Posts

Showing posts from July, 2022

ကပ္ပလီကဝေမ အပိုင်း(၈) ဇာတ်သိမ်းပိုင်း

Image
ဟော ငုတ်တုတ်အိပ်နေတဲ့ လူတွေ နိုးလာကြ ပြီဗျို့။ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ကျုပ်တို့ကို ကြည့်နေကြလေရဲ့ဗျာ။ စောစောက ကျုပ်တို့ နဲ့ တိုက်ခိုက်ကြတာတွေကို နည်းနည်းမှကို သိပုံမပေါ်ဘူးဗျို့။ အိမ်ရှင်တွေလည်း အောက် ကို ပြေးဆင်းလာကြတယ်ဗျ။ အခုမှ သတိပြန် ဝင်လာကြတာဗျ။ "ကဲ အလောင်းကို အလောင်းစင်ပေါ် ပြန်တင် လိုက်ပေတော့ဗျို့။ ကိစ္စအားလုံးပြီးသွားပြီ။ ခင် ဗျားတို့ သားရဲ့နှလုံးကို ဖောက်ထုတ်မယ့်သူ မရှိတော့ဘူးဗျို့။ နောက်လည်း ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူးလေ" ဖဲချနေတဲ့ လူတွေလည်း ရုတ်ရုတ် ရုတ်ရုတ်နဲ့ ထပြီး အလောင်းကြီးကို ပြန်သယ်လာကြရပြန် ရောဗျို့။ အလောင်းကို အလောင်းစင်မှာ ကျကျ နန ပြန်ပြင်ကြတယ်။ ကျုပ်ကတော့ ခေါင်းမှာ ပန်ထားတဲ့ ခေါင်ရမ်းပန်းအနီကြီးကို ဖြုတ်ပစ် ပြီး မျက်နှာသစ်လိုက်ရတာပေါ့ဗျာ။ အားလုံး ပြောဆိုလုပ်ကိုင်ပြီးတော့ ဆရာကြီး က ကျုပ်တို့ကို ဦးဆောင်ခေါ်လာတဲ့ လမ်းပြ ကိုခေါ်ပြီး ညတွင်းချင်း မြဝတီကို ပြန်လာခဲ့ ကြတယ်။ ကျုပ်တို့တွေ မြဝတီကိုရောက်တော့ ညတစ် ချက်တီးပြီ။ ကပ္ပလီကဝေမကြီး နှိုက်လိုကိ တာ မခံလိုက်ရပေမယ့် တာတေ့နှလုံးတွေ ကတော့ အခုထိကို တဒုန်းဒုန်းနဲ့ လွှတ်ခုန်နေတုန်းပါဗျာ။ ပြီးပါပြီ မူရင်...

ကပ္ပလီကဝေမ အပိုင်း(၇)

Image
မျက်လုံးပြူးကြီးနဲ့ ကျုပ်ကို ငုံ့ကြည့်နေတယ်။ ကျုပ်ကိုယ်ပေါ်က လွှမ်းထားတဲ့ စောင်ကို ဆွဲပြီး  ဖယ်ပစ်လိုက်တယ်။ ကျုပ်ဆိုတာ အသက်ကို လုံးဝမရှုရဲဘူးဗျို့။ အခုနေဆိုရင် ဒီကဝေမကြီး ဟာ ဆရာကြီး ချထားတဲ့ ကဝေထောင်ချောက် အင်းကြီးထဲကို ရောက်နေမှာပဲလို့ ကျုပ် အလု အယက် တွေးလိုက်မိတယ်ဗျ ဟော မျက်လုံးကြီးတွေ ပိုပြီးပြူးလာတယ်ဗျို့။ ဟာ ခေါင်းကြီးကို အပေါ်မော့ပြီး ပါးစပ်ကနေ ဘာတွေလည်း မသိဘူးဗျာ ရွတ်နေလေရဲ့။ အလို လက်ကြီးတစ်ဖက် လေထဲကို မြောက် တက်သွားပြီဗျို့။ ကျုပ်နှလုံးကို ဖောက်ထုတ် တော့မယ်။ ဖောက်ထုတ်တော့မယ်၊ ကဲ ဆရာ ကြီးပြောတဲ့ အချိန်ရောက်ပြီ။ ကဲဟာ ကျုပ်အ လောင်းစင်ဘေးကို လှိမ့်ချလိုက်ပြီဗျို့။ "ဘုတ်" ကျုပ်မြေကြီးပေါ်ကို ဘုတ်ခနဲ အကျမှာ ဆရာ ကြီး ပြေးထွက်လာပြီးတော့ အလောင်းစင်ဘေး ကို  လက်ညှိုးနဲ့  ထိုးပြီး  မန္တန်တစ်ခုကို  အသံ အောင်အောင်ကြီးနဲ့ ရွတ်တော့တာပဲဗျာ။ ကျုပ် လည်း မြေကြီးပေါ်က ကပျာကယာ လူးလဲထ ပြီး ဆရာကြီးနောက်ကို ကပ်လိုက်တယ်။ ဆရာ နွံဖနဲ့ ဆရာကိုအေးမောင်လည်း ပြေးထွက်လာ ကြပြီး ဆရာကြီးရဲ့လက်ဝဲနဲ့ လက်ယာမှာ ရံ လိုက်ကြတယ်။ ကျုပ်တာဝန်က ကဝေမကြီး ကို ကြည့်ပေးရမှာလေဗျာ။ "မောင်တာတေ ပြောလေ" "ဟုတ်...

ကပ္ပလီကဝေမ အပိုင်း(၆)

Image
ဆရာကြီးရယ်၊   ဆရာနွံဖရယ်၊ ဆရာကိုအေး မောင်ရယ်ကတော့ ပုတီးစိပ်  တရားထိုင်လုပ် နေတာ။ တစ်နေကုန်ပဲဗျို့။ ညတောင် အိပ်ကြ ရဲ့လား မသိဘူးဗျ။ အဲ ထူးတော့ ညဘက်ကြီး ဗျ။ ည ရှစ်နာရီလောက် ရှိပြီ သတင်းထောက် လှမ်းတဲ့ လူတစ်ယောက် ခြံထဲကို ပြေးဝင်လာ တယ်။ ဆရာကြီးဆီကို အရောက်လာပြီး မော ကြီးပန်းကြီး ပြောတော့တာပဲဗျို့ "ဆရာကြီး ဖြစ်ပြီဗျို့၊ ဖြစ်ပြီ၊ မြို့အနောက်ဘက် က ရွာကလေးမှာဗျ၊ အဲဒီမှာက ယိုးဒယားနဲ့ မွန် တွေချည်းနေတာ။ ညနေလေးနာရီလောက်မှာ လူငယ်တစ်ယောက်ပဲဗျ။   အဲ   ဟောဒီသူငယ် လောက်ရှိတဲ့ လူငယ်တစ်ယောက်ပေါ့ ရုတ်တ ရက်ကြီး ဇက်ကျိုးပြီး သေသွားတယ်ဗျ" သတင်းယူလာတဲ့လူက တာတေဘက်ကို လက် ညှိုးကြီးနဲ့   ထိုးပြီး   ပြောတာဗျို့။  ကျုပ်ဆိုတာ  ကြက်သီးတွေ ဖျန်းခနဲကို ထသွားရောဗျာ။ "အဲဒါ ရွာကလူတွေ  အခုပဲ အလောင်းပြင်ပြီး သွားကြတယ်။ သူတို့လည်း သိတယ်ဆရာကြီး ရဲ့။ ဒီည အလောင်းရဲ့ နှစ်လုံးကို အထုတ်ခံရ မယ်ဆိုတာ။ အဲဒါ ရွာရှိယောက်ျားတွေ အကုန် စောင့်ဖို့ သူကြီးက ဆော်သြနေလေရဲ့" "ကဲ အချိန်ကျပြီ နွံဖတို့ အေးမောင်တို့ တာတေ တို့ သွားကြစို့ဟေ့" အားလုံး လွယ်အိတ်တွေကိုယ်စီလွယ်ပြီး ဆရာ ကြီးက ရှေ့ကထွက်   ကျုပ်တို့က   နောက်က လ...

ကပ္ပလီကဝေမ အပိုင်း(၅)

Image
ဗိုက်ပေါ်တင်ပြီး အပေါ်က မီးထွန်းပေးလိုက်တော့မှ ဗိုက်ထဲက မြွေတွေ စဉ်းစဉ်းကို သေတော့တာပဲ ဗျာ။ဒါနဲ့ ကျွမ်းကျင်တဲ့ လက်သည်မနှစ်ယောက် ခေါ်ပြီး  နောက်ဖက်က  အဆောင်ထဲတင် မွေး ခိုင်းလိုက်တာ။ မြွေမှ ငါးကောင်တောင်   ဆရာ ကြီးရေ။လုံးထွေးပြီး ခြင်းလုံးလိုကို ကျစ်နေတာ ဗျို့။  အရွယ်ကတော့ လက်သန်းလုံးသာသာ လောက် ရှိလိမ့်မယ်" "အင်း …မောင်အေးမောင်ရယ်၊ ဒီကဝေတွေက တော်တော်ကို ဆိုးတာပါကွာ။ ဒါထက် အဲဒီက ဝေကို မင်း မခေါ်ဘူးလား" "ခေါ်ပါပြီလား ဆရာကြီးရယ်၊ ဗမာမဟုတ်ဘူး ဗျို့။ ယိုးဒယားဘက်ကပဲ၊ ရှမ်းလား၊ ယိုးဒယား လားတောင်  မကွဲပါဘူးဗျာ၊   ကြောက်လန့်ပြီး သူ့ပညာတွေ စွန့်သွားလေရဲ့။  ဒီသူငယ်မ  က လေးကို သက်သက်မနာလို မရှုစိမ့်ဖြစ်ပြီး လုပ် လိုက်တာတဲ့၊ ကဝေမပဲဗျ။ သူ့ကို ဒီပညာသင် ပေးတာက ယိုးဒယားက ကပ္ပလီမကြီးဆိုပဲ ဆ ရာကြီးရဲ့၊ အဲဒီကဝေမကြီးက တော်တော်ကို အဆင့်မြင့်ဆိုပဲဗျ" "ဘယ်လိုကွဲ့ မောင်အေးမောင်ရဲ့၊ ယိုးဒယားက ကပ္ပလီမကြီး ဟုတ်လား" "ဟုတ်တယ် ဆရာကြီး၊ ကျတော့်ဆီမှာ ပညာ စွန့်သွားတဲ့  ကဝေမက  အဲဒီအတိုင်းပြောသွား တာပါ ဆရာကြီး" "ဆရာကြီးတို့ အခုလာခဲ့တဲ့ကိစ္စက အဲဒီကပ္ပလီ မ ကိစ္စပဲ မောင်အေးမော...

ကပ္ပလီကဝေမ အပိုင်း(၄)

Image
အလုပ်က  အဲဒီအောက်လမ်းကောင်တွေ၊ အောက် လမ်းမတွေ လုပ်ထားတဲ့ ပညာတွေကို လိုက်ပြီး ဖျက်ဆီးကြရတယ်။ ပြီးတော့ အဲဒီအောက်လမ်း ကောင်တွေ၊  ကောင်မတွေကို  မိအောင်ဖမ်းပြီး သူတို့ပညာတွေကို စွန့်ခိုင်းရတယ်။မစွန့်ရင်တော့ ပျက်အောင်   ဖျက်ပစ်ရတာပေါ့လေ။  တစ်ခါတ လေ ခေါင်းမာတဲ့  အကောင်တွေ ကောင်မတွေ နဲ့ တွေ့ရင်တော့ ပညာတွေကို ဖျက်ပစ်ရင်း ဒင်း တို့ အသက်ပါ ဆုံးရှုံးကုန်ကြတာပေါ့" ကျုပ်က ဆရာကြီးပြောတာတွေကို နားထောင် ရင်း တွေးနေမိတယ်ဗျ။ ကျုပ်ကို အကဲခတ်နေ တဲ့ ဆရာကြီးက… "မောင်တာတေ ဘာများမရှင်းလို့လဲကွဲ့၊ သိချင် တာကို ပွင့်ပွင့်လင်းလင်း မေးစမ်းပါကွာ" ဆရာကြီးက တော်တော်ကို ပွင့်ပွင့်လင်းလင်း ရှိတာဗျ။  "သြော် ဒီလိုပါ ဆရာကြီး၊ ဆရာကြီး ဒီပညာ တွေကို ဘယ်မှာများ သင်ယူသလဲလို့ တွေးမိ သွားလို့ပါဗျာ" "အေး ကျုပ်ဆေးပညာသင်ယူနေတုန်းမှာပဲ ပ ထမံဆရာကြီး ဦးအောင်နဲ့ ဆုံတွေ့ပြီး အထက် လမ်းပညာတွေကိုစပြီး သင်ခဲ့တယ်။ ပထမံဆ ရာကြီး ဦးအောင်ဆိုတာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ကြီးကွဲ့၊သူပြည်တော်ဝင်လာတဲ့အချိန် လူ့လော ကထဲကို ကိစ္စရှိလို့ ပြန်လာရတဲ့အချိန်မှာ ကျုပ် ကို သင်ပေးခဲ့တာပေါ့။ နောက်တော့ ဆရာကြီး ရဲ့ ခိုင်းစေမှုနဲ့ပဲ ကျုပ် ...

ကပ္ပလီကဝေမ အပိုင်း(၃)

Image
ပြောပုံဆိုပုံ  နေပုံထိုင်ပုံကို  ကြည့်ရတာနဲ့တင်  အင်မတန် ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ပြော စရာကို မလိုလောက်တာဗျို့။ အသက်ကတော့  ၆၀ ကျော်လောက် ရှိမယ်ထင်တယ်။ ဆရာကြီး က ကိုမောင်အေးနဲ့  မအေးခင်ကို ကျုပ်တို့ အ တွက် အခန်းတွေလုပ်ပေးဖို့ သွားစီစဉ်ပုံရတယ် ဗျ။ထနောင်းကုန်းရွာသား တာတေအဖို့ကတော့ အားလုံးဟာ အသစ်အဆန်းချည်း ဖြစ်နေတာ ပေါ့ဗျာ။ ခဏနေတော့ ကိုမောင်အေး ရောက် လာပြီး… "ဆရာနွံဖနဲ့ ကိုတာတေတို့အတွက် အခန်းတွေ ပြင်ပြီးပါပြီ၊ ခရီးပန်းလာလို့ နားလိုက်ကြပါလို့ ဆရာကြီးက ပြောသွားပါတယ်" ကျုပ်နဲ့ ဆရာနွံဖကို အိမ်ကြီးရဲ့ ခေါင်းရင်းဘက် က အခန်းကြီး နှစ်ခန်းမှာတစ်ယောက် တစ်ခန်း  ပြင်ပေးထားတာဗျို့။အခန်းကြီးတွေများ ကောင်း လိုက်တာဗျာ။ ကျွန်းကုတင်ပေါ်မှာ အိစက်နေတဲ့ မွေ့ယာကြီးတွေနဲ့ဗျ။ တာတေဆိုတဲ့ကောင်က ခင်ဗျားသိတဲ့အတိုင်းပဲလေ။ မန်ကျည်းပင်အောက်က သစ်သားကြမ်း ကွပ်ပျစ် ပေါ်မှာ ဝါးပိုးခြမ်းကို ခေါင်းအုံးလုပ်ပြီး အိပ်နေတဲ့ ကောင်လေဗျာ။ ကြွားပြောတယ်လို့တော့ မထင် ကြပါနဲ့ဗျာ။ တကယ်ပါ။ ဒီလိုအိမ်မျိုး ဒီလိုအိပ်ရာ မျိုးမှာ တာတေ တစ်ခါမှ မနေဖူး၊ မအိပ်ဖူးပါဘူး။ အဲဒါကြောင့်လား     ခရီးပန်းလာလို့လားတော့  မသိဘူးဗျို့။ အဲဒီညက တာတ...

ကပ္ပလီကဝေမ အပိုင်း(၂)

Image
"အေး..ဒီလိုကွ တာတေရ၊ တို့ဆီကနေ ဆိုရင် တော့ အတော်ကလေး ဝေးတာပေါ့ကွာ၊ ယိုးဒ ယားပြည်နဲ့   နယ်စပ်က    မြို့ကလေးတွေမှာ  တော်တော်ကို   ဆိုးရွားတဲ့ အဖြစ်တစ်ခု ဖြစ် နေတယ်တဲ့ဟေ့" "ဟာ ဒါဆိုရင် ဆရာနွံဖရဲ့ ဆရာကြီး ဦးမင်း အောင်ကကော ဒီကဝေကြီးကို နိုင်ပါ့မလား  ဘုရား" "ဟာ …နိုင်ပါပြီလား တာတေရာ၊ ဦးမင်းအောင် ဆိုတာက  တော်တော်ကို   အဆင့်မြင့်တဲ့   အ ထက်လမ်းဆရာကြီးကွ၊ပြီးတော့ သာမန်ညောင် ညမဟုတ်ဘူး၊ ခေတ်ပညာတက်  ဆရာဝန်ကြီး ကွ၊ နိုင်ငံခြားတိုင်းပြည်တွေမှာ နှစ်ပေါင်းများစွာ  လှည့်လည်သွားလာပြီး ဆေးကုလာခဲ့တာကွ။ အခုတော့ ဆေးကုတဲ့အလုပ်ကို   ရပ်လိုက်ပြီး အောက်လမ်းတွေ  ကဝေတွေကို နှိမ်နင်းနေ တာဆိုပဲကြ" "ဟာ …ဟုတ်လားဘုရား၊ တော်တော်ကို အံ့သြ စရာ ကောင်းတဲ့ ဆရာကြီးပါလား" "အေး …အဲဒီဆရာကြီး ဦးမင်းအောင်က အခု ကိစ္စကို ဆောင်ရွက်ဖို့ အင်မတန်သတ္တိကောင်း တဲ့စနေသားလူငယ် တစ်ယောက် လိုတယ်တဲ့  ဆရာနွံဖကို ပြောတယ်ဆိုပဲကွ  တာတေရ။ အဲ ဒီတော့ ရောက်လာတာကွ၊ အဲဒါနွံဖက သိချင် တာဟေ့ တာတေရ" "သြော် ဒီလိုလား ခရီးတော့ ဝေးသားဘုရား" "အေး အဲဒါကြောင့် ပြောတာကွ၊ တစ်ခုခုတော့ ရှိတာပေါ့  တာတေရာ။ ...

ကပ္ပလီကဝေမ အပိုင်း(၁)

Image
ဒီလောကကို တာတေ ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ ခင်ဗျားတို့ သိထားတဲ့အတိုင်း ကျုပ်က ထူးထူးဆန်းဆန်း ကိစ္စဆိုရင် လွှတ်သိချင်တာဗျ။ အဲဒီဝါသနာကြောင့်လည်း အသက် လုပြီး ပြေးခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ တာတေဆိုတဲ့ကောင်က နောင်ကျဉ်သွားသလားဆိုတော့ဝေးပဗျာ။ ကျုပ်ရင်ထဲက မွေးရာပါ စူးစမ်းချင်တဲ့စိတ်က ပိုတောင် ဆိုးလာသေးတယ်။ ခင်ဗျား မှတ်မိသေးလား။ တာတေ့ကို နာနာဘာ ဝမြင်နိုင်တဲ့'မျက်ကွင်းဆေး'ပေးခဲ့တဲ့ ဆရာကြီး လေဗျာ။ ဆရာကြီး စိုင်းနွံဖလေ။ အဲဒီဆရာကြီး ကြောင့် တာတေ ဒီလောကထဲကို ကျွံမှန်းမသိ ကျွံဝင်ခဲ့တာဗျို့။ ကျုပ်က ဆရာနွံဖကို အားကြီး လေးစားတာဗျ။ဆရာနွံဖ ကျုပ်တို့ ထနောင်းကုန်း ကို တစ်ခေါက်ပြန်ရောက်လာတာကနေ ဒီဇာတ် လမ်း စခဲ့တာပဲဗျာ "ကိုကြီးတာတေကို ဆရာတော် ခေါ်ခိုင်းလို့၊ အခု လာခဲ့ပါတဲ့" ပုဗ္ဗာရုံကျောင်းက ကျောင်းသားလေး တော ကျော် ကျုပ်ကို လာခေါ်တယ်။ "ဘာကိစ္စတုံးကွ တောကျော်ရဲ့" တောကျော်ဆိုတဲ့ ကောင်က ကျုပ်ကို လွှတ်ခင်တာဗျ "အဲဒါတော့ ကျုပ်မသိဘူးဗျ။ ကိုကြီးတာတေကို အရေးကြီးတဲ့ ကိစ္စရှိလို့ အခုချက်ချင်း သွားခေါ် ခဲ့လို့ပဲ ဆရာတော်က မိန့်လိုက်တာဗျ" "အေး အေး ငါ အခုပဲ လိုက်ခဲ...

တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၆) ဇာတ်သိမ်းပိုင်း

Image
"သမီး သူတို့ကို ကလဲ့စားချေချင်တယ် အမေ။ ကလဲ့စားချေဖို့ အသက်ဆက် ရှင်နေရတာပါ။ သူတို့ကို ကလဲ့စားချေနိုင်ဖို့ သမီးကို အမေ့ပညာသင်ပေးပါ…" နှလုံးသားချင်း ထပ်တူကျနေတဲ့ အဘွားကလည်း ခင်ခင်ဦးရဲ့ ဆန္ဒကို မကန့်ကွက်ဘူး။ ခင်ခင်ဦး လုပ်ချင်တဲ့အတိုင်း လုပ်နိုင်အောင် ကူညီတယ်။ အောက်လမ်းပညာအတတ်ကို သင်ပေးတယ်။ တစ်ခုရှိတာက အောက်လမ်းပညာကို ပြည့်ပြည့်စုံစုံ သင်ပေးတာ မဟုတ်ဘဲ တစ်ပွဲတိုး အောက်လမ်းပညာကိုပဲ သင်ပေးတယ်။ တစ်ပွဲတိုး အောက်လမ်းပညာက တစ်ပွဲ တစ်ကြိမ်ပဲ အသုံးပြုလို့ရတဲ့ အတတ်ပညာ။ တစ်ကြိမ် အသုံးပြုပြီးတာနဲ့ အောက်လမ်းပညာတွေ သူ့ကိုယ်က ခွာသွားတယ်။ ဒီပညာကို မတတ်တဲ့ ရိုးရိုးသာမန်လူတစ်ယောက် ပြန်ဖြစ်သွားတယ်။ ကောင်းတာက ဒီတစ်ပွဲတိုး အောက်လမ်းပညာကို ကမ္မဇိဒ္ဓိ တန်ခိုးကြီးတဲ့ နတ်တွေက စောင့်ရှောက်ကူညီပေးကြတယ်။ ဒါ့ကြောင့် တော်ရုံဆရာတစ်ယောက်အနေနဲ့ ကြားဝင်ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး။ တစ်ပွဲတိုးအောက်လမ်းပညာကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်တာနဲ့ ခင်ခင်ဦး ရွာကို ပြန်လာတယ်။ ဘယ်သူမှမရိပ်မိအောင် ကိုယ်ရှိန်သတ်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့တယ်။ အခွင့်သာတဲ့တစ်နေ့မှာ သူ့ရဲ့ အဆုံးစွန်သော ကလဲ့စားချေမှုကို ပြုလုပ်လိုက်တာပဲ ဖြစ်တ...

တစ်ပွဲတိုး အောက်လမ်း ၊ အပိုင်း(၅)

Image
"ပညာသည်က အုန်းမြင့်တို့မိသားစု သုံးယောက်နဲ့ ဆွေမျိုးထဲက လေးယောက် စုစုပေါင်း ခုနှစ်ယောက် အသက်ဆုံးရှုံးအောင် စီရင်ထားတယ်… အခု လူသုံးယောက် နွားသုံးကောင်နဲ့ ကြက်တစ်ကောင် သေပြီဆိုတော့ အသက် ခုနှစ်သက် ။အလောင်း ခုနှစ်လောင်း ပြည့်သွားပြီ။အောက်လမ်းပညာစက်လည်း အဆုံးသတ်သွားပြီ။ ဒါကြောင့် နောက်ဆုံးလွှတ်လိုက်တဲ့ကြက် မသေတာ ဖြစ်တယ်။ခုချိန်ကစပြီး  အုန်းမြင့်တို့ခြံထဲကို ဘယ်သူဝင်ဝင် ဝင်လို့ရပြီ လုပ်စရာ ကိုင်စရာ ရှိတဲ့ကိစ္စတွေ ။ လုပ်လို့ရပြီ…" ဆရာကြီးဦးကြာညွှန့် ခွင့်ပြုလိုက်ပေမဲ့ ခြံထဲကို ဘယ်သူမှ မဝင်ရဲသေးဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ ဝင်ရမှာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြတယ်။ ဆရာကြီးက သူတို့ဖြစ်နေတဲ့အခြေအနေကို ရိပ်မိတာကြောင့် ရှေ့ကပဲ ဦးဆောင်ဝင်လိုက်တယ်… "ကဲ…လာကွ…လာကွ ။  ကျုပ်ပဲ ရှေ့ကဦးဆောင်သွားမယ် ခင်ဗျားတို့ ကျုပ်နောက်က လိုက်ခဲ့ကြပါ…" ပြောရင်းဆိုရင်း ခြံတံခါးကို တွန်းဖွင့်ပြီး ဆရာကြီး ခြံထဲဝင်သွားတယ်။ ဒါတောင် လူတွေက နောက်ကနေ ထပ်ကြပ်မကွာ ပါမလာဘူး…။ ခြံထဲရောက်လို့ ဆရာကြီး ဘာမှမဖြစ်တာမြင်မှ မဝံ့မရဲ ဝင်လာကြတယ်။ပြီးတော့ အုန်းမြင့်တို့မိသားစုရဲ့ အလောင်းတွေကို ဦးစွာ သယ်တယ်။ အလောင်းတွေကို သန့်စ...