အဆောင်သရဲ အပိုင်း(၄)
" ပညာရေးကာလတစ်၀က်တစ်ပျက်ကြီးနဲ့သွားရမယ်ဆိုပေမဲ့ ဆရာတော့၀မ်းသာတယ် မင်းတို့လည်းဆယ်တန်းအောင် အောင် ကြိုးစားပြီး နိုင်ငံခြားထွက်ရအောင်လုပ်ပေါ့… ကဲ အခုကိုယ့်အခန်းကို ပြန်သွားလို့ရပါပြီ… " ဆိုပြီး ဦးကျော်ကျော်ရဲ့စကားဆုံးတော့ အကုန်အခန်းထဲပြန်၀င်သွားကြတယ်။
နန်းကတော့အဆင်ပြေမနေဘူး။ အစာစားချိန်လည်းပုံမှန်မရှိ။ အိပ်ချိန်လည်းပုံမှန်မရှိ။ အိမ်သာထဲလည်း ခနခနသွားငိုနဲ့ အတော်လေးစိတ်ဓာတ်ရာများနေပြီ။ အဲ့တာနဲ့ေကျာင်းပိတ်ရက်တစ်နေ့ သူသည်းမခံနိုင်တော့တဲ့အဆုံး ကျောင်းသားအဆောင်ရဲ့ အပေါ်ဆုံးထပ်တပ်ပြီး ပြတင်းကနေ ခုန်ချသတ်သေသွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ မြေကြီးမရိုက်မိခင် ထွက်လာတဲ့အရိုးအက်သံတွေက ကျယ်လောက်လို့ပေါ့။ သူ့အလောင်းေဘးမှာလည်း သွေးတွေအိုင်ထွန်းနေလေရဲ့။
အဲ့အသံကြားပြီး ရုံးခန်းထဲကဦကျော်ကျော်ကထွက်လာပြီး လူနာတတင်ယာဉ်နဲ့ နန်းရဲ့မိသားစုကို ဖုန်းဆက်လှန်းခေါ်သွားတယ်။ အလောင်းကိုမြင်ဆော့ နန်းရဲ့အမေက အရမ်း၀မ်းနည်းပြီး ရင်ကွဲမတတ်ငိုချလေရဲ့။ သူ့အဖေ မျက်လုံးအိမ်တစ်ဝိုက်မှာလည်း မျက်ရည်စတွေအပြည့်။ အဲ့တာနဲ့အလောင်းကို ဆေးရုံသယ်သွားတော့ ခေတ္တာနဲ့သူငယ်ချင်းတစ်သိုက်ကရောက်လာပြီး ၀မ်းနည်းစွာငိုယိုကြတာပေါ့။ နောက်နေ့ကျ အသုဘကိစ္စစီရင်ပြီး တစ်ပတ်လောက်ကျ ဘာမှမဖြစ်သလို ပုံမှန်ကျောင်းပြန်တက်ကြတာပေါ့။ အဲ့လိုနဲ့တစ်ညကျ ကျောင်းသူတစ်ယောက် အိမ်သာသွားရင်း…
" အမေရေ ကယ်ပါအုန်း… အမေ… အမေ… "
ကျောင်းသူတစ်ယောက် ကြောက်လန့်တုန်လှုပ်ပြီး ငိုယိုအော်ဟစ်နေတဲ့အသံ။ အဲ့အသံကြားတဲ့ဆရာမတွေက ရောက်လာပြီး ကျောင်းသူနားရောက်တော့…
" သမီး ဘာဖြစ်တာလဲ… ဘာဖြစ်လို့လဲ…"
" ရှေ့မှာ နန်း ဆရာမ… သမီးမျက်ဝါးထင်ထင်မြင်လိုက်တာ… နန်း ရှိနေတယ် ဆရာမရဲ့… ခန္ဓာကိုယ်ကလည်းတွန့်လိမ်လို့… "
" သမီးအမြင်မှားတာနေမှာပါကွယ်… စိတ်ကိုလျှော့ လာ… ဆရာမတို့ ပြန်ကြမယ်… "
အဲ့လိုဖြစ်ပြီး အဲ့ကျောင်းသူလည်းကျောင်းထွက်သွားရော။ နောက်နေ့တွေမယ် နန်းဟာပိုပြီးခြောက်လန့်လာတယ်။ မီးခလုပ်ကိုမှိတ်တုတ်မှိတ်တုတ်ဖြစ်အောင်လုပ်တာတို့။ အိပ်သာသွားတဲ့သူတိုင်းကိုခြောက်လှန့်တာတို့။ အိပ်နေရင် ဆောင်ဆွဲချတာ။ မျက်လုံးဖွင့်ကြည့်ရင် မျက်နှာကျက်မှာကပ်ပြီး ကိုယ်နဲ့အကြည့်ချင်းဆုံနေတာ။ စသဖြင့်ခြောက်လှန့်နေတော့ ကျောင်းသား/သူ အားလုံးလည်း မနေနိုင်တော့ပဲ ပြေးကြကုန်။ အဲ့မှာတစ်နေ့ကျ ဦးကျော်ကျော်က အောက်လမ်းဆရာတစ်ယောက်ကိုခေါ်လာပြီး နန်းကိုနှိမ်နှင်းတာပေါ့။
" ဒီကျောင်းကလူတွေကိုနှောင့်ယှက်နေတဲ့သရဲမ… ငါ့ရှေ့မှောက်ကို ရောက်လာခဲ့စမ်း… " လို့ဆိုပြီး သူ့လက်ထဲမှာပါတဲ့ ကျိန်နဲ့ကြမ်းပြင်ကိုရိုက်ချတော့ နန်းကနာနာကျင်ကျင်နဲ့ရောက်လာတယ်။ အဲ့မှာပေါ်လာတဲ့နန်းကို သူကကြိမ်နဲ့ ရိုက်ပြီး အပေါ်ထပ်ကိုတွန်းပို့လေရဲ့။ နန်းအခန်းထဲရောက်တော့ တံခါးပိတ်ကာ အောက်လမ်းနည်းသုံးပြီး စီရင်ထားတဲ့ ကြိုးနဲ့ တံခါးကိုချည်နှောင်လိုက်တယ်။ အဲ့လိုနဲ့နောက်နေ့တွေက မနေချင်ကြတော့တဲ့ ကျောင်းသား/သူတွေကိုပြန်ခေါ်ပြီး သရဲမခြောက်တော့ကြောင်းသက်သေပြကာ ပြန်ပြီး ကျောင်းကိုလည်ပတ်တာပေါ့။
--------------------------------------------------------------------------
ကျွန်တော့်အမြင်အာရုံတွေမှုန်ဝါးသွားပြီး ရပ်နေရာကနေ ခွေလဲကျသွားပြီးတော့ အရာအားလုံးကလည်းအမှောင်အတိဖြစ်သွာတယ်။ မနက်မိုးလင်း ကျောင်းသားတွေကိုယ်လက်သန့်ရှင်းရေးလုပ်လို့ ထလာကြတော့ ကျွန်တော်နဲ့ မင်းခန့်မှောက်နေတာကိုမြင်ပြီး…
" ဟျောင့် ၀ဏ္ဏနဲ့မင်ခန့်… ဟျောင့်တွေ ထတော့ဟ မိုးလင်းနေပြီ ပြီးရင် မင်းတို့မှောက်နေတာ အိပ်သာထဲမှာ… "
ကျွန်တော့်နားထဲ အဲ့အသံကဝိုးတစ်ဝါးနဲ့မပြတ်မသားကြားနေရတယ်။ ကျွန်တော်လည်း မျက်စိကိုအတင်းအားယူပြီး ကြိုးစားထရတာပေါ့။ အဲ့မှာ မင်းခန့်ကလည်း ခေါင်းမူသလိုလို၊ ခေါင်းကိုက်သလိုလိုနဲ့ နိုးလာပြီး နှစ်ယောက်သား မနေ့ညကဖြစ်ခဲ့တဲ့အကြောင်းကိုတွေးနေမိတော့တယ်။ ဒီလိုနဲ့နှစ်ယောက်သားလုပ်စရာရှိတာလုပ်ပြီး ဒီနေ့လိုလည်း ပုံမှန်အတိုင်းဖြတ်သန်းကြတာပေါ့။ ဒါပေမဲ့ စိတ်ထဲမှာတော့ မနေ့ညကကိစ္စကိုတော်တော်စွဲနေတုန်းပဲ။ အဲ့သရဲမပြတဲ့အဖြစ်အပျက်တွေက တကယ်ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် သူ့မကောင်းတဲ့အစွမ်းနဲ့ လိမ်ညာဖန်တီးထားတဲ့အရာတစ်ခုလားဆိုပြီးတွေးထင်နေမိတယ်။
ဒီလိုနဲ့ညတိုင်း အဲ့သရဲမကပိုပိုပြီးသောင်းကျန်းပြန်လာတယ်။ အရင်အတိုင်းတစ်ပုံစံတည်း အကုန်လုံးကိုခြောက်လှန့်ပြန်တယ်။ တစ်နေ့ကျ ကျောင်းသား/သူတွေကို အဲ့ကိစ္စနဲ့ ကျောင်းအုပ်ဦးကျော်ကျော်က Assembly ခေါ်ပြီး…
" ကဲ… သားတို့၊သမီးတို့ ခုကြုံတွေ့နေရတဲ့အခြေအနေတွေကို ဆရာတို့လည်းသိနေပြီ။ ဆရာတို့မယုံကြည်ချင်ပေမဲ့လည်း ဒီသရဲဆိုတာအရာကြီးက ဆရာတို့ကိုအိပ်မက်ဆိုးလိုမျိုးခြောက်လှန့်နေပြီ။ ဒါကြောင့် ဒီနေ့ည အဲ့သရဲမကိုအပြီးသတ်နှင်ဖို့ ဆရာကနေပြီးတော့ ဆရာကြီး ဦးစောမြိုင်နဲ့မိတ်ဆက်ပေးပါရစေ… "

အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment