ကပ္ပလီကဝေမ အပိုင်း(၂)
"အေး..ဒီလိုကွ တာတေရ၊ တို့ဆီကနေ ဆိုရင်
တော့ အတော်ကလေး ဝေးတာပေါ့ကွာ၊ ယိုးဒ
ယားပြည်နဲ့ နယ်စပ်က မြို့ကလေးတွေမှာ
တော်တော်ကို ဆိုးရွားတဲ့ အဖြစ်တစ်ခု ဖြစ်
နေတယ်တဲ့ဟေ့"
"ဟာ ဒါဆိုရင် ဆရာနွံဖရဲ့ ဆရာကြီး ဦးမင်း
အောင်ကကော ဒီကဝေကြီးကို နိုင်ပါ့မလား
ဘုရား"
"ဟာ …နိုင်ပါပြီလား တာတေရာ၊ ဦးမင်းအောင်
ဆိုတာက တော်တော်ကို အဆင့်မြင့်တဲ့ အ
ထက်လမ်းဆရာကြီးကွ၊ပြီးတော့ သာမန်ညောင်
ညမဟုတ်ဘူး၊ ခေတ်ပညာတက် ဆရာဝန်ကြီး
ကွ၊ နိုင်ငံခြားတိုင်းပြည်တွေမှာ နှစ်ပေါင်းများစွာ
လှည့်လည်သွားလာပြီး ဆေးကုလာခဲ့တာကွ။
အခုတော့ ဆေးကုတဲ့အလုပ်ကို ရပ်လိုက်ပြီး
အောက်လမ်းတွေ ကဝေတွေကို နှိမ်နင်းနေ
တာဆိုပဲကြ"
"ဟာ …ဟုတ်လားဘုရား၊ တော်တော်ကို အံ့သြ
စရာ ကောင်းတဲ့ ဆရာကြီးပါလား"
"အေး …အဲဒီဆရာကြီး ဦးမင်းအောင်က အခု
ကိစ္စကို ဆောင်ရွက်ဖို့ အင်မတန်သတ္တိကောင်း
တဲ့စနေသားလူငယ် တစ်ယောက် လိုတယ်တဲ့
ဆရာနွံဖကို ပြောတယ်ဆိုပဲကွ တာတေရ။ အဲ
ဒီတော့ ရောက်လာတာကွ၊ အဲဒါနွံဖက သိချင်
တာဟေ့ တာတေရ"
"သြော် ဒီလိုလား ခရီးတော့ ဝေးသားဘုရား"
"အေး အဲဒါကြောင့် ပြောတာကွ၊ တစ်ခုခုတော့
ရှိတာပေါ့ တာတေရာ။ ဗဟုသုတကို လိုချင်
တော့ ယောက်ျားဆိုတာ ဒီလို ငယ်တုန်း ရွယ်
တုန်း သွားရလာရမှာပဲကွ"
"မှန်ပါတယ်ဘုရား၊ တပည့်တော်ကလည်း ဒါ
မျိုးဆိုရင် လွှတ်ပြီး စိတ်ဝင်စားတာပါဘုရား၊
အဘနဲ့ အမေ့ကို ပြန်ပြီးတော့ ပြောပါရစေဦး
ဘုရား"
"ဟာ ပြောရမှာပေါ့ တာတေရ၊ ဒကာကြီးနဲ့ ဒ
ကာမကြီးကို ဗဟုသုတရှာဖို့ ခရီးသွားမယ့်အ
ကြောင်း ပြောပြပေါ့ တာတေရာ"
"မှန်ပါ့ဘုရား"
ဆရာနွံဖကတော့ ကျုပ်ကို အဓိပ္ပါယ်ပါပါနဲ့
ကြည့်တယ်ဗျ။ လိုက်ဖြစ်စေချင်တဲ့သဘောပေါ့
ဗျာ။ ကျုပ်ကလည်း လိုက်ချင်လိုက်တာမှ တစ်
ပိုင်းကို သေနေတာပေါ့ဗျာ။
XXXXX
အဘနဲ့ အမေကို ပြောပြတော့ ပထမတော့ စိတ်
မချကြဘူးဗျ။ နောက်တော့ ကျုပ်က သိပ်သွား
ချင်နေတာကိုသိတော့ အဘနဲ့ အမေက ကျုပ်
ကို ခွင့်ပြုလိုက်ကြတာပေါ့ဗျာ။ ကျုပ်ဆရာနွံဖ
ကတော့ ကျုပ်လိုက်မယ်ဆိုတော့ ဝမ်းသာလိုက်
တာ မပြောပါနဲ့တော့ဗျာ။ဆရာနွံဖနဲ့ ကျုပ်နဲ့ ရက်
သိပ်မဆိုင်းတော့ဘဲ ရန်ကုန်ကို ထွက်ခဲ့ကြတယ်
ဗျို့။ရန်ကုန်ကိုရောက်တော့ ဗဟန်းဘက်ကို သွား
ကြတယ်။ ဗဟန်းကို ရောက်တော့ ခြံဝင်းကြီးတွေ
နဲ့ တိတ်ဆိတ်ပြီး သစ်ပင်ကြီးတွေ ညို့မှိုင်းနေတဲ့
လမ်းထဲကို ဝင်ခဲ့ကြတယ်။
ခြံနံပါတ် '၂၇'။ ခြံတံခါးကို ဆရာနွံဖက တွန်းဖွင့်
ပြီး ဝင်ခဲ့တယ်။ဆင်ဝင်မြင့်မြင့်ကြီးထုတ်ဆောက်
ထားတဲ့ ကျွန်းအိမ်မည်းမည်းကြီးတစ်လုံးနဲ့ ဝင်
ပေါက်က ဘာဂျာတံခါးနားမှာ ရပ်လိုက်မိတော့
အရပ်ပုပြတ်ပြတ်နဲ့ လူတစ်ယောက် ပြေးထွက်
လာတတယ်။ အဲဒီလူက ဆရာနွံဖကို တွေ့တော့
ခေါင်းညွှတ်ပြီး အရိုအသေပေးတယ်ဗျ။ ပြီးတော့
ကျုပ်ကိုလည်း ပြုံးပြပြီး နှုတ်ဆက်ပါတယ်။ကျုပ်
နဲ့ ဆရာနွံဖ အိမ်ထဲကို ဝင်လိုက်တော့…
"ဆရာကြီးရော"
လို့ ဆရာနွံဖက မေးလိုက်တယ်
"အပေါ်ထပ်က စာကြည့်ခန်းထဲမှာပါ၊ ကျနော်
သွားပြောလိုက်ပါ့မယ်၊ ဆရာနွံဖတို့ ဧည့်ခန်း
မှာ ထိုင်ပြီး စောင့်ကြပါခင်ဗျာ"
လို့ ရိုရိုသေသေ ပြောတယ်ဗျ။ ပြီးတော့ အိမ်
နောက်ဘက်ကို လှမ်းကြည့်ပြီး …
"အေးခင်ရေ ဆရာနွံဖတို့ကို ကော်ဖီလေး မုန့်
လေး ချပါဟေ့"
လို့ ပြောရင်း အပေါ်ထပ်ကို တက်သွားတယ်
"အဲဒါ မောင်အေးတဲ့ကွ၊ ဆရာကြီးရဲ့ တပည့်
ပေါ့ကွာ၊ အိမ်မှာ မောင်အေးနဲ့ သူ့ညီမ အေးခင်
က ဆရာကြီးကို လိုလေသေးမရှိအောင် ပြုစု
ကြပါတယ်"
မအေးခင် လာချပေးတဲ့ ကော်ဖီနဲ့ မုန့်ကို ဆရာ
နွံဖနဲ့ ကျုပ်နဲ့ စားကြသောက်ကြ လုပ်နေတုန်း
မှာပဲ…
"နွံဖ ပြန်ရောက်လာပြီလားကွဲ့ "
အသားညိုညို အရပ်ထောင်းထောင်းနဲ့ ဥပဓိရုပ်
အတော်ကောင်းတဲ့ လူတစ်ယောက် ဧည့်ခန်းထဲ
ကို ဝင်လာတယ်ဗျ။ ပုဆိုးအပြာကွက်ကို အပေါ်
က ဟာဝေယံရှပ်အင်္ကျီအပြာဖျော့ချဝတ်ထား
တယ်။ ဆရာနွံဖက ဆတ်ကနဲ မတ်တတ်ထရပ်
လိုက်တော့ ကျုပ်လည်း ရောယောင်ပြီး ထရပ်
လိုက်မိတယ်။
"ပြန်လာပါပြီ ဆရာကြီး၊ ဟောဒါ ကျတော်ပြော
တဲ့ မောင်တာတေပါ ဆရာကြီး"
"သြော် ဒါ မောင်တာတေလား၊ ခုလို လိုက်လာ
တာ ဆရာကြီး အလွန်ဝမ်းသာသကွယ်၊ နွံဖက
တော့ မောင်တာတေရဲ့ သတ္တိရှိပုံကို အားကြီး
ချီးမွမ်းတာကွဲ့၊ အင်း အခုသွားရမယ်ကိစ္စက
လည်း သိပ်လွယ်လွယ်ကူကူတော့ ဟုတ်မယ်
မထင်ဘူးကွဲ့၊ မောင်တာတေလို သတ္တိကောင်း
တဲ့ လူငယ်တစ်ယောက်က ကူညီမှဖြစ်မှာ"
"ဟုတ်ကဲ့ပါ ဆရာကြီး၊ ဒီလိုကိစ္စမျိုးတွေဆိုရင်
ကျုပ်က လွှတ်စိတ်ဝင်စားတာပါဗျာ။ ဘာပဲရင်
ဆိုင်ရ ရင်ဆိုင်ရ ကျုပ် ကူညီပါမယ်"
"ဟာ နေရာကျလိုက်တာကွယ်။ကဲ ဆရာတပည့်
နှစ်ယောက် အေးအေးဆေးဆေးထိုင်ကြကွဲ့၊
ကော်ဖီ အေးအေးဆေးဆေး သောက်ကြ"
ပြောပြောဆိုဆို ဆရာကြီး ဦးမင်းအောင်က
ဧည့်ခန်းထဲက ပြန်ထွက်သွားတယ်။ မျက်နှာ
က အလွန်တည်ငြိမ်ပြီး အေးချမ်းတဲ့အသွင်
ကို ဆောင်နေတာ သိပ်ပေါ်လွင်နေတယ်။
အရပ်က ၆ ပေနီးပါးရှိပြီး ကိုယ်လုံးက ထွား
ကျိုင်းကျိုင်း၊ တောင့်တောင့်ခိုင်ခိုင်၊ တကယ့်
ကို မြန်မာပီသတဲ့ ရုပ်ရည်ပါပဲ။
ဆံပင်ကိုလည်း ဆီလိမ်းပြီး သေသေသပ်သပ်
ဖြီးထားတယ်ဗျ။ အထူးခြားဆုံးကတော့ ဆရာ
ကြီးရဲ့မျက်လုံးတွေပဲ။ နက်မှောင်ပြီး အရောင်
တောက်နေသလိုကို ထင်ရတာဗျ
အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။
Comments
Post a Comment