မဖဲဝါစီးတဲ့ကျား အပိုင်း(၁)
ခင်ဗျားတို့ကို ကျုပ်မပြောဘူးတဲ့
အကြောင်းတစ်ခုတော့ ပြောရဦးမယ်ဗျ။
ကျုပ်ဆရာတော် ဦးဂုဏအကြောင်းက
တော့ မကြာမကြာ ပြောနေကျဆိုတော့
ခင်ဗျားသိနေလောက်ပြီပေါ့ဗျာ။ဆရာတော်
က ကျုပ်ဆိုရင် လွှတ်အားကိုးတာဗျ။ဘာ
ကိစ္စလေးရှိရှိ တာတေ့ကို ခေါ်နေကျဗျ။
တာတေဆိုတဲ့ ကျုပ်ကလည်း ရွာတော်
တော် များများကို ဆရာတော်နဲ့ လိုက်ဖူး
သွားဖူးနေတာဗျ။
အလှူတို့၊ ကထိန်တို့လေဗျာ။
ကုန်ကုန်ပြောရရင် အကျွတ်အလွတ်ပွဲ
တို့၊ ဘေးမဲ့ပွဲတို့တောင် ဆရာတော်က
ကျုပ်ကို ခေါ်တာဗျ။ ကျုပ်က အလုပ်ရှိ
ရင်သာ ဆရာတော်ကို လျှောက်ပြီး နေ
ခဲ့ရတာ။ ခင်ဗျားကို ကျုပ်ပြောမယ်ဆို
တာက တခြားမဟုတ်ဘူးဗျ။ ကျုပ်ဆ
ရာတော် ဦးဂုဏက အဂ္ဂိရတ်ပညာ
အားကြီးဝါသနာပါတာ။ အဂ္ဂိရတ်ဆို
တာ ဖိုထိုးတာကို ပြောတာလေဗျာ။
ဆရာတော်ရဲ့ ဖိုရုံထဲမှာ တာတေ
ဖိုဆွဲနေကျပေါ့ဗျာ။ တစ်ခါတစ်လေ
တော့လည်း ဆရာတော်က ဓါတ်ကြီး
ထိုးတယ်ဗျ။ တစ်ခါတစ်လေတော့
လည်း ရိက္ခာလမ်းကြောင်း ထိုးတယ်
ဗျ။ ဓါတ်ကြီးဆိုတာကတော့ ဆရာ
တော်တို့ အခေါ်အရ ပြောတာပေါ့ဗျာ။
ဓါတ်လုံးထိုးတာကိုခေါ်တာဗျ။သံလုံး
တို့၊ ပြဒါးလုံးတို့၊ ကြေးလုံးတို့ပေါ့ဗျာ။
ကျုပ်ဆရာတော်က သံလုံးထိုးတာဗျ။
ဆရာတော်ဆီမှာ သံလုံးလေးတစ်လုံး
ရှိတယ်။ အရောင်က နီနီရဲရဲကလေး
ဗျ။ ဓါတ်လုံးဆိုပေမဲ့ ဆရာတော် ဓါတ်
လုံးက လုံးဝန်းနေတာ မဟုတ်ဘူး။
ခပ်ပြားပြားလေး ဖြစ်နေတာ။
"တာတေ ဒါ သံသေလုံးကွ၊ မြင်ဖူးအောင်
ကြည့်ထား၊ ပြဒါးသေရင် ကြွားသတဲ့၊ သံ
သေရင် ပြားသတဲ့ကွ၊ ဒါကြောင့် ငါဓါတ်
လုံးက ပြားပြားကလေးဖြစ်နေတာ"
ဆရာတော့်ဓါတ်လုံးကို ကျုပ်လက်နဲ့
ကိုင်ရတာ မဟုတ်ဘူးဗျ၊ ကြည့်ရုံပဲ
ကြည့်ရတာ။ ရိက္ခလမ်းဆိုတာကတော့
ရွှေဖြစ် ငွေဖြစ် ထိုးတာပေါ့ဗျာ။ ဆရာ
တော်ဖိုရုံထဲမှာက ဖားဖိုကြီးနှစ်လုံးရှိ
တယ်။ တစ်လုံးက ဆရာတော် ဓါတ်
ကြီးထိုးတာ၊ နောက်တစ်လုံးက ဆ
ရာတော် ရိက္ခာလမ်းထိုးတာဗျ။
ဖားဖိုကြီးနှစ်လုံးစလုံးက သုံးထပ်ဖို
တွေဗျ။ သုံးထပ်ဖိုဆိုတာက ပျဉ်း
ချပ်ကြီး လေးချပ်နဲ့ လုပ်ထားတာ
ဗျ။ လေအောင်းတဲ့ အခန်းသုံးခန်း
ရှိတာကို ပြောတာလေဗျာ။
"တာတေ ဆေးဖုတ်ဖို့ ထင်းနည်းနေပြီကွ"
လို့ ဆရာတော်က ကျုပ်ကို မိန့်တာနဲ့
ကျုပ်က လှည်းကောက်ပြီး တောထဲ
ဝင်၊ ထင်းခုတ်တော့တာလေဗျာ။ ပု
ဗ္ဗာရုံကျောင်းဝင်းကြီးရဲ့ ရာဟုထောင့်
မှာ မြေကျင်းတစ်ခု တူးထားတယ်ဗျ
အဲဒီဘက်မှာက ဘာကျောင်းမှ မရှိ
ဘူး။ မြေကွက်လပ်ကြီးလေဗျာ။
အဲဒီမြေကျင်းထဲမှာ ဆရာတော်က နဘဲ
အိုးတစ်လုံး မြှုပ်ထားတယ်၊နဘဲအိုးဆိုတာ
သောက်ရေအိုးကိုပြောတာဗျ။ အဲဒီထဲမှာ
သွပ်ရယ်၊ဒုတ္တရယ်၊ဟင်းရိုင်းရယ် ထည့်ပြီး
အပေါ်က မဖောက်ထုံးအုပ်ထားတာ။အဲ
ဒီအိုးမြှုပ်ထားတဲ့ မြေကျင်းထဲမှာ ထင်း
ချောင်းကို မပြတ်ထည့်ပြီး မီးရှို့ထားတာ
ဗျ။ ကျုပ်တို့ရွာသားတွေက တောထဲသွား
တိုင်း ထင်းချောင်းတွေ ခုတ်လာပြီး ဆ
ရာတော် ဆေးဖုတ်ဖို့ ပုံပေးထားကြတာ၊
ထင်းပုံကြီးက ဟီးထနေတာဗျို့။ အဲဒီ
ကျင်းထဲက အိုးကို မီးမပြတ်အောင် လေး၊
ငါးလဖုတ်တာ။ ဆရာတော်က ဆေးဖုတ်
တယ်လို့သာ ပြောတာပါဗျာ။ အချိန်တန်
ရင် အဲဒီနဘဲအိုးကို ဖော်ပြီး အထဲက နီနီ
ရဲရဲ အမှုန့်တွေကို ဖိုခန်းထဲမှာ လုံနဲ့ထည့်
ပြီး ထိုးကော့တာဗျ။ ကျုပ် မကြာမကြာ
ထိုးပေးရတာပေါ့ဗျာ။ လုံခွဲတဲ့အချိန်ကျရင်
တော့ ဆရာတော်က သူကိုယ်တိုင်ခွဲတာ
ဗျ။ ကျုပ်လည်း မကြည့်ရဘူး။
"တာတေ ဒီပညာနဲ့ ငါ့ကိုယ်ကျိုး မသုံး
မစွဲပါဘူးကွာ၊ မရှိဆင်းရဲသားအတွက်
ငါလုပ်တာပါ"
ဟုတ်တော့ဟုတ်သားဗျ၊ ကျုပ်တို့ရွာမှာ
ကျောင်းမနေနိုင်တဲ့သူတွေကို ဆရာတော်
က တားပေးတယ်။ ကုန်ကုန်ပြောရရင်
ကောလိပ်တွေ ဘာတွေအထိ ဆရာတော်
က ထောက်ပံ့ပြီး ထားပေးတာဗျ။
ကျုပ်ဆရာတော် ရွှေဖြစ်တယ်ဆိုတာ
ရွာထဲကလူတွေ တီးတိုပြောလို့ ကျုပ်
ကြားဖူးပါတယ်၊ ဟုတ်,မဟုတ်ဆိုတာ
တော့ ကျုပ်သေသေချာချာ မသိဘူး
ပါဘူးဗျာ။ ဒါပေမဲ့ အဲဒီပညာကို ဆ
ရာတော်က သင်ပေးတယ်ဆိုတာ
တော့ မကြားမိပါဘူးဗျာ၊ ကျုပ်ကို
လည်း တစ်ခါမှ လုပ်ပြတာမျိုး
မရှိပါဘူး။ လုံခွဲကာနီးပြီဆိုရင်…
"ထားခဲ့တော့ တာတေ၊ ရပြီ၊ ရပြီ"
လို့ပြောပြီး ကျုပ်ကို ပြန်လွှတ်ပြီးမှ
ဆရာတော်တစ်ပါးတည်း ခွဲတာဗျ။
ဘယ်သူမှ ကြည့်ရတာ မဟုတ်ဘူး။
ကျုပ်ရော ကျုပ်တို့ရွာသားတွေရော
လွှတ်စည်းရှိတာဗျ။ ကျုပ်တို့ဆရာ
တော်က မမေးစေချင်ရင် ဘယ်သူမှ
မကြည့်ကြပါဘူးဗျာ။ ဒီနေ့လည်း ဆ
ရာတော် ခေါ်ခိုင်းလို့ လိုက်သွားပြီး
ဖိုဆွဲပေးရတယ်။
တစ်လုံးကို မီးသွေးငါးအုပ်လောက်နဲ့
သုံးလုံထိုးပေးခဲ့ရတယ်။ မီးကတော့
မီးပြင်းဗျ။ ဆရာတော် ပြောတာတော့
ဒုဟတေဇော ဆိုပဲ။ ကျုပ်ကတော့
ဒါတွေ ဘယ်သိမှာတုံး။ဆရာတော်က
"ဟဲ့ တာတေ၊ ပြင်းပြင်းဆွဲ၊ မနားနဲ့"
လို့ပြောရင် မနားတမ်း ခပ်ပြင်းပြင်း
ဆွဲတာပေါ့ဗျာ။
"ရှူး၊ ရှူး၊ ရှူး၊ ရှူး"
ဆိုတဲ့ ဖားဖိုကြီး မြည်တဲ့အသံကို ပြတ်
မသွားအောင် ထိုးတာဗျ။မီးထဲက လုံ
ကို ရဲရဲတောက်တောက်နေတော့တာ
ပေါ့ဗျာ။ ဆရာတော့်ကျောင်းကနေ
အိမ်ပြန်ရောက်တော့ အမေတည်ထား
တဲ့ ရေနွေးကြမ်းပူပူကလေးနဲ့ ထန်း
လျက်ခဲလေးစားရင်း ချွေးတိတ်အောင်
နားလို့ပေါ့ဗျာ။ မိုးလေးက ဖွဲဖွဲကလေး
မိုးတွင်းလေဗျာ။ကျုပ်တို့အညာမိုးတွင်း
ဆိုတာက အောက်ပြည်လို အုန်းအုန်း
ဒိုင်းဒိုင်း ရွာတာမဟုတ်ဘူးဗျ။ခပ်ဖွဲဖွဲပဲ
ရွာတာ။ နေရတာတော့ အိုက်စပ်စပ်
ကြီးပေါ့ဗျာ။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Comments
Post a Comment