ကပ္ပလီကဝေမ အပိုင်း(၆)
ဆရာကြီးရယ်၊ ဆရာနွံဖရယ်၊ ဆရာကိုအေး
မောင်ရယ်ကတော့ ပုတီးစိပ် တရားထိုင်လုပ်
နေတာ။ တစ်နေကုန်ပဲဗျို့။ ညတောင် အိပ်ကြ
ရဲ့လား မသိဘူးဗျ။ အဲ ထူးတော့ ညဘက်ကြီး
ဗျ။ ည ရှစ်နာရီလောက် ရှိပြီ သတင်းထောက်
လှမ်းတဲ့ လူတစ်ယောက် ခြံထဲကို ပြေးဝင်လာ
တယ်။ ဆရာကြီးဆီကို အရောက်လာပြီး မော
ကြီးပန်းကြီး ပြောတော့တာပဲဗျို့
"ဆရာကြီး ဖြစ်ပြီဗျို့၊ ဖြစ်ပြီ၊ မြို့အနောက်ဘက်
က ရွာကလေးမှာဗျ၊ အဲဒီမှာက ယိုးဒယားနဲ့ မွန်
တွေချည်းနေတာ။ ညနေလေးနာရီလောက်မှာ
လူငယ်တစ်ယောက်ပဲဗျ။ အဲ ဟောဒီသူငယ်
လောက်ရှိတဲ့ လူငယ်တစ်ယောက်ပေါ့ ရုတ်တ
ရက်ကြီး ဇက်ကျိုးပြီး သေသွားတယ်ဗျ"
သတင်းယူလာတဲ့လူက တာတေဘက်ကို လက်
ညှိုးကြီးနဲ့ ထိုးပြီး ပြောတာဗျို့။ ကျုပ်ဆိုတာ
ကြက်သီးတွေ ဖျန်းခနဲကို ထသွားရောဗျာ။
"အဲဒါ ရွာကလူတွေ အခုပဲ အလောင်းပြင်ပြီး
သွားကြတယ်။ သူတို့လည်း သိတယ်ဆရာကြီး
ရဲ့။ ဒီည အလောင်းရဲ့ နှစ်လုံးကို အထုတ်ခံရ
မယ်ဆိုတာ။ အဲဒါ ရွာရှိယောက်ျားတွေ အကုန်
စောင့်ဖို့ သူကြီးက ဆော်သြနေလေရဲ့"
"ကဲ အချိန်ကျပြီ နွံဖတို့ အေးမောင်တို့ တာတေ
တို့ သွားကြစို့ဟေ့"
အားလုံး လွယ်အိတ်တွေကိုယ်စီလွယ်ပြီး ဆရာ
ကြီးက ရှေ့ကထွက် ကျုပ်တို့က နောက်က
လိုက်ကြပေါ့ဗျာ။ ကျုပ်ကတော့ လွယ်အိတ်မပါ
ပါဘူး၊ လူချည်းပါပဲ။ သတင်းလာပို့တဲ့လူက ရှေ့
က လမ်းပြတယ်ဗျ။ မဝေးပါဘူးဗျာ။ နာရီဝက်
လောက် ခပ်ပြင်းပြင်း လျှောက်လိုက်တယ်ဆို
ရင်ပဲ အဲဒီရွာကို ရောက်တာဗျ။
ရွာကတော့ အကြီးသားဗျ။ အိမ်ခြေလည်း နည်း
မယ်မထင်ဘူး။ အသုဘအိမ်ရောက်တော့ ဝင်း
ကြီးထဲမှာ အောက်လမ်းဓါတ်မီးတွေ ထွန်းလို့။
သေတဲ့လူငယ်ရဲ့ မိဘတွေက ပစ္စည်းရှိပုံပဲ။ခြေ
တံရှည် အိမ်ကြီးကလည်း တော်တော်ကြီးသား
ဗျ။ အိမ်အောက်က ကွပ်ပျစ်တွေပေါ်မှာ ယော
က်ျား အယောက် ၅၀ ကျော်လောက်စုပြီး ထိုင်
နေကြလေရဲ့။ ဆရာကြီးရဲ့ သတင်းကို ကြိုပြီး
ပြောထားပုံရတယ်ဗျ။ ကျုပ်တို့လည်း ခြံဝိုင်းထဲ
ရောက်ရော အိမ်ရှင်တွေက မျက်ရည်ကလေး
တစမ်းစမ်းနဲ့ ကြိုရှာပါတယ်ဗျာ။
"ကဲ သန်းခေါင်ဆိုရင် ဒီမကောင်းဆိုးဝါးမကြီး
လာမှာ အသေအချာပဲဗျ။ ဒီတော့ အားလုံး
ကျုပ်ပြောသလိုလုပ်ပါ"
" ဟုတ်ကဲ့ ဆရာကြီး၊ အမိန့်ရှိတဲ့အတိုင်း ကျုပ်
တို့ လုပ်ပါမယ်"
လူငယ်ရဲ့အဖေဖြစ်ပုံပေါ်တဲ့ လူကြီးက ဆရာ
ကြီးကို ရိုရိုသေသေ ပြောတယ်ဗျ။ ဆရာကြီးက
အိမ်ပေါ်ထပ်ကနေပြီး ခြံဝင်းကြီးရဲ့ အနောက်
ဘက်မှာ ပြင်ထားတဲ့ အလောင်းစင်ကို လှမ်း
ကြည့်တယ်ဗျ။သူတို့ဒေသဓလေ့ ထင်ပါရဲ့။ ဝါး
တိုင်လေးတိုင်နဲ့ ကုတင်ပုံစံလုပ်ပြီး အလောင်း
ရဲ့ခေါင်းရင်းဘက်မှာတော့ ခုံမြင့်ကလေးတစ်
လုံးနဲ့ သောက်ရေခွက်တစ်လုံး၊ ထမင်းတစ်ပွဲ
ပြင်ပြီး တင်ထားလေရဲ့၊ အလောင်းကိုတော့
စောင်ကြားကြီးတစ်ထည်အုပ်ထားလို့ မျက်နှာ
ကို မတွေ့ရဘူးဗျ။ အလောင်းက စင်ပေါ်မှာ
စန့်စန့်ကြီးပေါ့ဗျာ။
"ကဲ မောင်တာတေ သေသေချာချာ နားထောင်
နော်၊ ဆရာကြီး မင်းကိုပြောပြမယ်"
ဆရာနွံဖရော ကိုအေးမောင်ရော ကျန်တဲ့ရွာ
သားတွေရော ဆရာကြီး ပြောတာကို နားစွင့်
နေကြတယ်ဗျို့။
"ဒီကပ္ပလီကဝေမကြီးက ပညာအဆင့် တော်
တော်ကို မြင့်တဲ့ လူသားစားကဝေမကြီးကွဲ့။
ကမ္ဘာအရပ်ရပ်မှာ လှည့်ပတ်နေထိုင်နေတာ၊
အသက်ကလည်း ရာချီနေပြီ။ ဒီတော့ ဒီက
ဝေမကြီးက ရောက်လာရင် မြင်ရမှာ မဟုတ်
ဘူး၊ သေချာတယ်။ ဒီတော့ နွံဖက မောင်တာ
တေကို မျက်ကွင်းဆေး ကွင်းပေးလိုက်။ ပြီး
ရင် အလောင်းကို အိမ်အောက်ထပ်ကို ရွှေ့
ပြီး သေသေချာချာ ဝှက်ထားကြ။ အလောင်း
စင်ပေါ်ကို မောင်တာတေက တက်နေရမယ်။
အလောင်းနဲ့တူအောင် နေပေတော့ မောင်
တာတေ။ ဘာမှမကြောက်နဲ့နော်၊ ဆရာကြီး
ရှိတယ်။ နွံဖတို့ ကိုအေးမောင်တို့လည်း ရှိ
တယ်၊ မင်းဘာမှမဖြစ်နိုင်ဘူး။ ကဲ ခင်ဗျားတို့
က ညနေက အလောင်းပြင်တဲ့အတိုင်း မောင်
တာတေကို ပြင်ကြပေတော့"
ဆရာကြီးရဲ့ စကားဆုံးတာနဲ့ ယောက်ျားနှစ်
ယောက် သုံးယောက်က ကျုပ်ကို သနပ်ခါးတွေ
ဖွေးနေအောင် လိမ်းတော့တာပဲဗျို့။ ပြီးတော့
ကျုပ်ခေါင်းမှာ ဆံပင်တွေ စုစည်းပြီး ခေါင်ရမ်း
ပန်းအနီကြီး တစ်ပွင့် ပန်ပေးကြတယ်။ မှန်မ
ကြည့်ပေမယ့် ကျုပ် သိပါတယ်။ ကျုပ်မျက်နှာ
ဟာ တကယ့်ကို အသုဘကြီးနဲ့ တူနေမှာပါဗျာ
ဆရာနွံဖကလည်း ကျုပ်ကို မျက်ကွင်းဆေး
ကွင်းပေးတယ်ဗျ
"ကဲ မောင်တာတေ ပြီးရင် မင်းနဲ့ အလောင်းနဲ့
လဲမယ်ဟေ့၊ မင်းနားထောင် မောင်တာတေ၊
ညသန်းခေါင်ဝန်းကျင်မှာ ကပ္ပလီကဝေမကြီး
လာလိမ့်မယ်ကွ၊ မင်းက အလောင်းယောင်
ဆောင်ရင်းကနေ မျက်စိကလေး မပွင့်မပွင့်
လုပ်ပြီး ကြည့်နေ သိလား၊ ဒီဟာမကြီးက
လက်ကြီးမြှောက်ပြီး မင်းနှလုံးကို ဖောက်မယ်
အလုပ်မှာ အလောင်းစင်ပေါ်ကနေ အောက်
ကို လှိမ့်ချလိုက်။ ပြီးရင် ကျုပ်တို့နောက်မှာ
မောင်တာတေက ဝင်ရပ်ပေတော့။ ပြီးတော့
မင်းတွေ့သမျှတွေ ဆရာကြီးကို ပြောပြပေ
တော့ကွဲ့။ကျုပ်တို့က သူ့ကို မြင်ရမှာ မဟုတ်
ဘူး၊ မောင်တာတေကသာ မျက်ကွင်းဆေး
ကွင်းထားလို့ မြင်ရမှာမို့လား၊ ခက်တာက
အဲဒီမျက်ကွင်းဆေးက ဆရာတွေ မကွင်းရ
ဘူးကွဲ့။ ဒါကြောင့် မောင်တာတေကို ခေါ်
ခဲ့ရတာပေါ့၊ ဒီမှာ မောင်တာတေ ကပ္ပလီ
မကြီး ရှိတဲ့နေရာကို လက်ညှိုးနဲ့သာ တည့်
တည့်ထိုးပြပေတော့။ ပြီးတော့ ဒီကောင်မ
ဘာလုပ်တယ်ဆိုတာ ဆရာကြီးကို မြန်မြန်
ဆန်ဆန်ပြော ဟုတ်လားကွဲ့"
"ဆရာကြီး ဒီကဝေမကြီး ထွက်ပြေးသွားရင်
ဘယ်လိုလုပ်မလဲဗျ"
အပိုင်း(၇)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။
Comments
Post a Comment