ကဝေပျိုရဲ့အချစ် အပိုင်း(၇)
ဟုတ်သားပဲဗျာ။ အဘပြောမှ ကျုပ်သတိထားမိတယ်။ ကျုပ်နဲ့ ရွာဦးက ဘုရားမှာတစ်ခါတွေ့ကြတုန်းကလည်း ဟိုလိုလို၊ဒီလိုလိုလုပ်ပြီး ဘုရားရှိခိုးမသွားဘူးဗျ။နောက်ဆိုရင် ဘုရားကို ဘယ်တော့မှမလာဘူးလေ။ ရွာမြောက်က ခင်တန်းမှာပဲသူနဲ့ကျုပ်နဲ့ တွေ့ကြတာ၊ သြော် ဖြစ်မှဖြစ်ရလေ လှယဉ်ရယ်။ ကျုပ်စိတ်မကောင်းလိုက်တာဗျာ။ ကျုပ်နာမည် တာတေပါ။ကျုပ်က ကိစ္စတစ်ခုကို နောက်ဆုတ်တတ်တဲ့လူ မဟုတ်ပါဘူးဗျာ။
ကျုပ်ချစ်သူ လှယဉ်ဟာ ကဝေမကလို့ဇော်ကနီ၊ ဇော်ကနက်၊ မောက်လုံး၊မောက်ပြား ဖြစ်နေပစေ။ ကျုပ် လှယဉ်ကိုယူမှာ။ ပြီးရင် လှယဉ်ကို နားဝင်အောင်ပြောပြီး သူ့ပညာကို ဆရာကောင်း သမား
ကောင်းနဲ့ နှုတ်ပစ်မှာပေါ့ဗျာ။ ဘာဖြစ်သေးတုံး။ အဲဒီနေ့က ကိုကြီးစိန်မောင်နဲ့ အဘက ကျုပ်ကို ဖျောင်းဖျကြတယ်။
လှယဉ်ကို မယူဖို့၊ နောက်ဆုတ်ဖို့ နားချကြတာပေါ့ဗျာ။ ဒီလိုနဲ့ ညမိုးချုပ်သွားတယ်။ကိုကြီးစိန်မောင်လည်း ကျုပ်တို့အိမ်မှာညစာ စားတယ်။ ကျုပ်ကတော့ စားလို့ကိုမရပါဘူးဗျာ။ ရင်ထဲမှာ နင့်တင့်တင့်ကြီးကိုဖြစ်နေတာဗျ။ အမေကတော့ တစ်ခွန်းပဲပြောတာဗျ။
" ငါ့သား တာတေ၊ သူ့ဟာသူ စဉ်းစားပြီးလုပ်သင့်တာ လုပ်ပါလိမ့်မယ်လေ"
အဲဒီညက အဘနဲ့အမေက ဆွဲတာနဲ့ ကိုကြီးစိန်မောင် ကျုပ်တို့အိမ်မှာပဲအိပ်တယ်ဗျ။ အမေရယ်၊ အဘရယ်၊ကိုကြီးစိန်မောင်ရယ်၊ ကျုပ်ရယ်၊ စကားပြောနေကြတုန်း ည ရှစ်နာရီကျော်လောက်မှာ…
"ကိုကြီး တာတေ၊ ကိုကြီးတာတေ"
ဝိုင်းဝက လှမ်းခေါ်လိုက်တဲ့အသံကိုကျုပ်ရော အဘတို့ရော ကြားလိုက်ကြတယ်။
"ဘယ်သူတုံး တာတေ၊ ညကြီးအချိန်မတော်"
အမေကပြောတော့ ကျုပ်ချက်ချင်းထကြည့်လိုက်တယ်
"ဘယ်သူတုံး"
လို့ ကျုပ်က မေးလိုက်တယ်ဗျ။ ဝိုင်းဝမှာရပ်နေတဲ့ ကောင်လေးက…
"ကျုပ်ပါဗျ ၊ ကိုကြီးတာတေ၊ ကျောက်ဒိုးပါ"
"ဟေ ကျောက်ဒိုး၊ ဘာဖြစ်လို့တုံး၊ညကြီးမိုးချုပ်လာတာ"
"တာတေ ဒါ လှယဉ်မောင်လား"
ကိုကြီးစိန်မောင်က ကျုပ်ကို မေးတယ်။
"ဟုတ်တယ်ဗျ "
ပြောပြောဆိုဆို ကျုပ်က အိမ်ပေါ်ကဆင်းပြီး ဝိုင်းဝကို ပြေးလာခဲ့တယ်ကျုပ်နောက်က ကိုကြီးစိန်မောင်လည်းကပ်ပါလာတယ်။
"အစ်မလှယဉ်နဲ့ အောက်လမ်းဆရာကြီးနဲ့တိုက်ကြတော့မယ်ဗျ။ အစ်မလှယဉ် ဆံပင်ကြီးဖားလျားချပြီး သင်္ချိုင်းဘက်ကို ထွက်သွားတယ်"
"ဟေ ဟုတ်လား၊ လာ ကျောက်ဒိုး သွားကြမယ် "
ကျုပ်ပြေးပြီ။ ကိုကြီးစိန်မောင်နဲ့ ကျောက်ဒိုးလည်း ကျုပ်နောက်က ပြေးလိုက်လာကြတယ်။ ကျုပ်ခြေထောက်တွေကိုတောင်နှေးနေတယ်လို့ ကျုပ်စိတ်က ထင်နေတာဗျ။ ကျုပ်ပြေးနေတာခြေထောက်နဲ့ မြေကြီးနဲ့ ထိမှထိရဲ့လားတောင် မသိပါဘူးဗျာ။
ကျုပ်ရှေ့မှာ ဘန့်ဘွေးကုန်းသင်္ချိုင်းကိုကျုပ်မြင်နေရပြီဗျ ။ ရောက်ပြီ။ ကျုပ်ရောက်ပြီ။ ဟာ တိုက်ခိုက်ကုန်ကြပါပေါ့လား။ ဆံပင်ကို ဖားလျားကြီးချထားတဲ့ ကျုပ်ချစ်သူ လှယဉ်ကတစ်ဖက်၊ သျှောင်ထုံးနဲ့အောက်လမ်းဆရာကြီးက တစ်ဖက်။
ဟာ အောက်လမ်းဆရာက သူ့လက်ဝါးနှစ်ဖက်က တဝင်းဝင်းနဲ့ ထွက်လာတဲ့စက်တွေနဲ့ ပစ်ပြီဗျို့။ ဟာ လှယဉ်ကလည်း စက်တွေထုတ်ပြီး ပစ်တယ်။
နှစ်ဖက်လွှတ်တဲ့ စက်တွေက လမ်းမှာတင်တွေ့ပြီး…'ဝုန်း'ဆိုတဲ့ အသံကြီးမြည်သွားတယ်ဗျ။
ဟာ မီးခိုးလုံးကြီး ထွက်သွားလိုက်တာဗျာသင်္ချိုင်းဝန်းကျင်မှာ ဘန့်ဘွေးကုန်းရွာသားတွေ ဝိုင်းကြည့်နေကြပါရောလား။
ကျုပ်လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူးဗျာ၊လှယဉ်မျက်နှာမှာ ကျုပ်အင်မတန်မြတ်နိုးတဲ့နူးညံ့မှုတွေ မရှိတော့ဘူးဗျာ။ အင်မတန်ရက်စက်တဲ့ မျက်နှာပါဗျာ။ ပစ်ပြန်ပြီဗျို့။ ဒီတစ်ခါလှယဉ်က စက်နဲ့ အရင်ပစ်တယ်ဗျ။
လှယဉ်ပစ်တဲ့စက်က အလင်းလုံးကလေးတစ်ခုဗျ။ သူ့လက်ဝါးနှစ်ဖက်ကြားကထွက်သွားတာ။ အဲဒီအလင်းလုံးလေးကအောက်လမ်းဆရာကြီးကိုပတ်ပြီးပျံနေပြီဗျို့။ အောက်လမ်းဆရာကြီးကအလင်းလုံးကလေးကို မနည်းကို ရှောင်နေရတာဗျို့။
ဟော အောက်လမ်းဆရာကြီးက သူ့လွယ်အိတ်ထဲက အင်းချပ်လား ဘာလားမသိဘူးဗျ။ ထုတ်လိုက်ပြီ။ ဟော ဟောအလင်းစက်ကို ပစ်ဖို့ ချိန်နေတယ်ဗျ။ဟော ပစ်ပြီ ပစ်ပြီ။
"ဝုန်း"
အလင်းစက်ကလေးကို သွားထိပြီး'ဝုန်း'ဆိုတဲ့ အသံကြီး ထွက်လာတာဗျို့။ဟာ အောက်လမ်းဆရာကြီး ဖင်ထိုင်လျက်လဲကျသွားပြီဗျို့။ ဟော ပြန်ထလာပြီ
ပြန်ထလာပြီ။
ဟာ လှယဉ်ရဲ့ ပါးစပ်ထဲက အစိမ်းရောင်တောက်တောက်အလင်းတန်းတွေ ထွက်လာပြီဗျ။ အလင်းတန်းကလေးတွေ ငါးခုလောက်ရှိတယ်။ ဟော ပေါင်းသွားပြီ။အလင်းတန်းကလေးတွေက ကြိုးကျစ်သလိုကျစ်ပြီး တစ်ချောင်းတည်း ဖြစ်သွားပြီ။ ဟော ရှေ့ကို တိုးသွားပြီ။
ဟာ အောက်လမ်းဆရာကြီးကလည်းသူ့ပါးစပ်ကြီးကို ဟပြီး အလင်းတွေထုတ်နေပြီဗျ။ သူက အဖြူရောင်အလင်းတန်းတွေဗျ။ သူကလည်းကြိုးကျစ်သလို လိမ်သွားပြီး ရှေ့ကိုတိုးလာပြီဗျ။
ဟာ အစိမ်းရောင်နဲ့ အဖြူရောင် အလင်းတန်းနှစ်ခုတွေ့ပြီး လိမ်သွားပြီဗျို့။ ဟောလိမ်လျက်သားနဲ့ ရှေ့ကို တိုးသွားပြီဗျို့။အဖြူရောင်စက်တွေက လှယဉ်ဘက်ကိုတိုးသွားသလို အစိမ်းရောင်စက်တွေကလည်း အောက်လမ်းဆရာကြီးဘက်ကိုတိုးသွားနေပြီ။
ဒီတုန်းမှာပဲ ကျုပ် သူ့ကို သတိရသွားတယ်။မဖဲဝါလေ။ ကျုပ် သူ့ကို ခေါ်ကြည့်ဖို့ သတိရသွားတယ်။ ချက်ချင်းပဲ သင်္ချိုင်းထဲကိုကျုပ် ပြေးဝင်လိုက်တယ်။
"သင်္ချိုင်းရှင်မ မဖဲဝါ၊ ကျုပ် တာတေပင့်ဖိတ်ပါတယ်၊ ရောက်ရာအရပ်ကနေအမြန်ကြွခဲ့ပါ၊ မဖဲဝါ အမြန်ကြွခဲ့ပါ။ဒီပွဲကို အနိုင်အရှုံး ဆုံးဖြတ်ပါ၊
လောကနဲ့ မထိုက်တဲ့ သူကိုသုတ်သင်လိုက်ပါ မဖဲဝါ"

အပိုင်း(၈)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment