ကပ္ပလီကဝေမ အပိုင်း(၃)



ပြောပုံဆိုပုံ  နေပုံထိုင်ပုံကို  ကြည့်ရတာနဲ့တင် 
အင်မတန် ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ပြော
စရာကို မလိုလောက်တာဗျို့။ အသက်ကတော့ 
၆၀ ကျော်လောက် ရှိမယ်ထင်တယ်။ ဆရာကြီး
က ကိုမောင်အေးနဲ့  မအေးခင်ကို ကျုပ်တို့ အ
တွက် အခန်းတွေလုပ်ပေးဖို့ သွားစီစဉ်ပုံရတယ်
ဗျ။ထနောင်းကုန်းရွာသား တာတေအဖို့ကတော့
အားလုံးဟာ အသစ်အဆန်းချည်း ဖြစ်နေတာ
ပေါ့ဗျာ။ ခဏနေတော့ ကိုမောင်အေး ရောက်
လာပြီး…

"ဆရာနွံဖနဲ့ ကိုတာတေတို့အတွက် အခန်းတွေ
ပြင်ပြီးပါပြီ၊ ခရီးပန်းလာလို့ နားလိုက်ကြပါလို့
ဆရာကြီးက ပြောသွားပါတယ်"

ကျုပ်နဲ့ ဆရာနွံဖကို အိမ်ကြီးရဲ့ ခေါင်းရင်းဘက်
က အခန်းကြီး နှစ်ခန်းမှာတစ်ယောက် တစ်ခန်း 
ပြင်ပေးထားတာဗျို့။အခန်းကြီးတွေများ ကောင်း
လိုက်တာဗျာ။ ကျွန်းကုတင်ပေါ်မှာ အိစက်နေတဲ့
မွေ့ယာကြီးတွေနဲ့ဗျ။ တာတေဆိုတဲ့ကောင်က
ခင်ဗျားသိတဲ့အတိုင်းပဲလေ။

မန်ကျည်းပင်အောက်က သစ်သားကြမ်း ကွပ်ပျစ်
ပေါ်မှာ ဝါးပိုးခြမ်းကို ခေါင်းအုံးလုပ်ပြီး အိပ်နေတဲ့
ကောင်လေဗျာ။ ကြွားပြောတယ်လို့တော့ မထင်
ကြပါနဲ့ဗျာ။ တကယ်ပါ။ ဒီလိုအိမ်မျိုး ဒီလိုအိပ်ရာ
မျိုးမှာ တာတေ တစ်ခါမှ မနေဖူး၊ မအိပ်ဖူးပါဘူး။

အဲဒါကြောင့်လား     ခရီးပန်းလာလို့လားတော့ 
မသိဘူးဗျို့။ အဲဒီညက တာတေ အိပ်လိုက်တာ
နောက်နေ့မနက်  ဆယ်နာရီထိုးမှကို   နိုးတော့
တာဗျို့။ တာတေ နိုးလာတော့ ကိုမောင်အေးက
အိပ်ခန်းဝက အဆင်သင့်စောင့်ပြီး ရေချိုးဖို့ ရေ
ခံလုံချည်၊ တဘက်၊ သွားတိုက်တံ၊ သွားတိုက်
ဆေးတွေ ပေးတယ်။ ပြီးတော့ ရေချိုးခန်းကို
လိုက်ပို့တယ်။

တာတေ ခရီးပန်းလာတာဆိုတော့ ရေကို တစ်
ဝကြီး ချိုးပစ်လိုက်တယ်ဗျ။ တာတေ ရေချိုးခန်း
က ထွက်တော့ အိပ်ခန်းထဲ ပြန်ဝင်ပြီး အဝတ်
အစားလဲပြီးတော့ …

"ကိုတာတေ ဧည့်ခန်းမှာ ဆရာကြီးနဲ့ ဆရာနွံဖ
စောင့်နေတယ်။ ကော်ဖီလည်း အေးခင်က အ
ဆင်သင့် ဖျော်ထားတယ်"

လို့ ကိုမောင်အေးက ပြောတော့ ကျုပ် သူ့နဲ့အ
တူ အိမ်ရှေ့ကို ထွက်ခဲ့တယ်

"လာကွဲ့ မောင်တာတေ ခရီးပန်းလာတော့ အိပ်
လို့ ကောင်းတယ်ထင်ရဲ့ "

လို့ ဆရာကြီးက ပြုံးပြီး ပြောတယ်ဗျ

"လာဟေ့ တာတေ၊ ဟောဒီမှာ ကော်ဖီသောက်
ပြီးတော့ မုန့်စိမ်းပေါင်းကလေးလည်း စားလိုက်ဦး"

လို့ ဆရာနွံဖကလည်း ပြောတယ်။ တာတေ ဆ
ရာကြီးနှင့် ဆရာနွံဖရှေ့မှာ ခပ်ယို့ယို့ဝင်ထိုင်
လိုက်တယ်

"အေးကွ၊ မောင်တာတေရဲ့၊ နားမလည်တဲ့သူ
တွေကတော့ ကျုပ်တို့ကို ခပ်ကြောင်ကြောင်လူ
တွေလို့တောင် ထင်ဖို့ရှိတာပေါ့ကွာ၊ ဒါပေမဲ့ မ
ယုံမရှိနဲ့ မောင်တာတေရေ၊ ဒီလောကမှာ မှော်
ပညာဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက
ရှိခဲ့တာကွဲ့"

ကျုပ် ကော်ဖီသောက်နေတုန်းမှာ ဆရာကြီးက
ဗဟုသုတ ရစေလိုတဲ့သဘောနဲ့ ပြောပြတယ်ဗျ

"အေး အဲဒီမှော်ပညာစကတည်းက အလင်းဓါတ်
မှော်ပညာနဲ့ အမှောင်ဓါတ် မှော်ပညာ ဆိုပြီး ကွဲ
ကွဲပြားပြား ရှိခဲ့တာလေ မောင်တာတေရဲ့"

"သြော် ဟုတ်ကဲ့ပါ ဆရာကြီး"

တာတေ တစ်ခါမှ မကြားဖူးတဲ့စကားတွေကို ကြားရတာတော့ သိပ်ကို အံ့သြမိတာပေါ့ဗျာ။

"အလင်းပညာသည်တွေကတော့ လူတွေကောင်း
ကျိုးအတွက် လုပ်ဆောင်ကြတယ်။ ဘာသာ သာ
သနာကို  စောင့်ရှောက်တယ်၊ ဆေးကုကြတယ်။
မကျွတ်မလွတ်ကြတဲ့       ဝိညာဉ်တွေကို လမ်း
ကြောင်းပေါ်ရောက်အောင် လုပ်ပေးကြတယ်။
ပြီးတော့ အမှောင်ပညာသည်တွေကို ဖျောင်းဖျ
ပြီး  ပညာတွေ စွန့်ခိုင်းတယ်။  တစ်ချို့က ဒါကို
အထက်လမ်းလို့ ခေါ်ကြတာပေါ့ကွယ်၊ ဒါတော့
မောင်တာတေ ကြားဖူးမှာပေါ့"

"ဟုတ်ကဲ့ ကြားဖူးပါတယ် ဆရာကြီး"

"ဆရာကြီးတို့က အလင်းပညာသည်တွေ၊ အ
ထက်လမ်းပညာတွေပေါ့ကွယ်၊ အေး…အလင်း
ပညာပဲဖြစ်ဖြစ်၊ အမှောင်ပညာသည်ပဲ ဖြစ်ဖြစ် 
ကိုယ်ကျင့့်စဉ်ကိုယ် စွမ်းစွမ်းတမံ  ကျင့်ကြံနိုင်
ရင် ပညာခန်းမှာ အထွက်အထိပ်ကို ရောက်ကြ
တာချည်းပါပဲ။ ဒါပေမဲ့ အောက်လမ်းလို့ခေါ်တဲ့
အမှောင်ပညာသည်တစ်ယောက် ပညာခန်းမှာ
အထွတ်အထိပ်ကို ရောက်ပြီဆိုရင်တော့ တော်
တော်ကို အန္တရာယ်ကြီးတာပေါ့ကွယ်"

"ဟင် ဘာတွေများ လုပ်ကြလို့လဲ ဆရာကြီး"

"အို..ဘယ့်နှယ်မေးပါလိမ့် မောင်တာတေရယ်၊
လောကလူသားတွေဟာ လောဘသားတွေကွဲ့။
ကိုယ်လိုချင်တာ ရဖို့ဆိုရင် လူသတ်ရမှာလည်း
မကြောက်ကြဘူး၊ တစ်ဖက်သားကို ရူးအောင်
လုပ်ဖို့၊ စီးပွားပျက်အောင်လုပ်ဖို့၊ မိသားစုတွေ
ပြိုကွဲအောင် လုပ်ဖို့ ဆိုတာလောက်ကတော့
အသေးအဖွဲ့ကိစ္စလို့ကို သဘောထားတာကွဲ့"

"ဟာ ကြောက်စရာကောင်းလိုက်တာ ဆ
ရာကြီးရယ်"

"အေး အဲဒီလို  လောဘဇောတက်ပြီး တစ်
ဘက်သားကို   မကောင်းကြံတော့မယ်ဆိုရင် 
ခုနက  ပြောတဲ့ အမှောင်ပညာသည်အောက်
လမ်းပညာသည်တွေကို    တိုးတိုးတိတ်တိတ် 
စုံစမ်းပြီး လိုက်ရှာကြတော့တာပေါ့ကွာ။အဲဒီမှာ 
သူတို့က အပူဇော်ခံ ဆရာတွေ အဖြစ်နဲ့ ကြီး 
ပွားချမ်းသာကြတော့တာပေါ့လေ"

"တော်တော်ကို အန္တရာယ်များတဲ့လူတွေ
ပါလားဗျာ"

"အေး အခုခေတ်က  ပိုတောင်ဆိုးလာသေးသ
ကွဲ့၊   အဖြူဝတ် အညိုဝတ်ကလေးဝတ်ပြီး အ
ထက်လမ်း ဆရာယောင်ဆောင်နေတဲ့ အောက်
လမ်းတွေတောင် ရှိနေတာ    မောင်တာတေရဲ့။
အေး ကျုပ်တို့ အလင်းဓါတ်ပညာသည်တွေရဲ့

အပိုင်း(၄)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments