ကပ္ပလီကဝေမ အပိုင်း(၄)
အလုပ်က အဲဒီအောက်လမ်းကောင်တွေ၊ အောက်
လမ်းမတွေ လုပ်ထားတဲ့ ပညာတွေကို လိုက်ပြီး
ဖျက်ဆီးကြရတယ်။ ပြီးတော့ အဲဒီအောက်လမ်း
ကောင်တွေ၊ ကောင်မတွေကို မိအောင်ဖမ်းပြီး
သူတို့ပညာတွေကို စွန့်ခိုင်းရတယ်။မစွန့်ရင်တော့
ပျက်အောင် ဖျက်ပစ်ရတာပေါ့လေ။ တစ်ခါတ
လေ ခေါင်းမာတဲ့ အကောင်တွေ ကောင်မတွေ
နဲ့ တွေ့ရင်တော့ ပညာတွေကို ဖျက်ပစ်ရင်း ဒင်း
တို့ အသက်ပါ ဆုံးရှုံးကုန်ကြတာပေါ့"
ကျုပ်က ဆရာကြီးပြောတာတွေကို နားထောင်
ရင်း တွေးနေမိတယ်ဗျ။ ကျုပ်ကို အကဲခတ်နေ
တဲ့ ဆရာကြီးက…
"မောင်တာတေ ဘာများမရှင်းလို့လဲကွဲ့၊ သိချင်
တာကို ပွင့်ပွင့်လင်းလင်း မေးစမ်းပါကွာ"
ဆရာကြီးက တော်တော်ကို ပွင့်ပွင့်လင်းလင်း
ရှိတာဗျ။
"သြော် ဒီလိုပါ ဆရာကြီး၊ ဆရာကြီး ဒီပညာ
တွေကို ဘယ်မှာများ သင်ယူသလဲလို့ တွေးမိ
သွားလို့ပါဗျာ"
"အေး ကျုပ်ဆေးပညာသင်ယူနေတုန်းမှာပဲ ပ
ထမံဆရာကြီး ဦးအောင်နဲ့ ဆုံတွေ့ပြီး အထက်
လမ်းပညာတွေကိုစပြီး သင်ခဲ့တယ်။ ပထမံဆ
ရာကြီး ဦးအောင်ဆိုတာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်
ကြီးကွဲ့၊သူပြည်တော်ဝင်လာတဲ့အချိန် လူ့လော
ကထဲကို ကိစ္စရှိလို့ ပြန်လာရတဲ့အချိန်မှာ ကျုပ်
ကို သင်ပေးခဲ့တာပေါ့။ နောက်တော့ ဆရာကြီး
ရဲ့ ခိုင်းစေမှုနဲ့ပဲ ကျုပ် ကုလသမဂ္ဂရဲ့ဆရာဝန်
အဖြစ်နဲ့ နိုင်ငံတကာ လှည့်ရတယ်။ အဲဒီလို က
မ္ဘာလှည့်ပြီး ဆေးကုရင်းနဲ့ ဒီပညာတွေကို ထပ်
ပြီးဆည်းပူးခဲ့ရပြန်တယ်။ နိုင်ငံရပ်ခြားမှာလည်း
ဒီလိုပညာရှင်တွေ အများကြီး ရှိနေတာကွဲ့
မောင်တာတေရဲ့၊ကျုပ် နိုင်ငံခြားတိုင်းပြည်တွေ
လှည့်သွားလာနေရင်းနဲ့ အောက်လမ်းတွေကို နှိမ်နင်းနေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး
ကွယ်"
ကျုပ်ဖြင့် ဆရာကြီးကို ကြည်ညိုလွန်းလို့ ချက်
ချင်း လက်အုပ်ချီပြီး ကန်တော့မိတာပေါ့ဗျာ
"အေး မောင်တာတေ၊ သာဓုကွယ် သာဓု သာ
ဓု၊ ကျုပ်ကို အခုလို ဆရာလို့ သတ်မှတ်တော့
လည်း ကျုပ်က တပည့်လို့ သတ်မှတ်ပါတယ်
ကွယ်၊ သြော် ဒါနဲ့ မနက်ဖြန်ဆိုရင် ကျုပ်တို့
သုံးယောက် ခရီးထွက်ကြရမယ်နော်၊ ကျုပ်
ခရီးအတွက် အားလုံးစီစဉ်ပြီးပြီကွဲ့ မောင်
တာတေ"
"ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျုပ်ကတော့ အချိန်
မရွေး ထသွားဖို့ အဆင်သင့်ပါပဲဗျာ"
"အေး ကောင်းတယ်ကွဲ့၊ မောင်တာတေရဲ့ ဒီ
လိုစိတ်ဓါတ်မျိုးကိုမှ ဆရာကြီးကလည်း ကြိုက်
တာဗျ၊ သြော် နွံဖရေ မောင်တာတေ ရောက်
တုန်းရောက်ခိုက် ဘုရားဖူးရအောင် ရွှေတိဂုံ
ဘုရားကြီးကို ပို့လိုက်ပါဦးကွယ်"
"ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျတော် ပို့လိုက်ပါ့မယ်"
ဆရာကြီးက ကျုပ်ကို ပြုံးပြီးနှုတ်ဆက်တယ်။
ပြီးတော့ ထိုင်ရာကထပြီး အပေါ်ထပ်ကို တက်
သွားတယ်ဗျ
"မောင်အေးနဲ့ အေးခင်ရေ ဒီမနက်စာတော့
ကျုပ်နဲ့ မောင်တာတေကို မစောင့်နဲ့တော့ဟေ့၊
မောင်တာတေကို ဘုရားပို့ရင်း အပြင်မှာပဲ စား
ခဲ့မယ်ဟေ့၊ ညစာကျမှပဲ အိမ်မှာစားမကွယ်"
"သြော် ဟုတ်ကဲ့ပါ ဆရာနွံဖ"
လို့ မအေးခင်က ဆရာနွံဖကို ရိုရိုသေသေ ပြော
တယ်ဗျ။ ခဏနေတော့ ကျုပ်နဲ့ ဆရာနွံဖ အပြင်
ကို ထွက်ခဲ့ကြတယ်။ဘုရားကြီးဘက်ကို ဦးတည်
ပြီးတော့ပေါ့ဗျာ။
XXXX
ကျုပ်တို့ ခရီးထွက်ပြီဗျို့။
ဆရာနွံဖက ရှမ်းတိုက်ပုံနဲ့ ရှမ်းဘောင်းဘီပွပွ။
အပေါ်ကလည်း ပင်နီ၊ အောက်က ဘောင်းဘီ
ကလည်း ပင်နီနဲ့ဗျ၊ ပြီးတော့ ရှမ်းလွယ်အိတ်ကြီး
လွယ်လို့ပေါ့ဗျာ။ ဆရာကြီးကတော့ နိုင်ငံတကာ
မှာ နေလာတယ်ဆိုပေမယ့် ဘောင်းဘီတွေဘာ
တွေ ဝတ်လိမ့်မယ် မထင်နဲ့ဗျို့။
ပလေကပ်ပုဆိုးအပြာကွက်လုံချည်နဲ့ အပေါ်က
ရှပ်အင်္ကျီအဖြူ ခပ်နွမ်းနွမ်းကလေး ဝတ်လို့ဗျ။
ပြီးတော့ ဆရာကြီးကလည်း လွယ်အိတ်ကြီးတစ်
လုံး လွယ်ထားတယ်။
တာတေကတော့ သိတဲ့အတိုင်းပေါ့ဗျာ။ထနောင်း
ကုန်းသား၊ တောသားမို့လား၊ ချည်လုံချည် တစ်
ပတ်နွမ်းလေးနဲ့ ရှမ်းအင်္ကျီကလည်း ပိတ်အင်္ကျီ
ဝါတာတာလေး ဝတ်လို့ပေါ့ဗျာ။ ပထမဆုံး မော်
လမြိုင်ကို သွားကြတာဗျ။ မော်လမြိုင်ကိုရောက်
တော့ ဆရာကြီးရဲ့ တပည့်တစ်ယောက် အိမ်မှာ
တည်းကြတယ်။ ဆရာနွံဖပြောတာကတော့ ဒီလူ
ကလည်း ဆရာကြီးဆီကနေ ပညာယူထားတဲ့
တပည့်တဲ့ဗျ။ သူလည်း အဆင့်တော်တော် ရှိနေ
ပြီဆိုပဲ။
နာမည်က ကိုအေးမောင်တဲ့။ လူက အရပ်ရှည်
ရှည်၊ အသားညိုညို မျက်လုံးမျက်ခုံးကောင်း
ကောင်း၊ အသက် ၄၅ နှစ်လောက် ရှိပြီဗျ။ ဆ
ရာကြီးကိုလည်း လွှတ်ရိုသေတဲ့ဗျာ။ ကျုပ်တို့
ကို ဆရာကြီးတပည့်တွေ ဆိုပြီး တော်တော်ကို
ဂရုစိုက်ပါတယ်ဗျာ။ အဲဒီညက စားသောက်ပြီး
စကားဝိုင်းမှာ ဆရာကြီးက မေးတယ်ဗျ။
"ဘယ်လိုလဲ မောင်အေးမောင်ရဲ့၊ ဒီမှာကော
အောက်လမ်းတွေ ထသေးလားကွဲ့"
"ထပါပြီလား ဆရာကြီးရယ်၊ ဟိုတလောက
လေးတင် မိုင်ဒါကွင်းနားက ကလေးမတစ်
ယောက် ကိုယ်ဝန်ကြီး အရင့်အမာနဲ့ ကျနော်
ဆီ ရောက်လာကြတယ်။ ဒီရောက်တော့ ကျ
တော် စမ်းသပ်ကြည့်တဲ့အခါ သူ့ဗိုက်ထဲမှာ
ကလေး မဟုတ်ဘဲ မြွေတွေ အထွေးလိုက်ကြီး
လုံးနေတာ ဆရာကြီးရေ"
"ဟေ ဒါ တော်တော်အဆင့်မြင့်တဲ့ ကဝေရဲ့
လက်ချက်ပဲကွ"
"ဟုတ်ပ ဆရာကြီးရယ်၊ ကျတော်လည်း ဆရာ
ကြီး ပေးထားတဲ့ အင်းချပ်ကို သူငယ်မရဲ့ ဗိုက်
အပိုင်း (၅)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။
Comments
Post a Comment