မဖဲဝါစီးတဲ့ကျား အပိုင်း(၆)



"စိတ်ချ တာတေ၊ စိတ်ချ၊ ကဲ ထမင်း
ကြမ်းလေး စားသောက်ပြီး တစ်ရေး
လောက် အိပ်လိုက်ကြရအောင်ကွာ"

ကိုအောင်ဘကျော်က ပြောတော့
ဘိုးစိန်ုဖြူက ပြောတယ်ဗျ

"မင်းတို့နှစ်ယောက် စိတ်ချလက်ချသာ
အိပ်ကြပါကွာ၊ မောင်တာတေ လိုတာ
တွေ ဘိုးတို့အားလုံး စီစဉ်ထားမှာပါ၊
ခဏကြာရင် ရွာက လူကြီးတွေ ရောက်
လာကြမှာကွ၊ အားလုံးက မောင်တာ
တေ လိုတာပြောဖို့ ဘိုးကို မှာထား
ပါတယ်"

ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ ထမင်းကြမ်း
စားပြီးတော့ နှစ်ယောက်သား အိပ်ကြတော့
တာပေါ့ဗျာ။ တစ်ညလုံး အိပ်ရေးပျက်နေ
တာဆိုတော့ ချက်ချင်းကို အိပ်ပျော်သွား
တာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် အိပ်
ရာက နိုးလာတော့ ညနေသုံးနာရီတောင်
ထိုးနေပြီဗျ။ ကျုပ်လည်း အိပ်ရာက က
ပျာကယာ ထပြီး ရေမိုးချိုးလိုက်တယ်။
ဒီတော့မှ လူလည်း လန်းသွားရောဗျို့။

"မောင်တာတေ အိပ်နေတုန်း ရွာက
လူကြီးတွေ လာကြတယ်၊ မောင်တာ
တေ ဘာပြောတုံးဆိုတာ သိချင်လို့ပေါ့
ကွာ၊ ကျုပ်ကလည်း မောင်တာတေ ပြော
ပြတာတွေ အကုန်ပြောပြလိုက်တယ်၊လို
တာတွေလည်း ပြောပြလိုက်တယ်၊ ည
နေ ငါးနာရီထိုးတာနဲ့ ဆန်တစ်ခွက်နဲ့
ကြက်တစ်ကောင် ချက်ထားတဲ့ ထမင်း
တောင်း ရောက်လာလိမ့်မယ်၊ယုံးကြည်
ကိုတော့ မင်းအရီး သွားခေါ်ထားပြီးပြီ"

"ဟာ ဒါဆိုရင် ရပါပြီ ဘိုးရဲ့၊ ဒီကျားနက်
ကြီးရဲ့ ဇရပ်ပေါ်က လူဟာ ဘာဆိုတာ
ကိုတော့ ကျုပ်က အတိအကျ မပြောနိုင်
သေးဘူးဗျ၊ ဒီည မဖဲဝါကို ပင့်ပြီးရင်တော့
ဘာဆိုတာ ကျုပ်ပြောပြလို့ ရပါပြီ ဘိုးရာ"

"ဟဲ့ တာတေနဲ့ အောင်ဘကျော်၊
နင်တို့နှစ်ယောက်လည်း ထမင်းကြမ်း
စားပြီးကတည်းက အိပ်လိုက်ကြတာ
ထမင်းလည်း ထမစားကြဘူး၊ အရီး
ချက်ထားတဲ့ ထမင်းတွေ ဟင်းတွေ
က ဒီအတိုင်းပါကောလား"

"အရီးရေ ညစာကျမှပဲ ပေါင်းစားတော့
မယ်ဗျာ"

ကျုပ်က အရီးကို ပြောတော့ အရီးက
ဘာမှမပြောဘဲ ရယ်နေတယ်ဗျ။ ကို
အောင်ဘကျော်က ခေါင်းကြီးရမ်းပြီး
ပြောလိုက်တယ်ဗျို့။

"အမေရယ် ကျုပ်ဖြင့် ညက ကြောက်
လိုက်တာဗျာ၊ ဇရပ်ပေါ်က သျှောင်ထုံး
နဲ့ လူကြီးက ကျားနက်ကြီးကို ခေါင်း
ကြီးပွတ်ပေးနေတာတွေ့တော့ ကျုပ်
မှာ အသည်းတွေ အူတွေ ပြောင်းပြန်
ဖြစ်သွားသလိုပါပဲဗျာ"

"ဟေ ဟုတ်လား၊ ဒါဆိုရင် ဒီကျားနက်
ကြီးက ဒီလူရဲ့ကျားပေါ့ဟဲ့၊ ဘာအကြံ
နဲ့များ ငါတို့ရွာကို ကျားနဲ့ တိုက်ရတာတုံး"

"ဒါတော့ မသိသေးဘူးလေ၊ အမေရာ၊
ဒီည တာတေအလုပ်လုပ်မှာလေ၊ အဲဒါ
ပြီးရင် သိရမယ်လို့ တာတေ ပြောထား
တာပဲ အေမရ"

"အေး အေး ဒါဆိုရင် ဒီည သိရတော့
မှာပေါ့ဟယ်၊ ဒီလူနဲ့ ဒီကျားက တို့ရွာက
အောင်ဖြူမကို ဘာများလုပ်မလို့တုံးဟယ်"

"ဒါလည်း မပူပါနဲ့ဗျာ၊ တာတေ စီစဉ်မှာပါဗျ"

"အေး အေး ဟုတ်တာပေါ့၊ နင့်တာတေ
က အကောင်သာ သေးတာဟဲ့၊ သတ္တိ
တော့ တော်တော်ရှိတဲ့အကောင်ပဲ"

"ဟား ဟား ဟား ဟား"

ကျုပ်ရော ဘိုးစိန်ဖြူရော၊ ကိုအောင်ဘ
ကျော်ရော ရယ်ကြတော့တာပေါ့ဗျာ။
ကျုပ်တို့အညာသူ၊ အညာသားတွေက
ရိုးရိုးကြီးတွေဗျ။ ဘာပြောပြော ပွင့်ပွင့်
လင်းလင်းကြီးတွေပေါ့ဗျာ။ ကျုပ်နဲ့
ကိုအောင်ဘကျော် မနက်စာနဲ့ညစာ
ပေါင်းစားပြီးလို့ ဆေးလိပ်ထိုင်သောက်
နေတုန်း ဝိုင်းထဲကို လှည်းတစ်စီး
မောင်းဝင်လာတယ်ဗျ

"ဒါ ဘယ်သူတုံးဗျ ကိုအောင်ဘကျော်"

"ဟာ အဲဒါ နတ်ဝင်သည်ကြီး
ဒေါ်ယုံးကြည်လေကွာ"

"လှည်းက ထမင်းတောင်းယူရင်း
ယုံးကြည်ကိုပါ ခေါ်လာခဲ့တာဟေ့"

အရီးလုံးကြည်က ပြောတယ်ဗျ။
လှည်းပေါ်မှာလည်း ကျောက်ခဲတို့
အရွယ်လောက် ကောင်လေးနှစ်
ယောက်လည်း ပါလာတယ်။

"ဟေ့ကောင် စံပ၊ မင်းလည်း အိမ်ပေါ်
တက်ဦးလေကွာ"

"ဟာ ကျုပ် မတက်တော့ဘူး ဘိုးစိန်ဖြူရေ၊
အရီးဘုမတို့ ဝိုင်းထဲမှာ ပြောင်းရိုးသွားတိုက်
ရဦးမှာမို့ဗျ"

ကျုပ်က နတ်ဝင်သည် ဒေါ်ယုံးကြည်ကို
ကျုပ်လုပ်မယ့် ပုံစံကို ပြောပြတယ်။ ဒေါ်
ယုံးကြည်က အသားဖြူဖြူ၊ ထောင်ထောင်
မောင်းမောင်းကြီးဗျ။

"ကျုပ်က မောင်တာတေကို မမြင်ဘူး
သေးပေမဲ့ ကြားဖူးပြီးသားပါတော်၊ မ
ထွန်းတို့၊ မတုတ်တို့ ကျုပ်နဲ့တွေ့တဲ့
အခါတိုင်း မောင်တာတေ့အကြောင်း
ကို ပြောနေကျပါ၊ မောင်တာတေကို
မဖဲဝါ တစ်ခါပင့်ပေးပြီးတိုင်း ကျန်းမာ
ရေး ပိုကောင်းတဲ့ အကြောင်း၊ စီးပွား
ရေးပိုဖြစ်တဲ့အကြောင်းတွေတောင်
ပြောကြတာတော့"

"ဟင် ဟုတ်လား၊ အဲဒါတွေတော့
ကျုပ်တောင် မသိပါဘူးဗျာ"

"ဒါကြောင့် ဒီကောင်မနှစ်ယောက်က
မောင်တာတေ လာခေါ်ရင် ဘယ်တော့
မှ မငြင်းကြတာပေါ့"

ကျုပ်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
ညရှစ်နာရီမှာ ကိုအောင်ဘကျော်က
လှည်းကောက်ပြီး ကျုပ်ရယ်၊ ဒေါ်ယုံး
ကြည်ရယ်၊ ကောင်လေးနှစ်ယောက်
ရယ် မီးလောင်ကုန်းသင်္ချိုင်းဘက်ကို
ထွက်ခဲ့ကြတာပေါ့ဗျာ။ ငွေတွင်းကုန်း
သင်္ချိုင်းမှာ လုပ်လို့မဖြစ်ဘူးလေဗျာ။

ဇရပ်ပေါ်မှာ ကျားနက်ဆရာကြီး ရှိ
နေတယ်မို့လား။ မီးလောင်ကုန်းသင်္ချိုင်း
ကို ရောက်တာနဲ့ ခါတိုင်းလိုပဲ ဂူကြီး
တစ်လုံးပေါ်မှာ မဖဲဝါအတွက် ထမင်း
ပွဲပြင်လိုက်တယ်။ အသင့်ယူလာတဲ့
ရေဖလားကြီးထဲကို ရေဖြည့်လိုက်
တယ်။ ဖယောင်းတိုင် တစ်တိုင်လည်း
ထွန်းလိုက်ရတာပေါ့ဗျာ။

နတ်ကတော် ဒေါ်ယုံးကြည်ကတော့
လုပ်ငန်းကျွမ်းကျင်ပြီးသားလေဗျာ။
ဂူရှေ့က မြက်ခင်းလေးမှာ ဆံပင်ကို
ဖားလျားချပြီး ကြုံ့ကြုံ့ကလေး ထိုင်
လို့ဗျ။ လက်အုပ်ကလေးကလည်း ချီ
ပြီးသားလေ။

"အရှေ့ နေထွက်၊ အနောက်နေဝင်
တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း
သင်္ချိုင်းရှင်မ မဖဲဝါ ရှိလေရာ အရပ်
ကနေ အမြန်ကြွလာခဲ့ပါ။ ကျုပ် တာ
တေက မဖဲဝါအတွက် စားပွဲသောက်
ပွဲနဲ့ ကြိုပါတယ်ဗျာ၊ အမြန်ဆုံး ကြွ
ခဲ့ပါ ခင်ဗျာ"

ကျုပ် ခဏစောင့်ကြည့်တယ်။ကို
အောင်ဘကျော်နဲ့ ငွေတွင်းကုန်းသား
ကောင်လေးနှစ်ယောက်က ခပ်လှမ်း
လှမ်းက သမုန်းပင်အောက်မှာ ရပ်
နေကြတယ်ဗျ။ ကျုပ်လုပ်နေတာတွေ
ကို မျက်တောင်မခတ် ကြည့်နေကြ
တာပေါ့ဗျာ။

"ဝူး၊ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ"

ဟာ မဖဲဝါ ဒီတစ်ခါ တော်တော်မြန်တာ
ပဲဗျ။ ဒီအနီးအနားမှာကို ရှိနေပုံပဲဗျို့။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အိ"

ဟာ ခွေးအူသံကြီးက တဖြည်းဖြည်း
နီးလာပြီဗျို့။ နွားပေါက်တစ်ကောင်
လောက်ရှိတဲ့ ခွေးနက်ကြီး ဆိုတာတော့
အရင်စာအုပ်တွေမှာ ရေးပြခဲ့ဖူးပါတယ်။
ဟာ ဟိုမှာဗျို့၊ ဟိုမှာ မဖဲဝါကြီး ရွေ့လာ
ပြီဗျို့။ ဂူတွေအပေါ်က ရွေ့လာတာဗျ။

အရပ်ကြီးက ဆယ်ပေလောက်ကို
ရှိတာဗျ။ မျက်လုံးကြီးနှစ်လုံးက လက်
ဖက်ရည်ပန်းကန်လောက် ရှိတာဗျ။
မှောင်ထဲမှာကို ရဲတောက်နေတာဗျာ။
ဖြူဖြူကြီးဗျ။ ဆံပင်က ဖားလျားကြီး
ချလို့ ပေါ့ဗျာ။ ဟော သင်္ချိုင်းအလယ်
လောက်ရောက်တော့ မဖဲဝါတုံကနဲ
ရပ်သွားတယ်ဗျ။

ပြီးတော့လည်း ဒေါ်ယုံးကြည်ကို
စိုက်ကြည့်လိုက်တယ်။ ဟာ ဝင်
သွားပြီဗျ။ ဒေါ်ယုံးကြည်ကိုယ်ထဲ
ကို ထိုးဝင်သွားတာဗျာ။ ဟော
ဟော ဒေါ်ယုံးကြည်ကြီး လက်
ကြီးတွေ အပေါ်မြောက်တက်
လာတယ်။ ကွေးကွေးကောက်
ကောက်ကြီးတွေပေါ့ဗျာ။ ဟာ
ဟာ လက်နှစ်ဖက်နဲ့ ခေါင်းက
ဆံပင်ကို သပ်တင်လိုက်တယ်
ဗျ။ ဟာ ခုန်ပြီဗျို့။ မဖဲဝါ ခုန်
လိုက်ပြီ။ ဂူကြီးပေါ်ကို လွှားကနဲ
ရောက်သွားတာဗျ။

ဟော ဒူးကြီးနှစ်ဖက်ထောင်ပြီး ထမင်း
ပွဲကို ငုံ့ကြည့်တယ်။ ဟော စားပြီးဗျို့။
စားပြီ။ မဖဲဝါ အားရပါးရကို စားတာ
ဗျို့။ ကြက်ရိုးတွေ ဝါးလိုက်တာများ
ဂျိုးဂျိုးဂျွတ်ဂျွတ်ကို နေတာပဲဗျာ။

ကျုပ်နောက်ကို လှည့်ကြည့်လိုက်
တော့ ကိုအောင်ဘကျော်ရော ကောင်
လေးနှစ်ယောက်ပါ မဖဲဝါဝင်နေတဲ့
ဒေါ်ယုံးကြည်ကြီးကို ကြည့်နေလိုက်
ကြတာ မျက်တောင်တောင် မခတ်
ကြဘူးဗျ။ ကျုပ်လည်း မဖဲဝါကို
မျက်တောင်မခတ်ကို ကြည့်နေရ
တာပေါ့ဗျာ။ ဟော ကျုပ်ကို ကြည့်
ပြီဗျ။ ကြည့်နေပြီ။ ဒီအကြည့်ကို
ကျုပ် သိပြီးသားပေါ့ဗျာ။

"ဟဲ့ တာတေ၊ ဘာအကြောင်းရှိလို့တုံး"

လို့ မေးတဲ့ မဖဲဝါကြီးရဲ့ အကြည့်လေဗျာ။

"ဒီလိုပါ မဖဲဝါ၊ ငွေတွင်းကုန်းမှာ ငါးည
ရှိသွားပြီ၊ ဆယ့်နှစ်တောင်လောက်ရှိတဲ့
ကျားနက်ကြီးတစ်ကောင်ဟာ ညသန်း
ခေါင်ရောက်တာနဲ့ ဘယ်ကပေါ်လာမှန်း
မသိဘဲ ပေါ်လာတော့တာပဲဗျ။ ရွာကို
ပတ်ပြီး တစ်ညလုံး ဟိန်းတော့တာပါ
ပဲဗျာ။ ငွေတွင်းကုန်းသင်္ချိုင်းဇရပ်ပေါ်
မှာလည်း သျှောင်ထုံးနဲ့လူကြီးတစ်
ယောက် ရောက်နေတယ်။ မနေ့က
ညကတော့ ကျုပ်သွားချောင်းကြည့်
တာ ဒီလူက ကျားနက်ကြီးရဲ့ခေါင်း
ကို ပွတ်သပ်ပြီးတော့ စကားပြောနေ
တာဗျ။ ငွေတွင်းကုန်းရွာထဲမှာလည်း
မအောင်ဖြူ ဆိုတဲ့ မိန်းကလေးတစ်
ယောက်က လာပါပြီရှင့်၊ လာပါပြီလို့၊
ညက အော်နေတယ် မဖဲဝါ"

"နင် နားထောင် တာတေ၊ အဲဒါ
ကျားနက်ရှင် ငရွှေသင်ပဲဟဲ့၊ ကုန်း
ဘောင်ခေတ်ဦးတည်းက ရှိခဲ့တာ
အခုအထိပဲ။ ကျားမှော်အောင်ထား
တဲ့ အကောင်ပဲ။ ရွာဦးနတ်စင်ကနေ
ကျားနက်ရုပ်ကလေးနဲ့ တိုက်နေတာ
ဟေ့။ ငွေတွင်းကုန်းက တနင်္ဂနွေသမီး
မအောင်ဖြူကို ကျားနဲ့ တိုက်သတ်ပြီး
နှလုံးကို ဖောက်ထုတ်စားရမှာ၊ ဒါမှ
သူ့အသက် နောက်တစ်ပြန် ဆက်လို့
ရလိမ့်မယ်၊ မနက်ဖြန် လကွယ်ညမှာ
အောင်ဖြူရဲ့ နှလုံးကို စားရမှာ ဖြစ်မှာ"

"ဟာ …ဖြစ်မှဖြစ်ရလေဗျာ၊ ကယ်ပါဦး
သင်္ချိုင်းရှင်မကြီးရယ်"

ကျုပ်က စိုးရိမ်တကြီး ပြောလိုက်တော့
မဖဲဝါက ခေါင်းကြီးတစ်ဆတ်ဆတ်
ညိတ်ပြီးပြောတယ်ဗျ

"ဘာမှမစိုးရိမ်နဲ့ တာတေ၊ ကျားနက်ရှင်
ငရွှေသင် မအောင်ဖြူရဲ့နှလုံးကို မစားရ
စေဘူး၊ ဒီအကောင် ကံကုန်ပြီ အဝီစိငရဲ
မှာ ခံရတော့မယ့်အချိန် ရောက်နေပြီ၊ ဒီ
ညသန်းခေါင်ကျော်ရင် ငွေတွင်းကုန်း
သင်္ချိုင်းကို ငါ အရောက်လာခဲ့မယ်"

ပြောပြီး ဆိုပြီး စားလည်းပြီးရောဗျ။
ရေနဲ့ လက်ဆေးပြီး တစ်ကြိုက်မော့
သောက်လိုက်တယ်။ပြီးတော့ မဖဲဝါ
ထွက်သွားရောဗျို့။ ဂူပေါ်မှာ လဲကျသွား
တဲ့ ဒေါ်ယုံးကြည်ကို ကျုပ်နဲ့ ကိုအောင်
ဘကျော်က ပြေးပွေ့တယ်။ ကျုပ်က
ဒေါ်ယုံးကြည်ရဲ့ မျက်နှာကို ရေနဲ့
တောက်လိုက်တော့မှ သတိရသွား
တယ်ဗျ။  ရွာရောက်တော့ အိမ်မှာ
ရွာထဲက ကာလသားတွေနဲ့ လူကြီး
တွေ ရောက်နေကြတယ်ဗျ

ကျုပ်က မဖဲဝါ ပြောတာကို ထိုက်သင့်
သလောက် ပြန်ပြောပြလိုက်တယ်။ ကျုပ်
အခန်းထဲဝင်ပြီး မျက်ကွင်းဆေး ကွင်းတယ်
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး
ငွေတွင်းကုန်းသင်္ချိုင်းကို ထွက်ခဲ့တယ်။
ကိုအောင်ဘကျော်က ငါးတောင့်ထိုး
အဲဗာဒရီဓါတ်မီးတစ်လက်ကို ကိုင်ပြီး
လိုက်လာတယ်ဗျ။

မနေ့ညက သွားတဲ့ လမ်းကြောင်းအ
တိုင်းပဲ သွားကြပြီးမြရာပင်တွေကြား
ထဲက ဂူမှာပဲ တက်နေလိုက်တယ်။
အခုမှ ညဆယ်နာရီပဲရှိသေးတာဗျ။
ကျုပ်တို့ စောင့်ရဦးမှာပေါ့ဗျာ။လူ့စိတ်
ဆိုတာကလည်း ခက်သားလားဗျာ။
တစ်ခုခုအပေါ်မှာ စိတ်စောနေရင်
အချိန်တွေက ကုန်နိုင်ခဲတယ်လို့
ထင်ကြတာမို့လား။နှစ်နာရီလောက်
အချိန်ကိုပဲ ကျုပ်တို့မှာ ကုန်နိုင်ခဲ
တယ်လို့ ထင်နေတာဗျ။

"ဝုန်း၊ ဝုန်း၊ ဝုန်း"

ဟော ကျားဟိန်းပြီဗျို့။ မဖဲဝါပြောတဲ့
အတိုင်းပါပဲဗျာ။ ရွာဦးနတ်စင်ဘက်က
အသံစကြားရတာဗျ။

အပိုင်း(၇)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments