မဖဲဝါစီးတဲ့ကျား အပိုင်း(၂)
"တာတေ၊ ရေလေးဘာလေး ချိုးဦး
မလား၊ ချိုးမှာဆိုလည်း ချိုးဟဲ့၊ ပြီးရင်
ထမင်းစားဖို့၊ ဒီမှာ နင့်အဘက ဗိုက်
ဆာနေလို့တဲ့"
"အမေ ဘာဟင်းကောင်းများ ချက်လို့တုံး"
"ဝက်သားပုန်းရည်ကြီးချက်လေ"
"ဟင် ဟုတ်လား၊ အမေ ဝက်သား
ဘယ်ကရလို့တုံး"
"မြောက်ပိုင်းက ထွန်းပွင့် လာပို့တာနဲ့
ယူထားလိုက်တာ"
ဟင်းက ကျုပ်အကြိုက်ကိုဗျ၊ ဝက်သားနဲ့
ပုန်းရည်ကြီးဆိုကတည်းက ကျုပ်က ဗိုက်
ဆာသွားတာဗျို့။
"မချိုးတော့ဘူးဗျ အမေရ၊ ဆရာတော့်ကို
ဖိုဆွဲပေးခဲ့တာ၊ မီးနားကပ်လာတော့ ချက်
ချင်းချိုးလို့ မကောင်းဘူး"
"အေး ဒါဆိုလည်း စားပွဲခုံခင်းတော့
ထမင်းခူးမယ် "
ကျုပ်ဖြင့် ထမင်းဝိုင်းမှာဆာဆာနဲ့ ကြိုက်
လိုက်တာ နည်းပါဘူးဗျာ။ အဘကလည်း
ကျုပ်လိုပဲ ဝက်သားနဲ့ ပုန်းရည်ကြီးလွှတ်
ကြိုက်တာဗျ။ အဘလည်း တော်တော်
စားသား။ ထမင်းစားပြီးတော့ နဂါးဆေး
ပေါ့လိပ်ကလေး မီးညှိလေး လေးငါးဖွာ
ဖွာလိုက်တော့ မျက်စိကစဉ်းလာရောဗျာ။
အိမ်ရှေ့ဖိနပ်ချွတ်မှာ ချွတ်ထားတဲ့ တန်း
လျားရှည်လေးမှာ ဝါးပိုးချမ်းလေး ခေါင်း
အုံးပြီး ကျုပ်မှေးလိုက်တယ်။ ကျုပ်ဖြင့်
မှေးကနဲ အိပ်ပျော်ရုံ ရှိသေးသဗျ။
"တာတေရေ၊ တာတေ"
ကျုပ်လန့်နိုးသွားတယ်၊ ခေါင်းထောင်ပြီး
ဝိုင်းဝကို ကြည့်လိုက်တော့ ငွေတွင်းကုန်း
က ကိုအောင်ဘကျော်ဗျ။လူကမည်းမည်း
တုတ်တုတ်ကြီး။ သူ့ကို ငွေတွင်းကုန်းသား
တွေက မောင်ဗလကျော်လို့ ခေါ်ကြတာ။
ဖျင်ကြမ်းအင်္ကျီအဖြူလက်တိုဝတ်လို့၊
ခေါင်းမှာက ထန်းဖတ်ခမောက်တစ်လုံး
ဆောင်းတယ်။လက်မှာတော့ နွားနှင်တံ
တုတ်ကို ကိုင်ထားတယ်ဗျ။
ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ သိပေမဲ့
အခုလို အ်ိမ်တွေ ဘာတွေ တစ်ခါမှ
မလာဖူးပါဘူး။ ကိုအောင်ဘကျော်က
ကျုပ်ထက်တော့ ငါးနှစ်ခြောက်နှစ်
လောက် ကြီးတယ်ဗျ။ပြီးတော့ ဒီလူက
လူပျိုဗျ။ အိမ်ထောင်ရက်သား ရှိတာ
မဟုတ်ဘူး။ ငွေတွင်းကုန်းမှာ ကို
အောင်ဘကျော်က ကာလသား
ခေါင်းလေဗျာ။ ကျုပ်တို့ အညာခေါ်
တော့ မြောက်ခေါင်း ခေါ်တာပေါ့ဗျာ။
ငွေတွင်းကုန်းရောက်ရင် မြောက်ခေါင်း
အောင်ဘကျော်လို့ မေးရင် လူတိုင်း
သိသပေါ့ဗျာ။
"ဟာ ကိုအောင်ဘကျော်ကြီး လာဗျို့၊
လာ"
ကျုပ် လှမ်းခေါ်လိုက်တော့ ဝိုင်းထဲကို
ခေါင်းကြီးငိုက်ငိုက်နဲ့ ဝင်လာတာဗျ။ ကို
အောင်ဘကျော် အိမ်ပေါ်ရောက်တာနဲ့
ကျုပ်က…
"လာဗျ၊ ကိုအောင်ဘကျော်ကြီး၊ထိုင်"
ပြောပြောဆိုဆိုနဲ့ ကျုပ်က ရေနွေးကြမ်း
ငှဲ့ပေးလိုက်တယ်။လက်ဖက်အစ်ကလေး
လည်း ရှေ့တိုးပေးပြီး နဂါးဆေးပေါ့လိပ်
တစ်လိပ် မီးညှိပြီး ကိုအောင်ဘကျော်ကို
ကမ်းပေးလိုက်တယ်။
"ကဲ ကိုအောင်ဘကျော် အကြမ်းသောက်
ဗျာ၊ လက်ဖက်လည်းစား၊ ဘယ်ကနေ
ရောက်လာတာတုံး၊ လက်ထဲမှာလည်း
နွားနှင်တံကြီးနဲ့ဆိုတော့ လှည်းပါလာ
တယ်ထင်တယ် "
"မင်းဆီကို သက်သက်လာတာကွ
တာတေရ၊လှည်းပါတယ်၊ အရှေ့ပိုင်းက
ဘထွေးကြည်သောင်းတို့ဝိုင်းမှာ ဖြုတ်
ထားခဲ့တယ်၊ မင်းအိမ်တောင် မသိလို့
ဘထွေးကြည်သောင်းကို မေးပြီးလာ
ရတာ"
ပြောရင်းနဲ့ ကိုအောင်ဘကျော်ကြီးက
နဂါးဆေးပေါ့လိပ်ကလေး ဖွာနေတယ်။
"ကိုအောင်ဘကျော် လက်ဖက်လည်း
စားဗျာ၊ နို့ ထမင်းရော စားခဲ့ပြီလား၊
မစားရသေးရင် ဒီမှာစားဗျာ"
"ဟာ စားပြီးပြီ၊ စားပြီးပြီ၊ စားပြီးမှ
ထွက်လာတာကွ"
"နို့ ကိုအောင်ဘကျော် ကိစ္စအထူးများ
ရှိလို့လားဗျ"
ကျုပ်က မေးလိုက်တော့ ဆေးလိပ်မီးခိုး
ကို နှာခေါင်းထဲက မှုတ်ထုတ်ရင်း ပြောတယ်
"ကိစ္စမှ ထူးလိုက်ပါဘိ တာတေရာ"
"ဟင် ဘယ်လိုကိစ္စများတုံးဗျ"
"ငါတို့ငွေတွင်းကုန်းမှာ ကျားတစ်ကောင်
ရောက်နေလို့ကွ"
"ဘာ ကျား ဟုတ်လား ကိုကြီးဘကျော်"
"ဟုတ်ပ တာတေရာ၊ ကျားကွ၊
ကျားမှ အနက်ကြီးကွ"
"ဟာ ခင်ဗျားတို့ရွာထဲကို ဝင်ရောလား"
"မဝင်ဘူးကွ၊ ရွာပြင်ကပဲပတ်ပြီး သွားနေ
တာ၊ ကျားဟိန်းသံကြီးကတော့ ငတို့
ငွေတွင်းကုန်းတစ်ရွာလုံးကို လွှမ်းနေတာ
ကွ၊ ပြီးတော့ ညနက်သန်းခေါင်ကျော်မှ
ကျားက လာတာ၊ ခုထိတော့ ရွာထဲကို
မဝင်သေးဘူးကွ၊ ရွာခရိုးအပြင်ကပဲ
သွားနေတာ"
"ဘယ်လိုတုံးဗျာ ထူးဆန်းလှချည်လား၊
ကျုပ်တို့ဘက်တွေမှာ ဘယ်တုန်းက
ကျားရှိဖူးလို့တုံးဗျ၊ နို့ ကျားအနက်ဆို
တာကကော ဘယ့်နှယ်သိတာတုံး"
"ဟာ တာတေကလည်း ငါနဲ့ကာလသား
တွေ ညဘက်သစ်ပင်ကြီးတွေပေါ်ကနေ
တက်ပြီး ကြည့်တာလေကွာ၊ အနက်မှ
မှောင်နေအောင်ကို နက်တာကွ၊ အ
ကောင်ကလည်း နည်းနည်းနောနောကြီး
မဟုတ်ဘူးကွ၊ ငါစိတ်ထင်တော့ ကိုး
တောင်ကျားမကဘူးထင်တယ်၊ ဆယ့်
နှစ်တောင်လောက်များ ရှိနေမလားပဲကွ"
ကျုပ်က ကိုအောင်ဘကျော် ပြောတာကို
နားထောင်ရင်း တွေးနေမိတာဗျ
"ကိုအောင်ဘကျော်၊ ကျုပ်တော့ ကျားနက်
ရှိမှန်းတောင် မသိဘူးဗျ၊ ကျုပ်ကြားဖူးတာ
ကျားသစ်နက်ပဲ ကြားဖူးတာ"
"ဟာ ကျားသစ် မဟုတ်ဘူး တာတေ၊
ကျားမှ ကျားအစစ်ကွ၊ဟိန်းလိုက်တာမှ
ဝုန်းကနဲ၊ ဝုန်းကနဲ နေတာကွ၊ ညရောက်
ရင် ငါတို့ရွာသားတွေ တံခါးတွေပိတ်ပြီး
အိမ်ထဲမှာ ငြိမ်နေကြတာ။ ရွာလမ်းထဲမှာ လူကိုမရှိတော့တာကွ၊ ခွေးတွေဆိုတာ
လည်း အမြီးတွေကုပ်ပြီး ငြိမ်နေလိုက်ကြ
တာကွ၊ တင်းကုပ်ထဲက နွားတွေဆိုတာ
လှုပ်တောင် မလှုပ်ရဲ့ဘူးကွ၊ နှာမှုတ်သံ
တွေ တဖူးဖူးပဲ ကြားရတယ်"
"ကျုပ် ကြားဖူးတာတော့ ဘင်္ဂလားကျား
ဆိုတာတွေက ကိုးတောင်ဆယ်တောင်
ရှိဆိုပဲဗျ။ အခု ကိုဘကျော် ပြောသလို
ဆိုရင် ဘင်္ဂလားကျားကြီးလားမှ မသိ
တာ၊ တောထဲတောင်ထဲသွားရင်း နယ်
ကျွံလာတာ ဖြစ်မှာပေါ့ဗျာ"
မလား၊ ချိုးမှာဆိုလည်း ချိုးဟဲ့၊ ပြီးရင်
ထမင်းစားဖို့၊ ဒီမှာ နင့်အဘက ဗိုက်
ဆာနေလို့တဲ့"
"အမေ ဘာဟင်းကောင်းများ ချက်လို့တုံး"
"ဝက်သားပုန်းရည်ကြီးချက်လေ"
"ဟင် ဟုတ်လား၊ အမေ ဝက်သား
ဘယ်ကရလို့တုံး"
"မြောက်ပိုင်းက ထွန်းပွင့် လာပို့တာနဲ့
ယူထားလိုက်တာ"
ဟင်းက ကျုပ်အကြိုက်ကိုဗျ၊ ဝက်သားနဲ့
ပုန်းရည်ကြီးဆိုကတည်းက ကျုပ်က ဗိုက်
ဆာသွားတာဗျို့။
"မချိုးတော့ဘူးဗျ အမေရ၊ ဆရာတော့်ကို
ဖိုဆွဲပေးခဲ့တာ၊ မီးနားကပ်လာတော့ ချက်
ချင်းချိုးလို့ မကောင်းဘူး"
"အေး ဒါဆိုလည်း စားပွဲခုံခင်းတော့
ထမင်းခူးမယ် "
ကျုပ်ဖြင့် ထမင်းဝိုင်းမှာဆာဆာနဲ့ ကြိုက်
လိုက်တာ နည်းပါဘူးဗျာ။ အဘကလည်း
ကျုပ်လိုပဲ ဝက်သားနဲ့ ပုန်းရည်ကြီးလွှတ်
ကြိုက်တာဗျ။ အဘလည်း တော်တော်
စားသား။ ထမင်းစားပြီးတော့ နဂါးဆေး
ပေါ့လိပ်ကလေး မီးညှိလေး လေးငါးဖွာ
ဖွာလိုက်တော့ မျက်စိကစဉ်းလာရောဗျာ။
အိမ်ရှေ့ဖိနပ်ချွတ်မှာ ချွတ်ထားတဲ့ တန်း
လျားရှည်လေးမှာ ဝါးပိုးချမ်းလေး ခေါင်း
အုံးပြီး ကျုပ်မှေးလိုက်တယ်။ ကျုပ်ဖြင့်
မှေးကနဲ အိပ်ပျော်ရုံ ရှိသေးသဗျ။
"တာတေရေ၊ တာတေ"
ကျုပ်လန့်နိုးသွားတယ်၊ ခေါင်းထောင်ပြီး
ဝိုင်းဝကို ကြည့်လိုက်တော့ ငွေတွင်းကုန်း
က ကိုအောင်ဘကျော်ဗျ။လူကမည်းမည်း
တုတ်တုတ်ကြီး။ သူ့ကို ငွေတွင်းကုန်းသား
တွေက မောင်ဗလကျော်လို့ ခေါ်ကြတာ။
ဖျင်ကြမ်းအင်္ကျီအဖြူလက်တိုဝတ်လို့၊
ခေါင်းမှာက ထန်းဖတ်ခမောက်တစ်လုံး
ဆောင်းတယ်။လက်မှာတော့ နွားနှင်တံ
တုတ်ကို ကိုင်ထားတယ်ဗျ။
ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ သိပေမဲ့
အခုလို အ်ိမ်တွေ ဘာတွေ တစ်ခါမှ
မလာဖူးပါဘူး။ ကိုအောင်ဘကျော်က
ကျုပ်ထက်တော့ ငါးနှစ်ခြောက်နှစ်
လောက် ကြီးတယ်ဗျ။ပြီးတော့ ဒီလူက
လူပျိုဗျ။ အိမ်ထောင်ရက်သား ရှိတာ
မဟုတ်ဘူး။ ငွေတွင်းကုန်းမှာ ကို
အောင်ဘကျော်က ကာလသား
ခေါင်းလေဗျာ။ ကျုပ်တို့ အညာခေါ်
တော့ မြောက်ခေါင်း ခေါ်တာပေါ့ဗျာ။
ငွေတွင်းကုန်းရောက်ရင် မြောက်ခေါင်း
အောင်ဘကျော်လို့ မေးရင် လူတိုင်း
သိသပေါ့ဗျာ။
"ဟာ ကိုအောင်ဘကျော်ကြီး လာဗျို့၊
လာ"
ကျုပ် လှမ်းခေါ်လိုက်တော့ ဝိုင်းထဲကို
ခေါင်းကြီးငိုက်ငိုက်နဲ့ ဝင်လာတာဗျ။ ကို
အောင်ဘကျော် အိမ်ပေါ်ရောက်တာနဲ့
ကျုပ်က…
"လာဗျ၊ ကိုအောင်ဘကျော်ကြီး၊ထိုင်"
ပြောပြောဆိုဆိုနဲ့ ကျုပ်က ရေနွေးကြမ်း
ငှဲ့ပေးလိုက်တယ်။လက်ဖက်အစ်ကလေး
လည်း ရှေ့တိုးပေးပြီး နဂါးဆေးပေါ့လိပ်
တစ်လိပ် မီးညှိပြီး ကိုအောင်ဘကျော်ကို
ကမ်းပေးလိုက်တယ်။
"ကဲ ကိုအောင်ဘကျော် အကြမ်းသောက်
ဗျာ၊ လက်ဖက်လည်းစား၊ ဘယ်ကနေ
ရောက်လာတာတုံး၊ လက်ထဲမှာလည်း
နွားနှင်တံကြီးနဲ့ဆိုတော့ လှည်းပါလာ
တယ်ထင်တယ် "
"မင်းဆီကို သက်သက်လာတာကွ
တာတေရ၊လှည်းပါတယ်၊ အရှေ့ပိုင်းက
ဘထွေးကြည်သောင်းတို့ဝိုင်းမှာ ဖြုတ်
ထားခဲ့တယ်၊ မင်းအိမ်တောင် မသိလို့
ဘထွေးကြည်သောင်းကို မေးပြီးလာ
ရတာ"
ပြောရင်းနဲ့ ကိုအောင်ဘကျော်ကြီးက
နဂါးဆေးပေါ့လိပ်ကလေး ဖွာနေတယ်။
"ကိုအောင်ဘကျော် လက်ဖက်လည်း
စားဗျာ၊ နို့ ထမင်းရော စားခဲ့ပြီလား၊
မစားရသေးရင် ဒီမှာစားဗျာ"
"ဟာ စားပြီးပြီ၊ စားပြီးပြီ၊ စားပြီးမှ
ထွက်လာတာကွ"
"နို့ ကိုအောင်ဘကျော် ကိစ္စအထူးများ
ရှိလို့လားဗျ"
ကျုပ်က မေးလိုက်တော့ ဆေးလိပ်မီးခိုး
ကို နှာခေါင်းထဲက မှုတ်ထုတ်ရင်း ပြောတယ်
"ကိစ္စမှ ထူးလိုက်ပါဘိ တာတေရာ"
"ဟင် ဘယ်လိုကိစ္စများတုံးဗျ"
"ငါတို့ငွေတွင်းကုန်းမှာ ကျားတစ်ကောင်
ရောက်နေလို့ကွ"
"ဘာ ကျား ဟုတ်လား ကိုကြီးဘကျော်"
"ဟုတ်ပ တာတေရာ၊ ကျားကွ၊
ကျားမှ အနက်ကြီးကွ"
"ဟာ ခင်ဗျားတို့ရွာထဲကို ဝင်ရောလား"
"မဝင်ဘူးကွ၊ ရွာပြင်ကပဲပတ်ပြီး သွားနေ
တာ၊ ကျားဟိန်းသံကြီးကတော့ ငတို့
ငွေတွင်းကုန်းတစ်ရွာလုံးကို လွှမ်းနေတာ
ကွ၊ ပြီးတော့ ညနက်သန်းခေါင်ကျော်မှ
ကျားက လာတာ၊ ခုထိတော့ ရွာထဲကို
မဝင်သေးဘူးကွ၊ ရွာခရိုးအပြင်ကပဲ
သွားနေတာ"
"ဘယ်လိုတုံးဗျာ ထူးဆန်းလှချည်လား၊
ကျုပ်တို့ဘက်တွေမှာ ဘယ်တုန်းက
ကျားရှိဖူးလို့တုံးဗျ၊ နို့ ကျားအနက်ဆို
တာကကော ဘယ့်နှယ်သိတာတုံး"
"ဟာ တာတေကလည်း ငါနဲ့ကာလသား
တွေ ညဘက်သစ်ပင်ကြီးတွေပေါ်ကနေ
တက်ပြီး ကြည့်တာလေကွာ၊ အနက်မှ
မှောင်နေအောင်ကို နက်တာကွ၊ အ
ကောင်ကလည်း နည်းနည်းနောနောကြီး
မဟုတ်ဘူးကွ၊ ငါစိတ်ထင်တော့ ကိုး
တောင်ကျားမကဘူးထင်တယ်၊ ဆယ့်
နှစ်တောင်လောက်များ ရှိနေမလားပဲကွ"
ကျုပ်က ကိုအောင်ဘကျော် ပြောတာကို
နားထောင်ရင်း တွေးနေမိတာဗျ
"ကိုအောင်ဘကျော်၊ ကျုပ်တော့ ကျားနက်
ရှိမှန်းတောင် မသိဘူးဗျ၊ ကျုပ်ကြားဖူးတာ
ကျားသစ်နက်ပဲ ကြားဖူးတာ"
"ဟာ ကျားသစ် မဟုတ်ဘူး တာတေ၊
ကျားမှ ကျားအစစ်ကွ၊ဟိန်းလိုက်တာမှ
ဝုန်းကနဲ၊ ဝုန်းကနဲ နေတာကွ၊ ညရောက်
ရင် ငါတို့ရွာသားတွေ တံခါးတွေပိတ်ပြီး
အိမ်ထဲမှာ ငြိမ်နေကြတာ။ ရွာလမ်းထဲမှာ လူကိုမရှိတော့တာကွ၊ ခွေးတွေဆိုတာ
လည်း အမြီးတွေကုပ်ပြီး ငြိမ်နေလိုက်ကြ
တာကွ၊ တင်းကုပ်ထဲက နွားတွေဆိုတာ
လှုပ်တောင် မလှုပ်ရဲ့ဘူးကွ၊ နှာမှုတ်သံ
တွေ တဖူးဖူးပဲ ကြားရတယ်"
"ကျုပ် ကြားဖူးတာတော့ ဘင်္ဂလားကျား
ဆိုတာတွေက ကိုးတောင်ဆယ်တောင်
ရှိဆိုပဲဗျ။ အခု ကိုဘကျော် ပြောသလို
ဆိုရင် ဘင်္ဂလားကျားကြီးလားမှ မသိ
တာ၊ တောထဲတောင်ထဲသွားရင်း နယ်
ကျွံလာတာ ဖြစ်မှာပေါ့ဗျာ"
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment