အဆောင်သရဲ အပိုင်း(၅) ဇာတ်သိမ်းပိုင်း



အသားဖြူဖြူ၊ မုတိဆိတ်ရှည်ရှည်နဲ့ ရှမ်းလူမျိူးလို့ထင်ရတဲ့အဖိုးကြီးတစ်ယောက်။ ကျွန်တော်ပထမဆုံးမြင်ယောင်မိတာက ဟိုအောက်လမ်းဆရာ… သရဲမကိုချုပ်နှောင်ခဲ့တဲ့အောက်လမ်းဆရာ။ ကျွန်တော်လည်း မင်းခန့်ကို မင်းသိနေတယ်မလားဆိုတဲ့ အကြည့်နဲ့တချက်လှည့်ကြည့်လိုက်တော့ မင်းခန့်ကလည်း ခေါင်းပြန်ညိမ့်ပြတယ်။

" ကဲ သားတို့၊သမီးတို့ခြောက်လှန့်နေတဲ့ အဲ့မကောင်းဆိုးဝါး သတ္တဝါမကြီးကို ဆရာကိုယ်တိုင်နှင်ထုတ်ပြမယ်ဟေး… ဒီညအကုန်လုံးလိုက်ပြီးသာ ကြည့်ကြပေတော့… "

ကျန်ကျောင်းသူ၊ကျောင်းသားတို့မှာ သရဲနှင်မည်ကို ကိုယ်တိုင်ကိုယ်ကျတွေ့ရတော့မည်ဖြစ်သော်လည်း ကျွန်တော်နှင့် မင်းခန့်မှာ တစ်ခုခုမှားနေသည်ဟု သူ့အလိုလိုခံစားမျနေလေသည်။

ဒီလိုနှင့်ညရောက်သည့်အချိန်ကျ…

" မင်းတို့တွေ ဆရာ ခုတားထားတဲ့စည်း၀ိုင်းထဲပဲနေကြနော်… ဘယ်သူမှစည်းမကျော်၊စည်းမဖျက်မိစေနဲ့… ဆရာကိုယ်တိုင်သူ့ကိုဖမ်းချုပ်ထားခဲ့ဖူးတဲ့ ဒီအခန်းထဲမှာပဲ သူ့ကိုအပြီးသတ်ချုပ်ငြိမ်းပေးမယ်ဟေး… "

လေစိမ်းတွေအသည်းအထန်တိုက်ခတ်လာပြီး ပြတင်းပေါက်တွေကလည်း ဖွင့်လိုက်ပိတ်လိုက်အဆက်မပြတ်ပွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်။ အဲ့အချိန်မှာပဲ ရီသံအကျယ်ကြီးထွက်လာပြီး…

" ဟားဟားဟားဟား… အောက်လမ်းဆရာအဖိုးကြီး ရှင်က ကျွန်မကိုထပ်နှိပ်အုန်းမယ်ပေါ့လေ… ရှင့်ကိုယ်ရှင်ယောက်ျားပီသရင် သူတော်ကောင်းယောင်ဆောင်ထားတဲ့ မျက်နှာဖုံးကြီးကို ချွတ်လိုက်စမ်းပါရှင်… "

" ဒီသရဲမကတော့… လူအများအထင်အမြင်လွဲအောင် ဂုန်းချောနေတာပဲဟေ့… လာလေရော ကဲ… "

  ဂါထာမှုတ်ထားဟန်ရှိသည့် ကြိမ်တုတ်ကိုမြေကြီးပေါ် အားပါပါနှင့် တစ်ချက်ရိုက်ချလိုက်တယ်။ အဲ့ရိုက်ချက်ပြီးပြိးချင်းပဲ သရဲမရဲ့ ကျယ်လောင်တဲ့အော်သံပေါ်ထွက်လာပြီး…

    " သရဲမ အသားထပ်မနာချင်ရင် ခုချက်ချင်း ငါ့ရှေ့မှောက် ကိုယ်ထင်ပြစမ်း… "

    ထိုအချိန်မှာပဲ သရဲမက အဲ့ဒီအဖိုးကြီးရဲ့ရှေ့ကို‌ ဒူးထောက်လျက်သာပေါ်လာပြီး အော်ဟစ်ငိုကြွေးနေတယ်။ တစ်ဆက်တည်းမှာပဲ အဖိုးကြီးကပေါ်လာတဲ့သရဲမကို အောက်လမ်းပညာနဲ့လုပ်ထားတဲ့ ကြိုးနဲ့ ရစ်ပတ်လိုက်ပြီး…

    " ဘာတတ်နိုင်သေးလဲ သရဲမရဲ့… နင်အခုဘာတတ်နိုင်သေးလဲ၊ လှုပ်လို့မရတော့ဘူးမလား… အေး ဒီကြိုးနဲ့ဆို နင်ဟာ သာမန်လူလိုပဲ ထိတွေ့ကိုင်တွယ်လို့ရတော့မှာ အဲ့ကြောင့် ခုကစဒီကြိမ်ရဲ့အရသာကို မြည်းစမ်းချေဟေ့… "

    ကြိမ်တုတ်ကို ညာလက်ဖြင့် အားကုန်သုံးလွှဲကာ ရိုက်လိုက်တဲ့အတွက်ကြောင့် သရဲမရဲ့ကျောပေါ်မှာ အရာနီကြီးအပြင် အဲ့အရာကနေလည်း အပူ‌ငွေ့တွေပျံတက်နေတယ်။ သရဲမကနာကျင်ပြီး အော်ဟစ်နေပေမဲ့ အဲ့ဒီအောက်လမ်းဆရာက သူ့‌ေကျာကိုအဆင်မပြတ်ဆက်တိုက်ရိုက်နေတယ်။ အဲ့သရဲမကိုကြည့်ရတာ ဘာမှကိုမလုပ်နိုင်တော့ပဲ အင်အားချိနဲ့ပြီးခွေခွေလေးပဲကျန်နေတော့တယ်။ အဲ့တာနဲ့ ကျွန်တော်လည်း မကြည့်ရက်တဲ့အဆုံး စည်းပြင်ကိုအမြန်ပြေးထွက်ပြီး အောက်လမ်း ဆရာအဖိုးကြီးကို ၀င်လုံးလို့ သူ့ရဲ့ကြိမ်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဒူးနဲ့ထောက်ချိုးပလိုက်တယ်။ မင်းခန့်ကလည်း အဲ့သရဲမကိုချည်ထားတဲ့ကြိုးကိုဖြည်ပေးလိုက်တော့ သရဲမကဘာမှမလုပ်နိုင်တော့ပဲ ကြမ်းပြင်ပေါ်ခွေခွေလေးပဲရှိနေတော့တယ်။

    အဲ့ဒီအချိန်အကုန်လုံးလည်းကြောက်အားလန့်အားနဲ့ထပြေးမယ်အလုပ်မှာပဲ ကျွန်တော်နဲ့မင်းခန့်ဖြစ်ခဲ့သလို အကုန်လုံးကျောက်ရုပ်လိုမျိုး ရပ်တန့်ကုန်ကြတယ်။ ကျွန်တော်နဲ့မင်းခန့်ကတော့ပုံမှန်အတိုင်း။ အဲ့သရဲမကိုကြည့်လိုက်တော့ ခန္ဓာကိုယ်အောက်ပိုင်းကကြွေလင့်နေပြီ။

    " ဟိုကောင်လေးနှစ်ယောက်… အစ်မသွားရတော့မယ်… အစ်မဟာ စွမ်းအင်အများကြီးကိုတစ်ပြိုင်တည်းသုံးခဲ့မိလို့ အစ်မရဲ့ဝိညာဉ်ခန္ဓာကိုယ်ကပျက်စီးပြိး ဒီဖြစ်တည်မှုထဲကနေထာ၀ရပျောက်ကွယ်သွားတော့မယ်။ အဲ့လိုပျောက်ကွယ်သွားတဲ့ချိန်မှာ အစ်မဟာ သက်ရှိ၊သက်မဲ့မည်သည်မျှမဟုတ်တော့ပဲ အပြီးသတ်ချုပ်ငြိမ်းသွားရတော့မယ်… အဲ့ကြောင့်အစ်မကိုကူညီတဲ့အနေနဲ့ ဒီကိစ္စကိုပြီးအောင် ဆောင်ရွက်ပေးပါ… "

    စကားဆုံးပြီးသွားရင်ပဲ အဲ့သရဲမကမြူမှုန်‌ေတွအဖြစ်ပျောက်ကွယ်သွားတယ်။ ကျွန်တော်နဲ့ မင်းခန့်လည်း မိုးလင်းတဲ့ထိစောင့်ပြီး သတိမေ့နေတဲ့သူတွေအကုန်လိုက်နှိုးတော့တယ်။ အဲ့ဒီချိန်မှာပဲ အကုန်လုံးကမအီမလည်နဲ့ထလာပြီး…

    " ကဲ အားလုံးပဲ… ကျွန်တော့်ဆီအာရုံစိုက်ပေးကြပါ… ကျွန်တော်တို့မနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေကပြီးဆုံးသွားပြီဆိုပေမဲ့ ကျွန်တော်တို့မှာလုပ်ဆောင်စရာတွေကျန်သေးတယ်… "

    " မနေ့မြင်ခဲ့တဲ့အရာတွေက အကုန်အမှန်တွေပဲ… ဇာတ်လမ်းတစ်ပုဒ်လိုကြည့်ခဲ့ရတယ်ဆိုပေမဲ့ အဲ့ဒီအဖြစ်အပျက်ဟာ မနန်းရဲ့တကယ်ဖြစ်ပျက်ခဲ့တဲ့အမှန်တရားပဲ။ အဲ့တာကြောင့် ကိုယ့်လူတို့အားလုံးမှန်တဲ့အရာကိုပဲရွေးချယ်ပေတော့ ကျွန်တော်ကတော့ ဒီသောက်ကျင့်မကောင်းတဲ့ ကျောင်းကနေထွက်ပြီ… "

    စကားပြောပြီးတာနဲ့ ကျွန်တော်နဲမင်းခန့်လည်း ညတုန်းကပြင်ဆင်ထားတဲ့အထုပ်တွေကိုမပြီး အောက်ဆင်းလာခဲ့တော့တယ်။ အဲ့ဒီအကြောင်းတွေကို အပြင်ကပါသိသွားမှာဆိုးလို့ ကျောင်းအုပ်ဆရာကြီးကနောက်ကနေလိုက်လာပေမဲ့ အောက်မှာရဲတွေကပါရောက်နှင့်နေတော့ ငြိမ်ကျသွားတယ်။
" ကဲ ဆရာ… အပေါ်မှာအထက်လမ်းဆရာလိုလို၊ အောက်လမ်းဆရာလိုလို လိမ်စားနေတဲ့လူတစ်ယောက်ရှိတယ် သူ့ကိုသွားဖမ်းပေးပါတော့… ကျန်တဲ့လူကြီးတွေကတော့ကြံရာပါလေ… "

    အဲ့လိုပြောပြီးတာနဲ့ ကျွန်တော်လည်းကိုယ့်အထုပ်ကိုယ်ဆွဲပြီး အိမ်ပြန်ဖို့ မင်းခန့်နဲ့အတူသုံးဘီးတစ်စီးငှားခဲ့လိုက်တယ်။ အဲ့ဒီအချိန်အတောအတွင်းမှာပဲ ကျွန်တော်တွေးမိတာက ရုပ်ရော၊နာမ်ရောမရှိတဲ့ ဗလာဒိတ္ထိနယ်မြေက တကယ်ရှိသလားဆိုတာပဲ…။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments