မဖဲဝါစီးတဲ့ကျား အပိုင်း(၅)
"ငါ့သား၊ ကိစ္စတွေ ပြီးတော့မှာပါကွာ၊
မနက်ဖြန်ည လကွယ်ညပဲကွ၊ မနက်
ဖြန်ညရောက်ရင်သာ ဟိုကောင်မကို
ချီပြီးဂူကြီးကို အရောက်သွားပေတော့၊
ဆရာလည်း မင်းနောက်က ထပ်ချပ်မ
ကွာလိုက်ခဲ့မှာပါ၊ ဒါပေမဲ့ မင်းက ကျား၊
ငါက လူဆိုတော့ တောထဲ တောင်ထဲ
သွားတဲ့အခါ မင်းကို မှီအောင်တော့
လိုက်နိုင်မှာ မဟုတ်ဘူးပေါ့ကွာ"
ဟာ ကျားနက်ကြီးက ဒီလူ့ခြေထောက်
ကို ခေါင်းနဲ့ခွေ့နေတယ်ဗျို့။ဘယ်လို
ဖြစ်လို့ ဒီလူ ဒီကျားကို ဒီလောက်ပိုင်နေ
တာပါလိမ့်။ ပြီးတော့ ကျားက ညသန်း
ခေါင်မှ ပေါ်လာတာလေဗျာ။ တစ်နေ့
လုံး ဒီကျား ဘယ်မှာ သွားနေတာတုံး။
ရွာကလူတွေ အလုပ်သွားလုပ်နေကြ
တာ။ တစ်ယောက်ယောက်တော့ ဒီ
ကျားနက်ကြီးကို မြင်ရမှာပေါ့ဗျာ။
ဟော ဟိုလူ ကျားကြီးကို ဘာပြောလိုက်
တယ် မသိဘူးဗျ။ ကျားနက်ကြီးက ချာ
ကနဲ လှည့်ထွက်ပြီး ရွာဘက်ကို ပြန်
သွားပြီး ဟိန်းပြန်ရောဗျို့။
" ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း"
ကိုအောင်ဘကျော်နဲ့ ကျုပ်လည်း တုတ်
တုတ်မှကို မလှုပ်ရဲကြဘူးပေါ့ဗျာ။ အခု
နေ ရွာပြန်သွားရင်လည်း ကျားနက်ကြီး
နဲ့ ပက်ပင်းတိုးနဲ့ သေချာတာပေါ့ဗျာ။
ကျုပ်တို့နှစ်ယောက်လည်း ဂူကြီးပေါ်
မှာ လှဲအိပ်ရင်း ကျားဟိန်းသံကြီးကို
နားစွင့်ရတာပေါ့ဗျာ။
မနက် အရုဏ်တက်လောက်ကျတော့
ကျားဟိန်းသံကြီးပျောက်သွားတယ်ဗျ။
ဇရပ်ထဲကို လှမ်းကြည့်လိုက်တော့ ဟို
လူလည်း အိပ်နေသဗျ။ ကျုပ်နဲ့ ကို
အောင်ဘကျော်လည်း လာတုန်းက
အတိုင်း ခြုံတွေကြားကနေ ပြန်ထွက်
ပြီး ရွာကို ပြန်ခဲ့ရတာပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်စိတ်ထဲမှာတော့ 'မနက်
ဖြန်ညရောက်ရင်သာ ဟိုကောင်မကို
ချီပြီး ဂူကြီးထဲကို ရောက်အောင် သွား
ပေတော့'ဆိုတဲ့ ဇရပ်ပေါ်ကလူ ကျား
နက်ကြီးကို ပြောလိုက်တဲ့ စကားသံ
ကြီးကိုသာ ကြားနေတော့တာ။ ကို
အောင်ဘကျော်တို့ အိမ်ရောက်တော့
လည်း ဒါကိုပဲ တွေးနေမိတာဗျ။
ဒါပေမဲ့ ဘယ်ကောင်မကို ကျားက
ချီမယ်ဆိုတာ ကျုပ်လုံးဝမသိဘူးဗျို့။
ကျုပ်တို့ ကိုအောင်ဘကျော်တို့ အိမ်
ကို ပြန်ရောက်တော့ မိုးလင်းစပြုပြီဗျ။
ကိုအောင်ဘကျော်ရဲ့ အဖေနဲ့အမေ
ဖြစ်တဲ့ ဘိုးစိန်ဖြူနဲ့ အရီးလုံးကြည်
တို့နှစ်ယောက်က ကျုပ်တို့နှစ်ယောက်
ကို စိတ်ပူပြီး မျှော်နေကြတာဗျို့။
စိတ်ပူမယ်ဆိုလည်း ပူစရာပေါ့ဗျာ။
တစ်ညလုံး ကျားနက်ကြီးက ရွာကို
ပတ်ပြီး အသံနက်ကြီးနဲ့ ဟိန်းနေ
တာမို့လား။
"ဟဲ့ ဟိုမှာ အောင်ဘကျော်နဲ့
တာတေ ပြန်လာကြပြီ"
ဘိုးစိန်ဖြူက စပြီးဝမ်းသာအားရ ပြော
လိုက်တာဗျ။
"အောင်မယ်လေး တော်ပါသေးရဲ့ဟယ်၊
ငါတို့မှာ တစ်ညလုံး အိပ်မပျော်တာ၊ ကျား
ဟိန်းသံကြီး ကြားတိုင်း နင်တို့နှစ်ယောက်
ကို စိုးရိမ်နေတာ"
"ကျုပ်ထင်သလိုတော့ မဟုတ်ဘူး ဘိုးရဲ့"
"ဟင် ဘယ်လိုများတုံး မောင်တာတေရဲ့"
"သြော် ဒီလိုလေ ဘိုးရာ၊ ကျုပ်က ဇရပ်
ပေါ်ကလူဟာ ရုပ်ပြောင်းရုပ်လွဲပညာနဲ့
ကျားနက်ကြီးပုံစံပြောင်းပြီး ရွာကို ခြိမ်း
ခြောက်နေတယ်လို့ ထင်တာ။ ညက
တွေ့ရတော့မှပဲ ဒီလူ ကျားပုံပြောင်းတာ
မဟုတ်မှန်း သိတာဗျ။ ကျားနက်ကြီးက
သပ်သပ်လာတာဗျ။ ဒါပေမဲ့ အဲဒီကျား
က ဇရပ်ပေါ်က လူရဲ့ ကျားတော့ ဟုတ်
တယ်ဗျ၊ နည်းတဲ့အကောင်ကြီး မဟုတ်
ပါဘူးဗျာ။ ဆယ့်နှစ်တောင်တော့ အ
သာလေးရှိတယ် ဘိုးရ"
"ဟေ ကိုးတောင်ကျားတောင် ကြီးလှ
ပြီထင်နေတာ ဆယ့်နှစ်တောင်ကျား
ဆိုတော့ နည်းတဲ့အကောင်ကြီးမှ မ
ဟုတ်တာ"
ကိုအောင်ဘကျော်ရဲ့အဖေက ပြောတာဗျ
"ဒါထက် ဘိုးရဲ့၊ ညက ရွာထဲမှာရော
ဘာများထူးတုံးဗျ"
"ဟေ ထူးလိုက်တာမှ မောင်တာတေရယ်၊
အရီးတို့ ဝိုင်းတောင်ဘက် နှစ်ဝိုင်းကျော်
က အောင်ဖြူဆိုတဲ့ ကလေးမလေး ည
တစ်ချက်တီးလောက်ကြီးမှာ ထအော်
လို့ပါလား"
" ဟင် ဘယ်လိုအော်လို့တုံး အမေရဲ့"
ကိုအောင်ဘကျော်က အလန့်တကြား
မေးလိုက်တာဗျ။
"လာပါပြီရှင် ၊ လာပါပြီ၊ ဆိုပြီးတော့
အိမ်ထဲကနေ အပြင်ကို ပြေးထွက်မယ်
ချည်း လုပ်လို့ သူတို့အိမ်သားတွေမှာ
ဝိုင်းပြီးဆွဲထားလိုက်ရတာဟယ် မပြော
ပါနဲ့တော့ "
"ဟင် ဘယ်လိုဖြစ်လို့တုံးဗျ"
ကိုအောင်ဘကျော်က မျက်မှောင်ကြီးကြုတ်
ပြီး မေးတာဗျ။ ကျုပ်လည်း အရီးလုံးကြည်
ကို အံ့သြပြီး ကြည့်နေမိတာပေါ့ဗျာ။
"ဘယ်လိုဖြစ်တယ်တော့ မသိဘူး
အောင်ဘကျော်ရေ၊ ရွာပြင်က ကျားက
တစ်ချက်ဟိန်းလိုက်တိုင်း အောင်ဖြူမက
လာပါပြီရှင့်၊ ထ,ထအော်တာဟဲ့၊ ရွာထဲ
မှာကို ညံနေရောဟေ့၊ တစ်ရွာလုံးက
တိတ်ဆိတ်နေတဲ့ အချိန်ဆိုတော့
အောင်ဖြူမ အော်တဲ့အသံကြီးက
ရွာထဲမှာ လူတိုင်း ကြားရတော့တာ
ပေါ့ဟာ။ အောင်ဖြူမအသံကလည်း
တစ်မျိုးကြီးပဲဟဲ့၊ ဘယ်လိုကြီးမှန်းကို
မသိပါဘူးဟာ"
ကျုပ် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်
လိုက်ပြီဗျ။
"ကိုအောင်ဘကျော်၊ ကြက်တစ်ကောင်
ချက်ခိုင်းဗျာ၊ ပြီးရင် ထမင်းတစ်ခွက်
လောက်ချက်၊ ငှက်ပျောဖက်ခင်းပြီး
ထမင်းတောင်း ပြင်ရမယ်"
"ဟာ ရမယ်၊ တာတေ၊ ရမယ်၊ ဘယ်အချိန်
ကို အပြီးလိုချင်တုံး၊နောက်ထပ်ရော ဘာ
လိုသေးလဲ၊လိုတာရှိ အကုန်ပြောကွာ"
"ဒီရွာမှာ နတ်ဝင်သည် ရှိလားဗျ"
"ဟာ ရှိပါ့ဗျာ၊ ဒေါ်ယုံးကြည်ဆိုတာ
အမေဂျမ်းခေါင်းစွဲဆိုလား၊ အမေရေယဉ်
ခေါင်းစွဲဆိုလားပဲကွ၊ အရှေ့ပိုင်းမှာနေတာ၊
ငါနဲ့ လွှတ်ခင်တာကွ၊ အမေနဲ့လည်းခင်
တယ်၊ ဒေါ်ယုံးကြည်ကို ငါတို့ ဘာပြော
ပေးရမှာတုံး"
"ညနေ ခြောက်နာရီကျော်လောက်
အရောက်လာခဲ့ဖို့ ပြောဗျာ၊ ပြီးတော့
မီးလောင်ကုန်းသင်္ချိုင်းကို ကျုပ်တို့
လှည်းနဲ့ သွားမယ်၊ မဖဲဝါကိုပင့်ဖို့
ဆိုတာလည်း ထည့်ပြောဗျာ"
မနက်ဖြန်ည လကွယ်ညပဲကွ၊ မနက်
ဖြန်ညရောက်ရင်သာ ဟိုကောင်မကို
ချီပြီးဂူကြီးကို အရောက်သွားပေတော့၊
ဆရာလည်း မင်းနောက်က ထပ်ချပ်မ
ကွာလိုက်ခဲ့မှာပါ၊ ဒါပေမဲ့ မင်းက ကျား၊
ငါက လူဆိုတော့ တောထဲ တောင်ထဲ
သွားတဲ့အခါ မင်းကို မှီအောင်တော့
လိုက်နိုင်မှာ မဟုတ်ဘူးပေါ့ကွာ"
ဟာ ကျားနက်ကြီးက ဒီလူ့ခြေထောက်
ကို ခေါင်းနဲ့ခွေ့နေတယ်ဗျို့။ဘယ်လို
ဖြစ်လို့ ဒီလူ ဒီကျားကို ဒီလောက်ပိုင်နေ
တာပါလိမ့်။ ပြီးတော့ ကျားက ညသန်း
ခေါင်မှ ပေါ်လာတာလေဗျာ။ တစ်နေ့
လုံး ဒီကျား ဘယ်မှာ သွားနေတာတုံး။
ရွာကလူတွေ အလုပ်သွားလုပ်နေကြ
တာ။ တစ်ယောက်ယောက်တော့ ဒီ
ကျားနက်ကြီးကို မြင်ရမှာပေါ့ဗျာ။
ဟော ဟိုလူ ကျားကြီးကို ဘာပြောလိုက်
တယ် မသိဘူးဗျ။ ကျားနက်ကြီးက ချာ
ကနဲ လှည့်ထွက်ပြီး ရွာဘက်ကို ပြန်
သွားပြီး ဟိန်းပြန်ရောဗျို့။
" ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း"
ကိုအောင်ဘကျော်နဲ့ ကျုပ်လည်း တုတ်
တုတ်မှကို မလှုပ်ရဲကြဘူးပေါ့ဗျာ။ အခု
နေ ရွာပြန်သွားရင်လည်း ကျားနက်ကြီး
နဲ့ ပက်ပင်းတိုးနဲ့ သေချာတာပေါ့ဗျာ။
ကျုပ်တို့နှစ်ယောက်လည်း ဂူကြီးပေါ်
မှာ လှဲအိပ်ရင်း ကျားဟိန်းသံကြီးကို
နားစွင့်ရတာပေါ့ဗျာ။
မနက် အရုဏ်တက်လောက်ကျတော့
ကျားဟိန်းသံကြီးပျောက်သွားတယ်ဗျ။
ဇရပ်ထဲကို လှမ်းကြည့်လိုက်တော့ ဟို
လူလည်း အိပ်နေသဗျ။ ကျုပ်နဲ့ ကို
အောင်ဘကျော်လည်း လာတုန်းက
အတိုင်း ခြုံတွေကြားကနေ ပြန်ထွက်
ပြီး ရွာကို ပြန်ခဲ့ရတာပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်စိတ်ထဲမှာတော့ 'မနက်
ဖြန်ညရောက်ရင်သာ ဟိုကောင်မကို
ချီပြီး ဂူကြီးထဲကို ရောက်အောင် သွား
ပေတော့'ဆိုတဲ့ ဇရပ်ပေါ်ကလူ ကျား
နက်ကြီးကို ပြောလိုက်တဲ့ စကားသံ
ကြီးကိုသာ ကြားနေတော့တာ။ ကို
အောင်ဘကျော်တို့ အိမ်ရောက်တော့
လည်း ဒါကိုပဲ တွေးနေမိတာဗျ။
ဒါပေမဲ့ ဘယ်ကောင်မကို ကျားက
ချီမယ်ဆိုတာ ကျုပ်လုံးဝမသိဘူးဗျို့။
ကျုပ်တို့ ကိုအောင်ဘကျော်တို့ အိမ်
ကို ပြန်ရောက်တော့ မိုးလင်းစပြုပြီဗျ။
ကိုအောင်ဘကျော်ရဲ့ အဖေနဲ့အမေ
ဖြစ်တဲ့ ဘိုးစိန်ဖြူနဲ့ အရီးလုံးကြည်
တို့နှစ်ယောက်က ကျုပ်တို့နှစ်ယောက်
ကို စိတ်ပူပြီး မျှော်နေကြတာဗျို့။
စိတ်ပူမယ်ဆိုလည်း ပူစရာပေါ့ဗျာ။
တစ်ညလုံး ကျားနက်ကြီးက ရွာကို
ပတ်ပြီး အသံနက်ကြီးနဲ့ ဟိန်းနေ
တာမို့လား။
"ဟဲ့ ဟိုမှာ အောင်ဘကျော်နဲ့
တာတေ ပြန်လာကြပြီ"
ဘိုးစိန်ဖြူက စပြီးဝမ်းသာအားရ ပြော
လိုက်တာဗျ။
"အောင်မယ်လေး တော်ပါသေးရဲ့ဟယ်၊
ငါတို့မှာ တစ်ညလုံး အိပ်မပျော်တာ၊ ကျား
ဟိန်းသံကြီး ကြားတိုင်း နင်တို့နှစ်ယောက်
ကို စိုးရိမ်နေတာ"
"ကျုပ်ထင်သလိုတော့ မဟုတ်ဘူး ဘိုးရဲ့"
"ဟင် ဘယ်လိုများတုံး မောင်တာတေရဲ့"
"သြော် ဒီလိုလေ ဘိုးရာ၊ ကျုပ်က ဇရပ်
ပေါ်ကလူဟာ ရုပ်ပြောင်းရုပ်လွဲပညာနဲ့
ကျားနက်ကြီးပုံစံပြောင်းပြီး ရွာကို ခြိမ်း
ခြောက်နေတယ်လို့ ထင်တာ။ ညက
တွေ့ရတော့မှပဲ ဒီလူ ကျားပုံပြောင်းတာ
မဟုတ်မှန်း သိတာဗျ။ ကျားနက်ကြီးက
သပ်သပ်လာတာဗျ။ ဒါပေမဲ့ အဲဒီကျား
က ဇရပ်ပေါ်က လူရဲ့ ကျားတော့ ဟုတ်
တယ်ဗျ၊ နည်းတဲ့အကောင်ကြီး မဟုတ်
ပါဘူးဗျာ။ ဆယ့်နှစ်တောင်တော့ အ
သာလေးရှိတယ် ဘိုးရ"
"ဟေ ကိုးတောင်ကျားတောင် ကြီးလှ
ပြီထင်နေတာ ဆယ့်နှစ်တောင်ကျား
ဆိုတော့ နည်းတဲ့အကောင်ကြီးမှ မ
ဟုတ်တာ"
ကိုအောင်ဘကျော်ရဲ့အဖေက ပြောတာဗျ
"ဒါထက် ဘိုးရဲ့၊ ညက ရွာထဲမှာရော
ဘာများထူးတုံးဗျ"
"ဟေ ထူးလိုက်တာမှ မောင်တာတေရယ်၊
အရီးတို့ ဝိုင်းတောင်ဘက် နှစ်ဝိုင်းကျော်
က အောင်ဖြူဆိုတဲ့ ကလေးမလေး ည
တစ်ချက်တီးလောက်ကြီးမှာ ထအော်
လို့ပါလား"
" ဟင် ဘယ်လိုအော်လို့တုံး အမေရဲ့"
ကိုအောင်ဘကျော်က အလန့်တကြား
မေးလိုက်တာဗျ။
"လာပါပြီရှင် ၊ လာပါပြီ၊ ဆိုပြီးတော့
အိမ်ထဲကနေ အပြင်ကို ပြေးထွက်မယ်
ချည်း လုပ်လို့ သူတို့အိမ်သားတွေမှာ
ဝိုင်းပြီးဆွဲထားလိုက်ရတာဟယ် မပြော
ပါနဲ့တော့ "
"ဟင် ဘယ်လိုဖြစ်လို့တုံးဗျ"
ကိုအောင်ဘကျော်က မျက်မှောင်ကြီးကြုတ်
ပြီး မေးတာဗျ။ ကျုပ်လည်း အရီးလုံးကြည်
ကို အံ့သြပြီး ကြည့်နေမိတာပေါ့ဗျာ။
"ဘယ်လိုဖြစ်တယ်တော့ မသိဘူး
အောင်ဘကျော်ရေ၊ ရွာပြင်က ကျားက
တစ်ချက်ဟိန်းလိုက်တိုင်း အောင်ဖြူမက
လာပါပြီရှင့်၊ ထ,ထအော်တာဟဲ့၊ ရွာထဲ
မှာကို ညံနေရောဟေ့၊ တစ်ရွာလုံးက
တိတ်ဆိတ်နေတဲ့ အချိန်ဆိုတော့
အောင်ဖြူမ အော်တဲ့အသံကြီးက
ရွာထဲမှာ လူတိုင်း ကြားရတော့တာ
ပေါ့ဟာ။ အောင်ဖြူမအသံကလည်း
တစ်မျိုးကြီးပဲဟဲ့၊ ဘယ်လိုကြီးမှန်းကို
မသိပါဘူးဟာ"
ကျုပ် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်
လိုက်ပြီဗျ။
"ကိုအောင်ဘကျော်၊ ကြက်တစ်ကောင်
ချက်ခိုင်းဗျာ၊ ပြီးရင် ထမင်းတစ်ခွက်
လောက်ချက်၊ ငှက်ပျောဖက်ခင်းပြီး
ထမင်းတောင်း ပြင်ရမယ်"
"ဟာ ရမယ်၊ တာတေ၊ ရမယ်၊ ဘယ်အချိန်
ကို အပြီးလိုချင်တုံး၊နောက်ထပ်ရော ဘာ
လိုသေးလဲ၊လိုတာရှိ အကုန်ပြောကွာ"
"ဒီရွာမှာ နတ်ဝင်သည် ရှိလားဗျ"
"ဟာ ရှိပါ့ဗျာ၊ ဒေါ်ယုံးကြည်ဆိုတာ
အမေဂျမ်းခေါင်းစွဲဆိုလား၊ အမေရေယဉ်
ခေါင်းစွဲဆိုလားပဲကွ၊ အရှေ့ပိုင်းမှာနေတာ၊
ငါနဲ့ လွှတ်ခင်တာကွ၊ အမေနဲ့လည်းခင်
တယ်၊ ဒေါ်ယုံးကြည်ကို ငါတို့ ဘာပြော
ပေးရမှာတုံး"
"ညနေ ခြောက်နာရီကျော်လောက်
အရောက်လာခဲ့ဖို့ ပြောဗျာ၊ ပြီးတော့
မီးလောင်ကုန်းသင်္ချိုင်းကို ကျုပ်တို့
လှည်းနဲ့ သွားမယ်၊ မဖဲဝါကိုပင့်ဖို့
ဆိုတာလည်း ထည့်ပြောဗျာ"
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment