တရာယ်မှ မကျရောက်စေ
ရပါဘူး၊ပြီးတော့ မောင်တာတေ လာမှာကို
သူတို့ ကြိုသိလို့ စောင့်နေကြပါပြီ။ သူတို့
သခင်မအတွက် သူတို့တွေမှာ မျက်ရည်နဲ့
မျက်ခွက်ဖြစ်နေကြရရှာတာပါကွယ်။ ကိစ္စ
ပြီးရင်သာချက်ချင်းပြန်ထွက်လာခဲ့။ ကျုပ်
ဒီညောင်ပင်ကြီးတွေအောက်ကပဲ စောင့်
နေမယ်"
အဘိုးဆရာကြီး အဖေရှင်က သူ့ခေါင်းမှာ
ပေါင်းထားတဲ့ ပုဝါအဖြူလေးကို ဖြုတ်ယူ
ပြီး ကျုပ်ခေါင်းမှာ အဘိုးကိုယ်တိုင်ပေါင်း
ပေးလိုက်တယ်။ ပြီးတော့ ကျုပ်ကို ဆေး
တောင့်အပ်တယ်။
"ဝုန်း၊ ဝုန်း၊ ကျွိ၊ ကျွိ"
ဟာ သိုက်တံခါးကြီး ပွင့်သွားပြီဗျို့။
ကျောက်လှေကားကြီးတွေကို မြင်
နေရပြီ။
"ကဲ မောင်တာတေ သွားပေတော့၊ သူ
တို့ သိုက်တံခါး ဖွင့်ပေးလိုက်ပြီ"
ကျုပ်လည်း ဆေးတောင့်ကို ကျစ်ကျစ်
ပါအောင်ဆုပ်ပြီး ကျောက်လှေကားအ
တိုင်း ဆင်းလာလိုက်တယ်။ ဟိုနေ့က
တွေ့တဲ့ လက်လေးဖက်ပါတဲ့ ကျောက်
ဘီလူးရုပ်ကြီးက ဒီတစ်ခါတော့ လှုပ်
တောင် မလှုပ်ဘူးဗျ။ ကျုပ်က ခြေလှမ်း
ကျဲကြီးတွေနဲ့ လျှောက်ဝင်လိုက်တယ်။
ဆင်စွယ်ရောင်အခန်းကြီးကို ဖြတ်လိုက်
တယ်။ ဘယ်သူ့ကိုမှ မတွေ့ဘူးဗျ။
"ဝုန်း၊ ဝုန်း"
ဟာ နောက်တံခါးတစ်ချပ် ပွင့်ပြန်ပြီ
ဗျ။ကျုပ် ဝင်လာခဲ့တယ်။ရွှေရောင်ခန်းမ
ကြီးထဲက ရတနာတွေကြားထဲကို ကျုပ်
ရောက်လာတယ်။
နတ်မိမယ်တစ်ယောက်တောင်မှ မတွေ့
ဘူးဗျ။ ကျုပ် ဆက်လျှောက်တယ်။
"ဝုန်း၊ ဝုန်း"
နောက်ဆုံး တံခါးကြီး ပွင့်သွားပြီ။ပတ္တမြား
အရောင် ခန်းမကြီးဗျ။ ရွှေလှေကားထစ်
တွေနဲ့ ရွှေပလ္လင်၊ ရွှေကြာပွင့်ကြီးပေါ်က
ရွှေကြုတ်နဲ့ ထည့်ထားတဲ့ ပြဒါးပြာ။ရသေ့
ကြီး ဦးဘောဂ သိပ်လိုချင်တဲ့ ပစ္စည်းပေါ့
ဗျာ။ကျုပ်က ပတ္တမြားခန်းမကြီးထဲကိုလှည့်
ပတ်ကြည့်လိုက်တော့ အစိမ်းရောင် တင်း
တိန်ကာထားတဲ့ အခန်းတစ်ခန်းကို တွေ့
လိုက်တယ်။ အရှေ့မှာ ရပ်နေတဲ့ နတ်မိ
မယ်လေးတွေ အစိမ်းရောင်နဲ့ ရွှေရောင်
အဝတ်နဲ့ဗျ။
စွတ်ပြေးခဲ့ရတာပေါ့ဗျာ။ ထွက်ပေါက်
ကို ရောက်ပြီဗျ။ ကျောက်လှေကား
တွေပေါ်ကို ပြေးအတက်မှာ…
"ဝုန်း"
နောက်က ပါလာတဲ့ ရေလုံးကြီးက ကျုပ်
ကို ပြေးရိုက်လိုက်တယ်။ကျုပ် ရေလုံးကြီး
နဲ့ ပါသွားရောဗျို့။ ကျုပ်သတိရလာလို့
ကြည့်လိုက်တော့ စမ်းချောင်းကြီး တစ်ခု
ဘေးက ကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။
တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲဗျာ။
ကျုပ် ဘယ်နေရာ ရောက်နေမှန်းလည်း
မသိဘူး။သတိမေ့နေတာ ဘယ်လောက်
ကြာသွားမှန်းလည်း မသိဘူးဗျ။စမ်းချောင်း
ထဲက ရေကို လက်ခုပ်နဲ့ ခပ်သောက်ပြီး
မျက်နှာသစ်လိုက်တယ်။ပြီးတော့မှ တော
ထဲက ထွက်ဖို့ မှန်းပြီး လျှောက်လာတယ်
တော်တော်လေး လျှောက်မိတော့ ကျုပ်
ရှေ့မှာ တွေ့လိုက်ရတာက ညောင်ပင်
ကြီး နှစ်ပင်ဗျ။
"ဟာ"
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တ
ဖျန်းဖျန်း ထသွားတော့တာဗျို့။ ဒါ ရွှေဂူ
သိုက်ကြီးရဲ့ ဝင်ပေါက်က ညောင်ပင်ကြီး
တွေဗျ။ ကျုပ်လျှောက်ရင်းနဲ့ ရွှေဂူသိုက်
ကြီးရှိတဲ့ နေရာကို ပြန်ရောက်လာတာပဲ။
ကျုပ်လည်း ဘာမှမတွေးတော့ဘဲ နောက်
ကို ချာကနဲ လှည့်ထွက်လိုက်တယ်။
"မောင်တာတေ၊ နေပါဦးကွဲ့"
ကြက်သီးတွေ ဖျန်းကနဲ ထပြီး ဆံပင်တွေ
ပါ ထောင်သွားတယ်လို့ထင်လိုက်မိတယ်
ဗျာ။ ကျုပ်နာမည်ကို ဘယ်သူ ခေါ်လိုက်
တာတုံး။ သိုက်ထဲက ကျောက်ဘီလူးကြီး
တွေများလားလို့ တွေးမိပြီး ကျုပ်နောက်
ကို လှည့်ကြည့်လိုက်တော့ ညောင်ပင်ကြီး
တစ်ပင်ရဲ့နောက်က ထွက်လာတဲ့ အဘိုး
ကြီးတစ်ယောက်ဗျ။ အပေါ်ဖြူ၊ အောက်
ဖြူ၊ ပုဝါဖြူ၊ ပေါင်းလို့။လွယ်အိတ်ကြီးတစ်
လုံးလည်း လွယ်ထားတယ်။ လွယ်အိတ်
ကတော့ အစိမ်းရောင်ဗျ။
"ဟာ …အဘိုးပါလား"
ဟုတ်တယ်ဗျ။(မဖဲဝါ မဝင်ရ)မှာ ကျုပ်
ပြောပြခဲ့ဖူးတဲ့ ကုန်းတန်းရွာဟောင်းကြီး
က အဘိုးဆရာကြီးဗျ။ ကျုပ်ကို အင်း
လက်ကိုင်ပုဝါစည်းပြီး ရွာဟောင်းကြီးအ
ကြောင်းကို ပြခဲ့တာလေ။ (ခင်ဗျား မေ့
နေရင်တော့ 'မဖဲဝါ မဝင်ရ'ကို ပြန်ပြီး
ဖတ်ကြည့်ဗျာ)
"မောင်တာတေ အဘိုးကို မှတ်မိသားပဲ၊
ဘယ့်နှယ်တုံးကွဲ့ မောင်တာတေရဲ့၊ ရ
သေ့သိုက်ဆရာနဲ့ အဖော်လိုက်ခဲ့တာ
တော်တော်ကို ဗဟုသုတ ရရဲ့လား"
"ဟာ မပြောပါနဲ့တော့ အဘိုးရယ်၊ကျုပ်
ဖြင့် ကံကောင်းလို့ မသေတာဗျာ"
"ဟား၊ ဟား၊ ဟား၊ ဟား၊ မင်းကွာ တော်
တော်စပ်စုချင်တဲ့ သူငယ်ပဲ၊ ရသေ့သိုက်
ဆရာကို ဘယ်လိုများတွေ့ပြီး လိုက်လာ
တာတုံး"
ကျုပ်က အဘိုးဆရာကြီး အဖေရှင်ကို
အကျိုး အကြောင်း ပြောပြလိုက်တော့
အဘိုးက ကျုပ်ကို ခေါင်းတညိတ်ညိတ်
နဲ့ ကြည့်တယ်ဗျ။
"ကဲ မောင်တာတေ၊ အဘိုးပြောတာ
နားထောင်၊ သိုက်ထဲမှာ ရွှေဂူရှင်မ
အခုထိ သတိမရသေးဘူးကွဲ့"
"ဟာ ဟုတ်လား အဘိုး"
"အေး ဟုတ်တယ် မောင်တာတေ၊ သိုက်
ဆရာ ရသေ့ရဲ့ ပညာက တော်တော်မြင့်
တာကွဲ့၊ ရွှေဂူရှင်မကို ကယ်ဖို့ လူကလေး
သိုက်ထဲကို ပြန်ပြီးဝင်မှ ဖြစ်မယ်"
"ဗျာ၊ ကျုပ် သိုက်ကြီးထဲကို ပြန်ဝင်ရမယ်
ဟုတ်လား အဘိုး၊ ကျုပ်ကို ကျောက်ဘီ
လူးကြီးတွေ ဝိုင်းပြီးသတ်ကြမှာပေါ့ အ
ဘိုးရဲ့"
"မသတ်ပါဘူး မောင်တာတေရယ်၊ဟော
ဒီဆေးတောင့်ကို ယူသွား၊ သိုက်ထဲကို
ရောက်တော့ ဒီဆေးတောင့်ကို သွေးပြီး မောင်တာတေကိုယ်တိုင် သိုက်နန်းရှင်
မရဲ့ မျက်နှာမှာ သနပ်ခါးလိမ်းသလို လိမ်း
ပေးလိုက်ပေတော့၊ ရွှေဂူရှင်မ ကောင်း
သွားလိမ့်မယ်ကွဲ့"
"ဖြစ်ပါ့မလား အဘိုးရယ်"
"ဟာ ဖြစ်ပါတယ်ကွဲ့၊ မောင်တာတေအ
ပေါ်ကို ဘာအန္တရာယ်မှ မကျရောက်စေ
ရပါဘူး၊ပြီးတော့ မောင်တာတေ လာမှာကို
သူတို့ ကြိုသိလို့ စောင့်နေကြပါပြီ။ သူတို့
သခင်မအတွက် သူတို့တွေမှာ မျက်ရည်နဲ့
မျက်ခွက်ဖြစ်နေကြရရှာတာပါကွယ်။ ကိစ္စ
ပြီးရင်သာချက်ချင်းပြန်ထွက်လာခဲ့။ ကျုပ်
ဒီညောင်ပင်ကြီးတွေအောက်ကပဲ စောင့်
နေမယ်"
အဘိုးဆရာကြီး အဖေရှင်က သူ့ခေါင်းမှာ
ပေါင်းထားတဲ့ ပုဝါအဖြူလေးကို ဖြုတ်ယူ
ပြီး ကျုပ်ခေါင်းမှာ အဘိုးကိုယ်တိုင်ပေါင်း
ပေးလိုက်တယ်။ ပြီးတော့ ကျုပ်ကို ဆေး
တောင့်အပ်တယ်။
"ဝုန်း၊ ဝုန်း၊ ကျွိ၊ ကျွိ"
ဟာ သိုက်တံခါးကြီး ပွင့်သွားပြီဗျို့။
ကျောက်လှေကားကြီးတွေကို မြင်
နေရပြီ။
"ကဲ မောင်တာတေ သွားပေတော့၊ သူ
တို့ သိုက်တံခါး ဖွင့်ပေးလိုက်ပြီ"
ကျုပ်လည်း ဆေးတောင့်ကို ကျစ်ကျစ်
ပါအောင်ဆုပ်ပြီး ကျောက်လှေကားအ
တိုင်း ဆင်းလာလိုက်တယ်။ ဟိုနေ့က
တွေ့တဲ့ လက်လေးဖက်ပါတဲ့ ကျောက်
ဘီလူးရုပ်ကြီးက ဒီတစ်ခါတော့ လှုပ်
တောင် မလှုပ်ဘူးဗျ။ ကျုပ်က ခြေလှမ်း
ကျဲကြီးတွေနဲ့ လျှောက်ဝင်လိုက်တယ်။
ဆင်စွယ်ရောင်အခန်းကြီးကို ဖြတ်လိုက်
တယ်။ ဘယ်သူ့ကိုမှ မတွေ့ဘူးဗျ။
"ဝုန်း၊ ဝုန်း"
ဟာ နောက်တံခါးတစ်ချပ် ပွင့်ပြန်ပြီ
ဗျ။ကျုပ် ဝင်လာခဲ့တယ်။ရွှေရောင်ခန်းမ
ကြီးထဲက ရတနာတွေကြားထဲကို ကျုပ်
ရောက်လာတယ်။
နတ်မိမယ်တစ်ယောက်တောင်မှ မတွေ့
ဘူးဗျ။ ကျုပ် ဆက်လျှောက်တယ်။
"ဝုန်း၊ ဝုန်း"
နောက်ဆုံး တံခါးကြီး ပွင့်သွားပြီ။ပတ္တမြား
အရောင် ခန်းမကြီးဗျ။ ရွှေလှေကားထစ်
တွေနဲ့ ရွှေပလ္လင်၊ ရွှေကြာပွင့်ကြီးပေါ်က
ရွှေကြုတ်နဲ့ ထည့်ထားတဲ့ ပြဒါးပြာ။ရသေ့
ကြီး ဦးဘောဂ သိပ်လိုချင်တဲ့ ပစ္စည်းပေါ့
ဗျာ။ကျုပ်က ပတ္တမြားခန်းမကြီးထဲကိုလှည့်
ပတ်ကြည့်လိုက်တော့ အစိမ်းရောင် တင်း
တိန်ကာထားတဲ့ အခန်းတစ်ခန်းကို တွေ့
လိုက်တယ်။ အရှေ့မှာ ရပ်နေတဲ့ နတ်မိ
မယ်လေးတွေ အစိမ်းရောင်နဲ့ ရွှေရောင်
အဝတ်နဲ့ဗျ။
အပိုင်း(၈)ဆက်ရန်..
မူရင်းရေးသားသူ = တာတေ
Comments
Post a Comment