ကပ္ပလီကဝေမ အပိုင်း(၅)
ဗိုက်ပေါ်တင်ပြီး အပေါ်က မီးထွန်းပေးလိုက်တော့မှ
ဗိုက်ထဲက မြွေတွေ စဉ်းစဉ်းကို သေတော့တာပဲ
ဗျာ။ဒါနဲ့ ကျွမ်းကျင်တဲ့ လက်သည်မနှစ်ယောက်
ခေါ်ပြီး နောက်ဖက်က အဆောင်ထဲတင် မွေး
ခိုင်းလိုက်တာ။ မြွေမှ ငါးကောင်တောင် ဆရာ
ကြီးရေ။လုံးထွေးပြီး ခြင်းလုံးလိုကို ကျစ်နေတာ
ဗျို့။ အရွယ်ကတော့ လက်သန်းလုံးသာသာ
လောက် ရှိလိမ့်မယ်"
"အင်း …မောင်အေးမောင်ရယ်၊ ဒီကဝေတွေက
တော်တော်ကို ဆိုးတာပါကွာ။ ဒါထက် အဲဒီက
ဝေကို မင်း မခေါ်ဘူးလား"
"ခေါ်ပါပြီလား ဆရာကြီးရယ်၊ ဗမာမဟုတ်ဘူး
ဗျို့။ ယိုးဒယားဘက်ကပဲ၊ ရှမ်းလား၊ ယိုးဒယား
လားတောင် မကွဲပါဘူးဗျာ၊ ကြောက်လန့်ပြီး
သူ့ပညာတွေ စွန့်သွားလေရဲ့။ ဒီသူငယ်မ က
လေးကို သက်သက်မနာလို မရှုစိမ့်ဖြစ်ပြီး လုပ်
လိုက်တာတဲ့၊ ကဝေမပဲဗျ။ သူ့ကို ဒီပညာသင်
ပေးတာက ယိုးဒယားက ကပ္ပလီမကြီးဆိုပဲ ဆ
ရာကြီးရဲ့၊ အဲဒီကဝေမကြီးက တော်တော်ကို
အဆင့်မြင့်ဆိုပဲဗျ"
"ဘယ်လိုကွဲ့ မောင်အေးမောင်ရဲ့၊ ယိုးဒယားက ကပ္ပလီမကြီး ဟုတ်လား"
"ဟုတ်တယ် ဆရာကြီး၊ ကျတော့်ဆီမှာ ပညာ
စွန့်သွားတဲ့ ကဝေမက အဲဒီအတိုင်းပြောသွား
တာပါ ဆရာကြီး"
"ဆရာကြီးတို့ အခုလာခဲ့တဲ့ကိစ္စက အဲဒီကပ္ပလီ
မ ကိစ္စပဲ မောင်အေးမောင်ရဲ့။ မောင်အေးမောင်
မကြားသေးဘူး ထင်တယ်။ ယိုးဒယားနယ်စပ်မှာ
လူလေးယောက်ရှိပြီကွဲ့၊ အကောင်းသားကနေ
ခေါက်ကနဲ ဇက်ကျိုးပြီး သေကြတာ"
"ဟင် ဟုတ်လား ဆရာကြီး"
ကိုအေးမောင်က တအံ့တသြ မေးတယ်ဗျ။ ဆ
ရာကြီးက ကိုအေးမောင်ကို လက်ကာပြပြီး…
"နေဦး မောင်အေးမောင်၊ မအံ့သြနဲ့ဦးကွဲ့၊ အဲ
ဒီလို သေသွားတဲ့ လူတွေကို အလောင်းပြင်
ထားတဲ့အခါ ရင်ဘတ်မှာ အပေါက်ကြီး ဖြစ်နေ
ပြီး အတွင်းက အသည်းတွေ၊ နှလုံးတွေ ဘာမှ
မရှိတော့ဘူးဆိုပဲကွဲ့"
"ဟာ ကြောက်စရာကြီးပါလားဗျာ"
"အဲဒီလို ဖြစ်တော့မယ်ဆိုရင် အသုဘ အ
လောင်းစောင့်တဲ့ လူတွေက အိပ်ပျော်သလို
လှစ်ခနဲ ဖြစ်သွားကြတယ်ဆိုပဲ။ အဲဒီအချိန်က
လေးမှာ အလောင်းကိုဖောက်ပြီး နှလုံးတွေကို
နှိုက်သွားတာကွဲ့"
"ဖြစ်မှ ဖြစ်ရလေ ဆရာကြီးရယ်။ ဒါနဲ့ ယိုးဒ
ယားက ကပ္ပလီကဝေမနဲ့ ဒီကိစ္စဆိုင်နေလို့
လား ဆရာကြီး"
"ဆိုပါပြီလား မောင်အေးမောင်ရယ်၊ အဲဒါသူ
လုပ်နေတာပေါ့ကွဲ့၊ ဒီကဝေမအကြောင်း ကျုပ်
ကောင်းကောင်း ကြားဖူးပါတယ်။ အသက်က
ရာချီပြီး ရှိနေပြီကွဲ့၊ အရင်ကတော့ အာဖရိက
ဘက်မှာ ကျက်စားနေတာ။ ကျုပ် အဲဒီမှာ နေ
တုန်းက ဒီကဝေမကို လိုက်ဖူးသေးတယ်။ ဒီ
တုန်းက ကျုပ်က ပညာကလည်း ဒီလောက်မစုံ
သေးဘူး၊ ပြီးတော့ ခုလိုမျိုး တပည့်ကောင်းတွေ
ကလည်း မရှိသေးတော့ ကျုပ်တစ်ယောက်
တည်း ဘယ်လိုမှကို လိုက်လို့မရခဲ့ဘူးကွဲ့၊ သူတို့
လမ်းစဉ်က ထုံတစ်ဆင့်ကူးဖို့။ အဲ မောင်တာတေ
နားလည်အောင် ပြောရရင် အသက်ထပ်ရှည်ဖို့
ပေါ့လေ။ အချိန်အခါ ရောက်လာရင် လူသတ်ပြီး
အခုလိုမျိုး လူ့နှလုံးကို ဖောက်စားရတယ်ကွဲ့။ သူ
တို့ရဲ့ အသက်တစ်ပြန် ထပ်ရှည်ဖို့ လူ၁၃ယောက်
ပြည့်အောင် သတ်ပြီး နှလုံးကို အစိမ်းစားရတာ
တဲ့ကွ၊ ပြီးတော့ ဒီကပ္ပလီကဝေမကြီးက ဒါမျိုးလုပ်
ရင် နယ်စပ်မြို့တွေ၊ ရွာတွေမှာပဲ လုပ်လေ့ရှိတယ်
ကွ။ဒီတစ်ခါတော့ ဒင်း ကျုပ်လက်က မလွတ်တော့
ပါဘူးလေ"
ဆရာကြီးက သံလိုက်ဓါတ်အပြည့်ပါတဲ့ အသံနဲ့
ခပ်အေးအေးပဲ ကြုံးဝါးတယ်ဗျ။ ကျုပ်ဆိုတာ
ကြက်သီးတွေတောင် တဖျန်းဖျန်း ထသွားတော့
တာဗျို့။ တာတေဆိုတဲ့ ကောင်က သတ္တိရှိတယ်
သာ ဆိုတယ်။ ကြက်သီးကတော့ တဖျန်းဖျန်း
ထတဲ့ကောင်ဗျ။
"ဒါဆို ဆရာကြီးတို့ ဘယ်တော့ တောင်ပေါ်
တက်ကြမှာတုံး"
လို့ ကိုအေးမောင်က မေးတယ်ဗျ။ နယ်စပ်မြို့
တွေက တောင်ပေါ်မှာ ရှိတာဆိုတော့ အဲဒီမြို့
တွေကိုသွားရင် တောင်ပေါ်တက်တယ်လို့ အဲ
ဒီဒေသမှာ သုံးတာဗျ
"အချိန်မဆိုင်းဘူး မောင်အေးမောင်၊ မနက်ဖြန်
ဆို ကျုပ် ခရီးဆက်မယ်"
"ဟာ ဒါဆို ဆရာ့တပည့်အေးမောင်၊ မနက်ဖြန်
ဆို လိုက်ပါရစေ ဆရာ၊ ဒီလိုပွဲမျိုးကို ဆရာကြီး
နဲ့အတူ နွှဲခွင့်ပေးပါဗျာ"
"အေး …ကောင်းတာပေါ့၊ မောင်အေးမောင်ရဲ့။
မင်းပါတော့ ကျုပ်မှာ ပိုပြီးအားရှိတာပေါ့၊ နွံဖ
ရယ် မင်းရယ်ဆိုရင် ကျုပ်မှာ အားပြည့်သွား
တာပေါ့"
"ဟာ နေရာကျလိုက်လေ ဆရာကြီးရယ်၊ ဒါဆို
မနက်ဖြန် ခရီးဆက်ဖို့ ကျတော် အားလုံးစီစဉ်
လိုက်ပါ့မယ်၊ ဆရာကြီးတို့၊ ဆရာနွံဖတို့၊ မောင်
တာတေတို့ အေးအေးဆေးဆေး အနားယူကြ
ပါဗျာ"
XXXXX
ဆရာကြီးရယ်၊ ဆရာနွံဖရယ်၊ ဆရာကိုအေး
မောင်ရယ်၊ ကျုပ်ရယ် မြဝတီမြို့မှာ စခန်းချပြီး
နယ်စပ်တစ်လျှောက်က မြို့ရွာတွေကို လူလွှတ်
ပြီး စုံစမ်းကြတယ်။ ဒီကိစ္စမျိုး ဖြစ်သွားခဲ့တာ
လေးနေရာရှိတာ ဟုတ်တယ်။ ကျုပ်တို့ စခန်းချ
တဲ့ နေရာက ဆရာနွံဖဆီကို ရောက်လာပြီး ဆ
ရာ လာရှာတဲ့ လူတွေရဲ့ ခြံဝင်းကြီးထဲမှာဗျ။
အဲဒီလူတွေရဲ့ အစီအစဉ်နဲ့ပဲ လူလွှတ်ပြီး သ
တင်းထောက်လှမ်းနေရတာလေ။ ကျုပ်တို့
ရောက်တာ တစ်ပတ်ကျော်လာပြီ။ အခုထိ
တော့ ဒီကိစ္စမျိုး ထပ်မဖြစ်သေးဘူးဗျို့။ ကျုပ်
တော့ အိပ်လိုက် စားလိုက်နဲ့ ပျင်းတောင် ပျင်း
လာပြီဗျာ။ ဆရာကြီးက အပြင်လည်း ထွက်
လည်ပတ်ခွင့်မပေးဘူးဗျ။ ဒီလိုနဲ့ ခြံဝင်းကြီးထဲ
မှာနေရင်း သတင်းစောင့်နေကြတာပေါ့ဗျာ
အပိုင်း(၆)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။
Comments
Post a Comment