Posts

Showing posts from September, 2022

ကဝေပျိုရဲ့အချစ် အပိုင်း(၈) ဇာတ်သိမ်းပိုင်း

Image
ကျုပ်စိတ်ကို မဖဲဝါဆီ ညွှတ်ပြီး ပင့်လိုက်တယ် "ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး" ဟာ လာပြီ၊ မဖဲဝါ ကြွလာပြီ။ သူ့ရဲ့ခွေးကြီးအသံကို ကြားနေရပြီ။ ဟာဟုတ်ပါ့ဗျာ။ ဂူတွေအပေါ်ကနေ လေထဲမှာ ရွေ့လာတာဗျို့။ အရပ်ကြီးဆယ်ပေလောက်မှာ ဆံပင်ဖားလျားကြီးချပြီး ထမီရင်လျားကြီးနဲ့ဗျ။ ပြေးလာတဲ့ မဖဲဝါကြီး သင်္ချိုင်းအလယ်လောက်မှာ တန့်ခနဲ ရပ်သွားတယ်။ကျုပ်လည်း နောက်ကို လှည့်ကြည့်လိုက်တော့အောက်လမ်းကြီးရဲ့အဖြူရောင်စက်တွေက လှယဉ်ရဲ့ပါးစပ်ထဲကို ဝင်သွားပြီ။ လှယဉ်လွှတ်တဲ့ အစိမ်းရောင်စက်တွေကလည်း အောက်လမ်းကောင်ကြီးရဲ့ပါးစပ်ထဲကို ဝင်နေပြီဗျ။ မဖဲဝါ ရပ်ပြီးကြည့်နေတယ်။ ဘာမှမလုပ်ဘူးဗျ။ ပြီးတော့ ကျုပ်ကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားတယ်ကျုပ်ခေါ်တာ နောက်ကျသွားပြီဆိုတဲ့ ပုံစံဗျ။ ဟာ လဲသွားပြီ။ လှယဉ်ရော၊ အောက်လမ်းကြီးရော လဲသွားကြပြီ။ အောက်လမ်းကောင်ကြီးက ဆန့်ငင်ဆန့်ငင် ဖြစ်ပြီး ငြိမ်သွားပြီဗျ။ ကျုပ်ကလှယဉ်ဆီကို ပြေးတယ်။ လှယဉ်ပါးစပ်ထဲက သွေးတွေပွက်ခနဲ အန်တယ်။ ကျုပ် လှယဉ်ကို တွေ့ထားလိုက်တယ်။ လှယဉ်က ကျုပ်ရင်ဘတ်မှာ သူ့ပါးကလေးကို ကပ်ထားပြီး ကျုပ်ကို စိုက်ကြည့်တယ်။ ပါးစကလည်း သွေးတွေ ဒလဟော စီးကျနေတယ်ဗျ။ "တာတေ လှယဉ်က ကဝေမတစ်ယောက်ပါ" ...

ကဝေပျိုရဲ့အချစ် အပိုင်း(၇)

Image
ဟုတ်သားပဲဗျာ။ အဘပြောမှ ကျုပ်သတိထားမိတယ်။ ကျုပ်နဲ့ ရွာဦးက ဘုရားမှာတစ်ခါတွေ့ကြတုန်းကလည်း ဟိုလိုလို၊ဒီလိုလိုလုပ်ပြီး ဘုရားရှိခိုးမသွားဘူးဗျ။နောက်ဆိုရင် ဘုရားကို ဘယ်တော့မှမလာဘူးလေ။ ရွာမြောက်က ခင်တန်းမှာပဲသူနဲ့ကျုပ်နဲ့ တွေ့ကြတာ၊ သြော် ဖြစ်မှဖြစ်ရလေ လှယဉ်ရယ်။ ကျုပ်စိတ်မကောင်းလိုက်တာဗျာ။ ကျုပ်နာမည် တာတေပါ။ကျုပ်က ကိစ္စတစ်ခုကို နောက်ဆုတ်တတ်တဲ့လူ မဟုတ်ပါဘူးဗျာ။ ကျုပ်ချစ်သူ လှယဉ်ဟာ ကဝေမကလို့ဇော်ကနီ၊ ဇော်ကနက်၊ မောက်လုံး၊မောက်ပြား ဖြစ်နေပစေ။ ကျုပ် လှယဉ်ကိုယူမှာ။ ပြီးရင် လှယဉ်ကို နားဝင်အောင်ပြောပြီး သူ့ပညာကို ဆရာကောင်း သမား ကောင်းနဲ့ နှုတ်ပစ်မှာပေါ့ဗျာ။ ဘာဖြစ်သေးတုံး။ အဲဒီနေ့က ကိုကြီးစိန်မောင်နဲ့ အဘက ကျုပ်ကို ဖျောင်းဖျကြတယ်။ လှယဉ်ကို မယူဖို့၊ နောက်ဆုတ်ဖို့ နားချကြတာပေါ့ဗျာ။ ဒီလိုနဲ့ ညမိုးချုပ်သွားတယ်။ကိုကြီးစိန်မောင်လည်း ကျုပ်တို့အိမ်မှာညစာ စားတယ်။ ကျုပ်ကတော့ စားလို့ကိုမရပါဘူးဗျာ။ ရင်ထဲမှာ နင့်တင့်တင့်ကြီးကိုဖြစ်နေတာဗျ။ အမေကတော့ တစ်ခွန်းပဲပြောတာဗျ။ " ငါ့သား တာတေ၊ သူ့ဟာသူ စဉ်းစားပြီးလုပ်သင့်တာ လုပ်ပါလိမ့်မယ်လေ" အဲဒီညက အဘနဲ့အမေက ဆွဲတာနဲ့ ကိုကြီးစိန်မောင် ကျုပ်တို့အိမ်မှာပဲအိပ်တယ်ဗျ။ အမေရယ်၊ ...

ကဝေပျိုရဲ့အချစ် အပိုင်း(၆)

Image
"အေး အခု ငါလာတာ အဲဒီကိစ္စပဲကွ" "ဗျာ ဘာကိစ္စတုံးဗျ" "မနေ့က ညနေက ဘန့်ဘွေးကုန်းသုသာန်က ဇရပ်ပေါ်မှာ လွတ်အိတ်ကြီးတွေ လွယ်ထားတဲ့ လူနှစ်ယောက် ရောက်တာတွေ့တယ်လို့ ရွာထဲမှာ ပြောနေကြတယ်ကွ။ဒါနဲ့ငါ့ညီဝမ်းကွဲ တောကျော်နဲ့ ငါနဲ့ မသိမသာသွားပြီး အကဲခတ်တော့ ဟုတ်တယ်ကွ။နှုတ်ခမ်းမွေးကြီးတွေနဲ့ တစ်ယောက်ကသျှောင်ထုံးကြီးနဲ့ကွ၊ တစ်ယောက်ကတော့ရိုးရိုးဆံပင်ပါပဲ။ ဇရပ်ပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းပြီး တစ်ခုခုလုပ်နေတာကွ၊ ဘာလုပ်နေတာလဲတော့ မသိဘူးကွ၊ ငါတို့ညီအစ်ကိုလည်း မသိမသာဘဲ ပြန်လာခဲ့တာပေါ့ကွာ၊ ရွာထဲမှာတော့ တိုးတိုးတိုးတိုးနဲ့ ဒီအကြောင်း ပြောနေကြတာပေါ့ကွာ။ မနက်လေးနာရီလောက်ကျတော့ ဘိုးအောင်စိန်တို့ ဝိုင်းထဲကမီးလုံးကြီးတစ်လုံး ပျံတက်သွားတယ်လို့ကင်းစောင့်တဲ့ ကောင်လေးတွေ လာပြောလို့ ငါလိုက်သွားပြီး ကြည့်တယ်ကွ" "ဘယ်ကို သွားကြည့်တာတုံး ကိုကြီးစိန်မောင်ရ" "ဟိုကောင်တွေက သင်္ချိုင်းကုန်းဘက်ကိုပျံထွက်သွားတယ်ဆိုလို့ သင်္ချိုင်းကုန်းဘက်ကိုလိုက်ကြည့်တာကွ" "ဘာတွေ့တုံးဗျ" "ဟာ တွေ့တာပေါ့ကွာ၊ မီးလုံးကြီး သစ်ပင်တွေပေါ်မှာ ဝဲနေတာကွ၊ မနေ့က ငါတွေ့ခဲ့တဲ့ လူနှစ်ယောက်က ဇရပ်နဲ့ သ...

ကဝေပျိုရဲ့အချစ် အပိုင်း(၅)

Image
ခင်ဗျားကိုတောင် ကျုပ်ပြောမပြရသေးဘူး။ကျောက်ဒိုးဆိုတာ လှယဉ်မောင် နှစ်ယောက်ထဲက အငယ်ကောင်ဗျ။ ဒီကောင့်မှာ နာမည်တော့ ရှိတယ်ဗျ။ ကျုပ်မေ့နေပြီ။ အိမ်မှာတော့ကျောက်ဒိုးပဲ ခေါ်ကြတာ။ အကြီးကောင်ကသံခဲတဲ့။ မနှစ်က ရှင်ပြုတာ ဒီကောင်တွေညီအစ်ကိုလေဗျာ။ "လာဟေ့ ကျောက်ဒိုး၊ ရှင်ပြုပြီးမှ မင်းလည်းထွားလာလိုက်တာ၊ ငါ့အရပ်တောင် ကျော်သွားပြီထင်တယ်" ကျောက်ဒိုးက ကျုပ်ထိုင်နေတဲ့ ကွပ်ပျစ်မှာပဲ ဝင်ထိုင်တယ် "ကျုပ်က သူငယ်ချင်းဆီလာတာ မဟုတ်ဘူးဗျ။ ကိုကြီးတာတေဆီကို လာတာ" "ဟေ ဟုတ်လား၊ ဒါဆိုရင် ပြောလေ" "ကျုပ်အစ်မ လွှတ်လိုက်လို့လာတာဗျ။အစ်မလှယဉ်က ပြောတယ် မနက်ဖြန်ချိန်းထားတဲ့ ခင်တန်းကို မလာနဲ့တော့တဲ့။သူ့မှာ အရေးကြီးတဲ့ကိစ္စ ရှိလို့တဲ့၊ အဲဒါလာပြောတာဗျ" ကျောက်ဒိုးကို ကြည့်ရတာ နည်းနည်းတော့ ရှက်ကိုး ရှက်ကန်းဖြစ်နေပုံပဲဗျ။ "သြော် အေးအေး မင်း ထမင်းစားပြီးမှပြန်လေကွာ" "မစားတော့ဘူး ကိုကြီးတာတေ၊ အစ်မလှယဉ်က ပြောပြီးရင် ချက်ချင်းပြန်ခဲ့လို့မှာလိုက်တယ်ဗျ" "ဒါထက် ကျောက်ဒိုး၊ ကြုံတုန်း မင်းကိုမေးရဦးမယ်၊ မင်းကကော မင်းအစ်မလှယဉ်နဲ့ ငါနဲ့ကို သဘောတူရဲ့လားကွ" ကျုပ်က ကျောက်ဒိုးကို သ...

ကဝေပျိုရဲ့အချစ် အပိုင်း(၄)

Image
'သတိတော့ ထားနေပါကွာ၊ မတော်မင်းအူတွေ အသည်းတွေ နှိုက်စားသွားမှဖြင့်ကွာ၊ အင်း ကဝေမကြီးရဲ့သမီးမှန်းသိလျက်နဲ့ မင်းကလည်း ဇွတ်ယူခဲ့တာကိုး။ဒါထက် မင်းက ဘုရားတွေ ဘာတွေကောမှန်မှန်ရှိခိုးရဲ့လား' 'ခိုးတော့ ခိုးတယ်ကွ၊ ဒါပေမဲ့ သူတို့အိမ်မှာ ရှိခိုးရင် မယ်ဆုံကြီးက မကြိုက်ဘူးကွ၊ တစ်ခါတစ်လေ ငါ တိတ်တိတ်ကလေးရှိခိုးရင်တောင် သူသိတယ်လေ' 'ဟေ အဲဒါဆို ဘာပြောတုံး' 'ပြောတော့ မပြောဘူးကွ၊ ဟင်း၊ ဟင်း၊ဟင်းနဲ့ ညည်းသလိုကြီး လုပ်တယ်ကွ၊ငါလည်း ကြောက်တော့ ဆက်ပြီး ရှိမခိုးရဲပေါ့ကွာ' 'ဒီလိုတော့ မဟုတ်ပါဘူးကွာ၊ ငါယောက္ခမကြီး မရှိတဲ့အချိန်ဆိုအိမ်မှာ ရှိခိုးလို့ ရပါတယ်။ ငါ ရွာဦးက စေတီမှာ ဘုရားရှိခိုး၊ ပုတီးစိပ် အမြဲသွားလုပ်ပါတယ်ကွ' 'သြော် အေး အေး ၊ ဘုရားတော့ စိတ်ထဲမှာ အမြဲရှိခိုးနေပါ သူငယ်ချင်းရာ၊ မင်းမှာအန္တရာယ်မကြီးနဲ့ တစ်အိမ်တည်း အတူနေနေရတာကွ' 'ဟာ မင်းတို့ ထင်သလောက်လည်းမဆိုးပါဘူးကွ၊ ငါ့ယောက္ခမ မယ်ဆုံကြီးက ကဝေမကြီးသာဆိုတယ်၊ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူးကွာ၊ မီးမဖွားနိုင်တဲ့သူတွေကိုတောင် လိုက်ကယ်ပေးနေတာမင်းတို့လည်း သိတာပဲလေ' 'အေး ဒါတော့ ဟုတ်ပါတယ်လေ' အဲဒီလိုပေါ့ တာတေရာ...

ကဝေပျိုရဲ့အချစ် အပိုင်း(၃)

Image
"ဟာ ကိုကြီးစိန်မောင်ကလည်း ဒေါ်ဆုံကြီးက ရှိမှ မရှိတော့တာ။ ပြီးတော့ ဘွားဆုံကြီးရှိတုန်းကရော ဘယ်သူ့ကို ပြုစားလိုက်တယ်လို့ ရှိခဲ့လို့လားဗျ၊ မီးဖွားမယ့်သူတွေ မီးမဖွားနိုင်ဖြစ်နေရင် ဘွားဆုံကြီးကို လှည်းနဲ့ ပြေးပင့်ကြရတာပဲမို့လား ကိုကြီးစိန်မောင်ရဲ့" "အေးပေါ့ တာတေရ၊ အဲဒါကြောင့် လူတွေက ဘွားဆုံကြီးကို ပိုကြောက်ကြတာပေါ့ကွ" "အလိုဗျာ၊ မီးမဖွားနိုင်တဲ့သူကိုလည်းကယ်ပေးရသေးတယ်၊ ဘာကို ပိုကြောက်ကြတာတုံးဗျ" "ဟကောင် တာတေ၊ မင်း ဒီအကြောင်းတွေမကြားဖူးဘူးထင်တယ်" "ဘာအကြောင်းတုန်း ကိုကြီးစိန်မောင်ရဲ့၊ဟဲ့ ဟိုကောင်ကြီး ငနီ မှန်မှန်သွားလေ၊ဘာဖြစ်လို့ အပြေးသွားနေတာတုံး၊ ရှေ့က ကုန်းတက်ကျရင် ရုန်းရဦးမှာ၊ ဟင်းမှန်မှန်လျှောက်လေ၊ ဘယ်ကိုတုန်း ဟိုကောင် ငညို တောက်၊ ဟင်း" ကျုပ်က နွားငေါက်နေရတာနဲ့ စကားတောင် ရပ်သွားတယ်ဗျ "ဘွားဆုံကြီးက မီးမဖွားနိုင်လို့ အသက်ဘေးကြုံတော့မယ့် မီးနေသည်အိမ်ကိုရောက်တာနဲ့ အိမ်ပေါ်ကလူတွေကိုအိမ်အောက်ကို ဆင်းခိုင်းတာဟေ့၊ပြီးရင် ထွန်းထားသမျှ မီးတွေ သူ့အလိုလို ငြိမ်းသွားရောတဲ့ကွ၊ သူ့ပါးစပ်ကလည်း ဘာတွေရွတ်မှန်း မသိဘူးတဲ့၊ မီးနေသည်ရဲ့ဗိုက်ကို ပွတ်ပြီး ရွတ...

ကဝေပျိုရဲ့အချစ် အပိုင်း(၂)

Image
"မပါသေးဘူးလေကွာ၊ အခု အိမ်ပြန်ယူလိုက်မယ်လေ" "ပြန်ယူ၊ ပြန်ယူ၊ ကျုပ် စောင့်နေမယ်။အေးအေးဆေးဆေးလုပ်၊ ကျုပ် အချိန်ရတယ်ဗျ" "အေးပါ၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်" အဆင်တော့ ပြေသားဗျ။ ကျုပ်လာတုန်းက တစ်ယောက်လည်း ပျင်းဖို့တောင်ကောင်းသေးဗျာ။ အခု အပြန်ကျတော့ကိုကြီးစိန်မောင်နဲ့ စကားပြောဖော် ရတာပေါ့ဗျာ။ ငွေတွင်းကုန်းအထွက်ကလှည်းလမ်းက လွှတ်ကြမ်းတာဗျ။ ကျုပ်ဖြင့် နှမ်းအိတ်တွေနဲ့ဆိုတော့ လှည်းကိုမနည်းထိန်းမောင်းနေရတာဗျို့။ ချိုင့်ထဲ ဘီးစောင်းကျသွားရင် အဆင်မသင့် ဝင်ရိုးကျိုးတာတို့၊ လှည်းပဒေါင်းကွဲတာတို့ ဖြစ်တတ်တာဗျ။ ကျုပ်ကတော့ ဒီနေရာမွေး၊ ဒီနေရာကြီးလာတဲ့ကောင်ဆိုတော့ ဘယ်နား ဘာရှိတယ်ဆိုတာ အတတ်ကို သိနေတာပေါ့ဗျာ။ ဒီလမ်းတွေပေါ်မှာ ညဘက်ကြီး စွတ်ပြေးခဲ့ရတာတွေ ကျုပ်ကြုံဖူးပါတယ်။ ဒါပေမဲ့ လှည်းမောင်းရင်တော့ ကျုပ်ကကျုပ်လှည်းနဲ့ ကျုပ်နွားကြီးတွေကို အားကြီးညှာတဲ့ ကောင်ဗျ။ "ဒါကြောင့်လည်း လူကြီးတွေက မင်းကိုလွှတ်ချီးမွမ်းကြတာကွ" လှည်းကျန်တိုင်ကို ကိုင်ရင်းလိုက်လာတဲ့ကိုကြီးစိန်မောင်က ကျုပ်ကို ပြောတယ်ဗျာ။ "ဘာတုံး ကိုကြီးစိန်မောင်ရ" "လှည်းမောင်းတာလေကွာ၊ တာတေတို့များလှည်းမော...

ကဝေပျိုရဲ့အချစ် အပိုင်း(၁)

Image
°°° ဒီအကြောင်းကို ဘယ်တော့မှ မပြောဘူးလို့ ဆုံးဖြတ်ထားတာပါ။အခုတော့ ကျုပ်ငယ်ငယ်က အကြောင်းတွေကို ပြန်ပြောလက်စနဲ့ ပြောပြ လိုက်ပါတော့မယ်လေ။ကျုပ်မှာ ချစ်သူ ရှိခဲ့ဖူးတယ်ဗျ။အင်း…ခင်ဗျားတို့ကတော့ အံ့သြသွားမှာပေါ့။ဆရာမျိုးစုံနဲ့တွဲပြီး သင်္ချိုင်းကြို သင်္ချိုင်းကြား လျှောက်သွားနေတဲ့ တာတေလိုကောင်ကချစ်သူရှိခဲ့ဖူးတယ်ဆိုတော့ အံ့သြမှာပေါ့ဗျာ။ ကျုပ်တို့ရွာကတော့ မဟုတ်ပါဘူး။ဟိုဘက်ရွာ ဘန့်ဘွေးကုန်းကပါ။သူ့နာမည်က လှယဉ်တဲ့ဗျ။ သူ့မိဘတွေနဲ့ ကျုပ်မိဘတွေက သူငယ်ချင်းတွေပေါ့ဗျာ။ လှယဉ်က လုံးကြီးပေါက်လှဗျ။လှယဉ်ဆိုတဲ့အတိုင်း တကယ်ယဉ်ပြီး တကယ်လှတဲ့သူပါဗျာ။ ဘန့်ဘွေးကုန်းမှာတော့ ကျုပ်ရည်းစားက ကွမ်းတောင် ကိုင်နံပါတ်တစ်ဗျ။ ဒီလိုဗျို့။ တစ်နွေမှာ လှယဉ်မောင်တွေ ရှင်ပြုကြတယ်။ အဘတို့ အမေတို့ကလည်း သူတို့သူငယ်ချင်းတွေ အလှူဆိုတော့ သွားရတာပေါ့ဗျာ။ ကျုပ်က အဘတို့ကို လှည်းမောင်းပြီး လိုက်ပို့ရတာလေ။ ဘန့်ဘွေးကုန်းမှာ ညအိပ်မှာဆိုတော့ ကျုပ်မှာနွားကြီးနှစ်ကောင်အတွက် ပြောင်းရိုးစဉ်းပြီးသားတွေကို ဂုန်နီအိတ်ကြီးနဲ့ထည့်လို့ပေါ့ဗျာ။ ဘန့်ဘွေးကုန်းရောက်တော့ အဘသူငယ်ချင်း ဘိုးအောင်စိန်က သူတို့အိမ်မှာ ညအိပ်ရမယ်ဆိုလို့ ကျုပ်တို့ အလှူအိမ်မှာပဲ အလှူအိ...

မဖဲဝါစီးတဲ့ကျား အပိုင်း(၇) ဇာတ်သိမ်းပိုင်း

Image
"ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း" ဟော အသံကြီးက ကျုပ်တို့ဘက်ကို ရွေ့လာပြီဗျို့။ ကျားနက်ရှင် ငရွှေသင် ကတော့ သင်္ချိုင်းဇရပ်ပေါ်က ဆင်းလာ ပြီဗျို့။ အောင်မာ ဒီလူ လွတ်အိတ်ကို စလွယ်သိုင်း လွယ်လို့ဗျ။ ဒီကနေ အပြီး သွားတော့မယ်ပုံပဲ။ ရွာထဲက မအောင် ဖြူကလည်း အခုလောက်ဆိုရင် အော် ဟစ်နေရောပေါ့ဗျာ။ ကျုပ်က ဒီကိုမလာခင်ကတည်းက မှာခဲ့ပြီးသားဗျ။ မအောင်ဖြူ အိမ်ကို ရွာထဲက အားကောင်းမောင်းသန် မိန်းမတွေရော၊ ယောင်္ကျားတွေပါ ခေါ်ထားပြီး မအောင်ဖြူကို မလွတ် တမ်း ချုပ်ထားကြဖို့ပေါ့ဗျာ။ "ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ" ဟာ ခွေးအူသံကြီးဗျို့။ ဒါ မဖဲဝါရဲ့ခွေး ကြီး အူတဲ့အသံဗျ။ မဖဲဝါလည်း လာနေ ပြီပဲ။ "ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း" ခွေးအူသံ ကြားလိုက်တော့ ကျားနက် ကြီးက ပိုပြီးဟိန်းရောဗျို့။ ဟော ကျား နက်ကြီး သင်္ချိုင်းထဲကို ရောက်လာပြီဗျို့။ ငရွှေသင်က ကျားနက်ကြီးရဲ့ ခေါင်းကို ပွတ်သပ်ပြီး တစ်ခုခုပြောနေတဲ့ပုံပဲဗျ။ "ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ" ဟာ မဖဲဝါကြီး ဂူတွေပေါ်က ရွေ့လာ ပြီဗျို့။ အရပ်ကြီးဆယ်ပေလောက်နဲ့ ဆံပင်ဖားလျားကြီးချလို့ဗျာ။ သူ့ရဲ့ ခွေးကြီးက ဂူတွေကြားက ပြေးပြီး လိုက်လာတယ် ။ ငရွှေ...

မဖဲဝါစီးတဲ့ကျား အပိုင်း(၆)

Image
"စိတ်ချ တာတေ၊ စိတ်ချ၊ ကဲ ထမင်း ကြမ်းလေး စားသောက်ပြီး တစ်ရေး လောက် အိပ်လိုက်ကြရအောင်ကွာ" ကိုအောင်ဘကျော်က ပြောတော့ ဘိုးစိန်ုဖြူက ပြောတယ်ဗျ "မင်းတို့နှစ်ယောက် စိတ်ချလက်ချသာ အိပ်ကြပါကွာ၊ မောင်တာတေ လိုတာ တွေ ဘိုးတို့အားလုံး စီစဉ်ထားမှာပါ၊ ခဏကြာရင် ရွာက လူကြီးတွေ ရောက် လာကြမှာကွ၊ အားလုံးက မောင်တာ တေ လိုတာပြောဖို့ ဘိုးကို မှာထား ပါတယ်" ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ ထမင်းကြမ်း စားပြီးတော့ နှစ်ယောက်သား အိပ်ကြတော့ တာပေါ့ဗျာ။ တစ်ညလုံး အိပ်ရေးပျက်နေ တာဆိုတော့ ချက်ချင်းကို အိပ်ပျော်သွား တာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် အိပ် ရာက နိုးလာတော့ ညနေသုံးနာရီတောင် ထိုးနေပြီဗျ။ ကျုပ်လည်း အိပ်ရာက က ပျာကယာ ထပြီး ရေမိုးချိုးလိုက်တယ်။ ဒီတော့မှ လူလည်း လန်းသွားရောဗျို့။ "မောင်တာတေ အိပ်နေတုန်း ရွာက လူကြီးတွေ လာကြတယ်၊ မောင်တာ တေ ဘာပြောတုံးဆိုတာ သိချင်လို့ပေါ့ ကွာ၊ ကျုပ်ကလည်း မောင်တာတေ ပြော ပြတာတွေ အကုန်ပြောပြလိုက်တယ်၊လို တာတွေလည်း ပြောပြလိုက်တယ်၊ ည နေ ငါးနာရီထိုးတာနဲ့ ဆန်တစ်ခွက်နဲ့ ကြက်တစ်ကောင် ချက်ထားတဲ့ ထမင်း တောင်း ရောက်လာလိမ့်မယ်၊ယုံးကြည် ကိုတော့ မင်းအရီး သွားခေါ်ထားပြီးပြီ" "ဟာ ဒါဆိ...

မဖဲဝါစီးတဲ့ကျား အပိုင်း(၅)

Image
"ငါ့သား၊ ကိစ္စတွေ ပြီးတော့မှာပါကွာ၊ မနက်ဖြန်ည လကွယ်ညပဲကွ၊ မနက် ဖြန်ညရောက်ရင်သာ ဟိုကောင်မကို ချီပြီးဂူကြီးကို အရောက်သွားပေတော့၊ ဆရာလည်း မင်းနောက်က ထပ်ချပ်မ ကွာလိုက်ခဲ့မှာပါ၊ ဒါပေမဲ့ မင်းက ကျား၊ ငါက လူဆိုတော့ တောထဲ တောင်ထဲ သွားတဲ့အခါ မင်းကို မှီအောင်တော့ လိုက်နိုင်မှာ မဟုတ်ဘူးပေါ့ကွာ" ဟာ ကျားနက်ကြီးက ဒီလူ့ခြေထောက် ကို ခေါင်းနဲ့ခွေ့နေတယ်ဗျို့။ဘယ်လို ဖြစ်လို့ ဒီလူ ဒီကျားကို ဒီလောက်ပိုင်နေ တာပါလိမ့်။ ပြီးတော့ ကျားက ညသန်း ခေါင်မှ ပေါ်လာတာလေဗျာ။ တစ်နေ့ လုံး ဒီကျား ဘယ်မှာ သွားနေတာတုံး။ ရွာကလူတွေ အလုပ်သွားလုပ်နေကြ တာ။ တစ်ယောက်ယောက်တော့ ဒီ ကျားနက်ကြီးကို မြင်ရမှာပေါ့ဗျာ။ ဟော ဟိုလူ ကျားကြီးကို ဘာပြောလိုက် တယ် မသိဘူးဗျ။ ကျားနက်ကြီးက ချာ ကနဲ လှည့်ထွက်ပြီး ရွာဘက်ကို ပြန် သွားပြီး ဟိန်းပြန်ရောဗျို့။ " ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း" ကိုအောင်ဘကျော်နဲ့ ကျုပ်လည်း တုတ် တုတ်မှကို မလှုပ်ရဲကြဘူးပေါ့ဗျာ။ အခု နေ ရွာပြန်သွားရင်လည်း ကျားနက်ကြီး နဲ့ ပက်ပင်းတိုးနဲ့ သေချာတာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက်လည်း ဂူကြီးပေါ် မှာ လှဲအိပ်ရင်း ကျားဟိန်းသံကြီးကို နားစွင့်ရတာပေါ့ဗျာ။ မနက် အရုဏ်တက်လောက်ကျတော့ ကျား...

မဖဲဝါစီးတဲ့ကျား အပိုင်း(၄)

Image
ငွေတွင်းကုန်းက လူကြီးတွေ လေးငါး ယောက် ကျုပ်ကိုထိုင်ပြီး စောင့်နေကြ တာဗျ။ ဒီထဲမှာ ကိုအောင်ဘကျော်ရဲ့ အဘလည်း ပါမယ်ဗျ။ ကျုပ်က သူ့ အဘကို မြင်ဖူးတာ မဟုတ်ဘူး။ "လာ တာတေ၊ ထိုင်ကွ၊ ဟောဒါ ငါ့ အဘ ဦးစိန်ဖြူ၊ ဟောဒါက ငါ့အမေ ဒေါ်လုံးကြည်" ကျုပ်က ပြုံးပြီး နှုတ်ဆက်ရတယ် "ဟောဒီဘက် ဘိုးမောင်ဖြူ၊ ဒါက ဘိုးထွန်းကြည်၊ ဒါက ဘိုးအောင်ရင်၊ ဒါက ဘိုးစိန္ခိုကြ" ကျုပ်က အားလုံးကို ပြုံးပြီးနှုတ်ဆက် ရတာပေါ့ဗျာ။ "တာတေ ရော့၊ မင်းက နဂါးပဲ သောက်တာ" ဆိုပြီး ကိုအောင်ဘကျော်က ကျုပ်ကို နဂါးဆေးပေါ့လိပ် တစ်လိပ်နဲ့ ဓနုဖြူ ဒေါ်ရီ မီးခတ် ကမ်းပေးတယ်။ ကျုပ် လည်း မီးခတ် ခတ်လိုက်ပြီးဆေးလိပ် ဖွာလိုက်တယ်။နဂါးဆေးပေါ့လိပ်က လေး ဖွာလိုက်ရမှာ အမောပြေသွား တာဗျို့။ "အကျိုးအကြောင်းတွေတော့ မောင် တာတေ သိပြီးရောပေါ့၊ ဘယ်လိုအ ကြောင်းဆိုတာ မောင်တာတေ တွေး လို့များ ရလားကွဲ့" ကိုအောင်ဘကျော်ရဲ့အဘ ဦးစိန်ဖြူ က ကျုပ်ကို မေးတယ်။ "ကျုပ်လည်း ဒီကိစ္စကို တစ်လမ်းလုံး တွေးလာတာပဲဘိုးရဲ့၊ ကျုပ်ဆရာကြီး နှစ်ယောက်နဲ့ လိုက်ခဲ့တုန်းကတော့ တစ်ခါမြင်ခဲ့ဖူးတယ်ဗျ" "ဟေ ဘာများတုံး မောင်တာတေရဲ့" "နာနာရုပ်အတတ်ဆိုတာ ရ...

မဖဲဝါစီးတဲ့ကျား အပိုင်း(၃)

Image
"ဟာ နယ်ကျွံလာရင်လည်း တခြားကို သွားရောပေါ့ကွ၊ အခုဟာက ညတိုင်း သန်းခေါင်ကျော်ရင် ရောက်လာပြီး တဝုန်းဝုန်းနဲ့ ဟိန်းပြီး ရွာကို တစ်ပတ် ပြီး တစ်ပတ် ပတ်နေတာကွ" "နို့ အခုဆိုရင် ဘယ်နှယ်ည ရှိပြီတုံး" "ညကနဲ့ပါဆိုရင် လေးညတောင် ရှိပြီကွ" "ဟင် လေးညတောင် ရှိပြီဟုတ်လား၊ ဒါဆိုရင်တော့ ခရီးလွန်လာတဲ့ကျား ဟုတ်ဟန်မတူဘူးဗျ" ကျုပ်လည်း တွေးနေမိတာပေါ့ဗျာ။ "နေဦး တာတေရ၊ ထူးခြားတာတစ်ခု လည်း မင်းကို ပြောရဦးမယ်" "ဟင် ဘာတုံး ကိုအောင်ဘကျော်" "ငါတို့ ငွေတွင်းကုန်းက သင်္ချိုင်းကုန်း ဇရပ်ထဲမှာ လူတစ်ယောက် ရောက်နေ တယ်ကွ၊ နှုတ်ခမ်းမွေးကားကားကြီးနဲ့၊ သျှောင်တစောင်းကြီး ထုံးလို့ကွ၊ လွယ် အိတ်စုတ်ကြီးတစ်လုံးလည်း လွယ်ထား သေးတယ်၊ ရွာက နွားကျောင်းတဲ့ ကောင် လေးတွေပြောလို့ ငါ မယောင်မလည်နဲ့ သွားကြည့်တာ၊ အဲဒီလူ ရွာသင်္ချိုင်းက ဇရပ်ကို ရောက်လာပြီး နောက်နေ့မှာ ပဲ ဒီကျားကိစ္စပေါ်လာတာကွ" "ရွာထဲမှာကော ဘာထူးခြားမှု ရှိတုံးဗျ" ကိုအောင်ဘကျော်က မျက်မှောင်ကြီး ကြုတ်ပြီး ပြောတယ်။ "ရွာထဲမှာတော့ ဘာမှမထူးခြားဘူးကွ တာတေရ" "နို့ ကိုအောင်ဘကျော် ကျုပ်ဆီကို လာတ...

မဖဲဝါစီးတဲ့ကျား အပိုင်း(၂)

Image
"တာတေ၊ ရေလေးဘာလေး ချိုးဦး မလား၊ ချိုးမှာဆိုလည်း ချိုးဟဲ့၊ ပြီးရင် ထမင်းစားဖို့၊ ဒီမှာ နင့်အဘက ဗိုက် ဆာနေလို့တဲ့" "အမေ ဘာဟင်းကောင်းများ ချက်လို့တုံး" "ဝက်သားပုန်းရည်ကြီးချက်လေ" "ဟင် ဟုတ်လား၊ အမေ ဝက်သား ဘယ်ကရလို့တုံး" "မြောက်ပိုင်းက ထွန်းပွင့် လာပို့တာနဲ့ ယူထားလိုက်တာ" ဟင်းက ကျုပ်အကြိုက်ကိုဗျ၊ ဝက်သားနဲ့ ပုန်းရည်ကြီးဆိုကတည်းက ကျုပ်က ဗိုက် ဆာသွားတာဗျို့။ "မချိုးတော့ဘူးဗျ အမေရ၊ ဆရာတော့်ကို ဖိုဆွဲပေးခဲ့တာ၊ မီးနားကပ်လာတော့ ချက် ချင်းချိုးလို့ မကောင်းဘူး" "အေး ဒါဆိုလည်း စားပွဲခုံခင်းတော့ ထမင်းခူးမယ် " ကျုပ်ဖြင့် ထမင်းဝိုင်းမှာဆာဆာနဲ့ ကြိုက် လိုက်တာ နည်းပါဘူးဗျာ။ အဘကလည်း ကျုပ်လိုပဲ ဝက်သားနဲ့ ပုန်းရည်ကြီးလွှတ် ကြိုက်တာဗျ။ အဘလည်း တော်တော် စားသား။ ထမင်းစားပြီးတော့ နဂါးဆေး ပေါ့လိပ်ကလေး မီးညှိလေး လေးငါးဖွာ ဖွာလိုက်တော့ မျက်စိကစဉ်းလာရောဗျာ။ အိမ်ရှေ့ဖိနပ်ချွတ်မှာ ချွတ်ထားတဲ့ တန်း လျားရှည်လေးမှာ ဝါးပိုးချမ်းလေး ခေါင်း အုံးပြီး ကျုပ်မှေးလိုက်တယ်။ ကျုပ်ဖြင့် မှေးကနဲ အိပ်ပျော်ရုံ ရှိသေးသဗျ။ "တာတေရေ၊ တာတေ" ကျုပ်လန့်နိုးသွားတယ်၊...

မဖဲဝါစီးတဲ့ကျား အပိုင်း(၁)

Image
ခင်ဗျားတို့ကို ကျုပ်မပြောဘူးတဲ့ အကြောင်းတစ်ခုတော့ ပြောရဦးမယ်ဗျ။ ကျုပ်ဆရာတော် ဦးဂုဏအကြောင်းက တော့ မကြာမကြာ ပြောနေကျဆိုတော့ ခင်ဗျားသိနေလောက်ပြီပေါ့ဗျာ။ဆရာတော် က ကျုပ်ဆိုရင် လွှတ်အားကိုးတာဗျ။ဘာ ကိစ္စလေးရှိရှိ တာတေ့ကို ခေါ်နေကျဗျ။ တာတေဆိုတဲ့ ကျုပ်ကလည်း ရွာတော် တော် များများကို ဆရာတော်နဲ့ လိုက်ဖူး သွားဖူးနေတာဗျ။ အလှူတို့၊ ကထိန်တို့လေဗျာ။ ကုန်ကုန်ပြောရရင် အကျွတ်အလွတ်ပွဲ တို့၊ ဘေးမဲ့ပွဲတို့တောင် ဆရာတော်က ကျုပ်ကို ခေါ်တာဗျ။ ကျုပ်က အလုပ်ရှိ ရင်သာ ဆရာတော်ကို လျှောက်ပြီး နေ ခဲ့ရတာ။ ခင်ဗျားကို ကျုပ်ပြောမယ်ဆို တာက တခြားမဟုတ်ဘူးဗျ။ ကျုပ်ဆ ရာတော် ဦးဂုဏက အဂ္ဂိရတ်ပညာ အားကြီးဝါသနာပါတာ။ အဂ္ဂိရတ်ဆို တာ ဖိုထိုးတာကို ပြောတာလေဗျာ။ ဆရာတော်ရဲ့ ဖိုရုံထဲမှာ တာတေ ဖိုဆွဲနေကျပေါ့ဗျာ။ တစ်ခါတစ်လေ တော့လည်း ဆရာတော်က ဓါတ်ကြီး ထိုးတယ်ဗျ။ တစ်ခါတစ်လေတော့ လည်း ရိက္ခာလမ်းကြောင်း ထိုးတယ် ဗျ။ ဓါတ်ကြီးဆိုတာကတော့ ဆရာ တော်တို့ အခေါ်အရ ပြောတာပေါ့ဗျာ။ ဓါတ်လုံးထိုးတာကိုခေါ်တာဗျ။သံလုံး တို့၊ ပြဒါးလုံးတို့၊ ကြေးလုံးတို့ပေါ့ဗျာ။ ကျုပ်ဆရာတော်က သံလုံးထိုးတာဗျ။ ဆရာတော်ဆီမှာ သံလုံးလေးတစ်လုံး ရှိတယ်။ အရောင်က နီနီရဲရဲကလေး ဗျ။ ဓါတ်လုံးဆိုပေမဲ...

အဆောင်သရဲ အပိုင်း(၅) ဇာတ်သိမ်းပိုင်း

Image
အသားဖြူဖြူ၊ မုတိဆိတ်ရှည်ရှည်နဲ့ ရှမ်းလူမျိူးလို့ထင်ရတဲ့အဖိုးကြီးတစ်ယောက်။ ကျွန်တော်ပထမဆုံးမြင်ယောင်မိတာက ဟိုအောက်လမ်းဆရာ… သရဲမကိုချုပ်နှောင်ခဲ့တဲ့အောက်လမ်းဆရာ။ ကျွန်တော်လည်း မင်းခန့်ကို မင်းသိနေတယ်မလားဆိုတဲ့ အကြည့်နဲ့တချက်လှည့်ကြည့်လိုက်တော့ မင်းခန့်ကလည်း ခေါင်းပြန်ညိမ့်ပြတယ်။ " ကဲ သားတို့၊သမီးတို့ခြောက်လှန့်နေတဲ့ အဲ့မကောင်းဆိုးဝါး သတ္တဝါမကြီးကို ဆရာကိုယ်တိုင်နှင်ထုတ်ပြမယ်ဟေး… ဒီညအကုန်လုံးလိုက်ပြီးသာ ကြည့်ကြပေတော့… " ကျန်ကျောင်းသူ၊ကျောင်းသားတို့မှာ သရဲနှင်မည်ကို ကိုယ်တိုင်ကိုယ်ကျတွေ့ရတော့မည်ဖြစ်သော်လည်း ကျွန်တော်နှင့် မင်းခန့်မှာ တစ်ခုခုမှားနေသည်ဟု သူ့အလိုလိုခံစားမျနေလေသည်။ ဒီလိုနှင့်ညရောက်သည့်အချိန်ကျ… " မင်းတို့တွေ ဆရာ ခုတားထားတဲ့စည်း၀ိုင်းထဲပဲနေကြနော်… ဘယ်သူမှစည်းမကျော်၊စည်းမဖျက်မိစေနဲ့… ဆရာကိုယ်တိုင်သူ့ကိုဖမ်းချုပ်ထားခဲ့ဖူးတဲ့ ဒီအခန်းထဲမှာပဲ သူ့ကိုအပြီးသတ်ချုပ်ငြိမ်းပေးမယ်ဟေး… " လေစိမ်းတွေအသည်းအထန်တိုက်ခတ်လာပြီး ပြတင်းပေါက်တွေကလည်း ဖွင့်လိုက်ပိတ်လိုက်အဆက်မပြတ်ပွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်။ အဲ့အချိန်မှာပဲ ရီသံအကျယ်ကြီးထွက်လာပြီး… " ဟား...

အဆောင်သရဲ အပိုင်း(၄)

Image
" ပညာရေးကာလတစ်၀က်တစ်ပျက်ကြီးနဲ့သွားရမယ်ဆိုပေမဲ့ ဆရာတော့၀မ်းသာတယ် မင်းတို့လည်းဆယ်တန်းအောင် အောင် ကြိုးစားပြီး နိုင်ငံခြားထွက်ရအောင်လုပ်ပေါ့… ကဲ အခုကိုယ့်အခန်းကို ပြန်သွားလို့ရပါပြီ… " ဆိုပြီး ဦးကျော်ကျော်ရဲ့စကားဆုံးတော့ အကုန်အခန်းထဲပြန်၀င်သွားကြတယ်။     နန်းကတော့အဆင်ပြေမနေဘူး။ အစာစားချိန်လည်းပုံမှန်မရှိ။ အိပ်ချိန်လည်းပုံမှန်မရှိ။ အိမ်သာထဲလည်း ခနခနသွားငိုနဲ့ အတော်လေးစိတ်ဓာတ်ရာများနေပြီ။ အဲ့‌တာနဲ့‌ေကျာင်းပိတ်ရက်တစ်နေ့ သူသည်းမခံနိုင်တော့တဲ့အဆုံး ကျောင်းသားအဆောင်ရဲ့ အပေါ်ဆုံးထပ်တပ်ပြီး ပြတင်းကနေ ခုန်ချသတ်သေသွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ မြေကြီးမရိုက်မိခင် ထွက်လာတဲ့အရိုးအက်သံတွေက ကျယ်လောက်လို့ပေါ့။ သူ့အလောင်း‌ေဘးမှာလည်း သွေးတွေအိုင်ထွန်းနေလေရဲ့။     အဲ့အသံကြားပြီး ရုံးခန်းထဲကဦကျော်ကျော်ကထွက်လာပြီး လူနာတတင်ယာဉ်နဲ့ နန်းရဲ့မိသားစုကို ဖုန်းဆက်လှန်းခေါ်သွားတယ်။ အလောင်းကိုမြင်ဆော့ နန်းရဲ့အမေက အရမ်း၀မ်းနည်းပြီး ရင်ကွဲမတတ်ငိုချလေရဲ့။ သူ့အဖေ မျက်လုံးအိမ်တစ်ဝိုက်မှာလည်း မျက်ရည်စတွေအပြည့်။ အဲ့တာနဲ့အလောင်းကို ဆေးရုံသယ်သွားတော့ ခေတ္တာနဲ့သူငယ်ချင်းတစ်သိုက်ကရောက်လာပြီး ၀မ်းနည်းစွာငိုယိုကြတာပေါ့။ နေ...

အဆောင်သရဲ အပိုင်း(၃)

Image
ကျွန်တော့်ဘေးလာရပ်ရင်း…     " မင်းပြောတဲ့သရဲမကို ငါဒီညမြင်ရမှယုံမှာနော်… အေး ဒီညမမြင်ရလို့ကတော့ မင်းအစ်မပေးရပြီမှတ်" ဆိုပြီး ကျွန်တော့်ကျိန်းသွားတယ်။     ဒီလိုနဲ့အိပ်ဆောင်ဘက်ကူး ခြေလက်သန့်စင်ပြီး အိပ်ကျတယ်ပေါ့။ အဲ့မှာ သန်းခေါင်ကြီး ကျွန်တော်တစ်ရေးနိုးလာတော့ ဘေးမှာမင်းခန့်ကမရှိပြန်ဘူး။ ကျွန်တော်လည်း အပေါ့သွားချင်တာနဲ့ အိပ်သာဘက်ကိုကူးတော့ မင်းခန့်က ကျောက်ရုပ်လို‌ေဘးတစ်‌ေစာင်းရပ်နေ‌ပြီး တစ်ယောက်ယောက်နဲ့စကားပြောနေတဲ့ပုံဗျ။ အဲ့တာနဲ့ကျွန်တော်လည်း အဲ့ကောင်ပုံခုံးပုတ်ပြီး အဲ့ကောင်ကြည့်နေတဲ့ဘက် လှည့်ကြည့်တော့…     " သောက်မအေ… "     ကျွန်တော်အော်လို့မဆုံးခင်မှာပဲ အဲ့သရဲမက ကျွန်တော့်ပါးစပ်ကို ရေခဲထက်အေးတဲ့ သူ့လက်နဲ့အုပ်လိုက်တယ်။ ပြီးတော့ မအော်ပဲ တိုးတိုးနေဖို့ လက်ဟန်ပြတယ်။ အဲ့တာနဲ့ ကျွန်တော်လည်း ကြောက်စိတ်ကိုမနည်းထိန်းလိုက်ပြီး အသက်ကို၀၀ရှူကာ ငြိမ်နေတော့တယ်။ အဲ့မှာ သရဲမက ကျွန်တော့်ကိုတစ်ခုခုပြချင်ဟန်နဲ့ ကျွန်တော့်မျက်လုံးတစ်ဝိုက်ကို သူ့လက်နဲ့စက်ဝိုင်းသဏ္ဍာန်ဝိုင်လိုက်တယ်။ အဲ့မှာ ကျွန်တော်မြင်လိုက်ရတာက… --------------------------------------------------------------------------...