ကဝေပျိုရဲ့အချစ် အပိုင်း(၈) ဇာတ်သိမ်းပိုင်း
ကျုပ်စိတ်ကို မဖဲဝါဆီ ညွှတ်ပြီး ပင့်လိုက်တယ်
"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး"
ဟာ လာပြီ၊ မဖဲဝါ ကြွလာပြီ။ သူ့ရဲ့ခွေးကြီးအသံကို ကြားနေရပြီ။ ဟာဟုတ်ပါ့ဗျာ။ ဂူတွေအပေါ်ကနေ လေထဲမှာ ရွေ့လာတာဗျို့။ အရပ်ကြီးဆယ်ပေလောက်မှာ ဆံပင်ဖားလျားကြီးချပြီး ထမီရင်လျားကြီးနဲ့ဗျ။
ပြေးလာတဲ့ မဖဲဝါကြီး သင်္ချိုင်းအလယ်လောက်မှာ တန့်ခနဲ ရပ်သွားတယ်။ကျုပ်လည်း နောက်ကို လှည့်ကြည့်လိုက်တော့အောက်လမ်းကြီးရဲ့အဖြူရောင်စက်တွေက လှယဉ်ရဲ့ပါးစပ်ထဲကို ဝင်သွားပြီ။
လှယဉ်လွှတ်တဲ့ အစိမ်းရောင်စက်တွေကလည်း အောက်လမ်းကောင်ကြီးရဲ့ပါးစပ်ထဲကို ဝင်နေပြီဗျ။
မဖဲဝါ ရပ်ပြီးကြည့်နေတယ်။ ဘာမှမလုပ်ဘူးဗျ။ ပြီးတော့ ကျုပ်ကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားတယ်ကျုပ်ခေါ်တာ နောက်ကျသွားပြီဆိုတဲ့ ပုံစံဗျ။ ဟာ လဲသွားပြီ။ လှယဉ်ရော၊ အောက်လမ်းကြီးရော လဲသွားကြပြီ။
အောက်လမ်းကောင်ကြီးက ဆန့်ငင်ဆန့်ငင် ဖြစ်ပြီး ငြိမ်သွားပြီဗျ။ ကျုပ်ကလှယဉ်ဆီကို ပြေးတယ်။
လှယဉ်ပါးစပ်ထဲက သွေးတွေပွက်ခနဲ အန်တယ်။ ကျုပ် လှယဉ်ကို တွေ့ထားလိုက်တယ်။ လှယဉ်က ကျုပ်ရင်ဘတ်မှာ သူ့ပါးကလေးကို ကပ်ထားပြီး ကျုပ်ကို စိုက်ကြည့်တယ်။ ပါးစကလည်း သွေးတွေ ဒလဟော စီးကျနေတယ်ဗျ။
"တာတေ လှယဉ်က ကဝေမတစ်ယောက်ပါ"
"လှယဉ် နင်ဘာပဲဖြစ်ဖြစ် ငါ နင့်ကို ချစ်မှာပါ"
"ငါ ယုံပါတယ် ငါလည်း နင့်ကိုအရမ်းချစ်တယ် တာတေ"
သူ့လက်ကလေးတစ်ဖက်နဲ့ ကျုပ်ပါးကိုလှမ်းကိုင်တယ်
"အင့် ၊ ဝေါ့ "
ဒီိတုန်းမှာပဲ လှယဉ်ရဲ့ခေါင်းက ဘေးဘက်ကို စောင်းပြီး သွေးတွေ ထိုးအန်တယ်။ကျုပ်ပါးကို ကိုင်ထားတဲ့ သူ့လက်ကလေးပြုတ်ကျသွားတယ်။
နှလုံးတွေလည်း အခုန်ရပ်သွားပါပြီ ။ကျုပ် မျက်လုံးထဲက မျက်ရည်တွေလှယဉ်ရဲ့ ပါးပေါ်ကို တပေါက်ပေါက်ကြွေကျကုန်တယ်။
တာတေ့ရင်ထဲမှာ နှလုံးသားမရှိတော့သလိုကို ခံစားလိုက်ရတာပါပဲဗျာ။
ပြီးပါပြီ
°°°
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Comments
Post a Comment