ကပ္ပလီကဝေမ အပိုင်း(၇)
မျက်လုံးပြူးကြီးနဲ့ ကျုပ်ကို ငုံ့ကြည့်နေတယ်။ ကျုပ်ကိုယ်ပေါ်က လွှမ်းထားတဲ့ စောင်ကို ဆွဲပြီး
ဖယ်ပစ်လိုက်တယ်။ ကျုပ်ဆိုတာ အသက်ကို
လုံးဝမရှုရဲဘူးဗျို့။ အခုနေဆိုရင် ဒီကဝေမကြီး
ဟာ ဆရာကြီး ချထားတဲ့ ကဝေထောင်ချောက်
အင်းကြီးထဲကို ရောက်နေမှာပဲလို့ ကျုပ် အလု
အယက် တွေးလိုက်မိတယ်ဗျ
ဟော မျက်လုံးကြီးတွေ ပိုပြီးပြူးလာတယ်ဗျို့။
ဟာ ခေါင်းကြီးကို အပေါ်မော့ပြီး ပါးစပ်ကနေ
ဘာတွေလည်း မသိဘူးဗျာ ရွတ်နေလေရဲ့။
အလို လက်ကြီးတစ်ဖက် လေထဲကို မြောက်
တက်သွားပြီဗျို့။ ကျုပ်နှလုံးကို ဖောက်ထုတ်
တော့မယ်။ ဖောက်ထုတ်တော့မယ်၊ ကဲ ဆရာ
ကြီးပြောတဲ့ အချိန်ရောက်ပြီ။ ကဲဟာ ကျုပ်အ
လောင်းစင်ဘေးကို လှိမ့်ချလိုက်ပြီဗျို့။
"ဘုတ်"
ကျုပ်မြေကြီးပေါ်ကို ဘုတ်ခနဲ အကျမှာ ဆရာ
ကြီး ပြေးထွက်လာပြီးတော့ အလောင်းစင်ဘေး
ကို လက်ညှိုးနဲ့ ထိုးပြီး မန္တန်တစ်ခုကို အသံ
အောင်အောင်ကြီးနဲ့ ရွတ်တော့တာပဲဗျာ။ ကျုပ်
လည်း မြေကြီးပေါ်က ကပျာကယာ လူးလဲထ
ပြီး ဆရာကြီးနောက်ကို ကပ်လိုက်တယ်။ ဆရာ
နွံဖနဲ့ ဆရာကိုအေးမောင်လည်း ပြေးထွက်လာ
ကြပြီး ဆရာကြီးရဲ့လက်ဝဲနဲ့ လက်ယာမှာ ရံ
လိုက်ကြတယ်။ ကျုပ်တာဝန်က ကဝေမကြီး
ကို ကြည့်ပေးရမှာလေဗျာ။
"မောင်တာတေ ပြောလေ"
"ဟုတ်ကဲ့ ဆရာကြီး၊ ဆရာကြီးတို့ကို မျက်လုံး
ပြူးကြီးနဲ့ ကြည့်ပြီး လက်ထဲက တစ်ခုခုနဲ့ ပစ်
ဖို့ လုပ်နေတယ်ဗျ။ ပါးစပ်နားကို လက်ကိုကပ်
ပြီး ပွစိ ပွစိနဲ့ ရွတ်နေတယ်ဗျို့။ ဟော ပစ်တော့
မယ် ပစ်တော့မယ်၊ ပစ်ပြီ ဆရာကြီးရေ"
ဟာ ကဝေမကြီးရဲ့ လက်ထဲက ဝင်းဝင်း ဝင်း
ဝင်းနဲ့ အရောင်တွေ လက်သွားပြီ။အလင်းစက်
ကလေးတစ်ခု ပြေးထွက်လာတယ်ဗျ။ ဆရာ
ကြီးကလည်း လက်ထဲမှာ အသင့်ကိုင်ထားတဲ့
အင်းချပ်တစ်ခုနဲ့ ပစ်လိုက်တာ ကွက်တိပဲဗျို့။
လွင့်ထွက်လာတဲ့ အလင်းစက်ကို တိုက်ရိုက်
သွားထိပြီး…
" ဝုန်း"
ဆိုတဲ့ အသံကြီး မြည်သွားတယ်ဗျို့။ မီးခိုးတွေ
လို မြူတွေလို အခိုးတွေတောင် ထွက်သွားပြီး
ကဝေမကြီး ဖင်ထိုင်ရက် လဲကျသွားရောပေါ့
ဗျာ။ ကျုပ်မြင်တာတွေ ဆရာကြီးတို့ကို အကုန်
ပြောပြနေရတာပေါ့ဗျ။
"ဟော ပြန်ထလာပြီ ဆရာကြီးရေ၊ ဒီတစ်ခါ
တော့ သူ့ဆံပင်တွေကို ဆွဲနှုတ်လိုက်တယ်ဗျို့။
ဟော ပါးစပ်မှာ မန်းမှုတ်နေပြီ"
"ဟာ ဒါ သူ့ကိုယ်တွေ ခွဲထုတ်တော့မှာကွ။
သူရှိတဲ့နေရာကို လက်ညှိုးတည့်တည့်ထိုးပြ
စမ်း မောင်တာတေ"
"ဟိုမှာ ဆရာကြီး"
ကျုပ်က ကဝေမကြီးကို လက်ညှိုးနဲ့ တည့်တည့်
ထိုးပြလိုက်တယ်
"ကဲ နွံဖနဲ့ အေးမောင် အချိန်မရှိဘူး၊ ကဝေ
သက်ဖြတ်အင်းတော်ကြီးနဲ့ ပြိုင်တူပစ်ရမယ်
မြန်မြန်ထုတ်ကြ"
"ဟုတ်ကဲ့ ဆရာကြီး"
ဆရာနွံဖရော ဆရာကိုအေးမောင်ရော အင်းချပ်
ကိုယ်စီ ကိုင်ပြီး ကျုပ်လက်ညှိုးထိုးထားတဲ့နေ
ရာကို စိုက်ကြည့်နေကြတယ်ဗျို့။ ဆရာကြီးက
မန္တန်တစ်ခုကို ရွတ်လိုက်ပြီး…
"ပစ်ကြဟေ့"
လို့ အော်ရင်း သူကိုယ်တိုင်လည်း ပစ်တယ်။
ဆရာနွံဖနဲ့ ဆရာကိုအေးမောင်ကလည်း ဆ
ရာကြီးနဲ့ ပြိုင်တူပစ်ကြတာဗျို့။
"ဝုန်း"
"အောင်မယ်လေး၊ ဘုရား၊ ဘုရား"
ကျုပ်တောင် ဘုရားတ,မိလေဗျာ၊ စောစောက
အသံထက် ဆယ်ဆလောက်ကျယ်တဲ့ အသံ
ကြီးဗျို့။ မီးခိုးတွေဆိုတာ မှောင်သွားတာပဲဗျ။
ကျုပ်လည်း ဘာမှကို မမြင်ရတော့ဘူးဗျို့။
ကျုပ် အံ့သြတာက တစ်ခုတော့ ရှိတယ်ဗျ။
ကဝေမကြီးနဲ့ ဒီလောက်တိုက်ခိုက်နေတာ
တောင် ငုတ်တုတ်အိပ်ပျော်နေတဲ့ လူတွေ
တစ်ယောက်မှကို မနိုးတာပဲဗျို့။ မီးခိုးတွေ
တဖြည်းဖြည်းပျယ်သွားတော့ ကျုပ်ဖြင့် အံ့
သြလိုက်တာဗျာ။ ကဝေမကြီး မတွေ့တော့
ဘူးဗျို့။ ဒါနဲ့ ကျုပ် လန့်ပြီး လိုက်ရှာလိုက်
တော့ ကျုပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါ
မှ တွေးတောင် မတွေးဖူးတဲ့ အဖြစ်ပါပဲဗျာ။
"ဟာ ဟိုမှာ ဆရာကြီး၊ ဟိုမှာ မြေကြီးပေါ်မှာ
လဲနေတယ်ဗျို့။ အမယ်လေးဗျာ၊ တစ်ထွာ
ထွာသာသာလောက်ကလေး ဖြစ်သွားပြီဗျို့"
"ဟာ အေး ဟုတ်တယ် မောင်တာတေရေ၊
ကျုပ်တို့ မြင်ရပြီဟေ့။ အင်း ဇီဝိန်ချုပ်သွားပြီ
ဟေ့။ အဲဒါ'ကဝေရုပ်ကြွင်း'လို့ ခေါ်တယ်ကွဲ့။
အင်မတန် အစွမ်းထက်ပါပြီလားကွယ်၊ အဲဒီ
တစ်ထွာသာသာလောက်ရှိတဲ့ ကဝေရုပ်ကြွင်း
ကို မီးကင်ပြီး စားလိုက်ရင် အဲဒီကပ္ပလီကဝေ
မကြီးရဲ့ ပညာအဆင့်ကို ချက်ချင်းရသွားရော
ကွဲ့။ အေး ဘာနဲ့တူလဲဆိုတော့ တို့မြန်မာတွေ
ပြောလေ့ရှိတဲ့ ဇော်ဂျီဖိုဝင်သားလိုပေါ့ကွယ်။
ကဲ နွံဖ သွား၊ ကဝေရုပ်ကြွင်းကို ကောက်ယူ
လိုက်တော့"
ဆရာနွံဖက ဆရာကြီးအမိန့်အတိုင်း 'ကဝေ
ရုပ်ကြွင်း'ကလေးကို ကောက်ယူလိုက်တယ်
ဗျ။ အောင်မလေးဗျာ။ ကျုပ်ဖြင့် လန့်ကိုသွား
ရောဗျို့။ ကပ္ပလီကဝေမကြီးရဲ့ ပုံစံအတိုင်းပဲ
ဗျာ။ သူဝတ်ထားတဲ့ ဂါဝန်အစုတ်ကြီးလည်း
ဝတ်လို့ဗျို့။ ဆံပင်ကလည်း ဖားလျားကြီး ချ
လို့ဗျ။ မျက်စိတွေကတော့ မပြူးတော့ဘူးဗျ။
ပိတ်နေပြီ။ အရပ် ၇ပေလောက် ရှိတဲ့ ကဝေမ
ကြီးကဗျာ တစ်ထွာလောက်ရှိတဲ့ အရုပ်ကလေး
အရွယ် ဖြစ်သွားတာ။ ကျုပ်ဖြင့် အံ့သြလိုက်တာ
မပြောပါနဲ့တော့ဗျာ။
'ကဝေရုပ်ကြွင်း'ကလေးကို ဆရာနွံဖက ဆရာ
ကြီးကို အပ်တယ်။ ဆရာကြီးက လွယ်အိတ်ထဲ
က သတင်းစာစက္ကူတစ်ရွက် ထုတ်ပြီး သေသေ
ချာချာ ပတ်ပြီး သူ့လွယ်အိတ်ကြီးထဲကို ထည့်
လိုက်တယ်
"ဟင်၊ ဟာ၊ ဘယ်လိုဖြစ်သွားတာတုံး"
အပိုင်း(၈)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။
Comments
Post a Comment