အဆောင်သရဲ အပိုင်း(၃)



ကျွန်တော့်ဘေးလာရပ်ရင်း…

    " မင်းပြောတဲ့သရဲမကို ငါဒီညမြင်ရမှယုံမှာနော်… အေး ဒီညမမြင်ရလို့ကတော့ မင်းအစ်မပေးရပြီမှတ်" ဆိုပြီး ကျွန်တော့်ကျိန်းသွားတယ်။

    ဒီလိုနဲ့အိပ်ဆောင်ဘက်ကူး ခြေလက်သန့်စင်ပြီး အိပ်ကျတယ်ပေါ့။ အဲ့မှာ သန်းခေါင်ကြီး ကျွန်တော်တစ်ရေးနိုးလာတော့ ဘေးမှာမင်းခန့်ကမရှိပြန်ဘူး။ ကျွန်တော်လည်း အပေါ့သွားချင်တာနဲ့ အိပ်သာဘက်ကိုကူးတော့ မင်းခန့်က ကျောက်ရုပ်လို‌ေဘးတစ်‌ေစာင်းရပ်နေ‌ပြီး တစ်ယောက်ယောက်နဲ့စကားပြောနေတဲ့ပုံဗျ။ အဲ့တာနဲ့ကျွန်တော်လည်း အဲ့ကောင်ပုံခုံးပုတ်ပြီး အဲ့ကောင်ကြည့်နေတဲ့ဘက် လှည့်ကြည့်တော့…

    " သောက်မအေ… "

    ကျွန်တော်အော်လို့မဆုံးခင်မှာပဲ အဲ့သရဲမက ကျွန်တော့်ပါးစပ်ကို ရေခဲထက်အေးတဲ့ သူ့လက်နဲ့အုပ်လိုက်တယ်။ ပြီးတော့ မအော်ပဲ တိုးတိုးနေဖို့ လက်ဟန်ပြတယ်။ အဲ့တာနဲ့ ကျွန်တော်လည်း ကြောက်စိတ်ကိုမနည်းထိန်းလိုက်ပြီး အသက်ကို၀၀ရှူကာ ငြိမ်နေတော့တယ်။ အဲ့မှာ သရဲမက ကျွန်တော့်ကိုတစ်ခုခုပြချင်ဟန်နဲ့ ကျွန်တော့်မျက်လုံးတစ်ဝိုက်ကို သူ့လက်နဲ့စက်ဝိုင်းသဏ္ဍာန်ဝိုင်လိုက်တယ်။ အဲ့မှာ ကျွန်တော်မြင်လိုက်ရတာက…

--------------------------------------------------------------------------

    " ကို ဒီလိုအဆောင်မှာခိုးခိုးတွေ့နေတာဖြစ်ပါ့မလား… ပြီးရင် ကို့အဖေကကျောင်းအုပ်နော်… မိရင် သဲရော ကိုရော အပြစ်ပေးခံရမှာ… "

    " ဘာမှစိတ်မပူပါနဲ့ သဲရာ… အဖေတို့မသိပါဘူး ဆရာဖြိုးလည်း ကူစောင့်ပေးနေတာပဲလေ… တစ်ခုခုဆို သူလာပြီးသတိပေးပါလိမ့်မယ်… "

    " အဲ့တာလည်းဟုတ်ပါတယ်လေ… "

    ကောင်လေးနဲ့ကောင်မလးတစ်ယောက် ကျောင်းအိပ်ဆောင် အပေါ်ဆုံးထပ်မှာ တိတ်တိတ်လေးစကားဆိုနေကြတာ။ အဲ့တာပြီးတော့ သူတို့လည်းဆင်းလာရော ဆရာဖြိုးက…

    " မင်းတို့ကလည်းကြာလိုက်တာကွာ… ဆရာတွေအစည်းအဝေးပြီးတော့မှာ အမြန်သုတ်သုတ်ဆင်းကြ… မိသွားရငိ အကုန်သေကုန်လိမ့်မယ်… "

    အဲ့တာနဲ့ သူတို့သုံးယောက်လည်း အဆောင်ဘက်ကို ပြန်ကူးလာရင်း ဘာမှမဖြစ်ခဲ့သလိုပြန်နေလိုက်ကြတယ်။ ကောင်မလးနဲ့ အဲ့ကောင်လေးက အတော်ချစ်ကြဟန်ရှိတယ်ထင်တယ်။ Assembly စီလို့ မိန်းကလေး ယောက်ျားလေးခွဲစီတောင် သူတို့နှစ်ယောက်က အမြဲအနီးမှာရှိတယ်။ အဲ့တုန်းက မိန်းကလေးနဲ့ ယောက်ျားလေးကို သီးသန့်မခွဲထားသေတော့ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံခွင့်ရှိသေးတယ်။ သူတို့နှစ်ယောက်က အတန်းထဲမှာလည်း တစ်ပူးပူး တစ်တွဲတွဲဆိုတော့ ကြာလာတာနဲ့အမျှ ဦးကျော်ကျော်က သူတို့နှစ်ယောက်ကို မသင်္ကာတော့ပဲ ရိပ်မိလာတယ်။ အဲ့တာနဲ့တစ်နေ့ သူတို့အိပ်‌ေဆာင်အပေါ်ဆုံးထပ်မှာ ချိန်းတွေ့နေရင်းက ဦးကျော်ကျော်ပါတက်လာပြီး…

    " မင်းတို့နှစ်ယောက်က ငါမသိဘူးဆိုပြီးထင်တိုင်းကြဲနေတယ်ပေါ့လေ… လာခဲ့စမ်း မင်းတို့နှစ်‌ေယာက်လုံး… "

    သူတို့နှစ်ယောက်အနားကို ရောက်လာတော့ သူ့သားကို သူကလက်သီးနဲ့ မျက်နှာတစ်ချက်ထိုးပြီး ကောင်မလေးကိုကျ လက်ပြန်နဲ့ဖြတ်ရိုက်လိုက်တယ်။ အဲ့မှာနှစ်ယောက်လုံးကြမ်းပြင်ပေါ်လဲကျသွားပြီး နှစ်ယောက်လုံးကို ရုံးခန်းထဲလိုက်ခဲ့ခိုင်းတယ်။ ရုံးခန်းထဲရောက်တော့တွေ့လိုက်ရတာက ဆရာမျိုးရယ်၊ ဆရာပေါရယ်၊ ကျောင်းအုပ်မိန်းမ ဆရာမနွယ်ရယ်နဲ့ ကျန်ကျောင်းသူတွေကိုထိန်းတဲ့ ဂိုက်ဆရာ‌မ‌တွေ။ ဆရာဖြိုးတော့ အဲ့နေရာမှာရှိ‌မနေပဲ၊ ဦးကျော်ကျော်က သူ့ကိုကြံရာပါမှန်းသိပြီး အလုပ်ဖြုတမလိုက်လို့ ချက်ချင်း အ၀တ်ထုတ်ပြီး ထွက်သွားလေရဲ့။ အဲ့တာနဲ့ ဦးကျော်ကျော်ကစကားဆိုတယ်…

    " မင်းတို့နှစ်ယောက်လုံး တော်တော်အားယားနေကြတာလား ဟမ်… စာမေးပွဲလည်းအတော်နီးနေပြီ… မင်းတို့နှစ်ယောက်လုံး အဲ့လိုပုံနဲ့ဆို ငါမှန်းထားတဲ့အတိုင်းဖြစ်လာကြမှာမဟုတ်ဘူး… တော်ပြီ မင်းတို့တွေ ဒီနေရာမှာတင်ရပ်ကြ ရှေ့ဆက်တိုးရင် ဒီ့ထက်ဆိုးကုန်မယ်… အကုန်ပြန်လို့ရပါပြီ… ဟိုကောင် သက်ပိုင်(ဦးကျော်ကျော်သား) တစ်ယောက်တည်းနေခဲ့… "

    အဲ့လိုပြောပြီး အကုန်လုံးလည်း သူ့နေရာနဲ့သူပြန်ကုန်ကြတာပေါ့… အဲ့နေ့ကတနင်္ဂနွေနေ့ဆိုတော့ အတန်းချိန်လည်းမရှိ ကျောင်းသား/သူတွေလည်းမရှိ။ ညနေကျ ကျောင်းသား/သူတွေ အဆောင်၀င်လာပြီး ရိုက်ခံရတဲ့ကောင်မလေးကို သူ့မျက်နှာမှာအရာမြင်ပြီး ဝိုင်းမေးကြ‌‌ေတာ့တယ်။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ခတ္တာကနေပြီးတော့…

    " နန်း အဲ့တာဘယ်လိုဖြစ်တာလဲ… မျက်နှာကအရာကြီးကလည်းနည်းတာမဟုတ်ဘူး ညိုမဲစွဲနေပါရောလား "

    " ဘာမှမဖြစ်ပါဘူးဟာ… ငါ့ဖာသာငါ သွားကိုက်လို့ယောင်ပြီး ညိုနေတာပါ… "

    " အမှန်အတိုင်းပြောစမ်းပါဟယ်… ဘာဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲဆိုတာ… "

    " ဘာမှမဟုတ်ပါဘူးဟာ… ဒီတိုင်းသွားကိုက်ယုံပါ… "

    " ငါထင်နေတာတစ်ခုခုမဟုတ်လား… အေး နင်မပြောလည်း ငါသိနတယ်… "

    နန်းလည်းငြိမ်ကျသွားပြီး အကုန်လည်းဖာသိဖာသာပဲနေကြတော့တယ်။ အဲ့မှာခေတ္တာကတော့ တစ်ခုခုကိုအားမလိုအားမရဖြစ်ပြီး စိတ်ထဲခုနေလေ‌ရဲ့။ နောက်နေ့မနက်ကျ ကျောင်းသား/သူ အားလုံးဆုံတာနဲ Assembly ခေါ်ပြီး ဦးကျော်ကျော်က စကားစဆိုတယ်။

    " မင်းတို့ကို ဆရာပြောစရာရှိတယ်ကွ… အဲ့တာဒီနေ့ပဲ ဆရာ့သားသက်ပိုင် နိုင်ငံခြားကိုပညာသင်ထွက်တော့မယ်ဆိုတာပဲ… "

    အားလုံးလက်ခုပ်ဝိုင်းတီးကြ မပျော်ရွှင်နိုင်သူကတော့ နန်း။

အပိုင်း(၄)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments