ကဝေပျိုရဲ့အချစ် အပိုင်း(၂)
"မပါသေးဘူးလေကွာ၊ အခု အိမ်ပြန်ယူလိုက်မယ်လေ"
"ပြန်ယူ၊ ပြန်ယူ၊ ကျုပ် စောင့်နေမယ်။အေးအေးဆေးဆေးလုပ်၊ ကျုပ် အချိန်ရတယ်ဗျ"
"အေးပါ၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်"
အဆင်တော့ ပြေသားဗျ။ ကျုပ်လာတုန်းက တစ်ယောက်လည်း ပျင်းဖို့တောင်ကောင်းသေးဗျာ။ အခု အပြန်ကျတော့ကိုကြီးစိန်မောင်နဲ့ စကားပြောဖော် ရတာပေါ့ဗျာ။ ငွေတွင်းကုန်းအထွက်ကလှည်းလမ်းက လွှတ်ကြမ်းတာဗျ။
ကျုပ်ဖြင့် နှမ်းအိတ်တွေနဲ့ဆိုတော့ လှည်းကိုမနည်းထိန်းမောင်းနေရတာဗျို့။ ချိုင့်ထဲ ဘီးစောင်းကျသွားရင် အဆင်မသင့် ဝင်ရိုးကျိုးတာတို့၊ လှည်းပဒေါင်းကွဲတာတို့ ဖြစ်တတ်တာဗျ။ ကျုပ်ကတော့ ဒီနေရာမွေး၊ ဒီနေရာကြီးလာတဲ့ကောင်ဆိုတော့ ဘယ်နား ဘာရှိတယ်ဆိုတာ အတတ်ကို သိနေတာပေါ့ဗျာ။ ဒီလမ်းတွေပေါ်မှာ ညဘက်ကြီး စွတ်ပြေးခဲ့ရတာတွေ ကျုပ်ကြုံဖူးပါတယ်။
ဒါပေမဲ့ လှည်းမောင်းရင်တော့ ကျုပ်ကကျုပ်လှည်းနဲ့ ကျုပ်နွားကြီးတွေကို အားကြီးညှာတဲ့ ကောင်ဗျ။
"ဒါကြောင့်လည်း လူကြီးတွေက မင်းကိုလွှတ်ချီးမွမ်းကြတာကွ"
လှည်းကျန်တိုင်ကို ကိုင်ရင်းလိုက်လာတဲ့ကိုကြီးစိန်မောင်က ကျုပ်ကို ပြောတယ်ဗျာ။
"ဘာတုံး ကိုကြီးစိန်မောင်ရ"
"လှည်းမောင်းတာလေကွာ၊ တာတေတို့များလှည်းမောင်းရင် သူ့လှည်းနဲ့ သူ့နွားတွေမနာအောင် လွှတ်ဂရုစိုက်တာတဲ့။ တာတေမောင်းတဲ့ လှည်းများစီးရရင် အားကြီးစည်းစ်ိမ်ရှိတယ် ဆိုပဲကွ။ အခု ငါကိုယ်တိုင် မင်းမောင်းတဲ့လှည်းကို စီးကြည့်တော့မှ ဟုတ်သားလို့ တွေးမိလို့ပါကွာ"
ကျုပ်က ကိုကြီးစိန်မောင် ပြောတာကိုသဘောကျပြီး ပြုံးလိုက်တယ်။
"ကျုပ်က အဘနွားကြီးနှစ်ကောင်ကိုအားကြီးချစ်တာဗျ။ ကိုကြီးစိန်မောင်ရ၊ဒါကြောင့် နွားတွေကို ညှာပြီး အမြဲမောင်းတာ။လှည်းလမ်းဆိုတာက မြေပြန့်ကြီးသွားရတာမျိုးမှ မဟုတ်တာဗျာ။ လျှိုထဲနိမ့်ဆင်းသွားလိုက်၊ ကုန်းပေါ်မော့တက်လိုက်ရနဲ့ နွားတွေ ခမျာ အားကြီးပင်ပန်းကြတာ"
"အင်း မင်းပြောတာ ဟုတ်တာပေါ့တာတေရာ၊ တို့အညာနွားဆိုတာအားကြီးပင်ပန်းတာကွ၊ ပဲတိုက်ရ၊နှမ်းတိုက်ရ၊ ရေစည်တိုက်ရ။ ဒီကြားထဲဟိုရွာ ဒီရွာ သွားကြ၊ ဘုရားပွဲသွားကြ၊အလှူသွားကြနဲ့ ထမ်းပိုးချွတ်ရတယ်လို့ သိပ်ရှိတာ မဟုတ်ဘူးလေ"
"အဲဒါကြောင့် ကျုပ်က နွားတွေကိုသနားလည်း သနား၊ ချစ်လည်း ချစ်တာပေါ့ ကိုကြီးစိန်မောင်ရ"
"အင်း နွားတွေကို ချစ်တာကတော့ကောင်းပါတယ်ကွာ၊ ဘာအန္တရာယ်မှမရှိပါဘူး၊ အေး လူတွေကို ချစ်ရင်တော့ကြည့်ပြီး ချစ်ပေါ့ကွာ"
ကျုပ် ကိုကြီးစိန်မောင်ကို လှည့်ကြည့်လိုက်တယ်။ သူ့စကားက ဘာကိုရည်ရွယ်တာတုံးဆိုတာ ကျုပ် အကဲခတ်တာပေါ့ဗျာ။
"မင်းက ငါ့ကို အကဲခတ်တာလားကွတာတေရ ၊ ဟား ဟား ဟား"
ကိုကြီးစိန်မောင်ဆိုတာ ကျုပ်တို့ငယ်ငယ်ကတည်းက ချီပိုးပြီးလာတဲ့ အစ်ကိုတွေပဲဗျ ။ ကျုပ်တို့ကို မတော်တာတွေ့ရင်ရိုက်ပုတ်ပြီးတောင် ဆုံးမလို့ရတဲ့သူတွေပါ။
"ကိုကြီးစိန်မောင်စကားက ဘယ်လိုကြီးတုံးဗျာ"
"အေး မင်းနဲ့ အေးအေးဆေးဆေးခုလိုကြုံတုန်း မင်းကို ပြောစရာကလေးတွေ ရှိနေလို့ကွ တာတေရ"
" ဟာ ကိုကြီးစိန်မောင်ကလည်းဗျာကျုပ်ကို ပြောစရာရှိရင် ပြောပါဗျ၊ကျုပ်တို့အရွယ်တွေက ကိုကြီးတို့ညီတွေ အရွယ်ပါဗျ"
" အေး အဲဒါကြောင့် ပြောတာပေါ့ကွာ"
ကိုကြီးစိန်မောင်က ကျုပ်ကို ပြောသင့်မပြောသင့် ချင့်ချိန်နေတဲ့ပုံဗျ။ ဒီတော့လူ့သဘာဝအတိုင်း ကျုပ်က ပိုပြီးသိချင်လာတာပေါ့ဗျာ။
"ဘာများတုံး ကိုကြီးစိန်မောင်ရ"
လို့ ကျုပ်က ထပ်မေးလိုက်တော့မှကိုကြီးစိန်မောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောတယ်ဗျ။
"ဒီလိုကွ၊ ခုတလောမှာ ဘယ်သွားသွားမင်းသတင်းပဲ ကြားနေရတာကွ တာတေရ"
"ဗျာ၊ ကျုပ်သတင်း ဟုတ်လား၊ ဘာများတုံးဗျ"
"မင်းနဲ့ လှယဉ်အကြောင်းပေါ့ကွာ"
"ဟာ ကိုကြီးစိန်မောင်ကလည်း ကျုပ်ကဘာများလဲလို့၊ ဒီကိစ္စက ဘာများ ဒီလောက်ထူးဆန်းနေလို့တုန်းဗျာ၊ လူပျိုနဲ့ အပျိုသမီးရည်းစား ဖြစ်တာပဲဟာ၊ ဘာများဆန်းနေလို့တုံး ကိုကြီးရဲ့"
" ဆန်းနေတာပေါ့ကွ၊ မင်း စဉ်းစာကြည့်လေ၊လှယဉ်ကလေး ဘယ်လောက်ချော၊ ဘယ်လောက်လှသလဲ၊ ဒါပေမဲ့ သူ့ကို ဘန့်ဘွေးကုန်းက ကာလသား တွေတစ်ယောက်မှပိုးတဲ့လူ မရှိဘူးကွ"
"ဟာ ကိုကြီးစိန်မောင်ကလည်း မပိုးဘဲ ရှိမလား လှယဉ်က ပြန်မကြိုက်လို့ ရှိမှာပေါ့"
ကိုကြီးစိန်မောင်က ခေါင်းခါပြတယ်ဗျ။
"ဟဲ့ နွား၊တည့်တည့်ဆွဲလေ၊ ဟိုဘက်ကငညိုကြီးက အဖြောင့်သွားလေကွာ၊အို ဘယ်တုန်း ဟဲ့နွား"
ကျုပ်က နွားတစ်ချက်ငေါက်ပြီး ကိုကြီးစိန်မောင်ကို လှည့်ကြည့်တယ်။
"မဟုတ်ဘူး တာတေ၊ မင်းမသိလို့ကွ၊လှယဉ်ကို ကာလသားတိုင်း ပိုးချင်ကြတာဘန့်ဘွေးကုန်းတင်မကဘူးကွ၊ မင်းတို့ထနောင်းကုန်းရော၊ ငါတို့ ငွေတွင်းကုန်းရောဟိုဘက်က မီးလောင်ကုန်းရော၊ အိုကွာဆရာမနိုင်ကရော၊ လှယဉ်ကို မြင်ဖူးတဲ့လူတိုင်း ပိုးချင်ကြတာကွ"
"နို့ ဘာကြောင့် မပိုးကြတာတုံးဗျ"
"မပိုးဆို လှယဉ်အဘွား ဒေါ်ဆုံကြီးကိုကြောက်ကြလို့ပေါ့ကွ"
"သြော် ဒါလား၊ ကျုပ်က ဘာကြောင့်များတုံးလို့ဗျာ"
"မင်းလည်း ကြားဖူးတယ်မို့လား၊လှယဉ်တို့အဘွား ဒေါ်ဆုံကြီးအကြောင်းကို"
"ဟာ ကြားဖူးပါတယ်ဗျာ၊ ဆယ့်နှစ်ကြိုးကဝေမကြီးဆိုတာလေ"
" ဒါနဲ့များကွာ၊ မင်းမို့လို့ မကြောက်မရွံ့လှယဉ်ကို ကြိုက်ရဲသေးတယ်"

အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment