ကဝေပျိုရဲ့အချစ် အပိုင်း(၄)
'သတိတော့ ထားနေပါကွာ၊ မတော်မင်းအူတွေ အသည်းတွေ နှိုက်စားသွားမှဖြင့်ကွာ၊ အင်း ကဝေမကြီးရဲ့သမီးမှန်းသိလျက်နဲ့ မင်းကလည်း ဇွတ်ယူခဲ့တာကိုး။ဒါထက် မင်းက ဘုရားတွေ ဘာတွေကောမှန်မှန်ရှိခိုးရဲ့လား'
'ခိုးတော့ ခိုးတယ်ကွ၊ ဒါပေမဲ့ သူတို့အိမ်မှာ ရှိခိုးရင် မယ်ဆုံကြီးက မကြိုက်ဘူးကွ၊ တစ်ခါတစ်လေ ငါ တိတ်တိတ်ကလေးရှိခိုးရင်တောင် သူသိတယ်လေ'
'ဟေ အဲဒါဆို ဘာပြောတုံး'
'ပြောတော့ မပြောဘူးကွ၊ ဟင်း၊ ဟင်း၊ဟင်းနဲ့ ညည်းသလိုကြီး လုပ်တယ်ကွ၊ငါလည်း ကြောက်တော့ ဆက်ပြီး ရှိမခိုးရဲပေါ့ကွာ'
'ဒီလိုတော့ မဟုတ်ပါဘူးကွာ၊ ငါယောက္ခမကြီး မရှိတဲ့အချိန်ဆိုအိမ်မှာ ရှိခိုးလို့ ရပါတယ်။ ငါ ရွာဦးက
စေတီမှာ ဘုရားရှိခိုး၊ ပုတီးစိပ် အမြဲသွားလုပ်ပါတယ်ကွ'
'သြော် အေး အေး ၊ ဘုရားတော့ စိတ်ထဲမှာ အမြဲရှိခိုးနေပါ သူငယ်ချင်းရာ၊ မင်းမှာအန္တရာယ်မကြီးနဲ့ တစ်အိမ်တည်း အတူနေနေရတာကွ'
'ဟာ မင်းတို့ ထင်သလောက်လည်းမဆိုးပါဘူးကွ၊ ငါ့ယောက္ခမ မယ်ဆုံကြီးက ကဝေမကြီးသာဆိုတယ်၊ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူးကွာ၊ မီးမဖွားနိုင်တဲ့သူတွေကိုတောင် လိုက်ကယ်ပေးနေတာမင်းတို့လည်း သိတာပဲလေ'
'အေး ဒါတော့ ဟုတ်ပါတယ်လေ'
အဲဒီလိုပေါ့ တာတေရာ၊ အဖေတို့၊ဘိုးအောင်စိန်တို့ ငယ်ငယ်က တွေ့ကြရင် ဒါပဲ ပြောကြဆိုကြတာတဲ့ကွ"
"နေပါဦး ကိုကြီးစိန်မောင်ရဲ့၊ အခုဟာက ဘွားဆုံကြီး သေသွားတာလည်းကြာနေမှာပဲဗျာ"
"ဟကောင် တာတေ၊ မင်း အဲဒါတွေခက်တာပေါ့ကွ၊ ဘွားဆုံကြီး သေသွားပြီးတဲ့နောက်မှာကို အဲဒီဝိုင်းထဲက မီးလုံးကြီး ပျံတက်နေတုန်းပဲတဲ့ကွ"
"ဗျာ၊ ဟုတ်ရဲ့လား ကိုကြီးစိန်မောင်ရဲ့"
"သြော် ဟုတ်ပါတယ်ဆိုကွာ၊ ဒါကြောင့်မင်းကို ငါ သတိပေးချင်လို့ ဒီအကြောင်းတွေ ပြောနေတာပေါ့"
"ဗျာ"
ဒီတစ်ချက်တော့ ကျုပ်ငိုင်သွားပြီဗျို့။ ကျုပ်တော်တော် ခေါင်းရှုပ်သွားတယ်ဗျာ။ကိုကြီးစိန်မောင် ပြောသလိုဆိုရင် ကျုပ်ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူးဗျာ။
"ဟာ ဒီနွား၊ ရုန်းလေ၊ ဖြန်း"
အို ကျုပ် ငညိုကို ကြိမ်နဲ့ ရိုက်လိုက်တယ်။ရိုက်ပြီးမှ ကျုပ် သတိဝင်သွားတာဗျ။ ဘယ်တုန်းကမှ ကျုပ် ဒီကောင်ကြီးတွေကို မရိုက်ခဲ့ဘူး။ ကျုပ် ဘယ်လိုဖြစ်ပြီး ငညိုကို ရိုက်လိုက်မိပါလိမ့် ကျုပ်စိတ်တွေကို ကျုပ်ရအောင် ထိန်းလိုက်တယ်
"ဒါဆိုရင် ဘွားဆုံကြီးက သူ့ပညာကိုအမွေပေးခဲ့တာပေါ့နော် ကိုကြီးအောင်စိန်"
"ဒါပေါ့ကွာ၊ သူ့သမီး အရီးမယ်မကိုသူပေးခဲ့မှာပေါ့၊ ဒီတော့ အရီးမယ်မဆီကနေ ဒီပညာတွေကို အမွေခံရမှာဘယ်သူ ဖြစ်မတုံး၊ မင်း စဉ်းစားလေတာတေရာ"
"လှယဉ်ပဲ ရှိတာပေါ့ဗျာ"
"အဲဒါကြောင့် ငါ့ညီကို အစ်ကိုကြီးကသတိပေးတာပါကွာ၊ စိတ်တော့ မကောင်းစရာပေါ့ကွာ၊ ဒါပေမဲ့ ခုနေနောက်ပြန်ဆုတ်ရင် မီသေးတာပဲတာတေရာ"
ကျုပ် နောက်ပြန်မဆုတ်ချင်ဘူး။ ဘယ်တော့မှ မဆုတ်ဘူး။ တာတေဆိုတဲ့ကောင်က နောက်ပြန်ဆုတ်မယ့်ကောင် မဟုတ်ဘူး။ ရှေ့ကိုပဲ တိုးမယ့်ကောင်ဗျ။ ကဝေမရဲ့သမီးဖြစ်ဖြစ်၊ ဆယ့်နှစ်ကြိုးမရဲ့သမီးဖြစ်ဖြစ် ကျုပ်လှယဉ်ကို ချစ်တယ်။ လှယဉ်ကို ရအောင် ကျုပ် ယူမယ်။ ဒီဘဝမှာ ကျုပ်လှယဉ်ကို ရအောင်ပေါင်းမယ်။ကျုပ်ဘဝရဲ့ လက်တွဲဖော်ဟာ လှယဉ်ပဲ ဖြစ်မယ်။ ကျုပ် စိတ်ထဲမှာ တော်တော်ကို ကျယ်ကျယ်လောင်လောင် အော်ပြောပစ်လိုက်တယ်။
ဒါပေမဲ့ ပါးစပ်ကတော့ ဘာမှမဖွင့်မပြောခဲ့ပါဘူး။ ကိုကြီးစိန်မောင်က ကျုပ်ကိုညီတစ်ယောက်လို သတိပေးနေတာမို့လား။ တာတေက စပ်စုတတ်တာပဲရှိတာပါ။ မရိုင်းပါဘူးဗျာ။
ထနောင်းကုန်းကိုရောက်တော့ ကျုပ်ကိုကြီးစိန်မောင်ကို ပုဗ္ဗာရုံကျောင်းအထိလိုက်ပို့ပေးလိုက်တယ်။ ဆရာတော့်ဆီတော့ မဝင်တော့ဘူးဗျာ။ ကျုပ်မှာက နှမ်းအိတ်တွေ ပါလာတော့ အိမ်ကိုပဲ မောင်းလာခဲ့တယ်။ အဲဒီညက ကျုပ် အိပ်မပျော်ဘူးဗျာ။ ကျုပ်မျက်စိထဲမှာတော့ ကျုပ်ကိုပြုံးကြည့်နေတဲ့ လှယဉ်ရဲ့ မျက်နှာလေးကိုပဲ မြင်နေတာဗျ။
လှယဉ်ကို ကျုပ်မခွဲနိုင်ဘူး။ ကျုပ်မခွဲပါရစေနဲ့ဗျာ။ဆယ့်နှစ်ကြိုးကဝေမကြီးရဲ့မြေးဖြစ်လို့၊ ပြီးတော့ ပညာလက်ဆင့်ကမ်းခဲ့ရတဲ့ အရီးမယ်မရဲ့ သမီးဖြစ်လို့ ကျုပ်ချစ်သူကို ကျုပ် မုန်းလိုက်ရတော့မှာလား။
ဝေးပါသေးရဲ့ဗျာ၊ ကျုပ်က တာတေပါဗျ၊လှယဉ်ကို ကျုပ်ရအောင် ယူမယ်ဗျ။ လှယဉ်နဲ့ ကျုပ်နဲ့ ဘန့်ဘွေးကုန်းမြောက်ဘက်က ခင်တန်းကလေးမှာ မကြာ မကြာ တွေ့ဖြစ်ကြတယ်။ ခင်တန်းမှာပွင့်နေတဲ့ တောရိုင်းကလေးတစ်ပွင့်ပါဗျာ။
ကျုပ် လှယဉ်စိတ်ဆင်းရဲမယ့် စကားတွေလုံးဝမပြောခဲ့ပါဘူး။ လှယဉ်နဲ့ အရိုးသားဆုံး၊ အသန့်စင်ဆုံး ချစ်ခင်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အသည်းပေါက်မတတ် ချစ်ခဲ့ကြတာပါဗျာ။
တစ်ရက်ပေါ့ဗျာ။ ကျုပ်ထုံးစံအတိုင်းဝိုင်းထဲမှာ မန်ကျည်းပင်ကြီးအောက်မှာ နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး အိပ်တော့မလို့ လုပ်နေတာ။ ဝါးပိုးခြမ်းခေါင်းအုံးကလေးကို အမေ့တဘက်ကလေးခင်းလို့ပေါ့ဗျာ။
"ကိုကြီးတာတေ၊ အိပ်နေလားဗျ"
ကျုပ်ဝိုင်းဝကို ခေါင်းထောင်ကြည့်လိုက်တယ်။ ဝိုင်းထဲကို ခြေလှမ်းကျဲကျဲလှမ်းပြီးဝင်လာတဲ့ ကျောက်ဒိုးဗျ။ ကျုပ် ချက်ချင်းအိပ်နေရာက ထလိုက်တယ်။
"ဟေ့ကောင် ကျောက်ဒိုး လာ၊ မင်းဘယ်သူ့ဆီ လာတာတုံး၊ ထနောင်းကုန်းမှာ မင်းသူငယ်ချင်း ရှိလို့လား"

အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment